• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လယ်ဝေးတွင် လေပြင်းတိုက်မှုကြောင့် ၆ ဦး သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရ

by ဧရာဝတီ
22 April 2023
in သတင်း
A A
လေပြင်းတိုက်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသူများကို ဒို့လယ်ဝေး ပရဟိတအဖွဲ့က ဆေးရုံပို့ဆောင် / ဒို့လယ်ဝေးပရဟိတလူငယ်အသင်

လေပြင်းတိုက်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသူများကို ဒို့လယ်ဝေး ပရဟိတအဖွဲ့က ဆေးရုံပို့ဆောင် / ဒို့လယ်ဝေးပရဟိတလူငယ်အသင်

10.3k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ဧပြီ ၂၁ ရက် ည ၇ နာရီခန့်က လေပြင်းတိုက်ခတ် မှုများ ဖြစ်ပွားခဲ့ရာ လူ ၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော် ရှိကာ နေအိမ် ၂၃၀ ကျော် ပျက်စီးခဲ့ကြောင်း လယ်ဝေးမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

လယ်ဝေးမြို့နယ်၊ ရွှေဟင်္သာအုပ်စု၊ တံတားဦးကျေးရွာမှ ထိခိုက်ဒဏ်ရာရရှိသူ ၄၈ ဦး၊ စိုးရိမ်ရ ၁၆ ဦး၊ သေဆုံး မ ၂ ဦးနှင့် ကံသာကျေးရွာအုပ်စု အောင်မြင်ကုန်းကျေးရွာမှ ထိခိုက်ဒဏ်ရာရရှိသူ ၆၁ ဦး၊ သေဆုံး ကျား ၂ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ထိခိုက်ဒဏ်ရာရရှိသူ ၁၀၉ ဦး၊ သေဆုံး ၆ ဦး ရှိခဲ့ကြောင်းလည်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေပြင်းတိုက်ခတ်မှုကြောင့် လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် နေအိမ်ပျက်စီးမှုများအပြင် ဘုရား၊ ကျောင်းကန်၊ စေတီ၊ ပုထိုး ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက “မနေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လူ ၆ ဦး သေဆုံးခဲ့တယ်။ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်။ လေပြင်းတိုက်တာက မိနစ် ၄၀ ကျော်လောက်ပဲ ကြာခဲ့တာမှာ ရွာနှစ်ရွာလုံးက အိမ်တွေကတော့ အကုန်လုံးနီးပါး ပျက်စီးခဲ့တာ။ လက်ရှိမှာတော့ ဒဏ်ရာရတဲ့သူတွေကို ဆေးကုသပေး တာတွေ လုပ်ပေးထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။

လေပြင်းတိုက်ခတ်မှုကြောင့် တံတားဦးကျေးရွာမှ နေအိမ် ၇၇ လုံး၊ အောင်မြင်ကုန်းကျေးရွာမှ နေအိမ် ၁၅၅ လုံး ပျက်စီးဆုံး ရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား လယ်ဝေးမြို့နယ်ကုတင် ၁၀၀ ဆံ့ဆေးရုံနှင့် ဇမ္ဗူသီရိမြို့နယ်၊ ကုတင် ၁၀၀၀ ဆံ့ ဆေး ရုံများသို့ ပို့ဆောင်ကုသပေးထားကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသူများကို ဒို့လယ်ဝေး ပရဟိတအဖွဲ့က ဆေးရုံပို့ဆောင် (ဓာတ်ပုံ – ဒို့လယ်ဝေးပရဟိတလူငယ်အသင်း)

စိုးရိမ်ရသည့်လူနာများအနက် ထပ်မံသေဆုံးသူများ ရှိနိုင်ကြောင်းနှင့် ဒို့လယ်ဝေးပရဟိတလူငယ်များ၏ လူမှုကွန်ရက်တွင် ယနေ့ နေ့လယ် ၁၂ နာရီခွဲက ဖော်ပြထားချက်အရ လက်ရှိအချိန်ထိ သေဆုံးသူ ၈ ဦး ရှိပြီဖြစ်ကြောင်း သိရသော်လည်း ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

လယ်ဝေးမြို့ခံတဦးက ‘‘လေပြင်းတိုက်တာက ရုတ်တရက်ကြီးဆိုတော့ ဘယ်သူမှ ပြေးလွှားနိုင်ကြတာမျိုး မရှိတာကြောင့် သေဆုံးတာလို့ သုံးသပ်ရတာပေါ့။ မိုးဦးလေဦးကျတဲ့အချိန်မျိုးမှာ ဖြစ်တတ်တဲ့ပုံစံမျိုးလို့ပဲ ထင်ထားကြတာ။ အခုလောက်ထိ ပြင်းလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားတာကြောင့်လည်း အခုလောက်ထိ ထိခိုက်ပျက်စီးဆုံးရှုံးကြရတာပါ” ဟု ပြောသည်။

လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးသင့်ခဲ့ရသည့် ဒေသခံများအနေဖြင့် နီးစပ်ရာဘုန်းတော်ကြီးကျောင်းများ၊ စာသင် ကျောင်းများအတွင်း ယာယီခိုလှုံနေကြရပြီး စားနပ်ရိက္ခာနှင့်အဝတ်အထည်များ အရေးပေါ်အကူအညီ လိုအပ်လျက်ရှိ ကြောင်းလည်း ၎င်းက ဆိုသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်ဆီးသွားသည့် တံတားဦးနှင့် အောင်မြင်ကုန်းကျေးရွာ

ထို့ပြင် ယမန်နေ့က စစ်ကိုင်းတိုင်း ကနီနှင့် ဘုတလင်မြို့နယ်များတွင်လည်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် ကျေးရွာ ၁၃ ရွာခန့်မှ နေအိမ် ၂၅၀ ကျော်နှင့် စစ်ဘေးရှောင်ယာယီတဲများ ပျက်စီးခဲ့ကြောင်း၊ မိုးသက်လေ ပြင်းကျ‌ရောက်ချိန် သစ်ပင်သစ်ကိုင်းများကျိုးကျ၍ လူနှစ်ဦးနှင့် အိမ်မွေးတိရစ္ဆာန်များ ထိခိုက်ခဲ့ကြောင်း၊ ချင်းတွင်းမြစ်အ နောက်ဘက်ကမ်း ကျေးရွာများတွင်လည်း နေအိမ်အမိုးအကာများ လန်ထွက်ခြင်း၊ သစ်ပင်ကြီးများကျိုးကျခြင်းနှင့် ဓာတ် တိုင်များလဲကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီ ၂၀ ရက် ညပိုင်းက မကွေးတိုင်း နတ်မောက်နှင့် မင်းလှမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် နေအိမ် ၄၆ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်ဆီးသွားသည့် တံတားဦးနှင့် အောင်မြင်ကုန်းကျေးရွာ

ဧပြီ ၂၁ ရက်မှ ၂၅ ရက်ထိ လေပွေလှိုင်းများနှင့် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်တို့မှ တိမ်တိုက်များကြောင့် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်း၊ ချင်း၊ ကယား၊ ရခိုင်၊ ကရင်၊ မွန်ပြည်နယ်နှင့် နေပြည်တော် တို့တွင် အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦး စီးဌာနက ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်ဆီးသွားသည့် တံတားဦးနှင့် အောင်မြင်ကုန်းကျေးရွာ

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံဒေသအများစုတွင် အပူချိန်မြင့်တက်နေကြောင်းနှင့် စစ်ကိုင်းတိုင်းတွင် ဧပြီ ၁၇ ရက်မှ ၂၃ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်း၊ မိုးသီးကြွေခြင်းများလည်း ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် အသိပေးထုတ်ပြန် ထားသည်။

ယနေ့ (ဧပြီ ၂၂ ရက်) ညနေပိုင်းအချိန်အတွင်း ဘင်္ဂလား၊ အိန္ဒိယ၊ အာသံ ဒေသများဘက်မှ ဝင်ရောက်လာမည့် nor’wester ဖြစ်စဉ်များကြောင့် ကချင်၊ ရှမ်း၊ ချင်းပြည်နယ်၊ ရခိုင်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းတို့တွင် နေရာကွက်၍ ထစ်ချုန်းမိုးရွာခြင်း ရုတ်တရတ် လေပြင်းကျခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင် ကြောင်း အသိပေးထုတ်ပြန်ထားမှုများလည်း ရှိသည်။

You may also like these stories:

ထိုင်းမြောက်ပိုင်း လေထုညစ်ညမ်းမှု တရားခံဘယ်သူတွေလဲ

ရန်ကုန်၊ မွန်နှင့် ကယားတို့တွင် ရေကြီးရေလျှံ၍ ပြည်သူများ စားသောက်ရေး အခက်ကြုံ

စစ်အုပ်ချုပ်ရေးကြောင့် ရာသီဥတုပြောင်းလဲမှု ရိုက်ခတ်ချက် ပိုမိုဆိုးရွားနိုင်

Your Thoughts …
Tags: နေပြည်တော်မိုးသီးကြွေမီးသတ်ဦးစီးဌာနလယ်ဝေးလေပြင်းတိုက်ခတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.6k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
28.1k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

Next Post
ပဇီကြီးကျေးရွာ တိုက်ခိုက်သတ်ဖြတ်ခံရပြီးနောက် မြင်ကွင်းတခု / ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

ငါ့သားများ စစ်ထဲဝင်ရင်လေ (၄)

ကမ္ဘာ့မြေပုံ / kid of the village ၊ အင်တာနက် စာမျက်နှာ

ကမ္ဘာ့ ပြဿနာ ရှင်းတဲ့နေ့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved