• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့အရေး မဖြေရှင်းနိုင်ရင် အာဆီယံမှာ မပါသေးဟု တီမော ပြော

by ဧရာဝတီ
9 August 2023
in သတင်း
A A
မြန်မာ့အရေး မဖြေရှင်းနိုင်ရင် အာဆီယံမှာ မပါသေးဟု တီမော ပြော

အရှေ့တီမော ဝန်ကြီးချုပ် ဇနားနား ဂတ်ရှမို/Aljazeera

2.7k
VIEWS
Share on FacebookShare on Twitter

အရှေ့တီမော ဝန်ကြီးချုပ် ဇနားနား ဂတ်ရှမို က မြန်မာနိုင်ငံ၏ အကျပ်အတည်းအား ပြေလည်အောင် မဖြေရှင်းနိုင်လျှင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) မှာ ပါဝင်ရေး ရည်မှန်းချက်ကို ပြန်စဉ်းစားမည်ဟု ပြောကြားလိုက်သည်။

တီမောလက်ရှ်တေးဟုလည်း ခေါ်သော ၎င်း၏နိုင်ငံသည် “မြန်မာနိုင်ငံတွင် စစ်အာဏာရှင်များအား (ပဋိပက္ခများ ရပ်စဲရေး) မစည်းရုံးနိုင်ပါက အာဆီယံအဖွဲ့ဝင် လုပ်မည်မဟုတ်” ဟု Jakarta Post က ကိုးကားဖော်ပြခဲ့သည်။ ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် အာဆီယံ ခေါင်းဆောင်များသည် အရှေ့တီမော ကျွန်းနိုင်ငံအား အဖွဲ့၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် လက်ခံရန် မူအားဖြင့် သဘောတူခဲ့သည်။

မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လွန်ခဲ့သည့် ၂ နှစ်က ဂျကာတာတွင် အာဆီယံခေါင်းဆောင်များနှင့် သဘောတူညီထားသည့် အချက်ငါးချက်ကို အကောင်အထည်ဖော်ရန် အသင်း၏ ထပ်ခါတလဲလဲ တောင်းဆိုမှုများအား မကြားဟန်ဆောင်ထားသည်။

အရှေ့တီမောသည် မြန်မာ၏ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ခံကြောင်း ပြသခဲ့သည်။ ဇူလိုင်လ ၁ ရက်နေ့တွင် အရှေ့တီမော အစိုးရသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မြန်မာနိုင်ငံ အရပ်သား အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်ဖိတ်ကြားခဲ့ပြီး ယမန်နှစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် တီမောသမ္မတ ဂျိုဆေးရာမို့စ်ဟော်တာ က ယူကရိန်းကျ ကူညီနေပြီး မြန်မာနိုင်ငံအား အဘယ်ကြောင့် ကူညီမပေးသနည်းဟု ကမ္ဘာ့ခေါင်းဆောင်များကို မေးခွန်းထုတ်သည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ထံမှ အကျဉ်းကျခံနေရသော အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူကို အရှေ့တီမော သမ္မတကပင် လက်ခံခဲ့သည့် ဇူလိုင်လ ကျမ်းသစ္စာကျိန်ဆိုပွဲ ဖိတ်ခေါ်ချက်ကြောင့် အရှေ့တီမောသည် NUG ကို ဖိတ်ကြားသည့် ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် တရားဝင်အစိုးရအဖြစ် အမျိုးသားအဆင့် ဆက်ဆံသောကြောင့် မြန်မာ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ဒေါသတကြီးဖြင့် ဇူလိုင် ၅ ရက် ရန်ကုန်မြို့ရှိ အရှေ့တီမောသံရုံးမှ သံအမတ်ကြီးအား နေပြည်တော်သို့ ဆင့်ခေါ်ပြီး ဖိတ်ကြားမှုနှင့် ပတ်သက်၍ ကန့်ကွက်သည်။

တီမောသမ္မတ ဂျိုဆေးရာမို့စ်ဟော်တာကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒေါ်အောင်ဆန်းစုကြည်ပုံ လက်ဆောင်ပေးစဉ်/ NUG

စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက NUG အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း၊ NUG ကိုယ်စားလှယ်များအား ဆက်သွယ်ရန် ဖိတ်ကြားခြင်းသည် “နိုင်ငံတွင်း အကြမ်းဖက်မှုကို တွန်းအားပေးပြီး အကြမ်းဖက်မှုကို အားပေးကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး နိုင်ငံတကာ သဘောတူညီချက်များကို ချိုးဖောက်သည်” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဝန်ကြီးဌာနသည် အဆိုပါ “အကြမ်းဖက်အဖွဲ့” နှင့် ၎င်းတို့၏ ကိုယ်စားလှယ်များအား မည်သည့်ပုံစံဖြင့် ထိတွေ့ဆက်ဆံခြင်းမှ ရှောင်ကြဉ်ရန် အရှေ့တီမောအစိုးရအား တောင်းဆိုသည်။

ထိုသို့ လိုက်နာရန် ဝေးစွ၊ ဇူလိုင် ၆ ရက်တွင် အရှေ့တီမောဝန်ကြီးချုပ်သည် ဒေါ်ဇင်မာအောင်အား အစည်းအဝေးပြုလုပ်ရန် ဖိတ်ကြားခဲ့သည်။ အရှေ့တီမောသည် ဇူလိုင်လ ၃၁ ရက်နေ့တွင် နောက်ထပ် ခြောက်လကြာ စစ်အုပ်ချုပ်ရေး သက်တမ်းတိုးလိုက်ပြီးနောက် မြန်မာစစ်ကောင်စီကို ထပ်မံဝေဖန်ခဲ့သည်။

ပေါ်တူဂီ ကိုလိုနီဟောင်း အရှေ့တီမောကို အင်ဒိုနီးရှားက ဆယ်စုနှစ် နှစ်ခုကျော် သိမ်းပိုက်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ကုလသမဂ္ဂက ကမကထပြုသော လူထုဆန္ဒခံယူပွဲအပြီးတွင် ၎င်းသည် အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သည်။

You may also like these stories:

သက်တမ်း ၅၆ နှစ်ပြည့် အာဆီယံတွင် မြန်မာ့အကြမ်းဖက်ပဋိပက္ခ အရိပ်မိုးနေ

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
10
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
96

အရှေ့တောင် အာရှ၊ အာဆီယံ ၅၆ နှစ်ကြာ ခရီးနှင့် မြန်မာ့အရေး

မြန်မာ့ငြိမ်းချမ်းရေး နောက်ဆုံးအားထုတ်မှုအပေါ် အာဆီယံ သဘောထား ကွဲနေ

အာဆီယံအက်ကြောင်းနှင့် ဗြဟ္မာကြီးဦးခေါင်း မြန်မာ

အာဆီယံ ဆုံးဖြတ်ချက်နှင့် မြန်မာစစ်တပ်

Your Thoughts …
Tags: NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တီမောသမ္မတ ဂျိုဆေးရာမို့စ်ဟော်တာမဖြေရှင်းနိုင်မြန်မာ့အရေးအရှေ့တီမော ဝန်ကြီးချုပ် ဇနားနား ဂတ်ရှမိုအာဆီယံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
ကာလုံအစည်းအဝေးတက်ခဲ့သည့် ဦးဟင်နရီဗန်ထီးယူကို NLD ပါတီ ထုတ်ပယ်

ကာလုံအစည်းအဝေးတက်ခဲ့သည့် ဦးဟင်နရီဗန်ထီးယူကို NLD ပါတီ ထုတ်ပယ်

ကုန်သွယ်စီးပွားနှင့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီတို့တွင် ဒုဗိုလ်ချုပ်ကြီးညိုစော ပါဝင်လာ

ကုန်သွယ်စီးပွားနှင့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီတို့တွင် ဒုဗိုလ်ချုပ်ကြီးညိုစော ပါဝင်လာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved