• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်နေမယ်လို့ စစ်ကောင်စီပြော

by ဧရာဝတီ
18 November 2022
in သတင်း
A A
စစ်ကောင်စီပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း / CNN

စစ်ကောင်စီပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း / CNN

8.5k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အာဆီယံအဖွဲ့အတွင်း ဖိအားပေးမှုနှင့် ဝိုင်းပယ်ခြင်းခံထားရသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံ တနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။

နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက် ဖနွမ်ပင်မြို့တွင် ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးမှ မြန်မာ့အရေး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာ ဘုံသဘောတူညီချက် ၅ ရပ်အား အကောင်းအထည်ဖော်ရာတွင် စစ် ကောင်စီအနေဖြင့် ပူးပေါင်းပါဝင်မှု နည်း၍ တိုးတက်မှုမရှိဟုဆိုကာ အာဆီယံထိပ်သီးအစည်းအဝေးများမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နိုင်ငံခြားရေးဝန်ကြီး များအား တက်ရောက်ခွင့်မပေးဘဲ ဖယ်ထုတ်ထားခဲ့သည်။ ထို့ပြင် ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် အချိန်ဇယား သတ်မှတ်မည်ဖြစ်ပြီး မြန်မာစစ်ကောင်စီဘက်မှ ဆက်လက်ပျက်ကွက်နေပါက အခြားဝန်ကြီးအဆင့် အစည်းအဝေးများပါ မဖိတ်ကြားရန် စဉ်းစားဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း ဆိုသည်။

“ဘာတွေပဲပြောနေနေ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ဆုံးဖြတ်ချက်မပါဘဲနဲ့ လုပ်တယ်ဆိုတာ ပဋိဉာဉ်အရ အကျုံးတော့မဝင်ပါဘူး။ သူတို့အနေနဲ့ မည်သို့ဟာတွေ ကိုင်စွဲသည်ဖြစ်စေ အာဆီယံမှာလည်း အပိုင်းကွဲနေတာတွေ ရှိပါတယ်။ တချို့သောနိုင်ငံတွေ မြန်မာနိုင်ငံနဲ့ပတ်သက်လာပြီးရင် ရပ်တည်ပေးနေတဲ့ နိုင်ငံတွေ ရှိပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီးရင် လက်ရှိအချိန်မှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ပဲ ဆက်လက် တည်ရှိသွားမှာဖြစ်ပါတယ်” ဟု စစ်ကောင်စီပြောခွင့်ရှိသူက ပြောသော်လည်း မည်သည့်နိုင်ငံများက အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံကြောင်း အသေးစိတ် နာမည်တပ် မပြောကြားပေ။

ထို့ပြင် အာဆီယံ ထိပ်သီးအစည်းအဝေး ကြေညာချက်တွင် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သည် သက်ဆိုင်သူအားလုံးနှင့် အလွတ်သဘောတွေ့ဆုံမည်ဟု ဆိုထားရာ အမျိုးသားညီညွတ်ရေး အစိုးရ နှင့်လည်း ဆက်ဆံရေး လမ်းကြောင်း ဖောက်နိုင်မှုကို ရည်ရွယ်ပြီး “အာဆီယံပဋိဉာဉ်စာတမ်းအား ဆန့်ကျင်နေပြီး အကြမ်းဖက်လုပ်ရပ်အပေါ် အားပေးရာရောက်နေ” ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

သို့သော် ပိုမိုဖိအားပေးလာသည့် အာဆီယံထိပ်သီးအစည်းအဝေးအပြီး ရက်ပိုင်းအတွင်း နိုဝင်ဘာ ၁၇ ရက်နေ့က စစ်ကောင်စီအနေဖြင့် ဖမ်းဆီးထောင်ချထားသည့် နိုင်ငံရေးအကျဉ်းသားအချို့အပါအဝင် အကျဉ်းသား ၆၀၀၀ ဦးခန့်အား လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး အမှုဖွင့်ထားသည့် အနုပညာရှင်တချို့ကိုလည်း အမှုရုတ်သိမ်းပေးကြောင်း ကြေညာခဲ့သည်။

ထိုလုပ်ရပ်ကို လက်ရှိ အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်သော ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းက အကောင်းမြင်ကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံကို တတိယအကြိမ် လာရန် ပြင်နေသည်။

ပရက်ဆိုခွန်းက “အကျဉ်းသားအများအပြားကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဟာ မြန်မာနိုင်ငံရှိ အဖွဲ့စည်း အားလုံးကြား တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ် စတင်နိုင်အောင် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖန်တီးရေးမှာ အဓိက အရေးကြီးတဲ့အလုပ်တခုကို လုပ်ဆောင်လိုက်တာမျိုးဖြစ်တယ်။ လက်ရှိမြန်မာနိုင်ငံရေးအခက်အခဲတွေကို ငြိမ်းချမ်းစွာအဖြေရှာနိုင်ဖို့ ကောင်းမွန်တဲ့ အမှတ်လက္ခဏာမျိုးလည်းဖြစ်တယ်။ အာဆီယံသဘောတူညီငါးချက် အကောင်အထည်ဖော်ရေးမျှော်မှန်းချက်နဲ့ပတ်သက်ပြီး အပေါင်းလက္ခဏာ ဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ဖြစ်တယ်”ဟု ပြောသည်။

သို့သော် အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် စစ်ကောင်စီက ဖမ်းဆီးစွပ်စွဲပြီး ထောင်နှစ်ရှည်ချထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ကြသော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ငြင်းပယ်နေဆဲ ဖြစ်သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

မြန်မာ့အရေးပြဿနာ ဖြေရှင်းရေး နိုင်ငံတကာ ကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးမှသာ ပြေလည်ရေး လမ်းစရမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုခဲ့သည်။

You may also like these stories :

မြန်မာ့အရေး ပြဿနာ ပြေလည်ရေး ဒေါ်အောင်ဆန်းစုကြည်က လမ်းစလား

အာဆီယံ ဆုံးဖြတ်ချက်နှင့် မြန်မာစစ်တပ်

အလျှော့ပေး ပြေလည်ရေးသမားတွေရဲ့ ASEAN မြန်မာ့အရေးမှာ အလုပ်မဖြစ်

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ မထုတ်လွှင့်လိုက်ရသော မိန့်ခွန်း

Your Thoughts …
Tags: Aseanစစ်ကောင်စီပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းသတင်းစာရှင်းလင်းပွဲအာဆီယံထိပ်သီးအစည်းအဝေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

by ဧရာဝတီ
22 January 2025
9.7k

ထရမ့်ပြန်လာပြီ။ ကမ္ဘာက စိတ်လှုပ်ရှားနေသည်။ သမ္မတထရမ့်သည် အပေးအယူ လုပ်တတ်သော ခေါင်းဆောင်ဖြစ်သည်။

အကြမ်းဖက်လုပ်ရပ်စွန့်ကြောင်း ကမ္ဘာသိကြေညာမှ ဆွေးနွေးနိုင်မည်ဟု စစ်ကောင်စီပြော

အကြမ်းဖက်လုပ်ရပ်စွန့်ကြောင်း ကမ္ဘာသိကြေညာမှ ဆွေးနွေးနိုင်မည်ဟု စစ်ကောင်စီပြော

by ဧရာဝတီ
22 August 2023
8.2k

အကြမ်းက်အဖွဲ့အဖြစ် ကြေညာထားသည် အဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များ မလုပ်တော့ကြောင်းနှင့် ရှုတ်ချကြောင်း ကမ္ဘာသိဝန်ခံကြေညာမှသာ တွေ့ဆုံဆွေးနွေးရေးဖြစ်နိုင်ကြောင်း အာဏာသိမ်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

by ဧရာဝတီ
18 October 2023
5.7k

စစ်အာဏာသိမ်းပြီးနောက်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာစင်မြင့်တွင် စစ်ကောင်စီကို ထောက်ခံနေသော်လည်း မင်းအောင်လှိုင်၏ ဘေ့ဂျင်းသို့ ဖိတ်ခေါ်ရေး တောင်းဆိုမှုကို ဆက်လက်ပယ်ချနေသည်။

ဘဏ်တချို့ သစ္စာမရှိဟု စစ်ကောင်စီ ပြော

ဘဏ်တချို့ သစ္စာမရှိဟု စစ်ကောင်စီ ပြော

by ဧရာဝတီ
22 August 2023
5.4k

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော ဘဏ်အကျပ်အတည်းကို ထောက်ပံ့ကူညီမှုများစွာ လုပ်ဆောင်ပေးခဲ့သော်လည်း ဘဏ်တချို့သည် သစ္စာမရှိကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

by နွေနေ
16 December 2025
5k

ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုရွေးကောက်ပွဲပြီးလျှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ တာဝန်ထမ်းဆောင်မည်ဟု ဖြေသည်။

အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်

အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်

by Igor Blazevic
27 July 2024
4.7k

၎င်းတို့သည် မြန်မာမှ ပကတိအခြေအနေနှင့် လုံးဝ ကင်းကွာသည့် ၎င်းတို့အယူအဆများကိုသာ ပဲ့တင်ထပ်သော ခန်းမများတွင်သာ နေထိုင်ကြပုံရသည်။

Next Post
နိုဝင်ဘာ ၁၇ရက်နေ့က ပြန်လည် လွတ်လာသည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ဦးမြအေး / ဧရာဝတီ

နိုင်ငံတကာဖိအား လျော့ကျဖို့ အကျဉ်းသားများ လွှတ်ခြင်းဟု ဝေဖန်မှုများရှိနေ

နိုင်/ကျဉ်းတွေကို နိုင်ငံရေး လက်နက်တခုအဖြစ် အသုံးချမှုတခုပဲ  (ရုပ်/သံ)

နိုင်/ကျဉ်းတွေကို နိုင်ငံရေး လက်နက်တခုအဖြစ် အသုံးချမှုတခုပဲ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved