• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အာဆီယံအက်ကြောင်းနှင့် ဗြဟ္မာကြီးဦးခေါင်း မြန်မာ

by Gwen Robinson
22 April 2023
in ဆောင်းပါး
A A
၂၀၂၃ ဖေဖော်ဝါရီလအတွင်း ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး

၂၀၂၃ ဖေဖော်ဝါရီလအတွင်း ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး

18.2k
VIEWS
Share on FacebookShare on Twitter

မြန်မာအကျပ်အတည်းနှင့် ပတ်သက်သည့် ဘုံသဘောတူညီချက် ချမှတ်ရန် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် စုဝေးခဲ့ပြီး ၂ နှစ်ကြာသည့် အချိန်အတွင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များသည် ယခုတကြိမ်လောက် ဆိုးရွားသည့် မညီညွတ်မှုကို မကြုံဖူးသလောက်ပင်ဖြစ်ပြီး မေလ ၆ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပမည့် စိတ်မသက်သာဖွယ် ထိပ်သီးဆွေးနွေးပွဲအတွက် ပြင်ဆင်နေကြသည်။

“အင်အားကြီးသည့်အုပ်စုက အင်အားငယ်သည့်အုပ်စု ကျေနပ်အောင် လုပ်ပေးနေရသည့် အခြေအနေ” ဟု ဒေသတွင်း သံတမန်တဦးဖော်ပြသည့် အနေအထားတွင် ရက်စက်ကြမ်းကြုတ်သော စစ်အုပ်စုအောက်၌ ကြီးထွားနေသော အကြမ်းဖက်မှုနှင့် ပြတ်သားသော ခုခံတော်လှန်ရေး အင်အားစုများသည် သံတမန်ရေးနှင့် နိုင်ငံရေးအက်ကြောင်းပေါ်စေပြီး အဖွဲ့ဝင် ၁၀ နိုင်ငံရှိသော အာဆီယံ၏ ပုံရိပ်ကို ထိခိုက်စေသည်။ တရုတ်နှင့် အမေရိကန်အပေါ် သဘောထား သို့မဟုတ် ဒုက္ခသည်နှင့် လူ့အခွင့်အရေးကဲ့သို့သော အခြား သဘောထားကွဲလွဲမှုများသည်လည်း အာဆီယံ၏ ညီညွတ်မှုကို မကြုံစဖူး ခြိမ်းခြောက်နေသည်။

“အာဆီယံဟာ မြေပြင်ကဖြစ်ရပ်တွေရဲ့နောက်မှာ ကျန်နေရစ်တယ်။ အာဆီယံ ပြန်လည် ဖွဲ့စည်းပြီး အခြားနည်းလမ်းတွေကို လုပ်မလား၊ ဒါမှမဟုတ် အခြေအနေနဲ့ ဆက်လက်မကိုက်ညီဘဲ လှောင်ပြောင်ခံမလား၊ တခုခုရွေးရတော့မယ်” ဟု ဘန်ကောက်ရှိ ချူလာလောင်ကွန်း တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ သီတီနန် ပေါင်ဆူဒီရက်က ပြောသည်။

“အာဆီယံဟာ မြေပြင်ကဖြစ်ရပ်တွေရဲ့နောက်မှာ ကျန်နေရစ်တယ်။ အာဆီယံ ပြန်လည် ဖွဲ့စည်းပြီး အခြားနည်းလမ်းတွေကို လုပ်မလား၊ ဒါမှမဟုတ် အခြေအနေနဲ့ ဆက်လက်မကိုက်ညီဘဲ လှောင်ပြောင်ခံမလား၊ တခုခုရွေးရတော့မယ်” ဟု ဘန်ကောက်ရှိ ချူလာလောင်ကွန်း တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ သီတီနန် ပေါင်ဆူဒီရက်က ပြောသည်။

မြန်မာတွင် အကြမ်းဖက်မှုချက်ချင်းရပ်ရန် တောင်းဆိုသည့် အာဆီယံ၏ ပိုမိုအယုံအကြည်ကင်းမဲ့လာသော ဘုံသဘောတူညီချက် ၅ ချက် နှစ်ပတ်လည်ရန် နှစ်ပတ်သာ လိုတော့ချိန် ဧပြီလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၌ စုဝေးနေသည့် ဒီမိုကရေစီအင်အားစုများကို စစ်ကောင်စီက လေကြောင်းမှ အသေအကျေ တိုက်ခိုက်လိုက်ခြင်းသည် ထိုဘုံသဘောတူညီချက် မအောင်မြင်ကြောင်း ပြတ်ပြတ်သားသား ပြသလိုက်ခြင်းပင် ဖြစ်သည်။

၂၀၂၃ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် ဂျကာတာသည် တီမောလက်စ် ခေါ် အရှေ့တီမောနိုင်ငံ အပြည့်အဝ အဖွဲ့ဝင်ဖြစ်ရေးမှသည် အရှေ့တောင်အာရှကို နျူကလီးယားလက်နက် ကင်းစင်သည့် ဒေသဖြစ်စေရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးအထိ ပါဝင်သော ၎င်း၏ ပိုမိုကျယ်ပြန့်သော အစီအစဉ်များအတွက် တိုးတက်မှုများ ပြုလုပ်ရန် အပြင်းအထန် ဖိအားပေးခံနေရသည်။ အခြားဦးစားပေးများတွင် စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဏ္ဍာရေးတည်ငြိမ်မှု၊ စီးပွားရေးတွင် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုရေးနှင့် ခရီးသွားလုပ်ငန်းတို့ ပါဝင်သည်။

သမ္မတ ဂျိုကို ဝီဒိုဒို၏ အစိုးရသက်တမ်း နောက်ဆုံးနှစ်အတွက် အမွေအနှစ်အဖြစ် အင်ဒိုနီးရှားသည် ၎င်း၏ ဥက္ကဋ္ဌသက်တမ်းအတွင်း အောင်မြင်သော နိဂုံးပိုင်းကို ရရှိစေရန် စိတ်အားထက်သန်နေသည်။ အင်ဒိုနီးရှားသည် စက်တင်ဘာလတွင် အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံရည်မှန်းချက် အဆင့်မြင့်ဖိုရမ်နှင့် ဆွေးနွေးဘက်များနှင့် အရှေ့အာရှ နှစ်ပတ်လည် ထိပ်သီးဆွေးနွေးပွဲများ အပါအဝင် ဆွေးနွေးပွဲအများအပြားကို ဆက်တိုက်ကျင်းပရန် စီစဉ်ထားသည်။

မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ဂျက်တိုက်လေယာဉ်များ ပျံသန်းသရုပ်ပြနေစဉ် / Ken Kobayashi

သို့သော် မြန်မာနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားသည် နေပြည်တော်ကို ဆက်လက်ဖိအားပေးပြီး တိုးတက်မှု ရရှိအောင် ဆုံးဖြတ်ထားကြောင်း ဖော်ပြနေသည်။ စစ်ကိုင်း တိုက်ခိုက်မှုအပြီးတွင် အင်ဒိုနီးရှားသည် ဥက္ကဋ္ဌအဖြစ် ၎င်း၏အခွင့်အရေးကို အသုံးပြုကာ ထိုလေကြောင်းတိုက်ခိုက်မှုကို အာဆီယံက “အပြင်းအထန် ရှုတ်ချကြောင်း” ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ယူကရိန်းတွင် ရုရှားကျူးကျော်မှု၊ ထိုင်ဝမ်နှင့်ပတ်သက်ပြီး တရုတ်-အမေရိကန်ပဋိပက္ခအပေါ် စိုးရိမ်မှုတို့ကို တကမ္ဘာလုံး အာရုံစိုက်နေခြင်းသည် အရှေ့တောင်အာရှအနေဖြင့် ၎င်းတို့ရင်ဆိုင်နေရသည့် အကျပ်အတည်းကို ဖြေရှင်းရန် ပိုမို ဖိအားပေးခံနေရသည်။ “ဒါပေမယ့် အာဆီယံမှာ လုံးဝစွမ်းရည်မရှိဘူး” ဟု ပါမောက္ခ သီတီနန်က ပြောသည်။

ပါမောက္ခ သီတီနန်က မကြာသေးမီက အကွဲအပြဲများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာရွေးကောက်ခံ အစိုးရကို စစ်တပ်ကဖြုတ်ချခြင်း မတိုင်မီကပင် စတင်ခဲ့ကြောင်း ပြောသည်။ ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီယားနိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ယူစဉ် တောင်တရုတ်ပင်လယ်နှင့် ပတ်သက်သည့် စကားအသုံးအနှုန်းများအပေါ် သဘောထားကွဲလွဲမှုများကြောင့် “စုစည်းညီညွတ်မှု” နှင့် “မစွက်ဖက်ရေးမူ” များကို ဂုဏ်ယူသော အာဆီယံက ပူးတွဲကြေညာချက် မထုတ်နိုင်ခဲ့ကြောင်း ၎င်းကထောက်ပြသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
307
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
124
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

“တရုတ်က ပို သြဇာပြလာနိုင်တဲ့အခါ ဘေဂျင်းဟာ သူ့ခရီးရောက်စေဖို့ အာဆီယံရဲ့ညီညွတ်မှုကို ထိပါးရတယ်” ဟု ၎င်းက မှတ်ချက်ချသည်။ “အမေရိကန်-တရုတ် တင်းမာမှုကြောင့် နောက်ထပ် အကျပ်အတည်းတွေ ဖြစ်လာတော့ အာဆီယံတွင်း အကွဲအပြဲက ပိုဆိုးလာတယ်။ မြန်မာအာဏာသိမ်းမှုနဲ့ ပြည်တွင်းစစ်ကတော့ ဆက်လက်ရပ်တည်ရေးအတွက် နောက်ဆုံးနဲ့ အရေးအပါဆုံး ဖြစ်တယ်” ဟုလည်း ပါမောက္ခ သီတီနန်က ပြောသည်။

“အမေရိကန်-တရုတ် တင်းမာမှုကြောင့် နောက်ထပ် အကျပ်အတည်းတွေ ဖြစ်လာတော့ အာဆီယံတွင်း အကွဲအပြဲက ပိုဆိုးလာတယ်။ မြန်မာအာဏာသိမ်းမှုနဲ့ ပြည်တွင်းစစ်ကတော့ ဆက်လက်ရပ်တည်ရေးအတွက် နောက်ဆုံးနဲ့ အရေးအပါဆုံး ဖြစ်တယ်” ဟု ပါမောက္ခ သီတီနန်က ပြောသည်။

လွန်ခဲ့သောသီတင်းပတ်က အတင့်ရဲသည့် လေကြောင်းတိုက်ခိုက်မှုသည် အရေးပါသည်။ တိုက်ရိုက် ပါဝင်ပတ်သက်လိုသည့် ဒေသပြင်ပမှ အစိုးရအနည်းငယ်သာ ရှိသော်လည်း ထိုလေကြောင်း တိုက်ခိုက်မှုကြောင့် ကမ္ဘာတဝန်းတွင် ဖြစ်ပေါ်သည့် ဒေါသပေါက်ကွဲမှုသည် “နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် စွမ်းဆောင်ရည် မရှိသည့် အာဆီယံကို ဆက်လက် ဆုံးဖြတ်ခွင့်မပေးတော့ဘဲ ၎င်းတို့အမြင်ကို ပြန်လည် စဉ်းစား သုံးသပ် ပြောင်းလဲရန် အခွင့်အလမ်းတခု” ဟု ပါမောက္ခ သီတီနန်က ပြောသည်။

“မြန်မာက ရက်စက်ကြမ်းကြုတ်မှုတွေကို ဖြေရှင်းဖို့ ကမ္ဘာ့အားထုတ်မှုတွေဟာ အာဆီယံနဲ့ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်မှု လိုသလို လိုအပ်တဲ့အခါ အာဆီယံပြင်ပက ပိုမိုကြီးမားတဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ဖို့ လိုတယ်” ဟု ၎င်းကပြောသည်။

သို့သော် အာဆီယံ အတွင်းရေးမှူးသစ် မစ္စတာ ကောင်ကင်ဟောင်က ထိုသို့ မမြင်ပေ။ “ဘာမှ အလုပ်မဖြစ်ဘူးလို့တော့ ပြောလို့မရဘူး။ အင်ဒိုနီးရှားက တိုးတိုးတိတ်တိတ် သံတမန်ရေးနဲ့ အရမ်းကို အလုပ်လုပ်နေတယ်။ ကျနော်တို့အနေနဲ့ နည်းနည်းစိတ်ရှည်ဖို့ လိုတယ်” ဟု မကြာသေးမီက တွေ့ဆုံမေးမြန်းမှုတခုတွင် Nikkei Asia သို့ ပြောသည်။

သို့သော် စိတ်ရှည်နိုင်မှုက လက်ကျန်နည်းနေသည်။

အာဆီယံအပေါ် ၎င်း၏ အဓိကဆွေးနွေးဘက် ၁၁ နိုင်ငံ၏ သဘောထား ပြောင်းလဲလာနေသည်။ ထို ၁၁ နိုင်ငံတွင် သြစတြေးလျ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှား၊ နယူးဇီလန်၊ အိန္ဒိယ၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါနှင့် ဗြိတိန်တို့ ပါဝင်သည်။

တရုတ်၊ အိန္ဒိယ၊ ရုရှားတို့ကဲ့သို့ စစ်ကောင်စီနှင့် ညှိနှိုင်းသည်ကို လိုလားသည့် သို့မဟုတ် အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့ကဲ့သို့ စစ်အုပ်စုလုပ်ရပ်များကို ပြစ်တင်ရှုတ်ချပြီး မြန်မာစင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပါဝင်သော ဆွေးနွေးမှုများပြုလုပ်သည့် နည်းလမ်းကို အကောင်အထည်ဖော်ရန် အာဆီယံကို တိုက်တွန်းလိုသည်ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး ထိုအဓိက ဆွေးနွေးဘက်နိုင်ငံများသည် အာဆီယံနှင့် မည်သို့ထိတွေ့ဆက်ဆံမည်ကို ပြန်လည် စဉ်းစားသုံးသပ်နေကြသည်။ တနိုင်ငံချင်းအနေဖြင့် ၎င်းတို့သည် ကုန်သွယ်ရေး၊ လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ကဲ့သို့သော အထွေထွေကိစ္စများကို စိုးရိမ်ကြောင်း သံတမန်များက ပြောသည်။

“အာဆီယံထဲမှာ တခုခုလုပ်စေချင်ရင် ဒါမှမဟုတ် ဆွေးနွေးစေချင်ရင် နိုင်ငံစုံလမ်းကြောင်းကနေ မလုပ်ဘဲ နှစ်နိုင်ငံလမ်းကြောင်းကနေပဲ လုပ်လို့ရတယ်” ဟု ဥရောပသံတမန်တဦးက ပြောသည်။ “အာဆီယံ အတွင်းရေးမှူးချုပ်ကို ဆက်သွယ်ပြီး အဆိုပြုချက်တခု တင်လို့ ဒါမှမဟုတ် ကိစ္စတခုကိုဆွေးနွေးလို့ မရဘူး” ဟုလည်း ၎င်းကပြောသည်။

“အာဆီယံထဲမှာ တခုခုလုပ်စေချင်ရင် ဒါမှမဟုတ် ဆွေးနွေးစေချင်ရင် နိုင်ငံစုံလမ်းကြောင်းကနေ မလုပ်ဘဲ နှစ်နိုင်ငံလမ်းကြောင်းကနေပဲ လုပ်လို့ရတယ်။ အာဆီယံ အတွင်းရေးမှူးချုပ်ကို ဆက်သွယ်ပြီး အဆိုပြုချက်တခု တင်လို့ ဒါမှမဟုတ် ကိစ္စတခုကိုဆွေးနွေးလို့ မရဘူး”

သို့သော် အင်ဒိုနီးရှားသည် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ်အတွင်း စံချိန်သစ်တင်သည့် အပြောင်းအလဲတခု ဖြစ်လာအောင် တိတ်ဆိတ်စွာကြိုးစားနေသည်။ အင်ဒိုနီးရှားသည် အထူးသံတမန်၏ အမြဲတမ်းရုံးဖြစ်လာမည်ဟု မျှော်လင့်ရသည့်ရုံးတခုကို တည်ထောင်ခြင်းဖြင့် လုံးဝထိရောက်မှုမရှိသည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ရာထူးကို ပိုမိုတောင့်တင်းကြံ့ခိုင်အောင် လုပ်နေသည်။ မြန်မာတွင် အာဏာသိမ်းမှုဖြစ်ပွားပြီး မကြာမီ ထိုအလှည့်ကျထမ်းဆောင်ရသည့် ရာထူးကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

စင်ကာပူရှိ ISEAS-Yusof Ishak အင်စတီကျုမှ ဝါရင့်သုတေသီနှင့် မြန်မာလေ့လာရေးအစီအစဉ် ညှိနှိုင်းရေးမှူး ဒေါ်မိုးသူဇာက “မြန်မာမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကျပ်အတည်းအပေါ် အာရုံစိုက်မှု ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ သံတမန် ဖြစ်လာဖို့နဲ့ နှစ်စဉ် အလှည့်ကျ ဥက္ကဋ္ဌတို့နဲ့ သွား မသက်ဆိုင်သင့်တော့ဘူး” ဟုပြောသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်နို မာဆူဒီက မြန်မာ့အရေးနှင့် ပတ်သက်၍ အထူးသံတမန်အခန်းကဏ္ဍသည် တိုးတက်မှုသစ်များ ပြုလုပ်နိုင်ခဲ့ကြောင်း ပြောသည်

ယခင်ဥက္ကဋ္ဌများဖြစ်သော ဘရူနိုင်းနှင့် ကမ္ဘောဒီးယားတို့၏ အမြင်မှ လမ်းခွဲထွက်ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်နို မာဆူဒီသည် အထူးသံတမန်ရာထူးကို မယူဘဲ အထူးသံတမန်ရုံးကိုသာ ဦးဆောင်ကာ ဝါရင့် အင်ဒိုနီးရှား သံတမန် ငူရာဆဝါဂျယာ ပါဝင်သည့် ကျွမ်းကျင်သူများအဖွဲ့ ဖွဲ့ထားသည်။ မစ္စ မာဆူဒီသည် ဘက်အားလုံး ပါဝင်သည့် ဆွေးနွေးပွဲများကိုလည်း ဇန်နဝါရီလမှ စတင်ကာ ဦးဆောင်နေသည်။ ဘက်အားလုံးဆိုသည်မှာ မြန်မာစစ်တပ်၊ လက်နက်ကိုင် အင်အားစုများ၊ ဖြုတ်ချခံခေါင်းဆောင်များ ပါဝင်သော NUG နှင့် လူမှုအခြေပြု အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ ဥရောပနှင့် ဂျပန်မှ အထူးသံတမန်များအပါအဝင် နိုင်ငံတကာ အထူးသံတမန်များ ပါဝင်သည်။

လက်ရှိအချိန်အထိ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသည် ပြိုင်ဘက်များကို စားပွဲဝိုင်းသို့ ခေါ်ယူနိုင်ခြင်း မရှိသေးသော်လည်း ဧပြီလ ၅ ရက်နေ့က ရှားရှားပါးပါးပြုလုပ်သည့် ရှင်းလင်းပွဲတွင် ယခင်က မတွေ့ဆုံခဲ့ဖူးသည့် “ပါဝင်ပတ်သက်သူ အသစ်များ” နှင့် တွေ့ဆုံခဲ့ကြောင်း၊ “တိုးတက်မှုသစ်များ ပြုလုပ်နိုင်ခဲ့ကြောင်း” ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အထူးသံတမန် မစ္စတာ ယိုဟေ ဆာဆာကာဝါသည် မစ္စ မာဆူဒီအပေါ် သြဇာသက်ရောက်မှု အထူးရှိပြီး “အာရှသံတမန်ရေးနည်းလမ်း” ဟု သူခေါ်သည့် တိတ်တိတ်ဆိတ်ဆိတ် ဆောင်ရွက်သည့်နည်းလမ်းကို ကျင့်သုံးရန် တိုက်တွန်းနေသည်။ စစ်ကောင်စီက ကျင်းပရန်စီစဉ်ထားသည့် လွန်စွာအငြင်းပွားဖွယ် ရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးမှ တခုတည်းသော ထွက်ပေါက်အဖြစ် ထောက်ခံရန်လည်း အာဆီယံ ခေါင်းဆောင်များကို ၎င်းက တိုက်တွန်းနေသည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အထူးသံတမန် မစ္စတာ ယိုဟေ ဆာဆာကာဝါသည် မစ္စ မာဆူဒီအပေါ် သြဇာသက်ရောက်မှု အထူးရှိပြီး “အာရှသံတမန်ရေးနည်းလမ်း” ဟု သူခေါ်သည့် တိတ်တိတ်ဆိတ်ဆိတ် ဆောင်ရွက်သည့်နည်းလမ်းကို ကျင့်သုံးရန် တိုက်တွန်းနေသည်။

အချိန်သိပ်မကျန်တော့ပေ။ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် လူ ၂ သန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။ လူပေါင်း ၂၁,၃၀၀ ဖမ်းဆီးခံထားရပြီး ဘက်အားလုံးမှ သေဆုံးသူ ၃၀,၀၀၀ နီးပါး ရှိလာကြောင်း လွတ်လပ်သော လေ့လာစောင့်ကြည့်ရေး အဖွဲ့များ၏ စာရင်းအရ သိရသည်။

ဧပြီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီက မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၃,၁၁၃ ဦး လွှတ်ပေးကြောင်းနှင့် ပြည်သူများကို ပျော်ရွှင်စေကာ လူသားချင်းစာနာမှု စိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြောင်း ကြေညာသည်။ ထိုလုပ်ရပ်သည် အခြေခံအားဖြင့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ စတန့်ထွင် ဝါဒဖြန့်ချိခြင်း ဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။ သို့သော် မည်သူတို့ကို လွှတ်လိုက်ကြောင်း ရှင်းလင်းစွာ မသိရသေးပေ။ လွန်ခဲ့သောနှစ်က အလားတူအထိမ်းအမှတ်တွင် စစ်ကောင်စီသည် ဖမ်းဆီးထားသည့် ထိပ်တန်း နိုင်ငံရေးသမားများအပါအဝင် အကျဉ်းသား ၆,၀၀၀ နီးပါး လွှတ်ပေးခဲ့သည်။

မည်သို့ဆိုစေ ၂၀၂၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌရာထူး လာအိုသို့ရောက်မသွားမီ ခိုင်မာသောတိုးတက်မှု ရရှိအောင်လုပ်ရန် အင်ဒိုနီးရှားအတွက် အရေးကြီးနေသည်။ လာအိုကို တရုတ်နိုင်ငံခြားရေးမူဝါဒ ဦးစားပေးများ၏ သင်္ကေတခုဟု မြင်ကြသည်။

အကောင်အထည်ဖော်သူတဦး အနေဖြင့် မစ္စ မာဆူဒီသည် အာဆီယံ ခေါင်းဆောင်များနှင့် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်တို့ ၂၀၂၁ ခုနှစ်၊ ဧပြီလက ဂျကာတာတွင် သဘောတူခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက်ကို အမွေရသည်။ ထိုဘုံသဘောတူညီချက်သည် အကြမ်းဖက်မှု ချက်ချင်းရပ်ဆိုင်းရန်သာမက တွေ့ဆုံဆွေးနွေးရေး၊ အထူးသံတမန်တဦး ခန့်အပ်ရေး၊ အာဆီယံက လူသားချင်းစာနာမှု အကူအညီ ပေးခွင့်ရရေးနှင့် သက်ဆိုင်သူအားလုံးနှင့် အထူးသံတမန်တွေ့ခွင့်ရရေး စသည်တို့ကိုလည်း တောင်းဆိုသည်။ ဘုံသဘောတူညီချက် ၅ ချက်ကို အာဆီယံ၏ ဆွေးနွေးဘက် နိုင်ငံများကလည်း ထောက်ခံပြီး ထိုသို့ထောက်ခံခြင်းသည် အနောက်နိုင်ငံအစိုးရများကို “အဆင်ပြေသလို ပေးလိုက်သည့် အကြောင်းပြချက်” သာ ဖြစ်သည်ဟု ဝေဖန်သူအချို့က မြင်သည်။

၂ နှစ်ကြာသည့်တိုင် စစ်ကောင်စီတပ်များက အရပ်သားများကို အညှာတာကင်းမဲ့စွာ တိုက်ခိုက်နေပြီး အာဆီယံ၏ အကူအညီများမှာ ပိတ်ဆို့ခံထားရသောကြောင့် ထိုဘုံသဘောတူညီချက် ၅ ချက်သည် မဖြစ်နိုင်သည့် ဟာသဇာတ်လမ်းသဖွယ် ဖြစ်လာသည်။

၂ နှစ်ကြာသည့်တိုင် စစ်ကောင်စီတပ်များက အရပ်သားများကို အညှာတာကင်းမဲ့စွာ တိုက်ခိုက်နေပြီး အာဆီယံ၏ အကူအညီများမှာ ပိတ်ဆို့ခံထားရသောကြောင့် ထိုဘုံသဘောတူညီချက် ၅ ချက်သည် မဖြစ်နိုင်သည့် ဟာသဇာတ်လမ်းသဖွယ် ဖြစ်လာသည်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် မရေတွက်နိုင်သည့် အခြားသူ အများအပြားနှင့်အတူ အကျဉ်းသားအဖြစ်သာ ဆက်လက်ရှိနေသည်။

ထိုဘုံသဘောတူညီချက် ၅ ချက်သည် တခုတည်းသောနည်းလမ်းဖြစ်သည်ဟု မစ္စ မာဆူဒီက မြင်နေဆဲဖြစ်သည်။ ဖေဖော်ဝါရီလတွင် သူ၏ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး အစီအမံကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများထံ တင်ပြပြီးနောက် “မြန်မာနိုင်ငံအခြေအနေကို ညီညွတ်စွာ ဖြေရှင်းရေးအတွက် လမ်းညွှန်အဖြစ် ထိုဘုံသဘောတူညီချက် ၅ ချက်သည် အာဆီယံအတွက် အလွန် အရေးကြီးကြောင်း၊ အထူးသဖြင့် ဥက္ကဋ္ဌအတွက် အရေးကြီးကြောင်း” ပြောသည်။

၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာသို့ ရောက်ရှိလာစဉ် / Handout/Indonesian Presidency

သို့သော် ၂၀၂၁ ခုနှစ်၊ ဧပြီလက အစည်းအဝေးအပြီး မကြာမီ မင်းအောင်လှိုင်ကိုယ်တိုင်က မရေမရာစကားလုံးများဖြင့် ထုတ်ပြန်သည့် ကြေညာချက်တစောင်ဖြင့် ဘုံသဘောတူညီချက် ၅ ချက်ကို ငြင်းပယ်ကြောင်း ရှားရှားပါးပါး ဝန်ခံခဲ့ပြီး အကောင်းဆုံးလုပ်ဆောင်ရန် သဘောတူခဲ့ခြင်းသာ ဖြစ်သည်ဟု ခုခံပြောဆိုခဲ့သည်။ လက်တွေ့တွင်လည်း အထူးသံတမန်ခန့်အပ်ရေး အချက်တချက်ကိုသာ အကောင်အထည်ဖော်ခဲ့သည်။

ဂျကာတာ၏ သံတမန်ရေးအားထုတ်မှုများသည့် နှေးကွေးပြီး တိတ်ဆိတ်လွန်းသောကြာင့် အချို့ အာဆီယံ အဖွဲ့ဝင်များသည် သီးခြား အသေးစားအစီအစဉ်များ လုပ်ဆောင်လာကြသည်။ ထို့ကြောင့် ပေါ်ပေါက်လာသော အခြေအနေမှာ လမ်းကြောင်းနှစ်ခွသွားနေသော အာဆီယံ ဖြစ်လာသည်။ လမ်းကြောင်းတခုသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် ထိစပ်နေသည့် မဲခေါင်ဒေသမှ နိုင်ငံများ၏ လမ်းကြောင်းဖြစ်ပြီး အခြားလမ်းကြောင်းတခုမှာ ကျန်အဖွဲ့ဝင်များ၏ လမ်းကြောင်းဖြစ်သည်။ ထို့ကြောင့် အာရှကုန်းမြေမှ အရှေ့တောင်အာရှနှင့် ကျွန်းစုနိုင်ငံများ အရှေ့တောင်အာရှအဖြစ် ကွဲပြားသွားသည်။

ထိုင်းနိုင်ငံသည် တရားဝင်သူနှင့် တရားမဝင်သူများဆွေးနွေးပွဲ (Track 1.5) ကို လက်တွေ့ ဦးဆောင်သည့် နိုင်ငံဖြစ်လာပြီး လွန်ခဲ့သောနှစ် ဒီဇင်ဘာလတွင် ပထမဆုံးသော “အာဆီယံ မဟုတ်သည့်” အာဆီယံအစည်းအဝေး ကျင်းပသည့် နိုင်ငံဖြစ်လာသည်။ ထိုအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ၏အဆိုအရ စိတ်တူကိုယ်တူ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ တွေ့ဆုံကြသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးထံသို့ တိုတောင်းသော စာတစောင်ပေးပို့ပြီး ထိုသို့သောအစည်းအဝေးတွင် မြန်မာ စစ်ကောင်စီကို ဖယ်ထုတ်ထားရန် အာဆီယံခေါင်းဆောင်များ၏ သဘောတူညီချက်အား ဂရုစိုက်ရန် ဘန်ကောက်သို့ အကြံပြုလိုက်သည်ဟု ပြောသည်။

ထိုသို့ တဖက်သတ် လုပ်ဆောင်ခြင်းအပေါ် တင်းမာမှုလက္ခဏာအဖြစ် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးထံသို့ တိုတောင်းသော စာတစောင်ပေးပို့ပြီး ထိုသို့သောအစည်းအဝေးတွင် မြန်မာ စစ်ကောင်စီကို ဖယ်ထုတ်ထားရန် အာဆီယံခေါင်းဆောင်များ၏ သဘောတူညီချက်အား ဂရုစိုက်ရန် ဘန်ကောက်သို့ အကြံပြုလိုက်သည်ဟု ပြောသည်။

မည်သို့ဆိုစေ မတ်လတွင် မြန်မာနှင့်ပတ်သက်သည့် “Track 1.5 စားပွဲဝိုင်းဆွေးနွေးပွဲ” ကို ဘန်ကောက်မှ ကြယ် ၅ ပွင့်အဆင့်ရှိ Anantara ဟိုတယ်တွင် ကျင်းပသည်။ တက်ရောက်သည့် အာရှအရာရှိ၊ ပညာရှင်နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၂၀ ပင် မပြည့်ပေ။ ထိုင်းနှင့် အိန္ဒိယက ပူးတွဲကျင်းပသည့် ထိုအစည်းအဝေးသည် မြန်မာနှင့် “ပြန်လည်ထိတွေ့ဆက်ဆံရန်” ရည်ရွယ်ပြီး မြန်မာ၊ ထိုင်း၏အိမ်နီးချင်း မဲခေါင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့မှ အစိုးရနှင့်ပုဂ္ဂလိက ကိုယ်စားလှယ်များ တက်ရောက်ပြီး တရုတ်၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှားတို့က လေ့လာသူများအဖြစ် တက်ရောက်သည်။

Centre for Humanitarian Dialogue နှင့် ဆာဆာကာဝါ၏ နိပွန်ဖောင်ဒေးရှင်းတို့ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများလည်း ကိုယ်စားလှယ်များ စေလွှတ်သည်။ “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရက်တစ် လုပ်ငန်းစဉ်အကြောင်း” ပြောရန် အမေရိကန် ပညာရှင် ဒေါက်တာ ကားလ် ဂျက်ဆင်ကိုလည်း ထိုင်းက ဖိတ်ခဲ့ကြောင်း ထိုကိစ္စတွင် ပါဝင်ပတ်သက်သည့် ထိုင်းအရာရှိများက ပြောသည်။

ထိုအလွတ်သဘောဆွေးနွေးပွဲ နောက်တကြိမ်ကို အိန္ဒိယက အိမ်ရှင်အဖြစ် လက်ခံရန် သဘောတူထားပြီး လာမည့်အပတ်လောက်အထိ စောစီးစွာ ကျင်းပမည် ဖြစ်သည်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ တဝက်ကို ထိုင်းက မည်သည့်အတွက် ပစ်ပယ်သနည်း။

ထိုစေ့ဆော်မှုသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ် မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်နှင့် သူစိတ်ကြိုက်ရွေးထားသည့် အထူးသံတမန် မစ္စ ပွန်ပီမို ပေါ်လင်း ကန်ချနာလက်တို့ထံမှ လာသည်။ ၎င်းတို့က မြန်မာအကျပ်အတည်းသည် ထိုင်းနိုင်ငံအတွက် အလေးနက်ဆုံး အကျပ်အတည်းဟု စီးပွားရေးရှုထောင့်အခြေခံမှ မြင်ကြသည်။

ဘန်ကောက်၏ အဓိက စိုးရိမ်ပူပန်မှုများတွင် အမေရိကန် အရေးယူပိတ်ဆို့မှုများသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပစ်မှတ်ထားပြီး ထိုင်းနိုင်ငံအတွက် အရေးအကြီးဆုံး သဘာဝဓာတ်ငွေ့ကို ထိခိုက်စေမည်ကို စိုးရိမ်ခြင်းပါဝင်သည်။

ဘန်ကောက်၏ အဓိက စိုးရိမ်ပူပန်မှုများတွင် အမေရိကန် အရေးယူပိတ်ဆို့မှုများသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပစ်မှတ်ထားပြီး ထိုင်းနိုင်ငံအတွက် အရေးအကြီးဆုံး သဘာဝဓာတ်ငွေ့ကို ထိခိုက်စေမည်ကို စိုးရိမ်ခြင်းပါဝင်သည်။ MOGE သည် ထိုင်း PTTEP လုပ်ငန်းကြီး၏ အဓိက စီးပွားဖက်ဖြစ်ပြီး မြန်မာကို နိုင်ငံခြားငွေ အဓိကရှာပေးသည့် လုပ်ငန်းလည်းဖြစ်သောကြောင့် တနှစ်လျှင် မြန်မာကို အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဝင်ငွေရစေသည်။

MOGE သို့ အကျိုးအမြတ်ခွဲဝေမှု ဆိုင်းငံ့ရန်နှင့် ဘဏ္ဍာရေး အစီအစဉ် အသေးစိတ်ကို ထုတ်ဖော်ကြေညာရန် မြန်မာစင်ပြိုင်အစိုးရ NUG က PTTEP ကို ပြောကြားထားပြီး ထိုကိစ္စကို စင်ကာပူရှိ အနုညာတခုံရုံးသို့ တင်မည်ဖြစ်ကြောင်း ပြောသည်။ MOGE သည် အလားအလာရှိသော အရေးယူပိတ်ဆို့မှု ပစ်မှတ်ဖြစ်ကြောင်းလည်း အမေရိကန်အရာရှိများက ပြောသည်။ ထိုင်းနိုင်ငံသည် မြန်မာတက်ကြွလှုပ်ရှားသူများ ထိုင်းတွင် ရှိနေသည်ကို မသိချင်ယောင်ဆောင်နေခြင်းအားဖြင့် ခုခံတော်လှန်ရေး အင်အားစုများကို ကူညီနေသောကြောင့် NUG ၏ လုပ်ဆောင်မှုသည် ကောင်းစွာတိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ လုပ်ဆောင်မှုဖြစ်သည်ဟု သုတေသီအချို့က ပြောသည်။

ခုခံတော်လှန်ရေး အင်အားစုများဘက်သို့ ထိုင်းက လှည့်လာလျှင် မည်သို့ဖြစ်မည်ကို သိအောင်လုပ်သည့် သဘောဖြင့် ဧပြီလအစောပိုင်းတွင် ထိုင်းအာဏာပိုင်များက ခုခံတော်လှန်ရေးသမား သုံးဦးကို မြန်မာသို့ လွှဲပေးလိုက်သည်။

နောက်ထပ်ကြီးမားသည့် ပြဿနာတခုမှာ မြန်မာစစ်တပ်က ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေပြီး NUG, အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများက ထိုရွေးကောက်ပွဲသည် အတုအယောင်ဖြစ်သည်ဟု ရှုတ်ချထားခြင်းဖြစ်သည်။ မြန်မာပြည်သူအများစုက လက်မခံသော ရွေးကောက်ပွဲကို ကျင်းပခြင်းအပေါ် အာဆီယံအတွင်းတွင် သဘောထားကွဲမည့် အလားအလာရှိသောကြောင့် အာဆီယံသည် ပိုမိုအလုပ်မဖြစ်မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

“ဘုံသဘောတူညီချက်အပေါ် အခြေခံပြီး အနိမ့်ဆုံးဘုံစားကိန်းရှာတဲ့ အာဆီယံနည်းလမ်းကို အခြေခံကျကျ ပြုပြင်ပြောင်းလဲရေး မလုပ်ဘဲ အာဆီယံက ဘာမှရှေ့ဆက်လုပ်နိုင်မှာ မဟုတ်ဘူး” ဟု ပါမောက္ခ သီတီနန်က ပြောသည်။

“ဘုံသဘောတူညီချက်အပေါ် အခြေခံပြီး အနိမ့်ဆုံးဘုံစားကိန်းရှာတဲ့ အာဆီယံနည်းလမ်းကို အခြေခံကျကျ ပြုပြင်ပြောင်းလဲရေး မလုပ်ဘဲ အာဆီယံက ဘာမှရှေ့ဆက်လုပ်နိုင်မှာ မဟုတ်ဘူး” ဟု ပါမောက္ခ သီတီနန်က ပြောသည်။

“နည်းလမ်းတခုကတော့ ကျော်လွှားရမယ့် ပြဿနာအပေါ် မူတည်ပြီး မူလအဓိကအဖွဲ့ဝင် ငါးနိုင်ငံ ဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းကို ဗဟိုပြုပြီး လမ်းကြောင်းပေါင်းစုံပုံစံ ဒါမှမဟုတ် ‘အာဆီယံ 5+X’ နဲ့ ပြန်လည်ဖွဲ့စည်းဖို့ ဖြစ်တယ်။ အရေးပါတဲ့ ပြဿနာတွေမှာ ၁၀ နိုင်ငံလုံး သဘောတူအောင် စောင့်ဖို့ အလားအလာ နည်းသွားပြီ” ဟုလည်း ၎င်းကပြောသည်။

ပိုမိုကျယ်ပြန့်သော အခြေအနေတွင် မြန်မာမပါသော အာဆီယံသည် ထိပ်သီးဆွေးနွေးပွဲများ ဆက်လက် ကျင်းပနေမည်ဖြစ်သည်။ ထိုသို့ ကြိုတင်စီစဉ်လေ့ကျင့်ကျင်းပသည့် အစည်းအဝေးများသည် ပထဝီသေနင်္ဂဗျူဟာ ဘုံ စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်ပြီး ပိုမိုခမ်းနားသည့် ကြေညာချက်များ ထွက်လာနိုင်စေသည်။ သို့သော် ထိုအစည်းအဝေးများသည် အရေးပါသော ဆွေးနွေးပွဲများ မဟုတ်တော့ဘဲ သင်္ကေတသဘောသာဆောင်သည့် အစည်းအဝေးများသာ ဖြစ်လာမည်ဖြစ်သည်။

အာဆီယံသည် အထက်ပါ လမ်းကြောင်းနှစ်ခုလုံးကို တပြိုင်နက် သုံးနိုင်မည်မဟုတ်ကြောင်း ပါမောက္ခ သီတီနန်က ပြောသည်။ “အာဆီယံဟာ ကမ္ဘာမှာ ညီညွတ်တဲ့အင်အားစုဖြစ်တယ် ဆိုတာမျိုး ဟန်ဆောင်နေလို့ မရတော့ဘဲ မြန်မာစစ်တပ်က မြန်မာပြည်သူတွေကို ရက်စက်ကြမ်းကြုတ်မှုကြောင့် အတွင်းပိုင်းမှာ အရမ်းကို သဘောထားကွဲနေကြတယ်” ဟုလည်း ပြောသည်။

(Nikkei Asia ပါ Gwen Robinson ၏ Myanmar tests Indonesia’s resolve as ASEAN fissures deepen ကို ဘာသာပြန်သည်။ ဂွမ်ရော်ဘင်ဆင်သည် Nikkei Asia မှ လွတ်လပ်သော အရှေ့တောင်အာရှရေးရာ အယ်ဒီတာတဦးဖြစ်သည်။)

You may also like these stories:

ASEAN အတွက် ခက်ခဲနေသည့် မြန်မာ့အရေး အမေရိကန် ဦးဆောင်ရမည်

မြန်မာကို ASEAN မှ ဖဲ့ထုတ်ပစ်ရန် မလေးရှားဝန်ကြီးချုပ် အကြံပြုချက် ခက်ခဲမည်

ASEAN ၏ မြန်မာဆိုင်ရာ ခြေလှမ်းသစ်

ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရန် စစ်ကောင်စီကို အင်ဒိုနီးရှားနှင့် မလေးရှား တိုက်တွန်း

အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်နေမယ်လို့ စစ်ကောင်စီပြော

PDF သုံးဦးအား စစ်ကောင်စီလက်အပ်သည့် ထိုင်းအာဏာပိုင်များလုပ်ရပ် NUG ကန့်ကွက်

Your Thoughts …
Tags: MOGENUGPTTEPTrack 1.5ခုခံတော်လှန်ရေး အင်အားစုဂျပန်စင်ကာပူစစ်ကောင်စီစစ်အာဏာသိမ်းမှုတရုတ်ထိုင်းဒုက္ခသည်ပြည်တွင်းစစ်ဘုံသဘောတူညီချက် ၅ ချက်မစွက်ဖက်ရေးမူရက်စက်ကြမ်းကြုတ်မှုရွေးကောက်ပွဲလက်နက်ကိုင် အင်အားစုလူသားချင်းစာနာထောက်ထားမှုလူ့အခွင့်အရေးလေကြောင်းတိုက်ခိုက်မှုသံတမန်ရေးအကြမ်းဖက်မှုအင်ဒိုနီးရှားအမေရိကန် ပြည်ထောင်စုအရေးယူပိတ်ဆို့မှုအာဆီယံအာဆီယံ 5+Xအာဆီယံ အထူးသံတမန်
Gwen Robinson

Gwen Robinson

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး နေဝင်း

မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့

လေပြင်းတိုက်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသူများကို ဒို့လယ်ဝေး ပရဟိတအဖွဲ့က ဆေးရုံပို့ဆောင် / ဒို့လယ်ဝေးပရဟိတလူငယ်အသင်

လယ်ဝေးတွင် လေပြင်းတိုက်မှုကြောင့် ၆ ဦး သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved