• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့အရေး အဖွဲ့ကွဲခြင်းကို ရှောင်ရှားရန် အာဆီယံက တိုက်တွန်း

by ဧရာဝတီ
6 February 2023
in သတင်း
A A
အရှေ့တောင်အာရှနိုင်ငံများအသင်းမှ နိုင်ငံခြားရေး ဝန်ကြီးအဆင့်အစည်းအဝေး စနေနေ့တွင် ပြီးဆုံးသွားသည် / Indonesian Ministry of Foreign Affairs

အရှေ့တောင်အာရှနိုင်ငံများအသင်းမှ နိုင်ငံခြားရေး ဝန်ကြီးအဆင့်အစည်းအဝေး စနေနေ့တွင် ပြီးဆုံးသွားသည် / Indonesian Ministry of Foreign Affairs

6.8k
VIEWS
Share on FacebookShare on Twitter

အရှေ့တောင်အာရှနိုင်ငံများအသင်းမှ နိုင်ငံခြားရေးဝန်ကြီးများသည် နှစ်ရက်ကြာ ဆွေးနွေးပြီးနောက် တနှစ်တာ၏ ပထမဆုံးသော ဝန်ကြီးအဆင့်အစည်းအဝေးကို စနေနေ့တွင် ပြီးဆုံးသွားသည်။ အဖွဲ့ဝင်နိုင်ငံများသည် အကျပ်အတည်းဖြစ်ပွားနေသော မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် စည်းလုံးမှုရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ က အာဆီယံသည် အဖွဲ့၏ ကျယ်ပြန့်သော ပံ့ပိုးကူညီမှုဖြင့် ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ မြန်မာစစ်တပ်က ခန့်အပ်ထားသော နိုင်ငံခြားရေး ဝန်ကြီးကို အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားသည်။

“ဒီအစီအစဉ်က အာဆီယံဥက္ကဋ္ဌအတွက် အထူးအရေးကြီးပါတယ်၊ မြန်မာနိုင်ငံက အခြေအနေတွေကို စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းဖို့ လမ်းညွှန်ချက်တခုအနေနဲ့ အာဆီယံအတွက် အလွန်အရေးကြီးပါတယ်” ဟု ရတ်နိုမာဆူဒီက အစည်းအဝေးအပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။ “ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အာဆီယံအဖွဲ့ဝင်တွေက ခိုင်မာတဲ့ စည်းလုံးမှုကို ပြသကြပါတယ်” ဟုလည်း ၎င်းက ပြောသည်။

ဘုံသဘောတူညီချက် ၅ ရပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်မှ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက် ဧပြီလ၌ ပြုလုပ်သော အဖွဲ့၏ အရေးပေါ် ထိပ်သီးအစည်းအဝေးတွင် သဘောတူညီခဲ့ပြီး အကြမ်းဖက်မှုများကို ရပ်တန့်ရန် တောင်းဆိုမှု ပါဝင်သည်။ .

အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ရတ်နိုမာဆူဒီသည် မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းမှုနှင့် ပတ်သက်၍ အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများအပေါ် စာတမ်းတင်ရာတွင် အရေးကြီးကြောင်း မီးမောင်းထိုးပြကာ “စည်းလုံးခြင်း” ဟူသော စကားလုံးကို ထပ်ခါတလဲလဲ အသုံးပြုခဲ့သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
55
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
829
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
229

မြန်မာစစ်တပ်နှင့် ခိုင်မာသော ဆက်ဆံရေးရှိသည့် ထိုင်းနိုင်ငံသည် ဒီဇင်ဘာလတွင် မြန်မာစစ်တပ်မှ ခန့်အပ်ထားသော နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရားဝင်မဟုတ်သော တွေ့ဆုံပွဲတရပ်ကို ကျင်းပခဲ့သည်။ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့ တက်ရောက်ခဲ့ပြီး အခြားအဖွဲ့ဝင်ငါးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းတို့ မတက်ခဲ့ကြပေ။

“အာဆီယံနိုင်ငံတွေကြား ကုန်းကြောင်းနဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ကွာခြားမှုက ချဉ်းကပ်ပုံကို ကွာခြားမှု ဖြစ်စေပါတယ်” ဟု စင်ကာပူရှိ အာဆီယံလေ့လာရေးစင်တာမှ အကြီးတန်းလုပ်ဖော်ကိုင်ဖက်နှင့် ညှိနှိုင်းရေးမှူး Sharon Seah က Nikkei Asia သို့ ပြောကြားခဲ့သည်။ “ထင်ရှားတာက ထိုင်းနိုင်ငံရဲ့ အစပျိုးမှုဟာ အဲဒီကွာဟချက်ကို တံတားထိုးဖို့ ကြိုးစားတာပါ၊ ဒါပေမယ့် ကွာဟချက်က ပိုကွာဟသွားပြီး နောက်ပြန်ဆုတ်သွားတယ်လို့ ယူဆနိုင်ပါတယ်” ဟုလည်း ပြောသည်။

မြန်မာအရေးအပြင် တောင်တရုတ်ပင်လယ်အငြင်းပွားမှုနှင့် အာဆီယံအသင်းတွင် အရှေ့တီမော၏ ပါဝင်ဆောင်ရွက်ရေး အစီအစဉ်များကိုလည်း ထည့်သွင်းထားသည်။ အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီးကို လေ့လာသူအဖြစ် ပထမဆုံးအကြိမ် အစည်းအဝေးသို့ စေလွှတ်ခဲ့သည်။ အာဆီယံခေါင်းဆောင်များသည် အရှေ့တီမောကို အဖွဲ့၏ ၁၁ ယောက်မြောက် အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုကာ လေ့လာသူအဆင့်ကို ပေးအပ်ရန် နိုဝင်ဘာလတွင် သဘောတူခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်ထပ်နေသည့် ပိုင်နက်တောင်းဆိုမှုများကို ကိုင်တွယ်ဖြေရှင်းရန် ကျင့်ဝတ်ဆိုင်ရာ “တတ်နိုင်သမျှ အမြန်ဆုံး” နှင့် ဆွေးနွေးမှု အပြီးသတ်ရန် ဝန်ကြီးများသည် အဖွဲ့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်။

ကိုးကား။ ။ Nikkei Asia

အရေးပေါ်အခြေအနေ သက်တမ်းတိုးမှု တရားမဝင်အုပ်ချုပ်ရေး သက်ဆိုးရှည်စေဟု အမေရိကန်ပြော

စစ်ကောင်စီ သက်တမ်းတိုးမှု အကြမ်းဖက်မှုသာ တိုးလာနိုင်ဖွယ်ရှိ

သံတမန်ဆက်ဆံရေး ၇၅ နှစ် မတိုင်မီ စစ်ကောင်စီမီဒီယာက ပူတင်ကို အလွန်အကျွံ ချီးကျူး

တပါတီတည်း ကြီးစိုးရေး စစ်ကောင်စီရဲ့ ကလိမ်ကကျစ် အကြံအစည်

ရာဇပလ္လင်ကို ဖက်တွယ်ရေး ကြိုးစားနေသည့် မင်းအောင်လှိုင်

Your Thoughts …
Tags: Aseanနိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဗလင်ကန်မြန်မာ့အရေးအင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအရှေ့တောင်အာရှနိုင်ငံများ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

by ဧရာဝတီ
22 January 2025
9.7k

ထရမ့်ပြန်လာပြီ။ ကမ္ဘာက စိတ်လှုပ်ရှားနေသည်။ သမ္မတထရမ့်သည် အပေးအယူ လုပ်တတ်သော ခေါင်းဆောင်ဖြစ်သည်။

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

by ဧရာဝတီ
18 October 2023
5.7k

စစ်အာဏာသိမ်းပြီးနောက်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာစင်မြင့်တွင် စစ်ကောင်စီကို ထောက်ခံနေသော်လည်း မင်းအောင်လှိုင်၏ ဘေ့ဂျင်းသို့ ဖိတ်ခေါ်ရေး တောင်းဆိုမှုကို ဆက်လက်ပယ်ချနေသည်။

အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်

အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်

by Igor Blazevic
27 July 2024
4.7k

၎င်းတို့သည် မြန်မာမှ ပကတိအခြေအနေနှင့် လုံးဝ ကင်းကွာသည့် ၎င်းတို့အယူအဆများကိုသာ ပဲ့တင်ထပ်သော ခန်းမများတွင်သာ နေထိုင်ကြပုံရသည်။

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

by ဧရာဝတီ
4 September 2023
4.5k

ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တနင်္လာနေ့တွင် စည်းဝေးကြသည်။

တရုတ်နှင့်လက်တွဲပြီး မြန်မာ့အရေးဖြေရှင်းရန် ICG ထောက်ပြ

တရုတ်နှင့်လက်တွဲပြီး မြန်မာ့အရေးဖြေရှင်းရန် ICG ထောက်ပြ

by ဧရာဝတီ
27 March 2024
3.7k

မြန်မာ့အရေးပြဿနာဖြေရှင်းရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်ကဲ့သို့ အင်အားကြီးနိုင်ငံများနှင့် လက်တွဲပူးပေါင်းနိုင်သောကဏ္ဍများအား ရှာဖွေဖော်ထုတ်သင့်သည့်အပြင် တကမ္ဘာလုံးက အာရုံစိုက်လာရေး ကြိုးပမ်းသင့်ကြောင်း နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (ICG) က ယနေ့ ထုတ်ပြန်သော အစီအရင်ခံစာတွင် ထောက်ပြထားသည်။

မြန်မာ့အရေး မဖြေရှင်းနိုင်ရင် အာဆီယံမှာ မပါသေးဟု တီမော ပြော

မြန်မာ့အရေး မဖြေရှင်းနိုင်ရင် အာဆီယံမှာ မပါသေးဟု တီမော ပြော

by ဧရာဝတီ
9 August 2023
2.7k

အရှေ့တီမော ဝန်ကြီးချုပ် ဇနားနား ဂတ်ရှမို က မြန်မာနိုင်ငံ၏ အကျပ်အတည်းအား ပြေလည်အောင် မဖြေရှင်းနိုင်လျှင် အာဆီယံမှာ ပါဝင်ရေး ရည်မှန်းချက်ကို ပြန်စဉ်းစားမည်ဟု ပြောကြားလိုက်သည်။

Next Post
စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ ရေးသားမှုကြောင့် ဖမ်းဆီးခံရသူ မခင်ဖုန်းဇော်

လူမှုကွန်ရက် အသုံးပြုသူများကို စစ်ကောင်စီ ပိုမို ခြိမ်းခြောက်လာ

ယခင် စစ်ဗိုလ်ချုပ်များနှင့်ပေါင်းပြီး စီးပွားရှာခဲ့သော ခရိုနီအဟောင်းများအပြင် မင်းအောင်လှိုင်လက်ထက် ခရိုနီ လက်သစ်ပေါင်းများစွာလည်း ပေါ်ထွက်လာနေသည်

အသက်ငင်နေဆဲ မြန်မာ့စီးပွားရေးနှင့် တကျော့ပြန် ခရိုနီဝါဒ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved