• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြေမြှုပ်မိုင်း သို့မဟုတ် စစ်ပွဲပဋိပက္ခကြားက အန္တရာယ်ထောင်ချောက်

by မာဂရတ်
30 May 2023
in ဆောင်းပါး
A A
မြစ်ကြီးနားရှိ မြေမြှုပ်မိုင်းဒဏ်သင့်သူများအား ခြေတုတပ်ဆင် လေ့ကျင့်ပေးသည့် ICRC ၏ ကျန်းမာရေးဌာန

မြစ်ကြီးနားရှိ မြေမြှုပ်မိုင်းဒဏ်သင့်သူများအား ခြေတုတပ်ဆင် လေ့ကျင့်ပေးသည့် ICRC ၏ ကျန်းမာရေးဌာန

2.6k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်း စစ်မီးပဋိပက္ခ တောက်လောင်သည့် ဧရိယာ ကျယ်ပြန့်လာသည့်အလျောက် နှစ်ဖက်တပ်များကြား အပြန်အလှန် တိုက်ခိုက်သတ်ဖြတ်ရန် မိုင်းခင်းထားသည့် နယ်မြေများသည်လည်း ပို၍ ကြီးမားကျယ်ပြန့်လာသည်။

စစ်ပဋိပက္ခတွင်း အဓိကဇာတ်ဆောင်များဖြစ်သည့် ခုခံတော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ သည် မြေမြှုပ်မိုင်းမျိုးစုံကို နှစ်ဖက်လုံးက အသုံးပြုကြသည်။ စစ်ကြောင်းများ စခန်းချသည့်နေရာ လုံခြုံရေး ၊ ရန်သူလာနိုင်သည့်လမ်း၌ ရန်သူစစ်ကြောင်း နှောင့်နှေး ထိခိုက်စေရေးနှင့် စစ်ကြောင်းများ ဆုတ်ခွာရသည့်နေရာတွင် ဝင်ရောက်နေရာယူမည့် ရန်သူတပ်ကို ထိခိုက်စေရေးစသည့် ရည်ရွယ်ချက် မျိုးစုံဖြင့် မိုင်းကို အသုံးပြုနေကြသည်။

ခဲယမ်းမီးကျောက် အင်အားချိနဲ့သည့် ခုခံတော်လှန်ရေးတပ်များ၊ ဒေသခံကာကွယ်ရေးတပ်များအတွက် စစ်ကောင်စီကို တိုက်ခိုက်ရန် အဓိက အားထားရသည့်လက်နက်သည်လည်း မိုင်းပင် ဖြစ်သည်။ တိုက်ပွဲဝင်နိုင်သည့်လက်နက်နှင့် လုံလောက်သည့်ခဲယမ်း မရှိသည့် တပ်ဖွဲ့များသည် ရန်သူ စစ်ကြောင်းနှင့် ယှဉ်ပစ်ရန် အားမတန်သည့်အချိန်တွင် စစ်ကောင်စီစစ်ကြောင်းများ၌ မိုင်းထောင်တိုက်ခိုက်ခြင်းကို ပို၍ အားပြုလေ့ရှိသည်ကို တွေ့ရသည်။

ကယားပြည်နယ်တွင် မြေမြုပ်မိုင်းကြောင့် ကိုယ်လက်အဂ်ါ ဆုံးရှုံးခဲ့သည့် ခုခံတော်လှန်ရေး တပ်ဖွဲ့ဝင်များ/ Free Burma Ranger

မြေမြှုပ်မိုင်းများသည် ခုခံတော်လှန်စစ်ပွဲများတွင် အရေးပါသည့်ခဲယမ်းတခု ဖြစ်နေသော်လည်း တဖက်တွင် ဒေသခံအရပ်သားများအတွက် စစ်မီးပဋိပက္ခကြားက နောက်ထပ်ရင်ဆိုင်လာရသည့် အန္တရာယ်ထောင်ချောက် တခုဖြစ်လာသည်။

မိုင်းအန္တရာယ်ရှိလာသည့် မြို့နယ်များ

မြန်မာနိုင်ငံတွင် မြို့နယ် ၃၃၀ မြို့နယ်ရှိသည့်အနက် ၇၈ မြို့နယ်သည် စစ်အာဏာသိမ်းမှုအလွန် ကာလတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားထားသည်။ ထို ၇၈ မြို့နယ်သည် စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ တနင်္သာရီ နှင့် မကွေးတိုင်း၊ ကယား၊ ရှမ်း၊ ရခိုင် နှင့် ကချင်ပြည်နယ် တို့အတွင်းမှ ဖြစ်သည်။

မြေမြှုပ်မိုင်းများသည် ခုခံတော်လှန်စစ်ပွဲများတွင် အရေးပါသည့်ခဲယမ်းတခု ဖြစ်နေသော်လည်း တဖက်တွင် ဒေသခံအရပ်သားများအတွက် စစ်မီးပဋိပက္ခကြားက နောက်ထပ်ရင်ဆိုင်လာရသည့် အန္တရာယ်ထောင်ချောက် တခုဖြစ်လာသည်။

UNICEF၏ မြေမြှုပ်မိုင်းကြောင့် ထိခိုက် သေဆုံးမှုဆိုင်ရာ အစီရင်ခံစာများအရ ခုခံတော်လှန်ရေး တိုက်ပွဲများ စတင်သည့် ၂၀၂၁ ခုနှစ် ဧပြီမှ ၂၀၂၃ ခုနှစ် မတ်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ဦးရေ ၂၄၁ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၆၇၀ ဦး ရှိခဲ့သည်။

၂၀၂၂ ခုနှစ်အတွင်း မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်များ ပေါက်ကွဲခြင်းကြောင့် အရပ်သားများ ထိခိုက်ခဲ့သည့် ဒေသများ/ UNICEF

အာဏာသိမ်းမှုအလွန်ကာလတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များပေါက်ကွဲမှု အသစ်ဖြစ် လာသည့် ဒေသများသည် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ဖြစ်သည်။ ထိုတိုင်းဒေသများသည် ယခင် စစ်အာဏာမသိမ်းခင် ကာလများက ထိုသို့သော ဖြစ်စဉ်များ မရှိခဲ့ပါ။

ထိုအသစ်တိုးလာသည့် တိုင်းဒေသများသည် မိုင်းများ၊ ကြွင်းကျန်စစ်လက်နက်များ မဆိုနှင့် ၊ ပြီးခဲ့သည့် ဆယ်စုနှစ် သုံးခုအတွင်း စစ်ပဋိပက္ခ လုံးဝ မရှိခဲ့သည့်ဒေသများဖြစ်သည်။ ဒေသခံများသည် လယ်ယာစိုက်ပျိုးရေးနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေးကို အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ကြပြီး အာဏာသိမ်း ပြီးနောက်မှသာ မြို့ရောတောပါမကျန် ခုခံတော်လှန်ကြရာမှ စစ်ကောင်စီနှင့် ပဋိပက္ခမီးများ ကြီးထွားလာခဲ့သည့်ဒေသများ ဖြစ်သည်။

“အရင်က ကျမတို့မှာ မြေမြှုပ်မိုင်း ဆိုတာ ရုပ်ရှင်ဇာတ်လမ်းထဲရယ်သာ ကြားဖူးတာ၊ အခုတော့ စစ်ဖြစ်ခဲ့တဲ့ နေရာတွေ သွားဖို့လာဖို့ မသင့်ဘူး။ မိုင်းထိမယ်ဆိုတာတွေ ရှိလာပြီ။ ကျေးရွာလမ်းတွေ၊ အဝေးပြေးလမ်းတွေလည်း အခန့်မသင့် ရင် သွားလာရင်း မိုင်းပေါက်တာ ဖြစ်နိုင်တယ်ဆိုတာလည်း သတိပေးသံတွေ ကြားရတာရှိပါတယ်”

အာဏာသိမ်းမှုအလွန်ကာလတွင် ခုခံတော်လှန်မှု အားအကောင်းဆုံး တိုင်းတခုဖြစ်သည့် စစ်ကိုင်းတိုင်းသည် စစ်ကောင်စီက အားကုန်သုံး၍ စစ်ဆင်နေသည့် ဒေသတခုဖြစ်ပြီး မြေမြှုပ်မိုင်းအန္တရာယ် သိသိသာသာ မြင့်တက်လာသည့် ဒေသလည်းဖြစ်သည်။ စစ်ကိုင်းတိုင်း၌ မြေမြှုပ်မိုင်းပေါက်ကွဲဖြစ်စဉ်များကို ခုခံတော်လှန်စစ်များ အရှိန်မြင့်လာသည့် ၂၀၂၁ ခုနှစ်၊ သြဂုတ်တွင် စပြီး တွေ့လာရသည်။

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တွင် နေထိုင်သည့် ဒေါ်အေးမေက “အရင်က ကျမတို့မှာ မြေမြှုပ်မိုင်း ဆိုတာ ရုပ်ရှင်ဇာတ်လမ်းထဲရယ်သာ ကြားဖူးတာ၊ အခုတော့ စစ်ဖြစ်ခဲ့တဲ့ နေရာတွေ သွားဖို့လာဖို့ မသင့်ဘူး။ မိုင်းထိမယ်ဆိုတာတွေ ရှိလာပြီ။ ကျေးရွာလမ်းတွေ၊ အဝေးပြေးလမ်းတွေလည်း အခန့်မသင့် ရင် သွားလာရင်း မိုင်းပေါက်တာ ဖြစ်နိုင်တယ်ဆိုတာလည်း သတိပေးသံတွေ ကြားရတာရှိပါတယ်”ဟု ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာ-မုံရွာလမ်း၌ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့သည့် ခရီးသွားယာဉ်/ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့

ဖောင်းပြင်မြို့နယ်ကဲ့သို့ပင် စစ်ကိုင်းတိုင်းအတွင်းရှိ ဗန်းမောက်၊ ကသာ၊ အင်းတော်၊ ကောလင်း၊ ကန့်ဘလူ၊ ပုလဲ၊ ထီးလင်း၊ပေါက်၊ မြိုင် စသည့် စစ်ပဋိပက္ခဖြစ်ပွားမှု ပြင်းထန်နေသည့် မြို့နယ်များတွင် စစ်ကောင်စီနှင့် စစ်ရေးတင်းမာနေချိန် မြေမြှုပ်မိုင်းများ တပ်ဆင်ထားပါက ခုခံတော်လှန်ရေးတပ်များ က ဒေသခံများကို သတိပေးလေ့ရှိသည်ဟု သိရသည်။

စစ်ကိုင်းတိုင်းအတွင်း၌ ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဒေသခံကာကွယ်ရေးတပ်များသည် စစ်ကောင်စီကို အဓိက တိုက်ခိုက်လျက်ရှိသည်။ ထိုတပ်ဖွဲ့များ အားလုံးသည် မြေမြှုပ်မိုင်းများကို စစ်ဖြစ်နေသည့် ကာလတလျှောက် အသုံးပြုနေပြီး စစ်ကောင်စီတပ် များ ဝင်လာနိုင်သည့် ရွာနီးချုပ်စပ်၊တောစပ် နေရာများတွင်လည်း မိုင်းထောင်ထားခြင်းများ ရှိသည်။ အချို့တပ်ဖွဲ့များသည် မိုင်းထောင်ထားသည့် နေရာများကို မသွားလာရန် ဒေသခံများကို သတိပေးလေ့ ရှိပြီး မိုင်းကို ပျက်စီးအောင်/ပေါက်ကွဲအောင်လုပ်ပါက မိုင်းတလုံးအသစ်ပြန်တပ်ဆင်နိုင်ရန် လျော်ကြေးငွေ ပေးရမည်ဟုလည်း စည်းကမ်းထုတ်ထားသည်။

စစ်ကောင်စီဘက်ကလည်း တော်လှန်စစ်ဆင်နိုင်မှု အားကောင်းသည့် စစ်ကိုင်းအခြေစိုက်တပ်များကို စစ်လက်နက်မျိုးစုံ သုံး၍ တိုက်ခိုက်နေသည်။ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)မှ ထုတ်ထားသည့် မြေမြှုပ်မိုင်းမျိုးစုံကို စစ်ကောင်စီစစ်ကြောင်းများက ၎င်းတို့ ဝင်ရောက်စစ်ဆင်သည့် မြို့နယ်တိုင်း၊ ကျေးရွာတိုင်းတွင် ထောင် သည်။ ထို့ပြင် စစ်ကောင်စီစစ်ကြောင်း အခြေချပြီးနောက် ဆုတ်ခွာသွားသည့် ကျေးရွာများတွင် မိုင်းများ ထောင်ထားခဲ့ခြင်း၊ ၎င်းတို့ သတ်ဖြတ်ခဲ့သည့် အရပ်သားများ၏ အလောင်း များ အောက်တွင် မိုင်းများ တပ်ဆင်ခဲ့ခြင်းများကိုလည်း လုပ်ဆောင်မှုများ ရှိသည်။

မြေမြှုပ်မိုင်း၏ သားကောင်များ

မြေမြှုပ်မိုင်းသည် ၎င်းကို တပ်ဆင်သည့် မိုင်းပိုင်ရှင် သို့မဟုတ် ဦးတည်တိုက်ခိုက်လိုသည့် ပစ်မှတ် သို့မဟုတ် အရပ်သားဟူ၍ ခွဲခြားနိုင်ခြင်း မရှိသည့် ခဲယမ်းပစ္စည်းတခုဖြစ်ရာ မည်သူ့ကိုပင် ဖြစ်စေ ၎င်းအား ထိမိပါက ပေါက်ကွဲတိုက်ခိုက်ပစ်မည်သာ။ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွင် အသက် မသေဆုံးဘဲ ရှင်ကျန်ရစ်သူများရှိသော်လည်း ၎င်းတို့အနက် ဒဏ်ရာရရုံ ထိခိုက်သူများ ပါဝင်သကဲ့သို့ ကိုယ်လက်အစိတ်အပိုင်း ဆုံးရှုံးသွားသူများ၊ ဖြတ်တောက်လိုက်ရသူများနှင့် စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားသူများလည်း ပါဝင်သည်။

ထိုထဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှ ဦးဒေးဗစ်သည်လည်း တဦးအပါအဝင် ဖြစ်သည်။ ဦးဒေးဗစ်သည် ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ညာခြေတဖက်ကို ဆုံးရှုံးခဲ့ရသူ ဖြစ်ပြီး ကံဆိုးစွာဖြင့် ထိုတနှစ်တည်းတွင် ၎င်း၏ သားဖြစ်သူမှာလည်း ကယားပြည်နယ်အခြေစိုက် PDF တပ်ဖွဲ့ တခုတွင် တာဝန် ထမ်းဆောင်ရင်း ဒီးမော့ဆိုမြို့နယ်၌ တိုက်ပွဲကျသွားခဲ့သည်။

ခုခံတော်လှန်ရေးတပ်များ အသုံးပြုရန် ရှေ့ထွက်မိုင်း၊ ကားမိုင်းများ ထုတ်လုပ်နေသည့် CDM အရာရှိတဦး

ဦးဒေးဗစ်သည် စကားပြောဆိုနေချိန်အတွင်း ၎င်း၏ ကိုယ်ရေးအချက်အလက်များကို အတိအကျ ထုတ်ဖော် မပြောလိုကြောင်း၊ စစ်ကောင်စီကို ကြောက်ကြောင်းလည်း သုံးကြိမ်ခန့် ပြောဆိုခဲ့သည်။ ၎င်းသည် ထိုအဖြစ်အပျက်များ ကြုံရပြီးနောက်တွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာသဖြင့် ၎င်း၏ အမ တော်စပ်သူက စောင့်ရှောက်ထားရသည့် အခြေအနေဖြစ်သည်။

၎င်းက “ခြေတဖက်ပြတ်တော့ လူကောင်း မဟုတ်တော့ဘူး။ စိတ်ဓါတ်လည်းကျတယ်။ လုပ်ကိုင် စားသောက်စရာရော၊ အိမ်ရောအကုန်ပျက်စီးသွားပြီ။ စိတ်ဓါတ်ကျလို့ တခါတလေ ကိုယ့်ကိုကိုယ် သတ်သေ ပစ်လိုက်ချင်တယ်” ဟု ပြောသည်။

“ခြေတဖက်ပြတ်တော့ လူကောင်း မဟုတ်တော့ဘူး။ စိတ်ဓါတ်လည်းကျတယ်။ လုပ်ကိုင် စားသောက်စရာရော၊ အိမ်ရောအကုန်ပျက်စီးသွားပြီ။ စိတ်ဓါတ်ကျလို့ တခါတလေ ကိုယ့်ကိုကိုယ် သတ်သေ ပစ်လိုက်ချင်တယ်”

မိုင်းထိဒဏ်ရာကြောင့် တော်လှန်ရေးတပ်သားဟု စွပ်စွဲခံရပြီး စစ်ကောင်စီဘက်က ဖမ်းဆီးနှိပ်စက် မည်ကိုလည်း စိုးရိမ်ကြောင်း ၎င်းက ပြောသည်။ အမထံတွင် နေထိုင်ရင်း စိတ်သက်သာရာ ရလာ သော်လည်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်တွင် ဒီးမော့ဆိုမြို့နယ်တွင်း မိုင်းပေါက်ကွဲမှုကြောင့် ကားတစင်းလုံး ပျက်စီးပြီး အရပ်သား ၄ ဦး ရုပ်ပျက်ဆင်းပျက် သေဆုံးသည့် ဓါတ်ပုံများကို လူမှုကွန်ရက်တွင်တွေ့ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ပြန်ခံစားခဲ့ရသည်ဟု သိရသည်။ ၎င်းသည် မိုင်းပေါက်ကွဲခဲ့သည့် ဖြစ်စဉ်ကို ပြန်မတွေးလိုကြောင်း ပြောပြီး အမေးအဖြေပြုလုပ်ခြင်းကိုလည်း ရုပ်တရက် ရပ်တန့် ခဲ့သည်။

ဦးဒေးဗစ်ကဲ့သို့ ပြေးရင်းလွှားရင်း မတော်တဆ မိုင်းနင်းမိသူများ ရှိသကဲ့သို့ အချို့အရပ်သားများ သည်လည်း ၎င်းတို့ စားဝတ်နေရေးအတွက် ပုံမှန်သွားလာနေကျ စိုက်ပျိုးမြေများနှင့် တောတွင်းသို့ သီးနှံရှာ၊ ကျွဲနွားကျောင်းရင်းက မိုင်းနင်းမိသူများလည်း ရှိသည်။ ထို့ပြင် စစ်ဖြစ်ချိန် မပေါက်ကွဲဘဲ ကျန်ရစ်ခဲ့သည့် ကြွင်းကျန်လက်နက်များကို ကလေးများက ကောက်ယူဆော့ကစားပြီး ပေါက်ကွဲခဲ့သည့် ဖြစ်စဉ်များလည်း ရှိသည်။

ထို့ပြင် ခုခံတော်လှန်စစ်ပွဲများ ပြင်းထန်နေသည့် ကယားပြည်နယ်၊ ကရင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းစသည့်ဒေသများတွင် အရပ်သားများ မိုင်းနင်းမိခြင်း နှင့် ကြွင်းကျန်လက်နက်များ ပေါက်ကွဲခြင်းကြောင့် သေဆုံးထိခိုက်မှုများ ရှိသည့်အပြင် ခုခံတော်လှန်ရေးတပ်များမှ တပ်ဖွဲ့ဝင်များသည်လည်း မိုင်းရှင်းလင်းပေးရန် လုပ်ဆောင်နေစဉ် ပေါက်ကွဲမှုကြောင့် သေဆုံးရခြင်းများလည်း ရှိနေသည်။

ခုခံတော်လှန်ရေးတပ်များအနက် ကယားပြည်နယ်အတွင်း အခြေစိုက်သည့် ကရင်နီခုခံတော်လှန်ရေး တပ်များသည် စစ်ဖြစ်ပြီး အခြေအနေငြိမ်သွားချိန်တိုင်းတွင် စစ်ကောင်စီထောင်ခဲ့သည့် မြေမြှုပ်မိုင်း များကို ပြန်လည်တူးဖော်ပေးခြင်းများ ပြုလုပ်လေ့ရှိသော်လည်း ၎င်းစစ်သားများ ကိုယ်တိုင် မိုင်းဖော်ရင်း ထိခိုက် သေဆုံးမှုများလည်း ရှိသည်။

စစ်ကိုင်းတိုင်းအတွင်း လက်လုပ်မိုင်း ထုတ်လုပ်ရေးစခန်းတခုတွင် ဒုတိယတာဝန်ခံတဦးဖြစ်သည့် ကိုမျိုးက ၎င်း၏ စခန်းအတွင်း ထုတ်လုပ်ရေးနှင့် စမ်းသပ်ရေးလုပ်ချိန် ပေါက်ကွဲမှု ဖြစ်ပြီး သေဆုံးသည့် ဖြစ်စဉ် ၃ ကြိမ်ခန့်ဖြစ်ပွားခဲ့ဖူးသည်ဟု ဆိုသည်။ ထို ၃ ကြိမ်လုံးတွင် တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးမှု ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၆ ဦးရှိခဲ့သည်ဟု သိရသည်။

“အကုန်လုံးက အသက်ကို ရင်းထားရတာပဲ။ ရှေ့တန်းမှာ တိုက်နေတဲ့သူတွေကလည်း သူတို့ အသက်ကို ရင်းထားရသလို ကျနော်တို့လို ထုတ်လုပ်ရေးပိုင်းကလည်း ရင်းရတာပေါ့။ ကျနော်တို့မှာ စစ်ကောင်စီကို ယှဉ်တိုက်ဖို့ ဒီလက်လုပ်တွေကပဲ အရေးပါနေတယ်။ ဒါကို အန္တရာယ်ရှိလည်း ရွေးစရာလမ်း မရှိပါဘူး၊ လုပ်ရမှာပါ”

၎င်းက “အကုန်လုံးက အသက်ကို ရင်းထားရတာပဲ။ ရှေ့တန်းမှာ တိုက်နေတဲ့သူတွေကလည်း သူတို့ အသက်ကို ရင်းထားရသလို ကျနော်တို့လို ထုတ်လုပ်ရေးပိုင်းကလည်း ရင်းရတာပေါ့။ ကျနော်တို့မှာ စစ်ကောင်စီကို ယှဉ်တိုက်ဖို့ ဒီလက်လုပ်တွေကပဲ အရေးပါနေတယ်။ ဒါကို အန္တရာယ်ရှိလည်း ရွေးစရာလမ်း မရှိပါဘူး၊ လုပ်ရမှာပါ” ဟု ပြောသည်။

မိုင်းအသုံးပြုမှုရှိသည့် စစ်ကိုင်း နှင့် မကွေးအတွင်းမှ ဒေသခံတော်လှန်ရေးတပ်များတွင်လည်း စစ်ကောင်စီကို တိုက်ခိုက်ရန် မိုင်းထောင်နေချိန် နည်းပညာ အားနည်းခြင်း၊ လက်လုပ်မိုင်းများကို တပ်ဆင်ရခြင်းတို့ကြောင့် ပေါက်ကွဲမှုဖြစ်၍ သေဆုံးရသည့် ဖြစ်စဉ်များသည် အကြိမ် ၂၀ ထက်မနည်း ဖြစ်ပွားထားသည်။ ထိုအကြိမ် ၂၀ သည် သက်ဆိုင်ရာ ဒေသခံကာကွယ်ရေးတပ်များမှ ထုတ်ပြန်ခြင်း၊ ထိခိုက်မှု ရှိခဲ့သည့် တပ်ဖွဲ့ဝင်များကို ဆေးကုသရန် ရန်ပုံငွေ တောင်းခံခြင်းများ ပြုလုပ်ရာတွင် ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။ မတော်တဆ ထိခိုက်ပေါက်ကွဲမှုများသည် ပို၍လည်း များပြား နိုင်သည်။ သို့သော် မိုင်းကြောင့် ထိခိုက်သေဆုံးသည့် အချက်အလက် ကိန်းဂဏန်းများကိုမူ ခုခံတော်လှန်ရေးတပ်များက သီးခြား ထုတ်ပြန်ခြင်း မရှိသေးပါ။

မိုင်းအသုံးပြုမှုနှင့် လက်နက်ကိုင်တပ်များ

မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေတတ်သည့် ခဲယမ်းများသည် အရပ်သားများနှင့် လူမှုပတ်ဝန်းကျင် ကို ထိခိုက်စေမှု ကြီးမားသဖြင့် အစိုးရမဟုတ်သည့် နိုင်ငံတကာမှ အဖွဲ့အစည်းပေါင်း ၁၃၀၀ ကျော် ပါဝင်သည့် International Campaign to Ban Landmines (ICBL) ကွန်ရက်က ၁၉၉၂ ခုနှစ်မှစ၍ ကမ္ဘာ တဝန်း၌ မိုင်းများ အသုံးမပြုကြရန် လှုံ့ဆော်ခဲ့သည်။ ထိုကွန်ရက်သည် မိုင်းတားမြစ်ရေးဆိုင်ရာ ပဋိဉာဉ် တခုကို နိုင်ငံများမှ ပါဝင်လက်မှတ်ရေးထိုးရန် ဆောင်ရွက်ခဲ့ရာ ၁၆၄ နိုင်ငံသည် ထိုပဋိဉာဉ်ကို သဘောတူလက်ခံထားသည်။ သို့သော် ထိုနိုင်ငံများထဲတွင် မြန်မာနိုင်ငံ မပါဝင်ပါ။

ပဋိဉာဉ်ကို သဘောတူလက်ခံထားခြင်းမရှိသည့် မြန်မာနိုင်ငံ၏ စစ်တပ်၊ စစ်ကောင်စီအနေဖြင့် မိုင်း မျိုးစုံကို ကာကွယ်ရေးနှင့် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ)များတွင် ထုတ်လုပ်ပြီး ၎င်းတို့၏ ခြေမြန်၊ ခြေလျင်တပ်ရင်းများ ချီတက်ရာ လမ်းတလျောက်တွင် အသုံးပြုလျက်ရှိသည်။ Landmine Monitor ၏ စစ်တမ်းများအရ စစ်ကောင်စီ၏စက်ရုံများမှ MM1 ၊ MM2 ၊ MM3၊ MM4၊ MM5 ၊MM6 ဟူသည့် မိုင်းအမျိုးအစား ၆ မျိုးကို ထုတ်လုပ်သည်ဟု သိရသည်။ ထိုမိုင်းများသည် နင်းမိုင်း၊ တိုက်မိုင်း၊ ကားမိုင်း၊ ပဒေသာမိုင်း၊ရှေ့ထွက်မိုင်း စသည့် မိုင်းအမျိုးအစားများ ဖြစ်သည်။

စစ်ကောင်စီသည် နိုင်ငံ၏ တပ်မတော်တရပ်အနေဖြင့် တရုတ်၊ အိန္ဒိယ၊ ရုရှားတို့ထံမှ လက်နက်ခဲယမ်း များ ဝယ်ယူခြင်း နှင့် နည်းပညာများကို မှီငြမ်း၍ ကပစ စက်ရုံများတွင် ထုတ်လုပ်ခြင်းများ ပြုလုပ်နေရာ ၎င်း၏ မိုင်းများသည် ပေါက်ကွဲအား ပြင်းထန်ပြီး ခုခံတော်လှန်ရေးတပ်များ အသုံးပြုနေသည့် မိုင်းများထက် ပြင်းအားရော၊ အရည်အသွေးအရပါ သာလွန်သည်။

ခုခံတော်လှန်ရေးတပ်ဖွဲ့များဘက်တွင် အဆင့်မြင့်စစ်ဘက်ဆိုင်ရာ နည်းပညာရှိသည့် တပ်ဖွဲ့ က မြေမြှုပ်မိုင်း၊ ရီမုမိုင်း၊ တိုက်မိုင်း၊ ဆွဲမိုင်း၊ ပဒေသာမိုင်းတို့ကို ပေါက်ကွဲအား ပြင်းအောင် စနစ်တကျ တည်ဆောက် အသုံးပြုလျက်ရှိသည်။ သို့သော် တပ်ဖွဲ့တိုင်းက စစ်လက်နက်စက်ရုံများ မတည်ဆောက် နိုင်ခြင်းနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် တပ်ဖွဲ့ တည်ရှိလှုပ်ရှားရာ ဒေသများတွင် လက်ဖြင့် ပြုလုပ်သည့် လက်လုပ်မိုင်းများကို ပို၍ အားထား အသုံးပြုကြသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
0
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
62
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
44
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ပဒေသာမိုင်းပေါက်ကွဲမှုကြောင့် ခရီးသွားအရပ်သား ကားတစင်း တစစီ ပျက်စီး၍ အရပ်သား ၄ ဦး သေဆုံးခဲ့သည်/ ရွှေလွိုင်ကော်ပရဟိတအသင်း

ခုခံတော်လှန်ရေးတပ်ဖွဲ့များ မိုင်းရရှိအသုံးပြုသည့် လမ်းကြောင်းများကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် လမ်းကြောင်း ၅ ခုရှိသည်။ စစ်လက်နက်ထုတ်စက်ရုံရှိသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များထံမှ ရရှိခြင်း၊ လက်နက်မှောင်ခိုကုန်သည်များထံမှ ဝယ်ယူခြင်း၊ မိမိတပ်ရှိ မြေမြှုပ်မိုင်းတပ်ဖွဲ့က လက်လုပ်မိုင်းများ ပြုလုပ်ခြင်း၊ စစ်ပဋိပက္ခတွင်း စစ်ကောင်စီတပ်များထံမှ သိမ်းဆည်း ရရှိခြင်း၊ စစ်ကောင်စီဘက်မှ ထောင်ထားခဲ့သည့် မိုင်းများကို ပြန်လည်တူးဖော်ရာမှ ရရှိခြင်းဟူသည့် လမ်းကြောင်းများ ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထဲတွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့သည် ခဲယမ်းမီးကျောက် နှင့် မြေမြှုပ်မိုင်းထုတ်လုပ်သည့် ကိုယ်ပိုင်စက်ရုံများ ပိုင်ဆိုင်ကြသည်။ ၎င်းတို့ တပ်ဖွဲ့များ ကိုယ်တိုင် ကလည်း ထိုမိုင်းများကို အသုံးပြုပြီး မဟာမိတ်များဖြစ်သည့် ခုခံတော်လှန်ရေးတပ်ဖွဲ့အသစ် များကိုလည်း မိုင်းများ ပေးကမ်းခြင်းနှင့် နည်းပညာမျှဝေခြင်းများကို ပြုလုပ်သည်။

ခုခံတော်လှန်ရေးတပ်ဖွဲ့များဘက်တွင် အဆင့်မြင့်စစ်ဘက်ဆိုင်ရာ နည်းပညာရှိသည့် တပ်ဖွဲ့ က မြေမြှုပ်မိုင်း၊ ရီမုမိုင်း၊ တိုက်မိုင်း၊ ဆွဲမိုင်း၊ ပဒေသာမိုင်းတို့ကို ပေါက်ကွဲအား ပြင်းအောင် စနစ်တကျ တည်ဆောက် အသုံးပြုလျက်ရှိသည်။

စစ်ကောင်စီနှင့် တိုက်ရိုက် တိုက်ပွဲဖြစ်ပွားခြင်းများ ငြိမ်သက်နေသော်လည်း ခုခံတော်လှန်ရေးတပ်ဖွဲ့ အသစ်များကို စစ်ပညာသင်ပေးခြင်း၊ လက်နက်ခဲယမ်းရောင်းဝယ်ခြင်း သို့မဟုတ် ခဲယမ်း မီးကျောက်များ အကူအညီပေးနေခြင်းတွင် ပါဝင်နေသည့် ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ၊ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၊ ရက္ခိုင့်တပ်တော် (AA) တို့သည်လည်း မြေမြှုပ်မိုင်း ထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်းများတွင် ပါဝင်ပတ်သတ်မှုရှိနေသည်။ ထို့ပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည်လည်း SSPP ၊ TNLAတို့နှင့် ဖြစ်ပွားသည့် တိုက်ပွဲများတွင် ၎င်းတပ်တွင်း ထုတ်လုပ်သည့် မြေမြှုပ်မိုင်းများအား အသုံးပြုသည်ကို တွေ့ရသည်။

ခုခံတော်လှန်ရေးတပ်ဖွဲ့အသစ်များဖြစ်သည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ဒေသခံကာကွယ်ရေးတပ်များသည် နည်းပညာအားနည်းခြင်း ၊ မိုင်းထုတ်လုပ်ရန် ကုန်ကြမ်း ရရှိနိုင်မှု အခက်အခဲရှိခြင်းကြောင့် မိုင်းများကို ရရာ ပစ္စည်းများဖြင့် ထုတ်လုပ်ခြင်းများ ရှိနေသည်။ ဝါးဆစ်၊ ဖန်ပုလင်း၊ ကော်ပိုက် ၊ မုန့်ပုံး၊ သံချောင်း စသည်တို့ကို လက်လုပ်မိုင်းအဖြစ် ပြောင်းလဲ၍ မိုင်းထောင်ကြ ခြင်းဖြစ်သည်။

သတိချပ်သုံးသင့်သည့် မြေမြှုပ်မိုင်း

“မြေမြှုပ်မိုင်းဆိုတာ အကောင်းဆုံးစစ်သားပဲ။ အမြဲတမ်း ရဲစွမ်းသတ္တိရှိတယ်။ ဘယ်တော့မှ အနား မယူဘူး။ ဘယ်တော့မှလည်း မလွဲချော်ဘူး”

ထိုပြောစကားသည် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ ဝါရင့် မိုင်းရှင်းလင်းရေးလုပ်ဆောင်သူ Paul Jefferson ၏ မြေမြှုပ်မိုင်းအကြောင်းကို ကျစ်လစ်ထိမိစွာ ဖော်ညွန်းထားသည့် ပြောစကားဖြစ်ပြီး Minesweepers အဖွဲ့က မိုင်းအကြောင်း ရှင်းပြချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

မြေမြှုပ်မိုင်းမှာ လူသားအရင်းအမြစ် စစ်သည်များထက်ပင် တိုက်ခိုက်နိုင်စွမ်းနှင့် သက်တမ်း ပို၍ပင် ရှည်နိုင်သည်ကို ဖော်ညွန်းပြနေသည့် ပြောစကားလည်း ဖြစ်သည်။ အချက်အလက်အားဖြင့် ပြန်ဆန်းစစ် ကြည့်လျှင်လည်း စစ်သားတဦးသည် ၎င်း၏ သက်တမ်းတွင် နှစ် ၅၀ ကြာအောင် အင်အားအပြည့် ဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိနိုင်မည် မဟုတ်ပေ။ မြေမြှုပ်မိုင်းများကမူ တကြိမ်အသက်သွင်း မြုပ်နှံထားပြီးလျှင် အနည်းဆုံး နှစ် ၅၀ ကြာသည်အထိ ပေါက်ကွဲတိုက်ခိုက်နိုင်သည်။

စစ်သားတဦးသည် ၎င်း၏ သက်တမ်းတွင် နှစ် ၅၀ ကြာအောင် အင်အားအပြည့် ဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိနိုင်မည် မဟုတ်ပေ။ မြေမြှုပ်မိုင်းများကမူ တကြိမ်အသက်သွင်း မြုပ်နှံထားပြီးလျှင် အနည်းဆုံး နှစ် ၅၀ ကြာသည်အထိ ပေါက်ကွဲတိုက်ခိုက်နိုင်သည်။

မြန်မာသည် ကမ္ဘာတွင် ပြည်တွင်းစစ်အရှည်ကြာဆုံး ဖြစ်ပွားနေသည့်နိုင်ငံဖြစ်ပြီး လွတ်လပ်ရေးရချိန် ၁၉၄၈ ခုနှစ်မှစ၍ တောင်တန်းဒေသမှ တိုင်းရင်းသားလူမျိုးများ၊ လူမျိုးစုများ၏ တန်းတူညီမျှရေးအတွက် တိုက်ပွဲ စတင်ခဲ့သည့် နိုင်ငံဖြစ်သည်။ ပြည်တွင်းစစ်တလျှောက်လုံးတွင် ပါဝင်ခဲ့သည့် လက်နက်ကိုင်တပ်များသည် မြေမြှုပ်မိုင်းများကို အသုံးပြုနေသည်မှာလည်း ယနေ့ကာလအထိ ဖြစ်သည်။

နိုင်ငံတွင်း အစောဆုံးလက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့သည့် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်တို့တွင် မြေမြှုပ်မိုင်းယနေ့ထိ ရှင်းလင်းနိုင်သည့် အခြေအနေမရှိသဖြင့် မိုင်းအန္တရာယ် ရှိသည့် မြေများ၊ စစ်ဖြစ်ချိန်က ထွက်ပြေးသွားပြီး မိုင်းအန္တရာယ်ကြောင့် နေရပ်ပြန်မရသည့် အရပ်သားများ ရှိနေသည်ကို သတိပြုသင့်သည်။ ယခုအခါ ခုခံတော်လှန်စစ်မှာ နိုင်ငံတဝန်း၌ တနေ့ထက်တနေ့ ကျယ်ပြန့်လာနေရာ မိုင်းအန္တရာယ်ရှိသည့် ဧရိယာသည်လည်း တစထက်တစ ပို၍ ကျယ်ပြန့်လာမည့် အခြေအနေဖြစ်သည်။

ခန့်မှန်းခြေအားဖြင့် မြို့နယ်တခုတွင် စစ်ပွဲတွင်း ပါဝင်ပတ်သက်နေသည့် စစ်ကောင်စီဘက်မှ စစ်ကြောင်း နှစ်ကြောင်း၊ ခုခံတော်လှန်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့မှ အဖွဲ့တိုင်း လစဉ် မိုင်း ၁၀ လုံး အသုံးပြုပါက တလအတွင်း၌ ထိုမြို့နယ်တွင်း မိုင်း အလုံးရေ ၁၂၀ မြှုပ်နှံထားပြီး ဖြစ်လိမ့်မည် ဖြစ်သည်။ တနှစ်ပြည့်လျှင် ထိုတမြို့နယ်တည်း၌ မိုင်း ၁၄၀၀ ကျော် မြှုပ်ထားပြီ ဖြစ်နေမည်။ ထိုကဲ့သို့ စစ်ပဋိပက္ခဖြစ်သည့် မြို့နယ်တိုင်းတွင် လစဉ် မိုင်းအသုံးပြုမှု၊ မိုင်းမြှုပ်နှံအသက်သွင်းမှု ရှိနေလျှင် မြေမြှုပ်မိုင်း ခင်းထားသည့် မြေများသည် ပို၍ ကျယ်ပြန့်လာနိုင်သည်။

အသက်သွင်းထားပြီးသည့် မိုင်းများထဲတွင် ရန်သူကို တိုက်ခိုက်ပေါက်ကွဲပြီး အသက်မဲ့ သွားသည့် မိုင်းများရှိနိုင်သော်လည်း မပေါက်ကွဲဘဲ ကြွင်းကျန်ရစ်ခဲ့သည့် မိုင်းများသည်လည်း ကျန်ရစ်ခဲ့မည် ဖြစ်သည်။ ကြွင်းကျန်ရစ်ခဲ့သည့်မိုင်းများထဲတွင် ဓါတ်ခဲဖြင့် ပြုလုပ်သည့် လက်လုပ်မိုင်းအချို့သည် သက်တမ်း ၆ လ၊ တနှစ် သို့မဟုတ် ရာသီဥတုဘေးအန္တရာယ်ကြောင့် အသက်မဲ့သွားနိုင်သော်လည်း စနစ်တကျ တည်ဆောက်အသက်သွင်းထားသည့် မိုင်းများသည် သက်တမ်း ၅၀ နှင့်အထက်အထိ အားကောင်း ပေါက်ကွဲနိုင်သည်။

မြေမြှုပ်မိုင်းများသည် အချိန်အတိုင်းအတာ အကန့်အသတ်မရှိသည့် အန္တရာယ်ထောင်ချောက် ဖြစ်သည်ဟု ဆိုနိုင်သည်။ ကာလရှည်ကြာမည့် အလားအလာရှိနေသည့် ခုခံတော်လှန်စစ်ပွဲများ ပြီးဆုံးသွားလျှင်ပင် မိုင်းအကြွင်းအကျန်များက ကျန်ခဲ့ပြီး အရပ်သားများ၏ ဘဝကို ဆက် ခြိမ်းခြောက်နေနိုင်သည်။

စစ်မီးပဋိပက္ခကြား လက်နက်ကျည်များ ဘေးလွတ်ရန် ထွက်ပြေးနေရသည့် အရပ်သားများအတွက် မြေမြှုပ်မိုင်းသည် စစ်တလင်းထဲက ထပ်ဆောင်း အန္တရာယ်ထောင်ချောက်တခု ဖြစ်သည်။ မိုင်းကို တိုက်မိ နင်းမိခြင်းကြောင့် အသက်သေဆုံးသည်အထိ အန္တရာယ်ပေးနိုင်သကဲ့သို့ ကိုယ်လက် အင်္ဂါများလည်း ပျက်စီး ဆုံးရှုံးသွားနိုင်သည်။

မြေမြှုပ်မိုင်းများသည် အချိန်အတိုင်းအတာ အကန့်အသတ်မရှိသည့် အန္တရာယ်ထောင်ချောက် ဖြစ်သည်ဟု ဆိုနိုင်သည်။ ကာလရှည်ကြာမည့် အလားအလာရှိနေသည့် ခုခံတော်လှန်စစ်ပွဲများ ပြီးဆုံး သွားလျှင်ပင် မိုင်းအကြွင်းအကျန်များက ကျန်ခဲ့ပြီး အရပ်သားများ၏ ဘဝကို ဆက် ခြိမ်းခြောက် နေနိုင်သည်။

ထိုအခြေအနေများကြောင့် စစ်ပွဲတွင်း ပါဝင်ပတ်သက်နေသည့် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အသက်သွင်းပြီးဖြစ်သည့် မြေမြှုပ်မိုင်းများကို စွန့်လွှတ်မိုင်းအဖြစ် စစ်တလင်းတွင် မချန်ထားခဲ့ရန် တာဝန်ရှိသည်။ လက်နက်ကိုင်ထားသည့် တပ်ဖွဲ့များအနေဖြင့် အရပ်သားများနှင့် ဒေသ၏ အနာဂတ်ကို မငဲ့ဘဲ မြေမြှုပ်မိုင်းများကို အလွန်အကြူး အသုံးပြုခြင်းနှင့် စွန့်လွှတ်မိုင်းများ များလာပါက ယခုအခါ စစ်တလင်းပြင်ဖြစ်နေသည့် မြေများသည် ဒေသခံများ ပြန်လည်ဝင်ရောက်ရန် အန္တရာယ်များသည့် ဖုန်းဆိုးမြေအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ မြေမြှုပ်မိုင်းများကို အသုံးပြုနေသည့် လက်နက်ကိုင် တပ်အားလုံးသည် မြေမြှုပ်မိုင်း၏ အကျိုးဆက်ကို သတိချပ်ရန် တာဝန်ရှိသည်။

You may also like these stories:

စစ်ပွဲ အလှည့်အပြောင်းဖြစ်လာစေရေး PDF များ လက်နက်များ ရရှိလာနေ

အာဏာသိမ်းစစ်ကောင်စီ လက်နက် ဒေါ်လာ ၁ ဘီလီယံဖိုး ဝယ်ယူ

မသေသင့်ဘဲ သေရတာ

ပဲခူးတိုင်းတွင် အမျိုးသမီးနှင့် ကလေးငယ်များ အစုလိုက်အပြုံလိုက် သတ်ခံရ

PDF ဆီက စစ်ကောင်စီ လက်နက်ပြန်ဝယ်နေတာလား

Your Thoughts …
Tags: EAOsPDFsခုခံတော်လှန်ရေးတပ်ခဲယမ်းမီးကျောက်စစ်ကောင်စီစစ်ပွဲပဋိပက္ခကြားမြေမြှုပ်မိုင်းအန္တရာယ်ထောင်ချောက်အာဏာသိမ်းမှုအလွန်
မာဂရတ်

မာဂရတ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၁၈ ခုနှစ်က ကလေးငယ်တဦးကို ကာကွယ်ဆေးထိုးပေးစဉ် / UNICEF

ကာကွယ်ဆေးမထိုးရသေးသည့် သန်းနှင့်ချီသော ကလေးငယ်များ ရောဂါကူးစက်မည့် အန္တရာယ် ကျရောက်နေ

တိုက်ပွဲဝင်နေကြသည့် KNDF တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ- KNDF)

ကရင်နီမှာ ထိုးစစ်ဆင်တဲ့ စစ်ကောင်စီတပ် အကျအဆုံးများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved