• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာ့အရေးကြောင့် အာဆီယံသို့ အရှေ့တီမော ဝင်ရောက်ရေး ဆုံးဖြတ်ရ ခက်နေ

by Maria Siow
15 August 2023
in ဆောင်းပါး
A A
မြန်မာ့အရေးကြောင့် အာဆီယံသို့ အရှေ့တီမော ဝင်ရောက်ရေး ဆုံးဖြတ်ရ ခက်နေ

တီမောသမ္မတ ဂျိုဆေးရာမို့စ်ဟော်တာကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒေါ်အောင်ဆန်းစုကြည်ပုံ လက်ဆောင်ပေးစဉ်/ NUG

2.4k
VIEWS
Share on FacebookShare on Twitter

မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး အားထုတ်မှုများ မအောင်မြင်ပါက အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သို့ ဝင်ရောက်ရေးကိစ္စကို ပြန်လည် စဉ်းစားမည်ဖြစ်ကြောင်း အရှေ့တီမော၏ ပြောကြားချက်သည် အဖွဲ့၏စံနှုန်းများကို ကိုင်တွယ်ရာနှင့် အဖွဲ့သို့ဝင်ရောက်ရေး အသင့်ဖြစ်မှုအကြား ခက်ခဲသော ချိန်ညှိမှုကို ပြသနေသည်ဟု သုတေသီများက ပြောသည်။

၂၀၀၂ ခုနှစ်တွင် လွတ်လပ်ရေး ရပြီးနောက် အာရှတွင် ဒီမိုကရေစီကျင့်သုံးသည့် သက်တမ်းအငယ်ဆုံး နိုင်ငံဖြစ်သော အရှေ့တီမောသည် မည်သည့်နေရာတွင်မှ စစ်အာဏာရှင်အုပ်စုများကို လက်ခံမည် မဟုတ်သလို မြန်မာမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း လျစ်လျူရှုနေမည်မဟုတ်ကြောင်း ဝန်ကြီးချုပ် မစ္စတာ ရှာနာနာ ဂတ်စ်မော်က လွန်ခဲ့သောအပတ်တွင် ပြောကြားခဲ့သည်။

“မြန်မာမှာ အကြမ်းဖက်မှု ရပ်ဆိုင်းရေး အာဆီယံက စစ်ကောင်စီကို ယုံကြည်အောင် မလုပ်နိုင်ရင် အရှေ့တီမောအနေနဲ့ အာဆီယံကို ဝင်ရောက်မှာ မဟုတ်ဘူး” ဟု မေလက ရွေးကောက်ပွဲနိုင်ခဲ့သောပါတီမှ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူ ဝန်ကြီးချုပ် မစ္စတာ ဂတ်စ်မော်က ပြောသည်။

မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် ကိုယ့်ပြည်သူကိုယ် ပြန်လည် နှိမ်နင်းချိန်မှစတင်ပြီး အာဆီယံသည် စစ်ကောင်စီကို အရေးယူရာတွင် ညံ့ဖျင်းပြီး ထိရောက်မှုမရှိသည့် တုံ့ပြန်သောကြောင့် ဝေဖန်ခံနေရသည်။

ယခုလတွင် ရွေးကောက်ပွဲများ ကျင်းပရန် ကတိပြုထားသော်လည်း လုံခြုံရေး အကြောင်းပြချက်များနှင့် နိုင်ငံတွင် ဆက်လက် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုကို အကြောင်းပြကာ စစ်တပ်က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုက်သည်။ အာဏာသိမ်းပြီးနောက် ၎င်းတို့ချမှတ်ခဲ့သည့် အရေးပေါ်အခြေအနေကို သက်တမ်း တိုးလိုက်သည်။

မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် ကိုယ့်ပြည်သူကိုယ် ပြန်လည် နှိမ်နင်းချိန်မှစတင်ပြီး အာဆီယံသည် စစ်ကောင်စီကို အရေးယူရာတွင် ညံ့ဖျင်းပြီး ထိရောက်မှုမရှိသည့် တုံ့ပြန်သောကြောင့် ဝေဖန်ခံနေရသည်။

သို့သော် အရှေ့တီမော၏ ရည်မှန်းချက်သည် အာဆီယံ၏ အစိတ်အပိုင်းဖြစ်ရေး ဖြစ်ကြောင်းနှင့် ရှုပ်ထွေးလှသော မြန်မာ့အကျပ်အတည်းကို အပြည့်အဝ ဖြေရှင်းရန် အာဆီယံကို မျှော်လင့်ခြင်းသည် မျှတမှု မရှိကြောင်း အရှေ့တီမော သမ္မတ ရာမို့စ် ဟော်တာက ဩဂုတ်လ ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

မစ္စတာ ဂတ်စ်မို ၏ မှတ်ချက်သည် အရှေ့တီမော၏ အာဆီယံသို့ ဝင်ရောက်ရန် အသင့်ဖြစ်မှု အခြေအနေကို ကောင်းစွာ ထင်ဟပ်နိုင်ကြောင်း ဂျကာတာမှ သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန (CSIS) မှ သုသေတီ မူဟာမက် ဝက်ဖ်ဖာ ခါရစ်စမာက ပြောသည်။

အဖွဲ့တွင် တင်းပြည့်အဖွဲ့ဝင်မဖြစ်မီ အရှေ့တီမောအနေဖြင့် အချိန်ယူရနိုင်ကြောင်း မှတ်ချက်ချပြီး မူဟာမက် ဝက်ဖ်ဖာက အရှေ့တီမော၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရှေ့တန်းတင်ခြင်းတို့သည် အာဆီယံ၏ ဝင်ရောက် မစွက်ဖက်ရေးမူကဲ့သို့သော စံနှုန်းများကြောင့် အနှောင့်အယှက် ဖြစ်နိုင်ကြောင်း ပြောသည်။

အရှေ့တီမော ဝန်ကြီးချုပ် မစ္စတာ ဂတ်စ်မော် / Aljazeera

“အဲဒီမူကို တင်းကျပ်စွာ ဆက်လက် ဖွင့်ဆိုနေဆဲ ဖြစ်တယ်” ဟု သူက မှတ်ချက်ချပြီး မစ္စတာ ဂတ်စ်မော်၏ မှတ်ချက်သည် အရှေ့တီမောနိုင်ငံသည် အဖွဲ့၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်ရန် နီးကပ်လာချိန်တွင် ခိုင်မာသော ဒီမိုကရေစီအာဘော် ထုတ်ဖော်ရန် နေရာရှိ၊ မရှိနှင့် ပတ်သက်ပြီး ကြီးထွားနေသည့် စိုးရိမ်မှုကို ထင်ဟပ်နေကြောင်း ပြောသည်။

အရှေ့တီမောသည် အာဆီယံအတွင်း ဝင်ရောက်ရေးအတွက် ဆယ်စုနှစ်တခုကျော် ကြိုးစားခဲ့ပြီး လွန်ခဲ့သော နိုဝင်ဘာလတွင် ခွင့်ပြုချက်ရသည်။ အာဆီယံကလည်း အရှေ့တီမောသည် နိုင်ငံတည်ဆောက်ဆဲ ဖြစ်သောကြောင့် တင်းပြည့်အဖွဲ့ဝင် ဖြစ်နိုင်သည့် စွမ်းရည် ရှိ၊ မရှိကို အစောပိုင်းက စိတ်ပူခဲ့သည်။ အရှေ့တီမောမှ အရွယ်ရောက်ပြီးသူများ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃,၃၃၆ သာ ရှိသောကြောင့် အာရှတွင် အနိမ့်ဆုံးများအနက်မှ တနိုင်ငံဖြစ်သည်။

အင်ဒိုနီးရှားတွင် ပြီးခဲ့သည့်မေလက ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲတွင် အာဆီယံသည် အရှေ့တီမော တင်းပြည့် အဖွဲ့ဝင်ဖြစ်ရေးအတွက် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှု နယ်ပယ်များ အပါအဝင် လုပ်ဆောင်ရမည့် လုပ်ငန်းများ လမ်းပြမြေပုံကို အပြီးသတ် သဘောတူခဲ့သည်။

အာဆီယံက အရှေ့တီမောသည် နိုင်ငံတည်ဆောက်ဆဲ ဖြစ်သောကြောင့် တင်းပြည့်အဖွဲ့ဝင် ဖြစ်နိုင်သည့် စွမ်းရည် ရှိ၊ မရှိကို အစောပိုင်းက စိတ်ပူခဲ့သည်။

အရှေ့တီမောသည် တင်းပြည့်အဖွဲ့ဝင် ဖြစ်ရေးအတွက် အာဆီယံ၏ ကျယ်ပြန့်သော ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အပါအဝင် အဓိကကျသည့် သဘောတူညီမှု ၆၆ ခုကို လက်မှတ်ရေးထိုးရမည် ဖြစ်သည်။

အရှေ့တီမောသည် အာဆီယံအဖွဲ့ဝင် ဖြစ်ရေးနှင့် ပတ်သက်ပြီး ခက်ခဲသော ချိန်ညှိရသည့်လုပ်ငန်း လုပ်နေရကြောင်း အမေရိကန်ရှိ California State University East Bay မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ဒေါက်တာ မာရီယာ အော်တူအော့စ် ပြောပြီး အရှေ့တီမောသည် မြန်မာလူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ထောက်ခံပြောကြားသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ကြောင်း ပြောသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
365
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
156
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.1k

မစ္စတာ ဂတ်စ်မော်သည် ၂၀၀၄ ခုနှစ်တွင် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးရန် တောင်းဆိုမှု ပြုလုပ်ခဲ့ကြောင်း မှတ်ချက်ချပြီး ဒေါက်တာ အော်တူအော့စ်က အရှေ့တီမောသည် ၎င်းတို့နိုင်ငံနှင့် အာဆီယံအကြား ထိပ်တိုက်တွေ့စေသည့် ဒီမိုကရေစီ လိုလားသောနိုင်ငံ သို့မဟုတ် ပိုမိုလက်တွေ့ကျသည့် ရပ်တည်ချက်ဖြင့် ရပ်သည့်အကြား ပြောင်းလဲနေသည့် သမိုင်းရှိကြောင်း ပြောသည်။

“ရာမို့စ် ဟော်တာက ပိုလို့ လက်တွေ့ကျတဲ့ နည်းလမ်းကို ယူတယ်” ဟု ဒေါက်တာ အော်တူအော့စ်က ပြောကြားပြီး အရှေ့တီမောသည် အာဆီယံအဖွဲ့ဝင် ဖြစ်ရေးအတွက် လူ့အခွင့်အရေး ၂၀၀၄ ခုနှစ်က ကဲ့သို့ လူ့အခွင့်ရေး ထုတ်ပြန်ကြေညာချက်များကို လေသံလျှော့ချခဲ့ကြောင်း ၎င်းကပြောသည်။ ထိုစဉ်က ရာမို့စ်ဟော်တာသည် ထိုစဉ်က စစ်ကောင်စီ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် စာနာကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ ဖေဖော်ဝါရီလအတွင်း ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး

သို့သော် ဧပြီလတွင် လူမှုအခြေပြု အဖွဲ့အစည်းများက ရာမို့စ်ဟော်တာ အနေဖြင့် စစ်ကောင်စီ ကိုယ်စားလှယ်များကို မဖိတ်ဘဲ အာဏာသိမ်းကာလအတွင်း ဖြုတ်ချခံ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များကို ဖိတ်ကြားရန် တောင်းဆိုသည့်အခါ အရှေ့တီမောသည် ပြည်တွင်း ပြည်သူ့အမြင်နှင့်လည်း ရင်ဆိုင်နေရကြောင်း ဒေါက်တာ အော်တူအော့စ်က ပြောကြားသည်။

NUG ကိုယ်စားလှယ်များသည် ဇူလိုင်လတွင် အရှေ့တီမောမြို့တော် ဒီလီသို့ သွားရောက်လည်ပတ်ပြီး စစ်ကောင်စီအဖို့ ဆန့်ကျင်မှုကို ဖြစ်စေသည်။ “ဒါကြောင့် အရှေ့တီမော နိုင်ငံခြားရေးမူဝါဒမှာ ခက်ခက်ခဲခဲ ချိန်ညှိရတယ်” ဟုလည်း ဒေါက်တာ အော်တူအော့စ်က ပြောသည်။

အာဆီယံသည် မြန်မာနှင့် ပတ်သက်သည့်အမြင် ကွဲပြားနေဆဲဖြစ်ပြီး ထိုအချက်သည် အချို့အဖွဲ့ဝင်များက အရှေ့တီမောအား တင်းပြည့်အဖွဲ့ဝင်ဖြစ်ခြင်းကို ဆန့်ကျင်ရန် အကြောင်းဖြစ်နေသည်ဟု ၎င်းကပြောသည်။

အာဆီယံသည် မြန်မာနှင့် ပတ်သက်သည့်အမြင် ကွဲပြားနေဆဲဖြစ်ပြီး ထိုအချက်သည် အချို့အဖွဲ့ဝင်များက အရှေ့တီမောအား တင်းပြည့်အဖွဲ့ဝင်ဖြစ်ခြင်းကို ဆန့်ကျင်ရန် အကြောင်းဖြစ်နေသည်

အရှေ့တီမော အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခြင်းကို စိုးရိမ်ပူပန်မှုများဖြင့် စောင့်ကြည့်နေကြပြီး စင်ကာပူနှင့် လာအိုအပါအဝင် အချို့နိုင်ငံများက အရှေ့တီမောတွင် ဖွံ့ဖြိုးတိုးတက်မှု ကင်းမဲ့ခြင်းသည် ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုကို ထိခိုက်စေမည်ဟု မှတ်ချက်ချကြသည်။ အာဆီယံကို မူလအဖွဲ့ဝင် ငါးနိုင်ငံမှ ၁၉၉၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် အဖွဲ့ဝင် ၁၀ နိုင်ငံအဖြစ် ချဲ့ထွင်လိုက်ခြင်းသည် အဖွဲ့ကို ကိုင်တွယ်ရန် ခက်ခဲစေကြောင်း တည်ထောင်သည့်နိုင်ငံများဖြစ်သည့်စင်ကာပူနှင့် အခြားနိုင်ငံများကလည်း ယခင်က ပြောခဲ့သည်။

ဗီယက်နမ်သည် အာဆီယံသို့ ၁၉၉၅ ခုနှစ်တွင် ဝင်ပြီး လာအိုနှင့် မြန်မာက ၁၉၉၇ ခုနှစ်တွင်ဝင်ကာ ကမ္ဘောဒီးယားက ၁၉၉၉ ခုနှစ်တွင် ဝင်ရောက်သည်။

သို့သော် မူဟာမက် ဝက်ဖ်ဖာက အင်ဒိုနီးရှားသည် ယခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခြင်းသည် မြန်မာမှ အကျပ်အတည်းကို ဖြေရှင်းရန် လုပ်ဆောင်နေသော အားထုတ်မှုများကို ညွှန်ပြနေကြောင်း ပြောကြားပြီး နောက်ဆုံးတွင် အရှေ့တီမော အာဆီယံအဖွဲ့ဝင်ဖြစ်ရေး၏ အရေးပါမှုကို ထပ်မံ အလေးထား ပြောသည်။

မစ္စတာ ဂတ်စ်မော်၏ စိတ်ခံစားချက်ကို မစ္စတာ ရာမို့စ် ဟော်တာ ကဲ့သို့သော အခြားခေါင်းဆောင်များက ခံယူမည် မဟုတ်ကြောင်း ဂျကာတာရှိ ဟာဘီဘီ စင်တာမှ မက်ဘဒါ ဟာရင်းနီဆာ ဖာဂျရီလာ ဆီဒစ်က ပြောသည်။

“ဒီလိုတူညီတဲ့ အမြင်ရှိတဲ့သူတွေက ဆယ်စုနှစ်တခုကြာ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ အာဆီယံအဖွဲ့ဝင် ဖြစ်ရေးကို အန္တရာယ်ကျရောက်စေမှာကို မလိုလားကြောင်း သေချာတယ်” ဟုလည်း ၎င်းကပြောပြီး အာဆီယံအဖွဲ့ဝင် ဖြစ်ရေးသည် အရှေ့တီမော၏ နိုင်ငံခြားရေးမူဝါဒ ဦးစားပေးဖြစ်ကြောင်း ပြောသည်။

စီးပွားရေးနှင့် ပထဝီနိုင်ငံရေး သုံးသပ်ချက်များသည် အရေးကြီးသော်လည်း အရှေ့တီမော ခေါင်းဆောင်များကို အာဆီယံ ဘုံသဘောတူညီချက် ချမှတ်ရေးတွင် နေရာချထားပေးရေးသည်လည်း အရေးကြီးသည်

စီးပွားရေးနှင့် ပထဝီနိုင်ငံရေး သုံးသပ်ချက်များသည် အရေးကြီးသော်လည်း အရှေ့တီမော ခေါင်းဆောင်များကို အာဆီယံ ဘုံသဘောတူညီချက် ချမှတ်ရေးတွင် နေရာချထားပေးရေးသည်လည်း အရေးကြီးသည်ဟု မက်ဘဒါ ဟာရင်းနီဆာ ဖာဂျရီလာ ဆီဒစ်က ပြောသည်။

“အပေးအယူ လုပ်ရေးဟာ အာဆီယံ ဆုံးဖြတ်ချက်ချရေးမှာ အဓိကပဲ။ သဘောတူညီချက်တွေဟာ မကြာခဏ ဆိုသလို စံနှုန်း မဟုတ်တော့ဘူး” ဟုလည်း ၎င်းက ပြောသည်။

(South China Morning Post ပါ Maria Siow ၏ Myanmar crisis reflects East Timor’s ‘difficult balancing act’ in Asean accession bid: analysts ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာ့အရေး မဖြေရှင်းနိုင်ရင် အာဆီယံမှာ မပါသေးဟု တီမော ပြော

အရှေ့တောင် အာရှ၊ အာဆီယံ ၅၆ နှစ်ကြာ ခရီးနှင့် မြန်မာ့အရေး

ကစ်ဆင်ဂျာ ရာပြည့်နှင့် မြန်မာ့နိုင်ငံရေး သမင်လည်ပြန်

အာဆီယံအက်ကြောင်းနှင့် ဗြဟ္မာကြီးဦးခေါင်း မြန်မာ

မြန်မာ့အရေး အဖွဲ့ကွဲခြင်းကို ရှောင်ရှားရန် အာဆီယံက တိုက်တွန်း

Your Thoughts …
Tags: NUGစင်ကာပူစစ်ကောင်စီရွေးကောက်ပွဲအရှေ့တီမောအာဆီယံ
Maria Siow

Maria Siow

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဖားကန့်မြေပြိုမှု အလောင်း ၂၅ လောင်း ပြန်တွေ့ထား

ဖားကန့်မြေပြိုမှု အလောင်း ၂၅ လောင်း ပြန်တွေ့ထား

အခြေခံစားကုန်ဈေးနှုန်း အတက်ကြမ်း

အခြေခံစားကုန်ဈေးနှုန်း အတက်ကြမ်း

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved