• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဘီယာဈေးကွက်လက်ဝါးကြီးအုပ်မှု ဖြေလျှော့ရန် ထိုင်းလွှတ်တော်အမတ် ကြံစည်ထား

by ဧရာဝတီ
25 May 2023
in ဆောင်းပါး
A A
Move Forward ပါတီဝင် မစ္စတာ တာအိုပီဖော့ လင်ဂျစ်ထရာကွန်ကို ဘန်ကောက်ရှိ သူ၏ ဘားတွင် တွေ့ရစဉ် / LATimes

Move Forward ပါတီဝင် မစ္စတာ တာအိုပီဖော့ လင်ဂျစ်ထရာကွန်ကို ဘန်ကောက်ရှိ သူ၏ ဘားတွင် တွေ့ရစဉ် / LATimes

6.9k
VIEWS
Share on FacebookShare on Twitter

တရားမဝင် အရက်ချက်သောကြောင့် တခါက အဖမ်းခံရဖူးသည့် ဘီယာချစ်သူ ထိုင်းလွှတ်တော်အမတ်တဦးသည် သူ၏ပါတီ ရွေးကောက်ပွဲ အနိုင်ရသည့်အတွက် နိုင်ငံမှ အချမ်းသာဆုံးမိသားစုများအနက် နှစ်ခုက လက်ဝါးကြီးအုပ်ထားသည့် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံတန် အဖျော်ယမကာလုပ်ငန်းများကို ဖြိုခွဲရန် ကြံစည်နေသည်။

ဘီယာချက်သူမှ နိုင်ငံရေးသမားဖြစ်လာသူ မစ္စတာ တာအိုပီဖော့ လင်ဂျစ်ထရာကွန်က အရက်ချက်လုပ်ငန်းအပေါ် ထိန်းချုပ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော Boon Rawd Brewery အရက်ချက်လုပ်ငန်းနှင့် ThaiBev (TBEV.SI) အရက်ချက်လုပ်ငန်းတို့ကို ပစ်မှတ်ထားပြီး တင်းကျပ်သော လုပ်ထုံးလုပ်နည်းများကို ဝေဖန်တိုက်ခိုက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

သူသည် မေလ ၁၄ ရက်နေ့ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရပြီး အစိုးရသစ်ဖွဲ့မည်ဟု မျှော်လင့်ရသော တိုးတက်သည့် Move Forward ပါတီဝင်ဖြစ်သည်။

Move Forward ပါတီသည် အလားအလာရှိသော ညွန့်ပေါင်းအစိုးရ မဟာမိတ်များနှင့် မေလ ၂၂ ရက်နေ့တွင် သဘောတူညီချက်ရသည်။ ထိုသဘောတူညီချက်တွင် “အရက်ချက်လုပ်ငန်း အပါအဝင် လုပ်ငန်းအားလုံးတွင် လက်ဝါးကြီးအုပ်မှု ဖျက်သိမ်းပြီး မျှတသောယှဉ်ပြိုင်မှုကို အားပေးရန်” လည်း ပါဝင်သည်။

လွှတ်တော်ကိုယ်စားလှယ် အများဆုံး အနိုင်ရသည့် တခုတည်းသောပါတီ ဖြစ်သော်လည်း စစ်တပ်နှင့်ပတ်သက်သည့် ပါတီများကို မျက်နှာသာပေးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကြောင့် Move Forward ပါတီ ဦးဆောင်သည့် အစိုးရဆိုသည်မှာ မရေမရာဖြစ်နေသေးသည်။

“တိုးတက်သော အရက်ဥပဒေကြမ်းက ဥပဒေကြမ်းတခုသက်သက် မဟုတ်ဘဲ နိုင်ငံရေး ရည်မှန်းချက်တခုလည်း ဖြစ်တယ်” ဟု ဘန်ကောက်ခရိုင်မှ ပြန်လည်ရွေးချယ်ခံရသည့် အသက် ၃၄ နှစ်အရွယ် မစ္စတာ တာအိုပီဖော့က သူ၏ ဘားတွင် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုတွင် ပြောသည်။

“ကျနော်တို့ဟာ အတိုက်အခံတွေ မဟုတ်တော့ဘူးဆိုတာကို သဘောပေါက်လာလို့ ဒီကိစ္စကို အချောမွေ့ဆုံး ကိုင်တွယ်ဖို့ ဒီမူဝါဒနဲ့ပတ်သက်သူ အားလုံးကို ကျနော် စုစည်းထားပြီးပြီ။ ကျနော်တို့က အစိုးရဖြစ်နေပြီ” ဟုလည်း ၎င်းကပြောသည်။

Singha နှင့် Leo ဘီယာများကို ထုတ်လုပ်သည့် Boon Rawd နှင့် Chang ဘီယာ ထုတ်လုပ်သည့် ThaiBev တို့က လတ်တလော Reuters ၏ မေးမြန်းချက်များကို အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

၁၉၃၃ ခုနှစ်တွင် တည်ထောင်ခဲ့သော ထိုင်းနိုင်ငံ၏ ပထမဆုံး အဖျော်ယမကာလုပ်ငန်း Boon Rawd ကို ဘီရွမ်ဘက်ဒီ မိသားစုက ပိုင်ဆိုင်ထိန်းချုပ်ထားပြီး နိုင်ငံတွင် ၁၅ ဦးမြောက် အချမ်းသာဆုံးဖြစ်ကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြသည်။ ThaiBev ကို ဒေါ်လာ ၁၄ ဘီလီယံ ပိုင်ဆိုင်ပြီး ထိုင်းနိုင်ငံတွင် တတိယအချမ်းသာဆုံးဟု Forbes က သတ်မှတ်သည့် ချာရွန် ဆရီဗာဒါနာဘက်ဒီက တည်ထောင်ထားခြင်း ဖြစ်သည်။

Move Forward ပါတီ အစိုးရဖွဲ့နိုင်ပြီး အဖျော်ယမကာကဏ္ဍကို တံခါးဖွင့်ပေးနိုင်ပါက ထိုလုပ်ငန်းနှစ်ခုသည် ယှဉ်ပြိုင်သူအသစ်များကြောင့် ကာလတိုအတွင်း သက်ရောက်မှုများ တွေ့ကြုံနိုင်သည်ဟု BMI သုတေသနလုပ်ငန်းမှ စားသုံးသူနှင့် လက်လီအရောင်း သုတေသီ ဒါမီယန် ယိုးက ပြောသည်။

ဘန်ကောက်ရှိ အိမ်တွင်းဖြစ် ဘီယာအရောင်းဆိုင်တဆိုင်/ LATimes

“ရေရှည်မှာတော့ ThaiBev နဲ့ Boon Rawd နှစ်ခုလုံးမှာ အလားအလာရှိတဲ့ ဘယ်ပြိုင်ဘက်ကိုမဆို ကောင်းကောင်းအနိုင်ရအောင် လုပ်နိုင်တဲ့အရာ အများအပြားရှိတယ်” ဟု ၎င်းကပြောပြီး ထိုလုပ်ငန်း နှစ်ခုလုံးသည် ဈေးကွက်နှင့် လုပ်ထုံးလုပ်နည်းပြဿနာများကို ကောင်းစွာနားလည်ကြောင်းလည်း ပြောသည်။

အလွန်အကျွံသမား မဟုတ်

၂၀၂၀ ပြည့်နှစ်တွင် ဘတ် ၄၇၃ ဘီလီယံ (ဒေါ်လာ ၁၃ ဒသမ ၉၇ ဘီလီယံ) တန်သည့် ထိုင်း အဖျော်ယမကာ ဈေးကွက်၏ ထက်ဝက်ကျော်မှာ ဘီယာလုပ်ငန်း ဖြစ်သည်။

Boon Rawd က ဘီယာဈေးကွက် ၅၇ ဒသမ ၉ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး စင်ကာပူ စတော့ အိတ်ချိန်းစာရင်းဝင် ThaiBev က ၃၄ ဒသမ ၃ ရာခိုင်နှုန်း ထိန်းချုပ်ထားကာ Thai Asia Pacific Brewery က ၄ ဒသမ ၇ ရာခိုင်နှုန်း ထိန်းချုပ်ထားကြောင်း Krungsri သုတေသနလုပ်ငန်း၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက အစီရင်ခံစာအရ သိရသည်။

ThaiBev သည် အရက်ဈေးကွက်ကိုလည်း ၅၉ ဒသမ ၅ ရာခိုင်နှုန်း ထိန်းချုပ်ထားသည့် ရုတ်တရက် အောင်မြင်လာသောလုပ်ငန်းဖြစ်ပြီး အရက်ဈေးကွက် ဒုတိယအများဆုံး ဈေးကွက်ဝေစု ပိုင်ဆိုင်သည့်လုပ်ငန်းက ၈ ရာခိုင်နှုန်းသာ ထိန်းချုပ်နိုင်ကြောင်း Krungsri သုတေသနလုပ်ငန်းက ဖော်ပြသည်။

ယခင်က ပါလီမန်တွင် တင်သွင်းသော်လည်း မအောင်မြင်သည့် ယစ်မျိုးဥပဒေ ပြင်ဆင်ချက်မှတဆင့် Boon Rawd နှင့် ThaiBev တို့ကဲ့သို့သော လုပ်ငန်းကြီးများကို မျက်နှာသာပေးသည့် အဖျော်ယမကာလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် မြင့်မားသော အတားအဆီးများကို ဖယ်ရှားရန် ရည်ရွယ်ကြောင်း မစ္စတာ တာအိုပီဖော့က ပြောသည်။

ရည်မှန်းချက်မှာ ဆယ်စုနှစ် တခုအတွင်း အငယ်စား အိမ်တွင်းဖြစ် အဖျော်မယကာ လုပ်ငန်းများအနေဖြင့် ဘီယာဈေးကွက် အနည်းဆုံး ၁၀ ရာခိုင်နှုန်း ရစေရန်ဖြစ်ကြောင်း ၎င်းကပြောသည်။

Move Forward ပါတီ ရွေးကောက်ပွဲအနိုင်ရပြီးနောက် မေလ ၁၉ ရက်နေ့က လူမှုကွန်ရက် ပို့စ်တခုတွင် Boon Rawd ၏ ဘုတ်အဖွဲ့ဝင် ပီတီ ဘီရွမ်ဘက်ဒီက သူသည် အဖျော်ယမကာလုပ်ငန်း လွတ်လပ်ခွင့်ပေးခြင်းကို ထောက်ခံကြောင်း ပြောသည်။

“သက်ရောက်မှုတချို့ ရှိမယ်။ ဒါပေမယ့် လွတ်လပ်သော ကုန်သွယ်ရေးမှာ ယှဉ်ပြိုင်မှုဆိုတာ ရှိမယ်။ ကျနော်တို့အနေနဲ့ ကျနော်တို့ စီမံချက်တွေကို ချိန်ညှိရမယ်” ဟု Facebook တွင် ရေးသားမှုတခုကို ၎င်းက တုံ့ပြန်သည်။

ရွေးကောက်ပွဲမတိုင်မီ မေလ ၁၂ ရက်နေ့က ပြုလုပ်သည့် ဘဏ္ဍာရေးရှင်းတမ်းကို အွန်လိုင်းမှ ထုတ်ပြန်သည့် အခမ်းအနားတွင် ThaiBev အမှုဆောင်တဦးက ၎င်းတို့ကုမ္ပဏီသည် လုပ်ထုံးလုပ်နည်းသစ်များအတွက် အသင့်ရှိကြောင်း ပြောသည်။ ယခုအခါ ထိုလုပ်ငန်း၏ စတော့ရှယ်ယာဈေးသည် ပြီးခဲ့သည့် နိုဝင်ဘာအစောပိုင်း နောက်ပိုင်းတွင် အနိမ့်ဆုံးသို့ ရောက်နေသည်။

“ကျနော်တို့က ပါတီတခုချင်းစီနဲ့ သူတို့မူဝါဒတွေကို အနီးကပ်လေ့လာနေတယ်။ ဘယ်အရာအတွက်မဆို ပြင်ဆင်ထားရမှာပဲ” ဟု ဝါရင့်အမှုဆောင် ဒုဥက္ကဋ္ဌ ယူရေချိုင် တန်သာအိုဘက်စ်က ပြောသည်။

ကန့်သတ်ထိန်းချုပ်သော အရက်ကြော်ငြာခြင်းကို ပြောင်းလဲခြင်းနှင့် ၂၄ နာရီ အရက်ရောင်းချမှု ခွင့်ပြုခြင်းကို နောက်ထပ်ဥပဒေပြုပြီး လုပ်ထုံးလုပ်နည်းများ ဖြည်လျှော့ရန် စီစဉ်ထားကြောင်း ဘီယာမချက်မီက ဧည့်လမ်းညွှန်လုပ်ခဲ့သည့် ရှေ့နေတဦးဖြစ်သူ မစ္စတာ တာအိုပီဖော့က ပြောသည်။

“ကျနော်က အလွန်အကျွံသမား မဟုတ်ပါဘူး။ ကျနော် ဘီယာကောင်းကောင်း သောက်ချင်ရုံပါ” ဟု မစ္စတာ တာအိုပီဖော့က ပြောသည်။

(Reuters ပါ Devjyot Ghoshal နှင့် Chayut Setboonsarng တို့၏ Beer-loving Thai lawmaker takes aim at $14 billion booze industry duopoly ကို ဘာသာပြန်သည်။)

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
123
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
195
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
111

You may also like these stories:

Move Forward ပါတီကို မြန်မာ ဒုစစ်ခေါင်းဆောင် မနှစ်မြို့

ထိုင်းအစိုးရ ဖွဲ့နိုင်ရေး မဟာမိတ်ဖွဲ့မည့် အစီအစဉ် ပီတ ကြေညာ

အတိုက်အခံများ ထိုင်းရွေးကောက်ပွဲနိုင်၊ စစ်တပ်ကို စိန်ခေါ်မှုဖြစ်လာ

Move Forward ပါတီ ဦးဆောင်တဲ့ ထိုင်းအစိုးရဖွဲ့ရေးက ဆပ်ပြာပူဖောင်းလား

Your Thoughts …
Tags: Boon Rawd BreweryMove Forward ပါတီThaiBevစီးပွားရေးတာအိုပီဖော့ လင်ဂျစ်ထရာကွန်ထိုင်းဘီယာဈေးကွက်ယစ်မျိုးဥပဒေရွေးကောက်ပွဲအဖျော်ယမကာလုပ်ငန်းအရက်ချက်လုပ်ငန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

Next Post
မေလ ၅ ရက်က ပြုလုပ်သည့် စစ်အာဏာရှင်စနစ်ကျရှုံးရေးနှင့် တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်း လက်ပံတောင်းတောင်ဒေသ လူထုဆန္ဒပြပွဲ / Black Ko

စစ်ကောင်စီဘက် ဆက်ရပ်တည်နေရင် တရုတ်ဆန့်ကျင်ရေး ပိုအရှိန်မြင့်လာမယ်

ဖမ်းဆီးထိန်းသိမ်းနှိပ်စက်ခံထားရသည့် အဆိုတော်ဗျူဟာ

စစ်ခေါင်းဆောင်အား “ချိုကျိုး နားရွက်ပဲ့” ဟု ဝေဖန်သည့် အဆိုတော် ဗျူဟာ ဖမ်းဆီးနှိပ်စက်ခံရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved