• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အပစ်ရပ်အဖွဲ့တိုင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန်လို

by ငြိမ်းငြိမ်း
23 January 2020
in သတင်း
A A
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သော အပစ်ရပ် ခေါင်းဆောင်များ၏ အစည်းအဝေး  / EAOs

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သော အပစ်ရပ် ခေါင်းဆောင်များ၏ အစည်းအဝေး / EAOs

5.1k
VIEWS
Share on FacebookShare on Twitter

လာမည့် ငြိမ်းချမ်းရေးညီလာခံအကြို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးသည် ယခုလ နောက်ဆုံး ပတ်တွင် ကျင်းပရန်ရှိနေသည့် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ အစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်း အရာများထဲက တခု ဖြစ်သည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သော်လည်း NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အားလုံး ကျင်းပနိုင်ခဲ့ခြင်း မရှိသေးပေ။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေဖြင့် ဆွေးနွေးပွဲ ကျင်းပမည့် နေရာနှင့် ပတ်သက်၍ တပ်မတော်က ကန့်ကွက်ခဲ့ခြင်းကြောင့် မပြုလုပ်နိုင်ဘဲ ဖြစ်ခဲ့သလို ရခိုင်လွတ်မြောက်ရေး ပါတီ (ALP) ကိုမူ အစိုးရက လုံခြုံရေးအကြောင်းပြကာ ကန့်သတ်ခဲ့သည်။

RCSS နှင့် ALP တို့က ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များက လူမျိုးအလိုက် အမျိုးသားအဆင့် ဆွေးနွေးပွဲများ သီးသန့် မပြုလုပ်နိုင်ခဲ့ခြင်းကြောင့် ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရေး လုပ်ငန်းစဉ်တွင် ၎င်းတို့ လူထုကိုယ်စားပြုအသံများ ပါဝင်မှု အားနည်းခဲ့သည်။

တရားဝင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်နေခဲ့သည့်အတွက်လည်း အမျိုးသား အဆင့်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ၂ နှစ်နီးပါးခန့် ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ၊ RCSS အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းငင်း က NCA လက်မှတ်ရေးထိုးထားသည့် လူမျိုးစုတိုင်းသည် မူဘောင် အသစ်အရ အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ကို ပြုလုပ်နိုင်ရမည် ဆိုသည်။

“အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် အခု ကျနော်တို့ အကြမ်းဖျင်း လျာထားတာကတော့ မတ်လ လယ်ကနေ လကုန်အထိ မှန်းထားတာ။ အခု မူဘောင်ရဲ့  မူဘောင်အသစ်အရ ဆိုရင် ကျနော်တို့ ဒီလူမျိုးတိုင်းက ကျင်းပကို ကျင်းပရမယ့် အနေအထားဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကလည်း လာမည့် ကျနော်တို့ (ဇန်နဝါရီလ) ၂၈၊ ၂၉ နှစ်ဘက် ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ တွေ့တဲ့ပွဲမှာ တရားဝင် ဆွေးနွေးဖို့ ရှိပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်း က NCA အပစ်ရပ်အဖွဲ့ ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့  (PPST) အစည်းအဝေးအပြီး ဇန်နဝါရီလ ၁၈ ရက်နေ့က ချင်းမိုင်တွင် သတင်းထောက်များကို ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တိုင်း အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ပြုလုပ်သင့်သည်ဟု ယုံကြည်ကြောင်း သူက ပြောဆိုပြီး၊ ထိုလူထုဆွေးနွေးမှုများမှတဆင့် ရလာသော အကြံပြုချက်များသည် ဖက်ဒရယ် အခြေခံမူများ ချမှတ်ရမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (UPC) ၌ ထည့်သွင်းစဉ်းစားနိုင်ရန် ဖြစ်သည်။

ဧပြီလထက် နောက်မကျဘဲ ကျင်းပရန် လျာထားသည့် စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ မတိုင်မီ မည်သည့်ပုံစံနှင့် မည်သည့်နေရာတွင် ထိုဆွေးနွေးပွဲများ ပြုလုပ်မည်ဆိုသည်ကို ညှိနှိုင်းရန် လိုအပ်ကြောင်း တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့များက ပြောဆိုသည်။

ဇန်နဝါရီ ၈ ရက်တွင် ကျင်းပခဲ့သော တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖေါ်ဆောင်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အပစ်အခတ် ရပ်စဲရေး ပိုမိုခိုင်မာရေးအပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး အတွက် အချက် ၈ ချက်ကို သဘောတူညီခဲ့ကြသည်။ ထို့အပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နည်းလမ်းများ ရှာဖွေရန် ဆက်လက်ညှိနှိုင်းသွားရန် သဘောတူခဲ့ကြသည်။

JICM ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ဦးဆောင်ကာ ဆုံးဖြတ်ခဲ့သည့် သဘောတူညီချက်များတွင် NCA စာချုပ်ပါ ကြားကာလအစီအစဉ်များကို အကောင်အထည်ဖော်ရန် နှင့် လာမည့် UPC တွင်ဆွေးနွေးသွားမည့် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃ တွင် ထည့်သွင်းချုပ်ဆိုမည့် စာချုပ်၏ပုံစံ ချမှတ်ရန်တို့လည်း ပါဝင်သည်။

ထို့အပြင် နောက်တကြိမ် UPC ကို ယခုနှစ်အစောပိုင်းတွင် ကျင်းပရန်၊ NCA ၏ ဝေါဟာရများနှင့် အဓိပ္ပာယ် ဖွင့်ဆိုချက်များကို ဘုံသဘောတူနားလည်စေရေး လုပ်ငန်းကော်မတီတခုဖွဲ့စည်းရန်၊ NCA အပစ်ရပ်စာချုပ် လက်မှတ် မရေးထိုးသေးသည့် အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာစေရန်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေးများ စတင်ကျင်းပရန်တို့ ပါဝင်သည်။

လာမည့် UPC တွင် အခြေခံဖက်ဒရယ်မူမျာ းရရှိရေး စေ့စပ်ညှိနှိုင်းသူများက ကြိုးစားဆောင်ရွက်ရန် PPST ခေါင်းဆောင်များက ၎င်းတို့အစည်းအဝေးအတွင်း တိုက်တွန်းခဲ့သည်ဟု NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ တခုဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော် သံခဲက ဆိုသည်။

အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုများတွင် နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာ မူဘောင်ပြင်ဆင်ခြင်း နှင့် NCA လက်မှတ်ထိုးမထားသည့် အဖွဲ့များ ပါဝင်လာရေးအတွက် မည်သို့ ပူးပေါင်းဆောင်ရွက်မည် ဆိုသည့် အချက်များ ပါဝင်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA လက်မှတ်ရေးထိုးမထားသူများ ပါဝင်လာရေးနှင့် ပတ်သက်၍ PPST ခေါင်းဆောင်များက အဓိကထား ဆွေးနွေးခဲ့ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ ၎င်းက “အားလုံးပါဝင်လာရေးကိစ္စက သိပ်ကိုအရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့  JICM သဘောတူညီချက် ၈ ချက်ထဲမှာလည်း အဲဒီတချက်က ပါပါတယ်။ ကျနော်တို့ PPST အဖွဲ့ခေါင်းဆောင်ပြောသလိုပဲ  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ၁၀ ဖွဲ့တည်းနဲ့ မလုံလောက်ဘူး။” ဟု ရှင်းပြသည်။

“ဒါကြောင့် ဒီလုပ်ငန်းစဉ်မှာ ကျန်ရှိနေတဲ့ ကျနော်တို့ ညီနောင်တွေ ပါဝင်လာရေး ဘယ်လို အစီအစဉ်တွေ လုပ်ကြမလဲဆိုတာ ပြီးခဲ့တဲ့ JICM မှာလည်း ပြောခဲ့ကြတယ်။ PPST ဆွေးနွေးပွဲတွေမှာ ဒီအကြောင်းပြောခဲ့တယ်။ ကျနော်တို့က NCA မထိုးသေးတဲ့ ညီနောင်တွေနဲ့ ဆွေးနွေးနေသလို အစိုးရငြိမ်းချမ်းရေးကော်မရှင် ကလည်း တဖက်မှာ သူတို့နဲ့ ဆွေးနွေးနေပါတယ်။ ကျနော်တို့နဲ့ အစိုးရရဲ့ ချဉ်းကပ်မှု ၂ ခုလုံး ချိတ်ဆက်မိဖို့လည်း လိုပါတယ်။ အခုလောလောဆယ်မှာ  နိုင်ငံရေးဆွေးနွေးမှု မူဘောင်ပြင်ဆင်ရေး အစည်းအဝေးမှာ ညီနောင်တွေ (NCA လက်မှတ်ထိုးမထားသူများ) ကို ကျနော်တို့ ဖိတ်မှာ ဖြစ်ပါတယ်။” ဟု စိုင်းငင်းက ဆိုသည်။

အားလုံးပါဝင်လာကြရေးအတွက် ကြိုးပမ်းမှု တစိတ်တပိုင်းအနေနှင့်  PPST ညှိနှိုင်းရေးအဖွဲ့နှင့် NCA မထိုးထားသေးသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ ဇန်နဝါရီ ၁၃ ရက်က ချင်းမိုင်မြို့တွင် တွေ့ဆုံကြပြီး၊ ဖက်ဒရယ် အခြေခံမူများကို ညှိနှိုင်းခဲ့ကြသည်ဟု သတင်း ရင်းမြစ်များ၏ အဆိုအရသိရသည်။

KNPP၊ KIO နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ မှ အခြား အဖွဲ့ဝင်များကလည်း ပဏာမအပစ်ခတ်ရပ်စဲရေးစာချုပ်ရရှိရေး အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရှိသည်။

အဆိုပါ အဖွဲ့များက “ကြိုတင် ကန့်သတ်ချက်များ မထားရှိသော အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ်” အတွက် ညှိနှိုင်း ဆွေးနွေးနေကြခြင်း ဖြစ်သည်ဟု KIO အဖွဲ့မှ ဗိုလ်ချုပ်ဂွန်မော်က ပြီးခဲ့သည့်အပတ်တွင် ဧရာဝတီသို့ ပြောဆိုသည်။ “ကြိုတင်ကန့်သတ်ချက် မထားရှိသော အပစ်အခတ်ရပ်ဆိုင်းရေး စာချုပ် လက်မှတ်ရေးထိုးပြီးရင် စစ်ဘေးရှောင် (IDP’s)  များ နေရပ်ပြန်ရေး၊ NCA လက်မှတ်ရေးထိုးရေး ကိစ္စများကို ဆက်ပြီး ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

နိုင်ငံရေး ဆွေးနွေးမှု မူဘောင်သည် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးမှုများကို စတင်နိုင်ရေး သော့ချက်ဖြစ်သည်။ ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့သည့် မူဘောင် မူကြမ်းရေးဆွဲရေးအစည်းအဝေးတွင် NCA လက်မှတ်ထိုးမထားသည့် အဖွဲ့များ ပါဝင်ခဲ့ကြသည်။

ဇန်နဝါရီလ ၂၈ ရက်ဆွေးနွေးပွဲများမတိုင်မီ ယခုသီတင်းပတ်ကုန်ပိုင်းတွင် RCSS က တပ်မတော်နှင့် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း တပ်မတော်နှင့် တွေ့ဆုံမည် ဟု PPST ခေါင်းဆောင်များက ပြောသည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ ဘုရားသုံးဆူ နယ်စပ်အနီး တပ်ချင်းထိတွေ့မှု ဖြစ်ခဲ့သည့် မွန်ပြည်သစ်ပါတီက တပ်မတော် နှင့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည့်အတွက် ဇန်နဝါရီ ၈ ရက်တွင် ဘုရားသုံးဆူ ဂျပန်ရေတွင်းမှ အစိုးရတပ်များ ဆုတ်ခွာသွားခဲ့သည် ဟု မွန်ပြည်သစ်ပါတီမှ နိုင်အောင်မငေးက ဆိုသည်။ “ကျနော်တို့နဲ့ တပ်မတော်နဲ့ တဖက်နဲ့တဖက် ယုံကြည်မှုမြင့်လာတယ်။” ဟု သူကဆိုသည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Myanmar’s National Dialogue Must Be for All NCA Signatories Ahead of Peace Summit, EAOs Say အား ဘာသာပြန် ဖော်ပြခြင်းဖြစ်သည်။

You may also like these stories:

တရုတ် သမ္မတ ခရီးစဉ်တွင် ကချင်ဒုက္ခသည် ကူညီရေး လက်မှတ်ထိုးမှု အပစ်ရပ်စာချုပ် ရှေ့ပြေးဟု ဆို

တရုတ် ဖိအားကြောင့် အပစ်ရပ် သက်တမ်းထပ်တိုးခြင်း မဟုတ်ဟု TNLA ပြော

Your Thoughts …
Tags: NCAPPSTအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

Next Post
အာကာသယာဉ်မှူးတွေ ကိုယ်တိုင် ကလေးတွေကို အိပ်ရာဝင်ပုံပြင်တွေ ဖတ်ပြပေးသွားမှာပါ။

ကလေးတွေအတွက် အိပ်ရာဝင်ပုံပြင်တွေကို အာကာသထဲကနေ ဖတ်ပြမယ့် အစီအစဉ်

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်

အမေရိကန်ကို ခရီးသွားလာခွင့်နဲ့ ပြောင်းရွှေ့အခြေချခွင့် ကန့်သတ်စာရင်းထဲ မြန်မာ ပါဝင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved