အာဏာသိမ်း စစ်ကောင်စီဟာ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားနေ့ကို အကြောင်းပြပြီး အကျဉ်းသူ၊ အကျဉ်းသား ၅၇၇၄ ကျော်ကို ပြန်လွှတ်ခဲ့ပါတယ်။ အဲဒီအထဲမှာ အာဏာသိမ်းပြီးကတည်းက မဖမ်းသင့်ဘဲ အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသား တချို့လည်း လွတ်မြောက်လာခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်ခဲ့ပြီး အရင်အခေါက်တွေတုန်းကလိုပဲ မူးယစ်ဆေးဝါး၊ ခိုးဆိုးလုယက်အမှုတွေနဲ့အခြားရာဇဝတ်မှု အကျဉ်းသားတွေသာ အများဆုံး ပါဝင်ခဲ့ပါတယ်။
ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ခေါင်းဆောင်တွေကို မတရားဖမ်းဆီးပြီး ပြည်သူတွေကို ဖိနှိပ် သတ်ဖြတ်နေတဲ့ စစ်ကောင်စီအနေနဲ့လက်ရှိအချိန်မှာ နိုင်ငံတကာဖိအားတွေများစွာရင်ဆိုင်နေရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ နိင်ငံရေး ထွက်ပေါက်တစ်ခုအနေနဲ့ လာမဲ့ နှစ်မှာ ကျင်းပမယ်လို့ပြောဆိုထားတဲ့ ရွေးကောက်ပွဲကို လူထုအာရုံစိုက်လိုက်လာအောင် နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေး လက်နက်တခုအဖြစ် အသုံးချဖို့
ရည်ရွယ်ပြီး ပြုလုပ်တဲ့ လုပ်ဆောင်မှုသာ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကဝေဖန်ပါတယ်။











