• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၄)

by အောင်ဇော်
12 August 2023
in ဆောင်းပါး
A A
ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၄)
2.9k
VIEWS
Share on FacebookShare on Twitter

ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ

၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဒဏ် ခံရချိန်သည် အာဆီယံနှင့် ဆူရင်၏ ခေါင်းဆောင်မှု အခန်းကဏ္ဍကို မြင်ရမှာ ဖြစ်သည်။

နာဂစ်သည် မြန်မာ စစ်ခေါင်းဆောင်များသာ မဟုတ်ဘဲ အာဆီယံ အတွင်းရေးမှူးသစ် ဆူရင် ပစ်ဆူဝမ်ကိုပါ စာမေးပွဲ စစ်သည်ဟု ဆိုရမည် ဖြစ်သည်။

ထိုအချိန်က မြန်မာစစ်အစိုးရသည် နိုင်ငံတကာက အကျဉ်ခံထားရသည်။ အာဆီယံကလည်း ဝေဖန်နေသည့် အချိန်။ မြန်မာကို အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ ရာထူးကို မပေး။

နာဂစ် တိုက်ခတ်ချိန်နှင့် မြန်မာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လူထု ထောက်ခံပွဲ ကျင်းပချိန် တိုက်ဆိုင်နေသည်။

နိုင်ငံတကာ ဖိအားက ပိုပြီး ကြီးမားလာခဲ့သည်။ အမေရိကန် အပါအဝင် အနောက်အုပ်စုက သူတို့၏ ရေတပ်သင်္ဘော အုပ်တွေကို မြန်မာရေပိုင်နက် အထိ ကပ်ပြီးရွှေ့သည်။

US , UK နှင့် ပြင်သစ် နိုင်ငံများက ရေတပ် သင်္ဘောများ၊ လေယာဉ်တင် သင်္ဘောများ အပါအဝင် ရောက်လာကြသည်။ ပေးဝင်မှာလား။

သမ္မတ ဘုရှ် အစိုးရသည် သံတမန်ရေး ဖိအားကို Gunboat Diplomacy အသွင်ကို ရွှေ့လာသည်။

R2P (The Responsibility to Protect) အသံများလည်း သတင်းစာများတွင် ညံနေသည်။ မြန်မာကိုဝင်ပြီး လူမှု ကယ်ဆယ် ထောက်ပံ့ရေး Humanitarian Intervention လုပ်ရမည်ဟု အဘော်များက ရေးကြသည်။

အိမ်ဖြူတော်က တွန်းသည်။ ဘန်ကောက် သံတမန် လောကမှာတော့ တရုတ်က လက်ခံပါ့မလား ဆိုတာက မေးခွန်း။

၂၀၀၈ သြဂုတ်လ ၇ ရက်နေ့မှာ ကျနော် အပါအဝင် ထိုင်းနိုင်ငံရောက် မြန်မာတွေ သမ္မတ ဘုရှ်နှင့် ဘန်ကောက် က အမေရိကန် သံအမတ်ကြီး အိမ်မှာ နေ့လယ်စာစားပြီး မြန်မာ့အရေး ပြောဆို ဆွေးနွေးကြသည်။

အမေရိကန် သမ္မတ ဂျော့ဘုရှ် နှင့် အောင်ဇော် ၂၀၀၈ ခုနှစ် သြဂုတ် ၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမေရိကန် သံအမတ်ကြီး နေအိမ်တွင် တွေ့ဆုံစဉ်။ / Irrawaddy

ထိုင်းနိုင်ငံ Utapao (အူတာပေါင်) လေဆိပ်တွင်တော့ အမေရိကန် လေတပ်က လေယာဉ်ကြီးများ၊ ရဟတ်ယာဉ်များ တန်းစီနေသည်။

လေထဲကို ပျံတက်သွားသည့် C-130 ဟာကြူလီ လေယာဉ်ပျံကြီးကို ကြည့်ပြီး လေတပ် အရာရှိက “သိပ်လှတဲ့ ငှက်တွေ တွေ့လား” ဟု ကျနော့်ကို ဂုဏ်ယူစွာနှင့် လှမ်းပြောသည်။

အမေရိကန် တပ်က အင်ဒို-ပစိဖိတ် ဒေသ ဆက်ဆံရေး အရာရှိ ဒုဗိုလ်မှူးကြီး Douglas Powell ။ သူက အီရတ်နှင့် အာဖဂန် နစ္စတန်မှာ တာဝန်ကျခဲ့သူ။

“ခင်ဗျားရေးတဲ့ Bangkok Post က အာဘော်ကို ဖတ်ပြီးပြီ” ဟု ပြောရင်း Airport ခန်းမမှာ သူကလာတွေ့ပြီး ခေါ်သွားသည်။

ကျနော်က နာဂစ် အကြောင်းနှင့် နိုင်ငံတကာ အကူအညီ ကိစ္စကို ရေးခဲ့သည်။

သူက ရပ်နားထားသည့် C-130 တစ်စီးပေါ်ကို လိုက်ပြသည်။ ပိုင်းလော့များ ရန်ကုန်က ပြန်ရောက်ခါစ။

“ဘာတွေ့ခဲ့လဲ” ဟု မေးတော့ ပြုံးပြီး ပြန်ဖြေတာက “ရေတွေ ဖွေးနေတာပဲ…”။

ဂိုဒေါင်များထဲတွင် USAID (အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ) က ရေသန့်ဘူးများ၊ စောင်များ၊ တာပေါ်လင်များ တောင်လိုပုံနေသည့် နေရာတွင် အစာခြောက်များ၊ ဆေးဝါးများ။ ဧရာဝတီတိုင်းက နာဂစ်ဒုက္ခသည်များ အတွက်။

၂၀၀၈ ခုနှစ် မေလ ၁၂ ရက်က ရန်ကုန် လေဆိပ်ကို ရောက်ရှိလာသည့် နာဂစ် ဒုက္ခသည်များအတွက် ကူညီ ထောက်ပံ့ရေး ပစ္စည်းများ သယ်ဆောင်လာသော အမေရိကန် လေတပ်က C-130 လေယာဉ်ကြီးပေါ်မှ သောက်ရေသန့် ဘူးများ သယ်ယူနေသည်ကို တွေ့ရစဉ်။ / UPI

ဒုဗိုလ်မှူးကြီး Douglas Powell က စာအုပ်ကို ကြည့်လိုက်ပြီး “ငါတို့ ဒီနေ့ ရန်ကုန်ကို ပျံတဲ့ လေယာဉ် အခေါက်ပေါင်း ၄၀ ကျော်သွားပြီ” ဟု ပြောသည်။

မြန်မာ ဗိုလ်ချုပ်များကမူ US ၏ အကူအညီကို လက်မခံချင်ကြ။

“ကျနော်တို့ ပိုင်းလော့တွေရဲ့ ဘေးမှာ ထိုင်ပြီး လိုက်ပါ။ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်ဟာ လူမှု ကယ်ဆယ်ရေး သီးသန့်ပါ” ဟု အမေရိကန် စစ်တပ် အရာရှိက မြန်မာ စစ်ဗိုလ်ချုပ်များကို မီဒီယာမှတဆင့် ပြောလိုက်သည်။

သမ္မတ ဘုရှ် ၏ ကတော် First Lady Laura Bush (လော်ရာ ဘုရှ်) ကလည်း “အမေရိကန်က တက်တက်ကြွကြွ ဝင်ရောက် ကူညီနေပါတယ်။ အခုအချိန် အထိ C-130 လေယာဉ်ပျံ အကြိမ် ၄၀ ကျော်ရန်ကုန်ကို ပျံပြီး ထောက်ပံ့ ပစ္စည်းတွေ ချပေးခဲ့ပြီး ဖြစ်ပါတယ်”ဟု VOA ကို ပြောကြားသည်။

သမ္မတ ဂျော့ချ် ဘုရှ် နှင့် ကျနော်တို့ တွေ့ဆုံသည့် ရက်တွင် သမ္မတ ကတော် လော်ရာဘုရှ် က ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ ဒုက္ခသည် စခန်း နှင့် မဲဆောက်မြို့က မြန်မာနိုင်ငံသားများကို ကူညီ ကုသပေးနေသည့် ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်းသို့ သွားရောက်ကြည့်ရှု အားပေးမှု ပြုလုပ်နေပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးအကြိမ် အမေရိကန် ခရီးစဉ်အတွင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ဝါရှင်တန် ဒီစီမှာ သမ္မတကတော် လော်ရာ ဘုရှ် နှင့် တွေ့ဆုံစဉ်။ / Flickr

သမ္မတကတော် လော်ရာ ဘုရှ် သည် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာပြည် အကြောင်းကို များစွာ ဖတ်မှတ် လေ့လာထားကာ မြန်မာ့ အရေးနှင့် ပတ်သက်ပြီး အခွင့်သင့်တိုင်း အရေးတယူ ပြောဆိုမှုများ ပြုလုပ်လေ့ ရှိသူလည်း ဖြစ်ပါသည်။

ထိုအချိန်တွင် မြန်မာ စစ်အစိုးရက ကယ်ဆယ်ရေး လုပ်ငန်းစဉ်များ အောင်မြင်ရန် ပထမ အဆင့် ပြီးဆုံးပါပြီ ဟု ကြေညာလိုက်သည်။

စစ်အစိုးရ အာဘော်များတွင်တော့ ကန်သင်းရိုးမှာ ထိုင်ကာ ဖား ငါး ရှာပြီး ပျော်ရွှင်နေသူများ အဖြစ် ဧရာဝတီတိုင်းက မုန်တိုင်း ဒဏ်ခံများကို စော်ကား ရေးသားတော့သည်။

ယခုလက်ရှိ နစက စစ်အစိုးရ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန (၂) ဝန်ကြီး ဖြစ်သူ ဦးကိုကိုလှိုင်က လှိုင်အောင် ကလောင်အမည်ဖြင့် “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ ဝေကြပေလိမ့်မည်” ခေါင်းစဉ်တပ်ကာ ဆောင်းပါး ရေးသားခြင်း ဖြစ်သည်။

သူလည်း D.S.A ဆင်း စစ်ဗိုလ် တဦး ဖြစ်သည်။

ဦးကိုကိုလှိုင် ဤဆောင်းပါး ရေးသားခဲ့သည် ဆိုခြင်းကို ကျနော် မြန်မာပြည် ပြန်ခွင့်ရတော့ သူတို့အထဲက လူကပဲ ပြောပြခဲ့သည်။ နောက်ပိုင်း ဖရောင်းတိုင် ဘွဲ့ပါ ရသွားသည်။

ဆောင်းပါးထဲတွင် “ဧရာဝတီတိုင်းဟာ ရေခံမြေခံ ကောင်းတယ်၊ လယ်ကြား မြောင်းကြားမှာ ဖားတွေ ငါးတွေ ဖမ်းစားကြ၊ လယ်ကန်သင်းမှာ ပေါက်တဲ့ ကန်စွန်း ပုဇွန်စာလို အရွက် လတ်လတ်ဆပ်ဆပ်ကို ငါးပိရည်နဲ့ တို့စားရင် ထမင်းမြိန်ပြီး အဟာရဓာတ်လည်း ပြည့်စုံတယ်၊ နိုင်ငံတကာက လှူတဲ့ ချော့ကလက် မစားရလည်း ရှင်သန်နိုင်တယ်၊ နိုင်ငံခြား အကူအညီ အထောက်အပံ့ မပါလည်း ကိုယ့်ဟာကိုယ် ရပ်တည်နိုင်ပါတယ်” ဟု ရေးသားခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း ဖျာပုံမြို့ အနီး လမ်းဘေးတွင် တွေ့ရသော အကူအညီများကို စောင့်မျှော်နေသည့် နာဂစ် ဒုက္ခသည်များ။ / The New York Times

ထို့ပြင် “၂၀၀၈ ခုနှစ်၊ မေလ ၂ ရက် နာဂစ်မုန်တိုင်းကြောင့် မြန်မာပြည်သူ တသိန်း သုံးသောင်း ရှစ်ထောင်ကျော် သေဆုံးပြီး အိမ်ရာ အဆောက်အဦပေါင်း ၇ သိန်းခွဲ ပျက်စီး၊ ၁ လမပြည့်ခင်မှာဘဲ နာဂစ်မုန်တိုင်း ကျေးဇူးကြောင့် သစ်ပင်ကြီးတွေလဲ၊ အရိုးပြိုင်းပြိုင်း ကျကုန်လို့ မြင်ကွင်းရှင်းပြီး အိမ်ဝရန်တာက ကြည့်ရင် ရွှေတိဂုံဘုရားကို မပင်မပန်း ဖူးရတယ်၊ မကောင်းဆိုးဝါး မုန်တိုင်းကိုပဲ ကြံဖန်ကျေးဇူးတင်ရတယ်”ဟုလည်း ထည့်သွင်း ရေးသား ထားသေးသည်။

ထိုအချိန်က ဦးကိုကိုလှိုင်သည် နအဖ စစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း လက်အောက်တွင် သတင်းနှင့် စာနယ်ဇင်း အကြံပေးပုဂ္ဂိုလ် လုပ်ရင်း ရန်ကုန် ရွှေတိဂုံဘုရား အနီး အနောက် ရွှေဂုံတိုင် ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင် နေထိုင်နေခြင်း ဖြစ်သည်။

သို့သော် ထိုစဉ်က မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းကမူ စင်္ကာပူတွင် ကျင်းပသော အာဆီယံ ဝန်ကြီးများ အစည်းအဝေးတွင် မုန်တိုင်းဒဏ်ခံ ဒေသများ ပြန်လည် ထူထောင်ရေး အတွက် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၇ ဘီလီယံ လိုမည်ဟု ပြောသည်။

၂၀၀၈ ခုနှစ် ဇူလိုင်လ အတွင်းက ကျင်းပသည့် အာဆီယံ အစည်းအဝေး တခုတွင် တွေ့ရသော မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း။ / Reuters

ဆူရင် ပစ်ဆူဝမ်က“ကျနော်တို့ ၁၁ ဘီလီယံကျော် လိုတယ် ဆိုတာကို ဘယ်လို သိတာလဲ၊ ကျနော်တို့ သေချာရဲ့လား”ဟု သံတမန်လို ပြန်တုံ့ပြန်သည်။

ဒုက္ခသည်များဆီ မရောက်ဘဲ ဗိုလ်ချုပ်များ၏ အိတ်ထဲကို ရောက်သွားနိုင်သည်။

ထိုအချိန်က မြန်မာစစ်အစိုးရ န.အ.ဖ သည် နောက်ဆုံးတွင် နိုင်ငံတကာက တင်ပြလာသည့် အကူအညီပေးရေး အစီအစဉ်ထဲက UN, Asean တို့နှင့် တွဲ၍ ဖော်ဆောင်သည့် Tripartite Core Group (TCG) ကို လက်ခံခဲ့ရသည်။

ဆူရင် ဦးဆောင်သည့် အဖွဲ့က မုန်တိုင်းဒဏ်ခံရသည့် မြန်မာပြည် အောက်ပိုင်းသို့ သွားရောက်ခဲ့သည်။ မြန်မာ စစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ကူညီထောက်ပံ့ရေး အစီအစဉ်များကို ညှိနှိုင်းခဲ့သည်။ သဘော တူညီချက်များလည်း ရခဲ့သည်ဟု ဆိုရမည်။

ထိုအချိန်တွင် မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်က ဦးသိန်းစိန်။

ဆူရင် ပစ်ဆူဝမ်သည် ASEAN Humanitarian Task Force ၏ ဥက္ကဋ္ဌ ဖြစ်လာပါသည်။ TCG တွင်မူ မြန်မာ၊ အာဆီယံ နှင့် UN တို့ သုံးဦးသည် Dialogue Partner ဖြစ်ပါသည်။

ထိုအချိန်က မြန်မာ စစ်အစိုးရ၏ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်သူ (သမ္မတဟောင်း ဒေါက်တာ မောင်မောင်၏ သား) ကလည်း ကိုယ်စားလှယ် အဖြစ် ပါဝင်ခဲ့သည်ကို တွေ့ရသည်။

ထိုအချိန်တွင် နိုလင်း ဟေဇာ (Noeleen Heyzer) က United Nations Economic and Social Commission for Asia and the Pacific (ESCAP) အဖွဲ့ကြီး၏ Executive Secretary ဖြစ်ပြီး ဘန်ကောက်တွင် ရုံးထိုင်ရပါသည်။

သူသည် ထိုမှစကာ မြန်မာ့အရေးတွင် ပါဝင်ကပြရသူ ဖြစ်ပြီး မြန်မာစစ်အစိုးရနှင့် (နောက်ပိုင်း ဦးသိန်းစိန် အစိုးရနှင့်ပါ) ရင်းနှီး ကျွမ်းဝင်သူ ဖြစ်လာခဲ့သည်ကို တွေ့ရသည်။

ဧရာဝတီတိုင်းက နာဂစ် မုန်တိုင်း ဒုက္ခသည်များကို သွားရောက် တွေ့ဆုံနေသည့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် (မျက်မှန်နှင့်)။ / Telegraph

ထို့ကြောင့် အာဆီယံနှင့် မြန်မာတို့ကြားမှာ မီးစိမ်းပြနိုင်ရန် အတွက် နိုင်ငံရေးအရ အလှည့်အပြောင်းများကို မြန်မာက လုပ်ပြရသည်။

ဆူရင် ပစ်ဆူဝမ်က ထို အလှည့်အပြောင်းကို သူ အာဆီယံ လူကြီး တာဝန်ယူရစဉ်မှာ စောင့်ကြည့် တိုင်းတာရသူ။

အမေရိကန်ကလည်း မြန်မာစစ်အစိုးရနှင့် ၎င်းတို့ကြား သံတမန်ရေးရာ ဆက်ဆံမှုများ ပြန်ပြီး အစပျိုးချိန် ဖြစ်သည်။ ထိုအခြေအနေကို ဆူရင်က Golden opportunity ဟု ခေါ်ဝေါ်ပြီး ကြိုဆိုခဲ့သည်ကိုလည်း တွေ့ရသည်။
သို့သော် ဆူရင်ကို အာဆီယံ ခေါင်းဆောင်းများနှင့် နိုင်ငံခြားရေး ဝန်ကြီးတိုင်းက ထောက်ခံနေသည်တော့ မဟုတ်ပေ။

အာဆီယံနှင့် ပတ်သက်၍ ပြောဆိုမှုများ၊ အင်တာဗျူး ပေးသည်များ၊ အာဆီယံ အဖွဲ့ကြီးတွင် ပို၍ ပွင့်လင်း မြင်သာရေး၊ လူ့အခွင့်အရေး စံနှုန်းများကို အလေးထားရေး နှင့် လစ်ဘရယ် အတွေးအခေါ်များကို ပြောသည့် အခါများတွင်မူ အာဆီယံ ထဲက ခေါင်းဆောင် တချို့နှင့် နိုင်ငံခြားရေး ဝန်ကြီးများ စိတ်မသက်မသာ ဖြစ်ကြသည်ဟု သိရသည်။

ထိုသို့ ဖြစ်ရာတွင် မြန်မာက ထိပ်ဆုံးက ပါဝင်မည်မှာတော့ အသေအချာပင် ဖြစ်ပါသည်။

ဆူရင် ပစ်ဆူဝမ်နှင့် မြန်မာနိုင်ငံသည်လည်း သံယောဇဉ် မကုန်ကြ။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေါက်တာ ဆူရင် ပစ်ဆူဝမ် သည် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ခြံအမှတ် (၅၄) ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်း နေအိမ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်သည် မေလတွင် ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

ထိုပွဲသည် အရေးကြီးသည်။ မြန်မာက ၂၀၁၄ မှာ အလှည့်ကျမည့် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို လိုချင်သည်။ အရင်က လွဲခဲ့သည်။ အာဆီယံက မြန်မာ စစ်အစိုးရကို ဥက္ကဋ္ဌ ရာထူး အတွက် ငြင်းထားခဲ့သည်။

ဆူရင် ပစ်ဆူဝမ်က သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်မှာ တွေ့ဆုံခဲ့သည်။ ပြီးတော့ရန်ကုန်ကို ဆင်းလာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ခြံအမှတ် ၅၄ မှာတွေ့ဆုံသည်။

မြန်မာမှာ ထိုအချိန်က အိမ်တော် ၂ ခုရှိသည်။ နေပြည်တော်က သမ္မတ အိမ်တော်နှင့် ရန်ကုန် တက္ကသိုလ်ရိပ်သာ လမ်းက အိမ်တော်။

ပြည်သူ အများစုက တက္ကသိုလ်ရိပ်သာ လမ်းက အိမ်တော်ကို ပိုပြီး အလေးထားကြသည်။

အာဆီယံ အထွေထွေ အတွင်းရေးမှူးက သမ္မတ ဦးသိန်းစိန် ဆီက ကတိတချို့ ရခဲ့ပုံရှိသည်။ ၂၀၁၀ မှာ လုပ်ခဲ့သည့် ရွေးကောက်ပွဲ မျိုးမဟုတ်ဘဲ ကြားဖြတ် ရွေးကောက်ပွဲကို နိုင်ငံတကာက လေ့လာသူများအပြင် မီဒီယာများကပါ တက်ရောက် လေ့လာ သတင်းရေးသားခွင့်။

သူက Transparency (ပွင့်လင်း မြင်သာမှု) နှင့် နိုင်ငံတာကာ၏ Confidence (ယုံကြည်မှု) လိုကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှာတော့ အာဆီယံ ထဲမှာ ယုံကြည်လက်ခံမှု ပြည်လည် ရရှိရေး၊ အာဆီယံ ထဲမှာ Integration (တစည်းတလုံးတည်း) ဟုဆိုသော ပေါင်းစပ်ရေး တို့ကို နေပြည်တော်က လိုလားကြောင်း ဆူရင် ပစ်ဆူဝမ်က ပြောခဲ့သည်။

သမ္မတ ဦးသိန်းစိန်က အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ပြုပြင်ပြောင်းလဲရေးကို လုပ်နေပြီဖြစ်ကြောင်း၊ အနောက် နိုင်ငံများ၏ ပိတ်ဆို့မှု ဆန်ရှင် (Sanction) ရုပ်သိမ်းသင့်ပြီ ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်းလည်း ဆူရင် ပစ်ဆူဝမ်က ပြောကြားခဲ့သည်။ မြန်မာ အစိုးရက လိုချင်နေတာကတော့ ဆန်ရှင် ရုပ်သိမ်းရေးပဲ ဖြစ်သည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
185

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဆန်ရှင် နှင့် ပတ်သက်သည့် မေးခွန်းကို ဖြေရာမှာတော့ ဆန်ရှင် သည် ထိရောက်မှု ရှိခဲ့ကြောင်း ဖြေကြားခဲ့သည်။ သို့သော် ယခု အပြောင်းအလဲတွင် စစ်တပ်က ဘယ်လို သဘောထားရှိလဲ ဆိုသည့် မေးခွန်းကတော့ အဖြေမရှိပါ။

ထိုအချိန်က ကာကွယ်ရေး ဦးစီးချုပ်အသစ် ခန့်အပ်ခဲ့ပြီ ဖြစ်သည်။ စစ်အစိုးရ ခေါင်းဆောင်ထဲက အကြီးအကဲ ၂ ဦး ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့က ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ရွေးချယ် ခန့်အပ်ခဲ့ပြီ ဖြစ်သည်။

၂၀၁၂ ရွေးကောက်ပွဲ ပြီးလျှင် အာဆီယံ သည် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီ လွတ်တော်ထဲမှာ ပါဝင်ခွင့်ကို စောင့်ကြည့်ပြီး အာဏာရ ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်က မည်သို့ ခြေလှမ်းလှမ်းမလဲ ဆိုသည်ကို အကဲခတ်မည့်ပုံ။ ထို့ကြောင့် ဆူရင် ပစ်ဆူဝမ်က ၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်ချင်လျှင် ၂၀၁၃ တွင် အများကြီး လုပ်ပြရမည်ဟု ပြောဆို ခဲ့သည်။

အာဆီယံ ဥက္ကဋ္ဌ ရာထူးကို လိုချင်သော မြန်မာသည် အတိုက်အခံ ခေါင်းဆောင်အား လမ်းဖွင့်ပေးပြီး သူလိုချင်သည်ကို ညှိယူရမည့် ကစားကွက်။

အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆူရင် ပစ်ဆူဝမ် နှင့် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်။ / AFP

ဆူရင် ပစ်ဆူဝမ်က ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတကာ လေ့လာသူ များနှင့် သတင်းမီဒီယာများ တက်ရောက်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်ကိုလည်း တွေ့ရသည်။

မြန်မာပြည် စတင်ပြီး ပွင့်လင်း လွတ်လပ်စ အချိန်ဖြစ်သည်။

ဆူရင် ပစ်ဆူဝမ်က ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တရားဝင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဆူရင်နှင့် ဒေါ်အောင်ဆန်းစုကြည် သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာသည် အာဆီယံကို ပို၍ ထိတွေ့ ဆက်ဆံပြီး နိုင်ငံတကာ နှင့်လည်း ပို၍ ရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံနိုင်မည်လား၊ ထို့ပြင် မြန်မာသည် အာဆီယံထဲမှာ အခြားနိုင်ငံများကို ပုခုံးချင်း ယှဉ် ကျော်ဖြတ်သွားနိုင်မည်လား ဆိုသည့် မေးခွန်းများကို နှစ်ဦးစလုံးက ပျော်ရွှင်စွာ ဖြေခဲ့ကြသည်ကိုလည်း တွေ့ရသည်။

ဆူရင်က မဒမ် ဒေါ်အောင်ဆန်းစုကြည်ဟု တခါတရံ ခေါ်သည်ကို တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ အာဆီယံ ထဲမှာ လစ်ဘရယ် ဒီမိုကရေစီကို ယုံကြည်လက်ခံ ကျင့်သုံးသော ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း တဦးအား လက်ခံတွေ့ဆုံ နေရသည်ကို သိမသိတော့ မသိ။

ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာအစိုးရကလည်း နိုင်ငံတကာနှင့် အပေးအယူ အလျှော့အတင်း လုပ်နေရသည့် အချိန်။ မကြိုက်သည့် အစားအစာများကို မနှစ်သက်ဘဲ အောင့်အီးပြီး မျိုချနေရချိန်ဟု ဆိုလျှင်လည်း မမှားနိုင်။

မြန်မာက အာဆီယံ ဥက္ကဋ္ဌ ရာထူးကို အကြိမ်ကြိမ် လွှဲဖယ်ခံရသည်။ မြန်မာတွင် ပြုပြင် ပြောင်းလဲရေးများ စတင်ချိန်တွင် ထိုသရဖူကို ပေးမည်ဟု အာဆီယံက လေသံ ပစ်ထားခဲ့ဖူးသည်။

ထို့ကြောင့် ၂၀၁၄ တွင် မြန်မာနိုင်ငံ၌ အာဆီယံ အစည်းအဝေးကို လက်ခံ ကျင်းပသော နိုင်ငံ ဖြစ်ရေးသည် စစ်အာဏာရှင်များ အတွက် အရေးကြီးသည်။

“အပေါ်ယံဆန်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ၊ ဖြေလျှော့မှု တချို့တွေတော့ လုပ်ပေးမယ်။ ဒါပေမယ့် အာဏာကတော့ ငါတို့ လက်ထဲမှာပဲ” ဆိုသည့် အယူအဆကတော့ စစ်အစိုးရက တွေးပြီးသား ဖြစ်ပုံရသည်။ ။

(ဆက်လက် ဖော်ပြပါမည်)

(အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)

You may also like these stories:

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၂)

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၃)

Your Thoughts …
Tags: NLDUNဆူရင် ပစ်ဆူဝမ်ဒေါ်အောင်ဆန်းစုကြည်နာဂစ်သမ္မတ ဘုရှ်အမေရိကန်အာဆီယံ
အောင်ဇော်

အောင်ဇော်

အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
ကျနော် နိုင်ငံခြား သတင်းထောက်

ကျနော် နိုင်ငံခြား သတင်းထောက်

မောင်တော၌ ရွာသား ၂ ဦးကို ARSA အဖွဲ့ဖမ်းဆီး ကားပါ မီးရှို့

မောင်တော၌ ရွာသား ၂ ဦးကို ARSA အဖွဲ့ဖမ်းဆီး ကားပါ မီးရှို့

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved