• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကုန်သွယ်စီးပွားနှင့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီတို့တွင် ဒုဗိုလ်ချုပ်ကြီးညိုစော ပါဝင်လာ

by ဧရာဝတီ
9 August 2023
in သတင်း
A A
ကုန်သွယ်စီးပွားနှင့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီတို့တွင် ဒုဗိုလ်ချုပ်ကြီးညိုစော ပါဝင်လာ

ဒု ဗိုလ်ချုပ်ကြီး ညိုစောသည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ယုံကြည်ရသော လူရင်းဖြစ်သည်(CINCDS)

7.3k
VIEWS
Share on FacebookShare on Twitter

စီးပွားရေးကျဆင်းမှုနှင့် နိုင်ငံခြားငွေ အကျပ်အတည်း ရင်ဆိုင်နေရသော စစ်ကောင်စီသည် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီနှင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ကော်မတီတို့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီးညိုစောကို ထည့်သွင်း၍ ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

ပြီးခဲ့သည့်လအတွင်းက ပြင်ဆင်ဖွဲ့စည်းလိုက်သော ထိုကော်မတီများတွင် ဥက္ကဋ္ဌရာထူးယူထားသော ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းမှာ အပြောင်းအလဲ မရှိသော်လည်း ပြည်ထောင်စုဝန်ကြီးအဆင့်ဖြင့် အကြံပေးပုဂ္ဂိုလ်ခန့်အပ်ထားသော ဒုတိယ ဗိုလ်ချုပ်ကြီးညိုစောမှာ အဖွဲ့ဝင်အဖြစ် ပါဝင်လာခြင်းဖြစ် ဖြစ်သည်။

နိုင်ငံခြားငွေနှင့် ပတ်သက်ပြီး အရေးပါဆုံးဖြစ်သော နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်း၊ စီမံဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်၊ စစ်ကောင်စီဥက္ကဋ္ဌ ၏အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးအောင်နိုင်ဦး၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် အတွင်းရေးမှူးအဖြစ် ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်တို့ပါဝင်သည်။

အဆိုပါ ကော်မတီများ၏ အဓိကတာဝန်မှာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံခြားငွေ လဲလှယ်နှုန်း တည်ငြိမ်စေ ရေး၊ နိုင်ငံခြားငွေဖြင့် ပြည်ပမှ တင်သွင်းနေရသော အရေးကြီးကုန်စည်များဖြစ်သည့် စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ အပါ အဝင် ပြည်တွင်း၌ ဝယ်ယူမရနိုင်သည့် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူ တင်သွင်းရာတွင် လိုအပ်သော နိုင်ငံခြားငွေအား စိစစ်ခွင့်ပြုပေးခြင်း၊ ပြည်တွင်း၊ ပြည်ပကုန်သွယ်မှုလုပ်ငန်းများတွင် နှောင့်နှေးကြန့် ကြာမှု အခက်အခဲမရှိ စေရေးတို့ပင်ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ် ဝင် ရောက်မှု နည်းပါးနေခြင်းနှင့် ကုန်သွယ်ရေးကျဆင်းနေခြင်းတို့ကြောင့် နိုင်ငံခြားအရန်ငွေ အကျပ်အတည်းကို ဖြေရှင်းရန် ငွေရေးကြေးရေးနှင့် စစ်တပ်စီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို ယခုလို တာဝန် ပေး လာခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တချို့က ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တဦးက “ဒုဗိုလ်ချုပ်ကြီးညိုစော ဆိုရင် မင်းအောင်လှိုင်က စိတ်ချတယ်၊ ယုံကြည်တာ ကြောင့် လည်းပါတယ်။ နောက်ဆုံး ကျနော်တို့ ကြားထားရသလောက်ဆိုရင် စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲပြီး လို့ တက်လာတဲ့ အစိုးရမှာ ဒုသမ္မတလောက်အထိကို မှန်းထားတာ ” ဟု ပြောသည်။

ဒုဗိုလ်ချုပ်ကြီးညိုစောသည် အာဏာမသိမ်းမီက စစ်ထောက်ချုပ်ရာထူးမှ အငြိမ်းစားယူခဲ့ပြီး လက်ရှိ တွင် စစ်တပ်၏ အဓိက စီးပွားရေးလုပ်ငန်းစုဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၏ ဥက္ကဋ္ဌ၊ အင်းဝဘဏ်ဥက္ကဋ္ဌနှင့် မြန်မာ့စီးပွားရေး ဦးပိုင်အများပိုင်ကုမ္ပဏီ (UMEHL) တို့၌ ထိပ်ပိုင်း ရာထူးတာဝန်များကို ယူထားသူတဦး ဖြစ်သည်။

ထို့ပြင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားအရန်ငွေ တတိတိ ခမ်းခြောက်လာချိန်တွင် နိုင်ငံနှင့် စစ်တပ်အတွက် အရေးကြီးသော စက်သုံးဆီကို ရုရှားနိုင်ငံမှ ရှာဖွေတင်သွင်းရန် စစ်တပ်နှင့် သူ၏ နောက်လိုက်ခရိုနီများပါဝင် ဖွဲ့စည်းသော ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးဦးဆောင်ကော်မတီတွင်လည်း ဒုဗိုလ်ချုပ်ကြီး ညိုစောကို ဥက္ကဋ္ဌ ခန့်ထားသေးသည်။

ဒုဗိုလ်ချုပ်ကြီးညိုစောသည် စစ်တက္ကသိုလ်အပတ်စဉ် ၂၃ မှဖြစ်ပြီး တပ်မတော်နည်းပညာ တက္ကသိုလ်နှင့် စစ်တက္ကသိုလ် တို့တွင် ကျောင်းအုပ်ကြီး၊ အလယ်ပိုင်းတိုင်းနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးစသည့် တာဝန်များကို ထမ်းဆောင် ခဲ့ကာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယုံကြည်အားကိုးရသော လူယုံတဦးလည်း ဖြစ်သည်။

နိုင်ငံအတွင်းသို့ နိုင်ငံခြားငွေစီးဝင်မှု၊ နိုင်ငံတကာငွေပေးချေမှုများနှင့်ပတ်သက်ပြီး အဓိက အရေးပါသော နိုင်ငံပိုင် ဘဏ် နှစ်ခု အရေးယူပိတ်ဆို့ ခံရထားပြီး နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီမံခန့်ခွဲမှုမူဝါဒ အလွဲအမှားများကြောင့် ပြိုကျပျက်စီးနေသော စီးပွားရေးအခြေအနေကို လူတဦးတယောက်တည်းက ပြောင်းလဲရန် မလွယ်ကူနိုင်ကြောင်း စီးပွားရေးပညာရှင်တဦးက ဧရာဝတီသို့ ပြောသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
17
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
20
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
147

၎င်းက “ အခုဖြစ်ပေါ်နေတဲ့ စီးပွားရေးအကျပ်အတည်းက စစ်အာဏာသိမ်းလို့ ဖြစ်လာတာ။ နိုင်ငံရေးအပြောင်းအလဲ မဖြစ်ဘဲနဲ့ စီးပွားရေး အပြောင်းအလဲက ဘယ်လိုမှ ဖြစ်လာမှာ မဟုတ်ဘူး ” ဟု ပြောသည်။

အမေရိကန်ပြည်ထောင်စုက စစ်ကောင်စီ ထိန်းချုပ်ထားသော မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်၌ အမည်ပျက်စာရင်း သွင်းခဲ့ပြီး ထိုဘဏ်များသည် စစ်ကောင်စီ၏ လက်နက်နှင့် လေယာဉ်ဆီဝယ်ရန် ပြည်ပငွေစာရင်းများ အသုံးပြုပြီး နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်၍ နိုင်ငံခြားငွေ အသုံးပြုမှု လွယ်ကူအောင် ပြုလုပ်ပေးရာတွင် အရေးပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

ထိုသို့ အရေးယူပိတ်ဆို့ခံရမှုကြောင့် စစ်ကောင်စီသည် ထိုဘဏ်များမှတဆင့် တိုက်ရိုက် နိုင်ငံခြားငွေ စီးဝင်နေမှုနှင့် နိုင်ငံတကာငွေပေးချေမှုများအတွက် လွယ်ကူချောမွေ့မှု မရှိတော့ဘဲ အခက်အခဲများ ကြုံ တွေ့နေရသည်။

You may also like these stories:

စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစော

နိုင်ငံပိုင်ဘဏ်၂ ခု အမေရိကန်ပိတ်ဆို့အရေးယူမှု စစ်ကောင်စီကို အကျပ်ရိုက်စေ

ဒေါ်လာဈေးတက်နေချိန် အရောင်းအဝယ်သမားအချို့ စစ်ကောင်စီ ဖမ်းဆီး

Your Thoughts …
Tags: MECကော်မတီဒုဗိုလ်ချုပ်ကြီး ညိုစောနိုင်ငံခြားငွေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

by ဧရာဝတီ
25 February 2024
25.4k

လက်ရှိအချိန်တွင် စစ်လက်နက်ပစ္စည်းထုတ် ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) များနှင့် ပတ်သက်သော လုပ်ငန်းများ အား အဓိက လုပ်ပိုင်ခွင့်ရ ကုမ္ပဏီမှာ စစ်ခေါင်းဆောင်၏သား ကိုအောင်ပြည့်စုံ ပိုင်ဆိုင်သည့် Authentic Group of Company ဖြစ်သည်ဟု...

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

by ဒေးဗစ်အောင်
10 February 2024
20.4k

ဒုက္ခရောက်နေသည့် ပြည်သူ သန်းပေါင်းများစွာကို အားလုံးက အာရုံစိုက်နေစဉ် မင်းအောင်လှိုင်နှင့် သား သမီး နှစ်ဦးသည် ပိုင်ဆိုင်မှုများကို သိမ်းကြုံးစုဆောင်းနေသည်။

စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

မင်းအောင်လှိုင်ရာထူး ဘယ်သူဆက်ခံမလဲ

by စွယ်တော်
12 September 2024
17.5k

၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေးအထူးအဖွဲ့မှူး ရာထူး ဒု ဗိုလ်ချုပ်ကြီးအဆင့်ရှိသူများတွင် DSA အပတ်စဉ် ၃၈ အထိ ပါဝင်လာခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

by အောင်သစ်
6 September 2023
16k

ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးပြည်အောင်နှင့် ဦးနေအောင်တို့က စစ်အာဏာရှင်နှင့် ပူးပေါင်းရေးတွင် သူတို့ ဖခင် ဦးအောင်သောင်းထက်ပင် လက်စောင်းထက်သည်ဟု ပြော၍ရမည် ထင်သည်။

နိုင်ငံကို ၅၀ ရာခိုင်နှုန်းအောက်သာ စစ်ကောင်စီ ထိန်းချုပ်နိုင်တော့သော်လည်း

နိုင်ငံကို ၅၀ ရာခိုင်နှုန်းအောက်သာ စစ်ကောင်စီ ထိန်းချုပ်နိုင်တော့သော်လည်း

by ဧရာဝတီ
20 May 2024
10.8k

စစ်ကောင်စီ၏ သွင်ပြင်လက္ခဏာ သုံးခုကြောင့် ၎င်းကို ခြေမှုန်းရန် အထူးသဖြင့် ခက်ခဲသေးသည်။

Next Post
ရခိုင်မြောက်ပိုင်းမှ ရေဘေးသင့်ပြည်သူများ စားဝတ်နေရေး ခက်ခဲနေ

ရခိုင်မြောက်ပိုင်းမှ ရေဘေးသင့်ပြည်သူများ စားဝတ်နေရေး ခက်ခဲနေ

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved