• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထိုင်းရွေးကောက်ပွဲအကြောင်း သိကောင်းစရာများ

by ဧရာဝတီ
13 May 2023
in ဆောင်းပါး
A A
မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲအတွက် ဘန်ကောက်မြို့ ဈေးဝယ်စင်တာတခုအနီးရှိ မဲရုံတွင် ကြိုတင်မဲပေးနေသည့် အမျိုးသမီးတဦးကို ၂၀၂၃ ခုနှစ်၊ မေလ ၇ ရက်နေ့က တွေ့ရစဉ် / AFP

မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲအတွက် ဘန်ကောက်မြို့ ဈေးဝယ်စင်တာတခုအနီးရှိ မဲရုံတွင် ကြိုတင်မဲပေးနေသည့် အမျိုးသမီးတဦးကို ၂၀၂၃ ခုနှစ်၊ မေလ ၇ ရက်နေ့က တွေ့ရစဉ် / AFP

4.9k
VIEWS
Share on FacebookShare on Twitter

၂၀၁၄ ခုနှစ်တွင် တော်ဝင်ဝါဒီ စစ်တပ်က ဦးဆောင် သို့မဟုတ် ကျောထောက်နောက်ခံပြုသည့် အစိုးရသက်တမ်း ဆယ်စုနှစ်တခုနီးပါး ကြာပြီးနောက် ထိုင်းနိုင်ငံသည် မေလ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပမည် ဖြစ်သည်။

အောက်ပါတို့သည် မျှော်လင့်ထားရမည့် အသေးစိတ်များဖြစ်သည်။

ဆုံးဖြတ်ချက်ပေးမည့်အရာ

ထိုင်းလူဦးရေ ၆၅ သန်းအနက် ၅၂ သန်းခန့်သည် ကိုယ်စားလှယ် ၅၀၀ ရှိ လွှတ်တော်သစ် လေးနှစ်သက်တမ်းအတွက် မဲပေးခွင့်ရှိသည်။

မဲဆန္ဒရှင်များသည် မဲနှစ်မျိုးပေးရမည်ဖြစ်ပြီး တမျိုးမှာ ဒေသဆိုင်ရာ မဲဆန္ဒနယ်ကိုယ်စားလှယ်အတွက်ဖြစ်ပြီး ကျန်တမျိုးမှာ တနိုင်ငံလုံးအဆင့် ပိုမိုကြိုက်နှစ်သက်သောပါတီကို မဲပေးရမည်ဖြစ်သည်။ မဲဆန္ဒနယ်အလိုက် အနိုင်ရသော ကိုယ်စားလှယ်များအတွက် လွှတ်တော်နေရာ ၄၀၀ သတ်မှတ်ထားပြီး ပါတီအလိုက် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ကျန်လွှတ်တော်နေရာ ၁၀၀ ကို ခွဲဝေမည်ဖြစ်သည်။

ခေါင်းဆောင်ရွေးချယ်မှု

ကိုယ်စားလှယ်နေရာ ၂၅ နေရာအထက် နိုင်သောပါတီများသည် ၎င်းတို့၏ ဝန်ကြီးချုပ်လောင်းများ အမည်စာရင်း တင်သွင်းခွင့်ရမည် ဖြစ်သော်လည်း ခေါင်းဆောင်လောင်းတဦးဦးကို ထောက်ခံရန် ပါတီများအချင်းချင်း ညှိနှိုင်းသဘောတူရဖွယ်ရှိသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
105
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
847
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
62

ထိုခေါင်းဆောင်လောင်းများကို အသစ်ရွေးချယ်ထားသည့် အောက်လွှတ်တော် ကိုယ်စားလှယ် ၅၀၀ နှင့် စစ်တပ်ကခန့်အပ်သည့် အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသော ကိုယ်စားလှယ် ၂၅၀ ပါသည့် အထက်လွှတ်တော်က သြဂုတ်လတွင် မဲခွဲဆုံးဖြတ်ဖွယ်ရှိသည်။

ဝန်ကြီးချုပ်ဖြစ်ရန်အတွက် အနိုင်ရသောကိုယ်စားလှယ်သည် လွှတ်တော်နှစ်ရပ်ပေါင်းတွင် မဲထက်ဝက်ကျော် သို့မဟုတ် ၃၇၅ ဦးက ထောက်ခံရန်လိုသည်။

အဓိက ပြိုင်ဘက်များ

ယခုရွေးကောက်ပွဲသည် စစ်တပ်နှင့် အဓိကကျသည် အင်စတီကျူးရှင်းများနှင့် အဆက်အသွယ်ရှိသော ကွန်ဆာဗေးတစ် အသိုက်အဝန်းက ထောက်ခံသည့် ပါတီများကတဖက်၊ အလုပ်သမားလူတန်းစားကို ဆွဲဆောင်နိုင်သည့် မှတ်တမ်းရှိပြီး လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း ရွေးကောက်ပွဲတိုင်းနိုင်သည့် တိုးတက်ပြီး စီးပွားရေးလုပ်ငန်းများကို အားပေးသော အတိုက်အခံများကတဖက် တို့အကြား လတ်တလော နောက်ဆုံးတိုက်ပွဲ ဖြစ်သည်။

ထိုင်းရွေးကောက်ပွဲ ဝင်ကြမည့် အဓိကပြိုင်ဘက်များ။ (အပေါ် ဝဲမှယာ) ပရာယွတ် ချန်အိုချာ၊ ပေတန်တောင် ရှင်နာဝပ်၊ ဆရက်သာ ထာဗီဆင်။ (အောက် ဝဲမှယာ) ပရာဝတ် ဝေါင်ဆူဝန်၊ အနုတင် ချန်ဗီရာကူး၊ ပီတာ လမ်ဂျာရိုအင်ရတ် / Reuters, AFP, EPA

ဘီလျံနာသူဌေးကြီး ရှင်နာဝပ်မိသားစုက ထိန်းချုပ်သည့် ပါတီတခုဖြစ်သော ဖွေထိုင်းပါတီသည် ယခင်ရွေးကောက်ပွဲများကအတိုင်း လူထုသဘောထားစစ်တမ်းများတွင် ဦးဆောင်နေပြီး လူငယ်မဲဆန္ဒရှင်များကို စည်းရုံးရန် ကြိုးစားသည့် ရှေ့သို့ချီ (Move Forward) ပါတီက ဒုတိယလိုက်သည်။

ထိုပါတီများသည် စစ်အာဏာသိမ်းမှုများတွင် ပါဝင်ပတ်သက်သည့် စစ်တပ်အကြီးအကဲများ ဖြစ်သော လက်ရှိဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ၏ ပါတီသစ် ယူနိုက်တက် ထိုင်းနေးရှင်းပါတီနှင့် သူ၏ဆရာသမား ပရာဝတ် ဝေါင်ဆူဝန်၏ အာဏာရ ပလန် ပရာချာရက်ပါတီတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ထိုပါတီ နှစ်ခုလုံးသည် မြို့နေလူလတ်တန်စား ထောက်ခံမှုရရှိပြီး နိုင်ငံရေးတွင် သြဇာလွှမ်းမိုးနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သော မျိုးရိုးလိုက်ချမ်းသာသည့် မင်းစိုးရာဇာနှင့် စစ်တပ်ထိပ်တန်းအရာရှိများ၏ အကျိုးစီးပွားကို ကိုယ်စားပြုသည်ဟု သတ်မှတ်ကြသည်။

အရေးပါသော ပြိုင်ဘက်တဦးမှာ ဒေသဆိုင်ရာ အင်အားကြီး ဘမ်ဂျိုင်ထိုင်းပါတီဖြစ်ပြီး ထိုပါတီ အနိုင်ရမည့် လွှတ်တော်နေရာများသည် မည်သူအစိုးရဖွဲ့မည်ကို အဆုံးအဖြတ်ပေးရာတွင် အရေးပါနိုင်သည်။ ထိုပါတီသည် ထိုင်းနိုင်ငံကို အာရှတွင် ဆေးခြောက် ပထမဆုံးတရားဝင် ခွင့်ပြုသည့်နိုင်ငံအဖြစ် အောင်မြင်စွာ တွန်းအားပေး နိုင်ခဲ့သောကြောင့် အင်အားကြီးထွားလာသည်။

ရွေးကောက်ပွဲရလဒ် သိရမည့်အချိန်

မဲပေးချိန်သည် မေလ ၁၄ ရက်၊ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ပြီးဆုံးပြီး ရွေးကောက်ပွဲကော်မရှင်က တရားဝင်မဟုတ်သေးသော ရလဒ်ကို ထိုညတွင် ထုတ်ပြန်သင့်ကြောင်း ပြောသည်။ ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်နေရာ ၉၅ ရာခိုင်နှုန်း သို့မဟုတ် ကိုယ်စားလှယ်နေရာ ၅၀၀ အနက် ၄၇၅ နေရာကို ရက်ပေါင်း ၆၀ အတွင်း သို့မဟုတ် ဇူလိုင် ၁၃ ရက်နေ့ နောက်ဆုံးထား ထုတ်ပြန်မည်ဖြစ်သည်။

ကြိုတင်မဲပေးကြမည့်သူများကို ၂၀၂၃ ခုနှစ်၊ မေလ ၇ ရက်နေ့က တွေ့ရစဉ် / AFP

ရွေးကောက်ပွဲကော်မရှင်နှင့် မီဒီယာအဖွဲ့အစည်းများ ပူးပေါင်းအဖွဲ့သည် မဲရုံများပိတ်ပြီး နာရီပိုင်းအတွင်း မဲရေတွက်မှုများကို ထုတ်ပြန်ကြေညာနေမည်ဟု မျှော်လင့်ရသည်။

နောက်ထပ်ဖြစ်ပျက်မည့်အခြေအနေ

လာမည့်အစိုးသစ်သည် မည်သို့သောအစိုးရသစ်ဖြစ်မည်ကို သိရန် ရွေးကောက်ပွဲရလဒ်အပေါ် အခြေခံပြီး ရက်သတ္တပတ်များစွာ သို့မဟုတ် လပေါင်းများစွာအထိ ကြာနိုင်သည်။

ပြတ်ပြတ်သားသား အနိုင်ရ သို့မဟုတ် တောင်ပြိုကမ်းပြိုအနိုင်ရလျှင်ပင် အစိုးရဖွဲ့ရန် မလုံလောက်ဘဲ အခြားပါတီများနှင့် မဟာမိတ်ဖွဲ့ရန် လိုနိုင်သည်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၇ ခုနှစ်တွင် စစ်တပ်က ပြန်လည်ရေးဆွဲပြီး ရွေးကောက်ပွဲ အနိုင်ရသော ပါတီများ၏အာဏာကို လျှော့ချရန် အားထုတ်မှုဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။ ဖွဲ့စည်းပုံတွင် ခန့်အပ်သည့်အထက်လွှတ်တော် ဖွဲ့စည်းရန် ပြဋ္ဌာန်းထားပြီး အထက်လွှတ်တော် ကိုယ်စားလှယ်အများစုသည် မဲခွဲရာတွင် အာဏာရ စစ်တပ်ကျောထောက်နောက်ခံပြု ပါတီများဘက် လိုက်ကြသည်။

ကိုးကား ။ ။ Reuters သတင်း Explainer: What you need to know about Thailand’s election

You may also like these stories:

ရွေးကောက်ပွဲမတိုင်မီ ၂ ပတ်အလို ထိပ်တန်းထိုင်းဝန်ကြီးချုပ်လောင်း ရင်သွေးဖွားမြင်

၂၀၂၃ ထိုင်းရွေးကောက်ပွဲ မဲဆွယ်ကတိများနှင့် အများကြိုက်ဝါဒ

ထိုင်းရွေးကောက်ပွဲအလွန် စိတ်ဝင်စားဖွယ်ရာများ

မျိုးဆက်ကွာဟမှုက ထိုင်းရွေးကောက်ပွဲအပေါ် ဩဇာကြီးနိုင်

ကမ္ဘောဒီးယားနှင့် ထိုင်းတို့၏ ရွေးကောက်ပွဲတွေ ဘာကွာလဲ

ထိုင်းရွေးကောက်ပွဲက မြန်မာ့ဒီမိုကရေစီတိုက်ပွဲအပေါ် ရိုက်ခတ်နိုင်

Your Thoughts …
Tags: Move Forward ပါတီစစ်တပ်ကျောထောက်နောက်ခံပြုပါတီထိုင်းပလန် ပရာချာရက်ပါတီဖွေထိုင်းပါတီဖွဲ့စည်းပုံအခြေခံဥပဒေဘမ်ဂျိုင်ထိုင်းပါတီယူနိုက်တက် ထိုင်းနေးရှင်းပါတီရွေးကောက်ပွဲရွေးကောက်ပွဲကော်မရှင်လူထုသဘောထားစစ်တမ်းလွှတ်တော်ဝန်ကြီးချုပ်ရာထူးအချိုးကျကိုယ်စားပြုစနစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

Next Post
ကုလသမဂ္ဂအထူးသံတမန် မစ္စ နိုလင်းဟေဇာသည် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး မစ္စတာ ဆူဘရာမန်ယန် ဂျိုင်ရှန်ကာနှင့် နယူးဒေလီမြို့တွင် မြန်မာ့အရေး ဆွေးနွေးခဲ့သည် / Supplied

မြန်မာ့အရေး ဒေသတွင်းညီညွတ်ရန် ကုလ အထူးသံတမန် တိုက်တွန်း

၂၀၀၈ ခုနှစ် ဧရာဝတီတိုင်းက နာဂစ်မုန်တိုင်းရှောင်ပြည်သူများ

မြန်မာ့ကမ်းရိုးတန်းကို ဖြတ်ကျော် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းကြီးများ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved