• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ကူးစက်မှု မြန်ဆန်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွားတွေကို အထူးကြပ်မတ်ဖို့လို

by ညီညီသူ
21 January 2020
in Trend
A A
တရုတ်ခရီးသွားများ

တရုတ်ခရီးသွားများ

5k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေပါတယ်။ ဒါကြောင့် မကြာခင် ကျရောက်တော့မယ့် တရုတ်နှစ်သစ်ကူး ပွဲတော်အတွင်း နိုင်ငံအသီးသီးကို လာရောက် လည်ပတ်ကြမယ့် တရုတ်ခရီးသွားတွေကို နိုင်ငံအသီးသီးမှာ အထူးကြပ်မတ် စစ်ဆေးသွားဖို့ ပြင်ဆင်နေကြပါတယ်။

နှာစေး၊ ချောင်းဆိုးတာကနေတဆင့် ကူးစက်တတ်တဲ့ အတွက်ကြောင့် ဒီဗိုင်းရပ်စ်ဟာ လူတွေရဲ့ အသက်ကို ခြိမ်းခြောက်လာနေတဲ့ ရောဂါတမျိုးပါ။ အခုချိန်ထိတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူပေါင်း ၄ ယောက် ရှိသွားခဲ့ပြီး လူပေါင်း ၂၀၀ ကျော်ကို ကူးစက်ခဲ့ပြီလို့ တရုတ်အစိုးရက တရားဝင် ပြောကြားထားပါတယ်။

တရုတ်နှစ်သစ်ကူး ပွဲတော်အတွင်း ကမ္ဘာတဝှမ်းကို လူပေါင်း သန်းနဲ့ချီ ခရီးထွက်လေ့ ရှိကြပါတယ်။ ၂၀၁၉ ခုနှစ်၊ တရုတ်နှစ်သစ်ကူး ပွဲတော်ကာလမှာ လူပေါင်း ၇ သန်းနီးပါး ခရီးသွားခဲ့ကြပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြဿနာတချို့ ရှိလာနိုင်ပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ခဲ့တဲ့ ဒီဗိုင်းရပ်စ်ဟာ ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေကိုလည်း ကူးစက်နေတယ်လို့ တရုတ် ကျန်းမာရေးကော်မရှင်က အတည်ပြုပြောကြားခဲ့ပါတယ်။ လူတဦးကနေ တဦးကို ကူးစက်တတ်တဲ့ အတွက်ကြောင့် အခုလို လျင်လျင်မြန်မြန် ပျံ့နှံ့နေရခြင်းပါ။

တရုတ်နိုင်ငံ ပြင်ပမှာဆိုရင်တော့ တောင်ကိုရီးယားနိုင်ငံမှာ ၁ ယောက်၊ ထိုင်းနိုင်ငံမှာ ၂ ယောက်နဲ့ ဂျပန်နိုင်ငံမှာ ၁ ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ ရောဂါကူးစက်ခံရသူ အားလုံးဟာ တရုတ်နိုင်ငံကနေ ပြန်လာခဲ့ကြတဲ့သူတွေချည်း ဖြစ်ကြပါတယ်။ သေဆုံးမှုနှုန်းကလည်း တနေ့တခြား ပိုတိုးလာပါတယ်။

ဒီကနေ့ မနက်ခင်းမှာတော့ ဘေကျင်းမြို့မှာ ၅ ယောက် ၊ ရှန်ဟိုင်းမြို့မှာ ၂ ယောက်နဲ့ တရုတ်နိုင်ငံ၊ တောင်ပိုင်းပြည်နယ်တခုဖြစ်တဲ့ ဂွမ်ဒေါင်းဒေသမှာ ၁၄ ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ တရုတ်အစိုးရက အတည်ပြုပြောကြားခဲ့ပါတယ်။

အခုဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ကို ကျော်လွန်ပြီး တခြားမြို့တွေကို အလျင်အမြန် ကူးစက်နေပါတယ်။ တရုတ်အာဏာပိုင်တွေက ရောဂါကူးစက်ခံရသူ ၂၀၀ ကျော် ရှိတယ်လို့ ပြောပေမယ့် တကယ်တမ်း ကူးစက်ခံထားရသူက ၁၇၀၀ နီးပါးရှိမယ်လို့ ကျန်းမာရေးပညာရှင်တချို့က ခန့်မှန်းထားကြပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
133
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလလောက်မှာ စတင်ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါ ပိုးသစ်တမျိုးကြောင့် ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ ကျန်းမာရေးဌာနတွေအနေနဲ့ စိုးရိမ်နေကြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ တိရစ္ဆာန်တွေကနေ စတင် ကူးစက်ခဲ့တယ်လို့ ဆိုပါတယ်။ ရောဂါစတင် ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့မှာလည်း ဟွမ်နန် ပင်လယ်စာ ရောင်းတဲ့ဈေးကနေ စတင်ကူးစက်ခဲ့တာဖြစ်ပြီး ရောဂါကူးစက်ခံရသူတွေဟာ အဲဒီ ပင်လယ်စာ ရောင်းတဲ့ ဈေးကြီးနဲ့ တနည်းနည်း ပတ်သက်ခဲ့ကြတဲ့ လူတွေလို့ သိရပါတယ်။

အခုကူးစက်နေတဲ့ ဗိုင်းရပ်စ်ကတော့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးသစ် တမျိုးဖြစ်ပြီး ပြင်းထန်တဲ့ အဆုတ်ရောင် ဝေဒနာ ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်လည်း ဖြစ်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်တိုင်းက လူကို သေစေတာမျိုး မဖြစ်ပွားစေနိုင်ပေမယ့် အခုဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကတော့ လူသေဆုံးမှုအထိ ဖြစ်လာနေတာကို တွေ့ရပါတယ်။

ရောဂါ ကူးစက်ခံရပြီဆိုရင်တော့ အသက်ရှူလမ်းကြောင်း ထိခိုက်တာမျိုး ဖြစ်လာတတ်ပါတယ်။ ဖျားနာလာလေ့ရှိပြီး ချောင်းဆိုးတာ အသက်ရှူ မဝတာနဲ့ အသက်ရှူရ ခက်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ကူးစက်ခံရသူတွေကို သီးခြားခွဲထားပြီး ဆေးကုသမှုတွေလုပ်နေသလို ဝူဟန်မြို့က ပင်လယ်စာ ဈေးကြီးကိုလည်းပိတ်ထားပြီး ပိုးသတ်တာမျိုးတွေ ဆောင်ရွက်နေပါတယ်။

တရုတ်အစိုးရအနေနဲ့ တိရစ္ဆာန်အရှင်တွေကို ထိတွေ့ကိုင်တွယ်တဲ့နေရာမှာ အကာအကွယ် မပါဘဲ မကိုင်ကြဖို့ သတိပေးထားသလို အသား ငါးတွေကို ကျက်နေအောင် ချက်ပြုတ်ပြီးမှ စားသောက်ဖို့ အကြံပေးထားပါတယ်။ အအေးမိတုပ်ကွေး ဖြစ်နေသူတွေနဲ့လည်း အနီးကပ်ထိတွေ့တာမျိုး ရှောင်ဖို့ လိုအပ်ပါတယ်။

မကြာခင် ရောက်လာတော့မယ့် တရုတ်နှစ်သစ်ကူး ပွဲတော်ကာလမှာ လူသန်းပေါင်းများစွာ နိုင်ငံအနှံ့ကို ခရီးသွားမှာ ဖြစ်တဲ့အတွက် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုများလာမှာ တရုတ်အရာရှိတွေက စိုးရိမ်နေကြပါတယ်။ ဟောင်ကောင်၊ စင်ကာပူ၊ အမေရိကန်၊ ထိုင်း၊ မြန်မာ စတဲ့ နိုင်ငံတွေမှာလည်း တရုတ်နိုင်ငံက လာတဲ့ ခရီးသွားတွေကို စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Ref: edition.cnn, BBC

You may also like these stories:

တရုတ်နှစ်သစ်ကူး ပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပလေ့ရှိတဲ့ နေရာများ

တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် လူပေါင်း ရာနဲ့ချီပြီး ဆက်လက် ကူးစက်နေ

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဂျပန်နိုင်ငံသားတဦးကို ထပ်မံကူးစက်

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်တရုတ်ခရီးသွားအထူးကြပ်မတ်ဖို့လို
ညီညီသူ

ညီညီသူ

Similar Picks:

တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

by ဧရာဝတီ
11 September 2023
1.8k

အာဏာသိမ်းပြီးနောက် ကြီးမားကျယ်ပြန့်လာသော မြန်မာနယ်စပ်များရှိ လူကုန်ကူးမှုနှင့် အွန်လိုင်းငွေကြေး လိမ်လည်လုပ်ငန်းများကြောင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် စိုးရိမ်မှုများ ရှိနေ

ရန်ကုန်ဘူတာကြီးတွင် တွေ့ရသည့် ခရီးသွားများ  / ထက်ဝေ / ဧရာဝတီ

သင်္ကြန်ပိတ်ရက်ရှည် ခရီးသွားခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဌာန သတိပေး

by သဇင်လှိုင်
20 March 2020
41.1k

သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်များ၌ ခရီးသွားရောက် လည်ပတ်ခြင်းများ မပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

မန္တလေးမြို့ကို လာရောက် လည်ပတ်ကြတဲ့ တရုတ် ခရီးသွားများ / ဇော်ဇော် / ဧရာဝတီ

တရုတ် ခရီးသွားတွေရဲ့ ဇီးရိုးဘတ်ဂျက် ဒဏ်ကို ခံနေရတဲ့ မြန်မာနဲ့ အာဆီယံဒေသ

by ညီညီသူ
26 August 2019
16k

အာဆီယံနိုင်ငံတွေ အားလုံးမှာ ကြုံခဲ့ရတဲ့ တရုတ် ဇီးရိုးဘတ်ဂျက်ဟာ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ တရုတ် ဇီးရိုးဘတ်ဂျက် ခရီးသွားပုံစံနဲ့ အတူတူပါပဲ။ 

လယ်တီ ဆရာတော်ကြီး ၏ ရောဂန္တရဒီပနီကျမ်းတွင် ပါဝင်သော အက္ခရာတံဆိ ပ်ပုံတော်  / ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်း

အယူအဆ အလွဲတွေနဲ့ ဝါဒဖြန့်ဖို့ မီဒီယာကို အသုံးမချသင့်

by အောင်သီဟ
4 February 2020
7.8k

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့နိုင်ငံများတွင် ကုသရန် အဖြေမရှာနိုင်သေးသော် လည်း မြန်မာနိုင်ငံတွင်တော့ ကြိုတင်ကာကွယ်ခြင်း နှင့် ပျောက်ကင်းနိုင်မည်ဟူသော နည်းလမ်းအမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က မန္တလေး သင်္ကြန်ပွဲတော် ကျင်းပနေမှုကို တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

မန္တလေး သင်္ကြန် ကျင်းပရန် မသေချာ

by ဒီလှိုင်းဝင်း
11 March 2020
8.3k

လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက် ပြန့်ပွားနေမှုကြောင့် မန္တလေး သင်္ကြန်ပွဲတော် ကျင်းပရန် မသေချာဟု မန္တလေးတိုင်း အစိုးရ အဖွဲ့က သိရသည်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမှ ရှိ နယ်ခြားဂိတ် / AFP

ကိုဗစ်နောက်ပိုင်း ရွှေလီမြို့ ပြန်လည်ရှင်သန်ရန် အားယူနေ

by ဧရာဝတီ
16 January 2023
9k

တရုတ်နိုင်ငံသည် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ လူများ နယ်စပ်ဖြတ်ကျော်ခြင်းကို ခွင့်မပြုသေးကြောင်း မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

Next Post
ICOE အစီရင်ခံစာကို သမ္မတ ဦးဝင်းမြင့်ထံ ပေးအပ်စဉ် / Myanmar President Office)

ရခိုင်အရေး ICOE ထုတ်ပြန်ချက် တပ်မတော်က စစ်တရားရုံးဖြင့် ဆက်လက် စုံစမ်းမည်

Huawei ရဲ့ 5G ထုတ်ကုန်ဌာနမှူး Yang Chaobin

၂ သိန်းတန် တန်ဖိုးနည်း 5G စမတ်ဖုန်းများ နှစ်ကုန်ပိုင်း ဈေးကွက်ဝင်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved