• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပဲခူးတိုင်းတွင် အမျိုးသမီးနှင့် ကလေးငယ်များ အစုလိုက်အပြုံလိုက် သတ်ခံရ

by ဧရာဝတီ
12 May 2023
in သတင်း
A A
မီးရှို့သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများ (ဓာတ်ပုံ - တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

မီးရှို့သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများ (ဓာတ်ပုံ - တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

6.4k
VIEWS
Share on FacebookShare on Twitter

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ညောင်ပင်သာရွာတွင် ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် အရပ်သား ၁၈ ဦးကို စစ်ကောင်စီတပ်က အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြောင်း အသတ်ခံရသူများ၏ မိသားစုဝင်နှင့် ထန်းတပင် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) က ဧရာဝတီကို ပြောသည်။

မေလ ၁၀ ရက် နံနက်တွင် အင်အား ၁၅၀ ဖြင့် စစ်ကြောင်းထိုး ဝင်လာသည့် စစ်ကောင်စီတပ်သည် ထန်းတပင်မြို့နယ် လှည်းလမ်းကူးရွာ၌ ကရင်တော်လှန်ရေး ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုခံရပြီးနောက် လှည်းလမ်းကူးရွာတောင်ဘက် ၃ မိုင်အကွာရှိ ညောင်ပင်သာရွာသို့ ဆုတ်ခွာဝင်ရောက်ပြီးနောက် အရပ်သားများအပေါ် သတ်ဖြတ်မှု လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း ထန်းတပင် PDF မှ တာဝန်ရှိသူတဦးက ပြောသည်။

ညောင်ပင်သာရွာသည် စစ်တောင်းမြစ်အရှေ့ဘက် ၅ မိုင်အကွာတွင် တည်ရှိပြီး ထန်းတပင်မြို့နယ်နှင့် ကျောက်ကြီးမြို့ နယ် ထိစပ်ရာနေရာ၌ တည်ရှိသည်။

ထန်းတပင် PDF မှ တာဝန်ရှိသူတဦးက “အင်အား ၁၅၀ လောက်နဲ့ ရှမ်းပြည်ဘက်က တပ်လို့ ကြားတယ်။ စစ်တပ်က စစ်ကြောင်း တက်လာတယ်။ လှည်းလမ်းကူးနေရာရောက်တဲ့အခါမှာ ရဲဘော်တွေနဲ့ ထိတွေ့မှု ဖြစ်ကြတယ်။ သူတို့ ဘက်က ၁၅ ယောက်ဝန်းကျင် ကျတယ်လို့ သတင်းရတယ်။ လှည်းလမ်းကူးရွာကနေသူတို့ ဆုတ်ပြီးတော့ ညောင်ပင် သာကို ရောက်တယ်။ ညနေပိုင်းလောက်မှာ သူတို့စခန်းချတဲ့ ညောင်ပင်သာရွာမှာ ၄ နှစ် အရွယ်အပါအဝင် အဲဒီသူ တွေ အားလုံးကို သတ်လိုက်တယ်ပေါ့” ဟု ဆိုသည်။

စစ်ကောင်စီ၏ ဇရပ်ကြီးအခြေစိုက် အမှတ် ၇၃ ခြေလျင်တပ်ရင်းနှင့် ရှမ်းပြည်နယ် မိုင်းပြင်း အခြေစိုက် အမှတ် ၃၆၀ ခြေမြန်တပ်ရင်းတို့ကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ၂ နှင့် တပ်မဟာ ၃ ဦးဆောင်သည့် စစ်ကြောင်း ၂ ကြောင်းက နယ်မြေခံ PDF များနှင့် ပူးပေါင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အထိနာခဲ့သည့် စစ်ကောင်စီတပ်က ယခု ကဲ့သို့ အရပ်သား ၁၈ ဦးကို မီးရှို့သတ်လိုက်ခြင်း ဖြစ်ကြောင်း ထန်းတပင် PDF မှ တာဝန်ရှိသူတဦးက ရှင်းပြသည်။

မီးရှို့သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများ (ဓာတ်ပုံ – တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

ထန်းတပင် PDF က ထုတ်ပြန်သည့် ဓာတ်ပုံများတွင်လည်း မီးလောင်ကျွမ်းမှုကြောင့် ခြေထောက်နှင့် လက်များသာ ကျန်ပြီး ကိုယ်တွင်းကလီစာများအပြင် ထွက်နေသည့် ရုပ်အလောင်းအချို့ကိုလည်း တွေ့ရသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၇၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၇၊ ၂၀၂၆

7 January 2026
83
ကြိုတင်မဲ မသမာမှုတွေကို အရေးမယူဘဲ ကျေအေးလိုက်ကြရ (ရုပ်/သံ)

ကြိုတင်မဲ မသမာမှုတွေကို အရေးမယူဘဲ ကျေအေးလိုက်ကြရ (ရုပ်/သံ)

7 January 2026
68
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
548

ထိုသို့ စစ်ကောင်စီတပ်၏ အသတ်ခံရသည့်သူများမှာ အသက် ၅ နှစ်မှ ၁၅ နှစ်ကြား ကလေးငယ် ၅ ဦး၊ အသက် ၁၈ နှစ်မှ ၄၀ ကြား လူလတ်ပိုင်း ၅ ဦးနှင့် အသက် ၅၀ မှ ၇၀ ကြား လူ ၈ ဦးတို့ဖြစ်ကြောင်း ထန်းတပင် PDF ၏ မေလ ၁၂ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အသတ်ခံရသူများမှာ အသက် ၆၈ နှစ်အရွယ် ဒေါ်ခင်ရီ၊ အသက် ၃၅ နှစ်အရွယ် မသန်းသန်းဆွေ၊ အသက် ၅ နှစ် အရွယ် မသက်နှင်းစံ၊ အသက် ၇၀ အရွယ် ဦးဝင်းမြိုင်၊ အသက် ၄၀ အရွယ် ကိုဇော်မိုးအောင်၊ အသက် ၄၀ အရွယ် မသူဇာ၊ အသက် ၁၅ နှစ်အရွယ် မောင်မိုးဝဿန်၊ အသက် ၇ နှစ်အရွယ် မောင်မိုးဝေယံ၊ အသက် ၅၈ နှစ်အရွယ် ဒေါ်ချွတ်တီ၊ အသက် ၅၃ နှစ်အရွယ် ဒေါ်တင်ဆန်း၊ အသက် ၅၅ နှစ်အရွယ် ဒေါ်တင်အုန်း တို့ ဖြစ်ကြသည်။

ယင်းပြင် အသက် ၅၃ နှစ်အရွယ် ဒေါ်တင်အုန်း၊ အသက် ၂၈ နှစ်အရွယ် မသန်းသန်းဝေ၊ အသက် ၅ နှစ်အရွယ် မောင် သက်ပိုင်ဟိန်း၊ အသက် ၅၃ နှစ်အရွယ် ဦးတိုးတိုး၊ အသက် ၂၅ နှစ်အရွယ် မဂျူးဂျူးမေ၊ အသက် ၅၅ နှစ်အရွယ် ဦးကျော်သိန်း၊ အသက် ၉ နှစ်အရွယ် မောင်ဆက်ပိုင်ဟိန်းတို့လည်း မီးရှို့အသတ်ခံရကြောင်း ထန်းတပင် PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ညောင်ပင်သာရွာဒေသခံ အမျိုးသမီးတဦးကလည်း မီးရှို့အသတ်ခံရသည့်အထဲတွင် ၎င်း၏အစ်မ၊ ယောင်းမဖြစ်သူနှင့် တူမတို့ ပါသွားပြီး စစ်ကောင်စီတပ်သည် ၎င်း၏ မိသားစုဝင်များကို လက်ပြန်ကြိုးတုပ်ဖမ်းသွားပြီးနောက် အရှင်လတ် လတ် မီးရှို့သတ်လိုက်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူများ၏ ပြောကြားချက်ကို ကိုးကား၍ ပြောဆိုသည်။

၎င်းက ကျန်းမာရေး မကောင်းသဖြင့် ထန်းတပင်မြို့ပေါ်သို့ ဆေးခန်းသွားပြနေစဉ်တွင် ၎င်း၏ မိသားစုဝင် ၃ ဦးမှာ ထိုသို့ အသတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ပြောပြသည်။

ညောင်ပင်သာရွာဒေသခံ အမျိုးသမီးက “စစ်တပ်က ဘယ်လို ဝင်လာလဲဆိုတော့ ပစ်ဝင် ဝင်လာတာ။ ဟိုဘက်အိမ်၊ ဒီဘက်အိမ်တွေကို ပစ်ပြီး ဝင်လာတာ။ ဝင်လာလို့ သူတို့က ပုန်းနေတာ။ အဲဒါ ကုက္ကိုလ်ပင်အောက်မှာတွေ့ပြီး မိသွား တာ။ အဲဒါနဲ့ ခေါ်သွားပြီး လက်ပြန်ကြိုးတွေ တုပ်ထားတယ်တဲ့။ အမှိုက်တွေပုံပြီး ဓာတ်ဆီတွေ၊ ရေနံဆီတွေ လောင်းပြီး မီးရှို့ချတယ်တဲ့၊ ကလေးတွေကအော်၊ လူကြီးတွေကအော်တဲ့ အချိန်မှာ ဓားတွေနဲ့ ခုတ်ပြီး သတ်လိုက်တာတဲ့။ အရှင် လတ်လတ်ကို မီးရှို့တာ။ အရိုးတွေ အပုံလိုက်ပဲ။ ယောင်းမရယ်။ တူမရယ်။ အစ်မအရင်း အကြီးဆုံးရယ် ပါသွားတာ” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက “ကျမ ပြန်လာတော့ သမီးအငယ်ဆုံးလေးက အမေ ကြီးကြီးမရီတို့ကို တပ်က ဖမ်းသွားပြီး မီးတွေရှို့သတ်လိုက်တာလို့ ပြောတယ်။ အိမ်က ညီမဝမ်းကွဲကလည်း ဖုန်းဆက်ပြီး လှမ်းပြောပြလို့ သိရတာပါ” ဟု ဆိုသည်။

မီးရှို့သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများ (ဓာတ်ပုံ – တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

ယင်းပြင် စစ်ကောင်စီတပ်သည် အမေအိုကို လာသယ်သည့် သားဖြစ်သူကိုလည်း ချမ်းသာမပေးဘဲ သတ်ဖြတ်ခဲ့ ကြောင်း ညောင်ပင်သာရွာဒေသခံ အမျိုးသမီးက ပြောသည်။

ညောင်ပင်သာရွာဒေသခံ အမျိုးသမီးက “လေဖြတ်တဲ့ အမေကြီးကိုခေါ်ဖို့ ကိုကျော်သိန်းက ရောက်နေတာ။ အဲဒီမှာ အမေကြီးကို ဆွဲတော့ လေဖြတ်နေတာ။ မသွားနိုင်ပါဘူး။ ကျနော့်ကို ခေါ်ပါဆိုတော့ ကိုကျော်သိန်းကို ခေါ်သွားတာ။ သေတဲ့အထဲ ။ ကိုကျော်သိန်းလည်း ပါသွားတယ်။ အမေအိုကြီးကတော့ ကျန်ခဲ့တယ်” ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များ ရွာထဲသို့ အချိန်မရွေး ထပ်မံဝင်လာနိုင်သဖြင့် သေဆုံးသွားသည့် မိသားစုဝင်များ၏ ရုပ်အလောင်းကို သယ်ယူ၍ မသင်္ဂြိုဟ်ပေးနိုင်သေးကြောင်း ညောင်ပင်ရွာ ဒေသခံများထံမှ သိရသည်။

ညောင်ပင်သာရွာ အစုလိုက်အပြုံလိုက် အသတ်ခံရမှုသည် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ပဲခူးတိုင်းတွင် ဒုတိယမြောက် လူအများဆုံး အသတ်ခံရမှု ဖြစ်ကြောင်း ဆိုသည်။

ပဲခူးတိုင်းအတွင်း လူအများဆုံး အစုအလိုက်အပြုံလိုက် အသတ်ခံရမှုမှာ ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်တွင် ဖြစ်ပွားခဲ့ သည့် ပဲခူးမြို့ရှိ အာဏာသိမ်းမှု ဆန့်ကျင်သူများ၏ မဂ္ဂတစ်ခံတပ် ဖြိုခွဲခံရမှုဖြစ်ပြီး လူ ၈၂ ဦး သေဆုံးခဲ့သည်။

ကိုဝေယံက “ဒါကြီးက အင်မတန် စက်ဆုပ် ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ပဲပေါ့။ အင်မတန်မှပဲ နာကျည်းစရာကောင်းတဲ့ ဖြစ်ရပ်ပေါ့။ ကျနော်တို့ စိတ်မကောင်းဖြစ်ရတယ်။ ဒါပေမယ့် ကျနော်တို့က ပြည်သူ့စစ်သားတွေ ဖြစ်တဲ့အတွက် မည် သို့ပင်နာကျည်းမှုတွေ ရှိနေပါစေ။ နာကျည်းမှုကို ခွန်အားအဖြစ်ပြောင်းပြီး စစ်ကောင်စီပြုတ်ကျတဲ့အထိ တိုက်ပွဲဝင် သွားဖို့ သန္ဓိဌာန်ချမှတ်ထားပါတယ်” ဟုဆိုသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ မြန်မာ နိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် မတ်လအထိ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ ကျူးလွန်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၆၄ ကြိမ်ရှိပြီး ပြည်သူ ၇၆၆ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

You may also like these stories:

ကျောက်ကြီးတွင် စစ်ကောင်စီတပ် အင်အားဖြည့်နေ

ပဇီကြီးရွာကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံတိုက်ခိုက်

အရပ်သားများကို ပို၍ပစ်မှတ်ထားလာသည့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ

ပဇီကြီး လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေး အများဆုံး သေဆုံး

Your Thoughts …
Tags: စစ်ကောင်စီတပ်ထန်းတပင်အစုလိုက်သတ်ဖြတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

by ဧရာဝတီ
13 February 2024
11.4k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၏ အဓိကကျသောနေရာများအား ယနေ့တွင် စစ်ကောင်စီက ဝင်ရောက်နေရာယူ၍ ပြန်လည် ထိန်းချုပ်

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

by ဧရာဝတီ
25 August 2023
11.2k

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်ကြား၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးရှိ ရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

ကော့ဘိန်းကို စစ်တပ် ပြန်သိမ်း

ကော့ဘိန်းကို စစ်တပ် ပြန်သိမ်း

by မိအိသဉ္ဇာမြင့်
25 April 2024
9.5k

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မွန်-ကရင်နယ်စပ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းကျေးရွာတွင် စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှစပြီး အင်အား ၃၀၀ ခန့်ဖြင့် ပြန်လည်ဝင်ရောက် တပ်စွဲနေကြောင်း သိရသည်။

စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

by ဧရာဝတီ
5 January 2024
9.4k

အာဏာသိမ်းစစ်ကောင်စီတပ်တွင် တိုက်ခိုက်ရေးအင်အား ခမ်းခြောက်လာပြီး စစ်မတိုက်ဖူးသော လက်ရုံးတပ်ဖွဲ့ဝင်များအား စစ်မြေပြင်သို့ စေလွှတ်နေရပြီ

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

by ဧရာဝတီ
9 November 2023
8.4k

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

စိန်လုံကို သိမ်းခြင်းဖြင့် ဗန်းမော်နှင့် မြို့ကြီးတချို့ KIA ခြိမ်းခြောက်လာ

စိန်လုံကို သိမ်းခြင်းဖြင့် ဗန်းမော်နှင့် မြို့ကြီးတချို့ KIA ခြိမ်းခြောက်လာ

by ဧရာဝတီ
1 April 2024
7.2k

KIA ဌာနချုပ်လိုင်ဇာနှင့် မိုင်ဂျာယန်မြို့တို့အား လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် အနီးကပ် စစ်တပ်စခန်းကြီးများ အားလုံး သိမ်းပိုက်နိုင်ပြီဖြစ်သည့်အတွက် လက်နက်ကြီးပစ်ခတ်ခံရမှု နည်းပါးလာသော်လည်း လေကြောင်းတိုက်ခိုက်မှု စိုးရိမ်နေရဆဲဖြစ်ကြောင်း

Next Post
သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း

နံနက်ခင်းရဲ့ ကျက်သရေ (Morning Glory)

မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲအတွက် ဘန်ကောက်မြို့ ဈေးဝယ်စင်တာတခုအနီးရှိ မဲရုံတွင် ကြိုတင်မဲပေးနေသည့် အမျိုးသမီးတဦးကို ၂၀၂၃ ခုနှစ်၊ မေလ ၇ ရက်နေ့က တွေ့ရစဉ် / AFP

ထိုင်းရွေးကောက်ပွဲအကြောင်း သိကောင်းစရာများ

No Result
View All Result

Recommended

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

1 day ago
662

Most Read

  • ကျောက်ဖြူတိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ

    ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0
  • အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

    shares
    Share 0 Tweet 0
  • မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved