• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သတ်ဖြတ်မှု ၁ နှစ်ကြာလည်း မျက်ရည်ကြားက အညံ့မခံသော လက်ယက်ကုန်း

by ယုဇန
18 September 2023
in ဆောင်းပါး
A A
သတ်ဖြတ်မှု ၁ နှစ်ကြာလည်း မျက်ရည်ကြားက အညံ့မခံသော လက်ယက်ကုန်း
1.6k
VIEWS
Share on FacebookShare on Twitter

လယ်တောမှရွာသို့ အပြန်လမ်းသည် မသီတာဝင်းအတွက် နေ့စဉ် စိတ်ဒုက္ခဖြစ်နေသည်မှာ ယမန်နှစ် စက်တင်ဘာလ ကတည်းကပင် ဖြစ်သည်။ သူ့ကို ကြိုဆိုနေသည့် သားငယ် ထိုနေရာတွင် မရှိတော့သည်ကို သူသိနေသည်။ သူ၏ ခုနစ်နှစ်အရွယ်သားငယ် မောင်ဘုန်းတေဇကို လွန်စွာသတိရပြီး ရွာကျောင်းမှကလေးများ ၎င်းတို့၏ သင်ခန်းစာများကို ရွတ်ဖတ်သံကိုလည်း မခံစားနိုင်တော့ပေ။

ထိုသို့ခံစားနေရသည်မှာ သူတယောက်တည်း မဟုတ်ပေ။

မိုးရွာသောအခါတိုင်း အထူးသဖြင့် စက်တင်ဘာလတွင် သူ၏အငယ်ဆုံးသား မောင်ဇင်ကိုဦးအကြောင်း စဉ်းစားမိသောအခါ ဒေါ်နု မျက်ရည်ဝိုင်းသည်။

မောင်ဘုန်းတေဇနှင့် မောင်ဇင်ကိုဦး တို့သည် စစ်ကောင်စီက လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို လွန်ခဲ့သောနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်သောအခါ သေဆုံးရသည့် ကလေးငယ် ၇ ဦးတွင် ပါဝင်သည်။ သေဆုံးသည့် ကလေးများအနက် အငယ်ဆုံးမှာ ခုနစ်နှစ်သာ ရှိသေးသည်။ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် စုစုပေါင်း ၁၃ ဦး သေဆုံးသည်။

Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စင်း ထိုးဆင်း အနိမ့်ပျံသန်းပြီး ကလေးငယ် ၂၀၀ ခန့် ကျောင်းတက်နေသော ကျောင်းကို ပစ်ခတ်သောအခါ ထိုဖြစ်ရပ် စတင်ဖြစ်ပွားသည်။ ထို့နောက် ခြေလျင်တပ်ကလည်း မြေပြင်မှ တိုက်ခိုက်သည်။

ခုခံတော်လှန်ရေး အင်အားစုများသည် လက်ယက်ကုန်းမှ ဖြတ်သန်းကာ လက်နက်များ ပို့ဆောင်ရန် စီစဉ်နေသောကြောင့် ကျေးရွာကို ဝင်စီးခြင်းဖြစ်ကြောင်း စစ်ကောင်စီက ပြောသည်။ ရွာသားများက ထိုအချက်ကို ငြင်းဆိုသည်။

လက်ယက်ကုန်း စာသင်ကျောင်းကို စစ်ကောင်စီ စီးနင်းတိုက်ခိုက်မှုအပြီး အပျက်အစီးများ / CJ

ထိုကျောင်းတွင် စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် တနိုင်ငံလုံးနှင့် တကမ္ဘာလုံးကို တုန်လှုပ်စေသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထိုတိုက်ခိုက်မှုကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပြီး ထိုသေဆုံးမှုများသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အပြင်းအထန်ရှုတ်ချသည့် ပဋိပက္ခကာလအတွင်း ကလေးငယ်များပေါ် အပြင်းထန်ဆုံးချိုးဖောက်မှု ခြောက်ခု၏ ဥပမာ ဖြစ်ကြောင်း ပြောသည်။

ထိုတိုက်ခိုက်မှု နှစ်ပတ်လည်နေ့ စနေနေ့တွင် ကျရောက်သောအခါ ရွာသားများသည် ထိုကြမ္မာငင်သည့်နေ့ ဖြစ်ရပ်များ၏ ခြောက်လှန့်ခံနေရဆဲ ဖြစ်သည်။

“တနှစ်ကြာသွားပေမယ့် စစ်တပ်ရဲ့ အရက်စက်ဆုံးလုပ်ရပ်ကို လက်ယက်ကုန်း ကျေးရွာသူ ကျေးရွာသားတွေ မမေ့နိုင်ကြဘူး” ဟု ရွာကျောင်းဆရာမ ဒေါ်မိုးမိုးက ပြောသည်။

“တနှစ်ကြာသွားပေမယ့် စစ်တပ်ရဲ့ အရက်စက်ဆုံးလုပ်ရပ်ကို လက်ယက်ကုန်း ကျေးရွာသူ ကျေးရွာသားတွေ မမေ့နိုင်ကြဘူး” ဟု ရွာကျောင်းဆရာမ ဒေါ်မိုးမိုးက ပြောသည်။

“ကျမတို့ အသက်ရှင်နေသမျှ ဒီစိတ်ဒဏ်ရာတွေ ပျောက်ကွယ်တော့မှာ မဟုတ်ဘူး” ဟု ၎င်းကပြောသည်။

မိခင်များ၏ မျက်ရည်များနှင့် စိတ်ဒဏ်ရာ

မိုးသည်းထန်စွာ ရွာသောအခါတိုင်း ဒေါ်နုသည် ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးရသည့် သူ၏အငယ်ဆုံးသား အသက် ၁၄ နှစ်အရွယ် မောင်ဇင်ကိုဦးအကြောင်း စဉ်းစားမိသည်။

သူ၏ကလေး ငါးဦးအနက် မောင်ဇင်ကိုဦးသည် အငယ်ဆုံးနှင့် စာတော်သူဖြစ်သည်။ သူ၏သားသည် စာကြိုးစားပြီး ကျောင်းတွင် ဆုအများအပြားရသူဖြစ်ကြောင်း အသက် ၅၅ နှစ်အရွယ် ဒေါ်နုက ပြောသည်။

“မိုးရွာတဲ့အခါတိုင်း ငါ့သားလေး ဘယ်ရောက်သွားပြီလဲလို့ ကျမကိုယ်ကျမ မေးမိတယ်” ဟု ဒေါ်နုက ပြောရင်း သူ၏အသံသည် စိတ်ခံစားမှုဖြင့် အက်ကွဲတုန်ခါနေသည်။

လက်ယက်ကုန်း စာသင်ကျောင်းကို စစ်ကောင်စီ စီးနင်းတိုက်ခိုက်မှုအပြီး ကလေးငယ်များ ကျန်ရစ်သည့် ပစ္စည်းများ / CJ

ဒေါ်နုကဲ့သို့ပင် မသီတာဝင်းသည် လယ်တောမှ အိမ်ပြန်သောအခါတိုင်း သူ၏သားသည် ထိုနေရာတွင် သူ့ကိုကြိုဆိုရန် ရှိနေတော့မည် မဟုတ်ကြောင်းသိသောကြောင့် ရှိုက်ငိုရသည်။

“လယ်တောကပြန်တိုင်း သားလေးက ကျမကို စောင့်ကြိုနေတာ။ နေ့ရက်တွေ ကုန်ဆုံးသွားပေမယ့် ကျမသားကို ပိုပို သတိရနေတယ်” ဟု မသီတာဝင်းက မျက်ရည်စက်လက်နှင့် ဧရာဝတီသတင်းဌာနသို့ ပြောသည်။

စစ်ကောင်စီ ရဟတ်ယာဉ်များက စာသင်ကျောင်းကို ပစ်ခတ်ချိန်တွင် အသက် ခုနစ်နှစ်အရွယ် မောင်ဘုန်းတေဇသည် စာသင်ခန်းအတွင်း ရှိနေသည်။

စစ်ကောင်စီက သူ၏သားကို သတ်ဖြတ်ပြီးနောက် မသီတာဝင်းသည် ကလေးများစာအံသံကို မခံစားနိုင်သောကြောင့် ကျောင်းအနီးရှိ သူ၏အိမ်ကို ရွှေ့ပြောင်းရသည်။ ထိုလေကြောင်းတိုက်ခိုက်မှုမှ စတင်ပြီး မသီတာဝင်းသည် ကျောင်းကို ရှောင်ရှားနေသည်။

ဒဏ်ရာရကျောင်းသားငယ်များ

ရင်သွေးများကို ဆုံးရှုံးရသည့်မိခင်များကဲ့သို့ပင် ထိုတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသည့် ကလေးများ၏ မိခင်များသည်လည်း ၎င်းတို့၏ ပုံမှန်ဘဝကို ပြန်လည် ဖြတ်သန်းရန် ရုန်းကန်နေရဆဲ ဖြစ်သည်။ ထို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း ကလေး ခုနစ်ဦး ဒဏ်ရာရသည်။

လွန်ခဲ့သောတနှစ်က စစ်ကောင်စီလက်နက်ကြောင့် ခြေထောက်ကြေသွားသော အသက် ၁၃ နှစ်အရွယ် မချောချောအတွက် လမ်းလျှောက်ရန် အခက်အခဲဖြစ်နေသည်။

လက်ယက်ကုန်းကျေးရွာ တည်နေရာပြ မြေပုံ / Myanmar Witness

“သူက ခြေထောက်တဖက်က လုံးဝ ပြန်မကောင်းတော့ဘူး” ဟု ထိုလူအသေအပျောက်များသော လေကြောင်းတိုက်ခိုက်မှုကို မျက်မြင်ကြုံတွေ့ရသူ အသက် ၁၁ နှစ်အရွယ် မအေးချမ်းမိုးပြောသည်။

မအေးချမ်းမိုးက မချောချော၏ ခြေထောက်မှ သွေးများထွက်ပြီး သူ၏ခန္ဓာကိုယ်ကို စွန်းထင်းနေပုံအား မြင်ရသည်များကို ပြန်လည်ပြောပြသည်။

ထိုတိုက်ခိုက်မှုအတွင်း အသက် ရှစ်နှစ်အရွယ် မောင်ဖြိုးမောင်မောင်၏ မျက်လုံးကို ထိမှန်သည်။ ငွေကျပ် သိန်းချီ အကုန်ခံပြီး ကာလကြာမြင့်စွာ ကုသသော်လည်း သူသည် အမြင်အာရုံအပြည့်အဝ ပြန်လည် မရရှိတော့ပေ။ အလားတူပင် အသက် ၁၀ နှစ်အရွယ် မစုစု၏ လက်သည်လည်း စစ်ကောင်စီ၏ လက်နက်ထိမှန်သဖြင့် အကောင်းပကတိ မရှိတော့ပေ။

ဒဏ်ရာရခဲ့သော သူငယ်ချင်းများကို တွေ့ရသောအခါ တခါတရံ ငိုမိကြောင်း မအေးချမ်းမိုးက ပြောသည်။

ဒဏ်ရာရခဲ့သော သူငယ်ချင်းများကို တွေ့ရသောအခါ တခါတရံ ငိုမိကြောင်း မအေးချမ်းမိုးက ပြောသည်။

“စစ်သားတွေကို ကျမ ဒေါသထွက်တယ်။ သူတို့ကို သတ်ချင်တယ်” ဟု သူက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

မောင်ဘုန်းတေဇ၏ လွယ်အိတ်နှင့် စာအုပ်

ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် ကျောင်းသူကျောင်းသားငယ်များသည် ပျောက်ကင်းတော့မည် မဟုတ်သည့် စိတ်ဒဏ်ရာများ ခံစားကြရသည်။

“လေယာဉ်ပျံနေတိုင်း ကြောက်နေတယ်” ဟု အသက် ကိုးနှစ်အရွယ် မောင်လင်းလင်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

အရပ်သားများကို သိမ်းကျုံးတိုက်ခိုက်မှု

လက်ယက်ကုန်း လေကြောင်းတိုက်ခိုက်မှုသည် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက နိုင်ငံတဝန်း ကျူးလွန်သည့် အဆိုးရွားဆုံး လေကြောင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများတွင် ပါဝင်သည်။

လက်ယက်ကုန်း စာသင်ကျောင်းကို စစ်ကောင်စီ စီးနင်းတိုက်ခိုက်မှုအပြီး သွေးစွန်းနေသော ကျောင်းစာအုပ်၊ လွယ်အိတ်နှင့် ဖိနပ်၊ ပျက်စီးနေသော စာသင်ခန်း

မြန်မာမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်နေသည့် NGO အဖွဲ့အစည်း တခုဖြစ်သော Myanmar Witness သည် လက်ယက်ကုန်းကျေးရွာမှ ကျယ်ပြန့်သော ထိခိုက်ပျက်စီးမှုများကို ရှာဖွေရိုက်ကူးနိုင်ခဲ့သည်။ ရွာသားများက ရိုက်ကူးထားသည့် ဗီဒီယိုများ၊ ဓာတ်ပုံများနှင့် ၎င်းတို့၏ ပြောကြားချက်များသည် ထိုစာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို သွေးချောင်းစီး တိုက်ခိုက်မှု သက်သေပြချက်များပင် ဖြစ်ကြောင်း ထိုအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ထိုတိုက်ခိုက်မှုတွင် S-5 ဒုံးကျည်များကို အသုံးပြုခဲ့ကြောင်း ထိုအစီရင်ခံစာက တိုက်ခိုက်မှုဖြစ်ပွားရာ နေရာမှ ကျည်ခွံများနှင့် အပျက်အစီးများကို ကိုးကားဖော်ပြသည်။

“S-5 ဒုံးကျည်များကို ၎င်းတို့နှင့် ကိုက်ညီသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် ဂျက်လေယာဉ်များကသာ မြေပြင်ပစ်မှတ်များအတွက် အဓိက အသုံးပြုနိုင်သည်” ဟု Myanmar Witness က ဖော်ပြပြီး စစ်ကောင်စီလေတပ်သည် မြန်မာတွင် S-5 ဒုံးကျည် အသုံးပြုနိုင်သည့် တခုတည်းသော အဖွဲ့အစည်း ဖြစ်ကြောင်း ပြောသည်။

လက်ယက်ကုန်း စာသင်ကျောင်းကို စစ်ကောင်စီ စီးနင်းတိုက်ခိုက်မှုကြောင့် ကွယ်လွန်ခဲ့သည့် အငယ်ဆုံး ကျောင်းသူလေး စုရတီလှိုင်နှင့် စာသင်ခန်းထဲတွင် ကျန်ရစ်သည့် သူ၏ ကျောပိုးအိတ်ကလေး

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် စစ်ကောင်စီ၏ စစ်လေယာဉ် သုံးစီးသည် ကချင်ပြည်နယ်၊ ဖားကန့်အနီး ရွာတရွာတွင် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ၆၂ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ဂီတပွဲ ကျင်းပနေသည့် နေရာကို လေကြောင်းမှ တိုက်ခိုက်ပြီး လူအနည်းဆုံး ၇၅ ဦး သေဆုံးစေခဲ့သည်။

နောက် ငါးလကြာသောအခါ ယခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ကန့်ဘလူမြို့နယ်မှ ပဇီကြီးကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင် ကလေးငယ် ၃၀ အပါအဝင် အရပ်သား ၁၅၇ ဦး သေဆုံးသည်။ ထိုဖြစ်ရပ်သည် လက်ရှိအချိန်အထိ စစ်ကောင်စီကကျူးလွန်သည့် လေကြောင်းတိုက်ခိုက်မှုများတွင် အဆိုးရွားဆုံးဖြစ်သည်။

နိုင်ငံတဝန်း လက်နက်ကိုင် ခုခံတော်လှန်မှုကို တုံ့ပြန်သည့် ထိုတိုက်ခိုက်မှုများကို စစ်ကောင်စီက အရပ်သားများကို သိမ်းကျုံးတိုက်ခိုက်မှု အစိတ်အပိုင်းအဖြစ် ပြည်တွင်းပြည်ပမှ ရှုတ်ချသည်။ စစ်ကောင်စီသည် နိုင်ငံတဝန်းတွင် ယခုနှစ် ဧပြီလအထိ လေကြောင်းတိုက်ခိုက်မှု ၁,၄၂၇ ခု ပြုလုပ်ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလနောက်ပိုင်းတွင် လူပေါင်း ၆၄၃ သတ်ဖြတ်ခဲ့ကြောင်း အကျိုးအမြတ်မယူသည့် ဉာဏ်လင်းသစ် နိုင်ငံရေးသုတေသန အဖွဲ့၏ အစီရင်ခံစာအရ သိရသည်။

လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးမှုများတွင် ကလေးငယ်များ အချိုးအစား မြင့်မားစွာ ပါဝင်သည်။

လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးမှုများတွင် ကလေးငယ်များ အချိုးအစား မြင့်မားစွာ ပါဝင်သည်။

အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များရေးရာ ဝန်ကြီးဌာန၏အဆိုအရ ယခုနှစ် မေလ ၂၄ ရက်နေ့အထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် နိုင်ငံတဝန်းတွင် ကလေးငယ် ၄၁၄ ဦးသတ်ဖြတ်ခံရကြောင်း သိရသည်။ တိုက်ခိုက်ခံရသည့် နေရာများတွင် စစ်ကောင်စီဆန့်ကျင်ရေး အမာခံဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ ပါဝင်သည်။

ရွာခံများ ကြောက်လန့်နေဆဲ

လွန်ခဲ့သောနှစ် စက်တင်ဘာလမှ စတင်ပြီး လက်ယက်ကုန်းကျေးရွာကို နောက်ထပ် လေကြောင်းတိုက်ခိုက်မှု မရှိတော့သော်လည်း စစ်ကောင်စီတပ်များသည် မြို့နယ်အတွင်းမှ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ခြေလျင်တပ်နှင့် ဝင်ရောက်စီးနင်းခြင်းများ မကြာခဏ ပြုလုပ်နေသည်။

လက်ယက်ကုန်းကျေးရွာတွင် ပျက်စီးခဲ့သည့် အဆောက်အအုံများပြ မြေပုံ / Myanmar Witness

အထက်ပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နောက်ပိုင်းတွင် လက်ယက်ကုန်ကျေးရွာကို စစ်ကောင်စီ တပ်များက နှစ်ကြိမ် မီးရှို့သည်။ မီးရှို့တိုက်ခိုက်မှုများကြောင့် လက်ယက်ကုန်းကျေးရွာမှ အိမ်ခြေ ၂၃၀ မှ ၃၀၀ အထိ မီးလောင်သွားသည်။ တချိန်တည်းတွင် ကျေးရွာသူကျေးရွာသားများသည် အနီးရှိ ရေဦးနှင့် ဒီပဲယင်းမြို့နယ်များတွင် စခန်းချနေသည့် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကို အမြဲတမ်း စိုးရိမ်နေရသည်။

“ကျမတို့ရွာက အဲဒီမြို့နယ် နှစ်ခုကြားမှာ ရောက်နေတော့ စိုးရိမ်ကြောက်လန့်မှုနဲ့ နေရတယ်” ဟု ဒေါ်နုက ပြောသည်။

မြို့နယ်အတွင်း စစ်ကောင်စီ၏ စီးနင်းတိုက်ခိုက်မှုများကြောင့် လွန်ခဲ့သောနှစ်အတွင်း အကြိမ် ၂၀ ကျော် အိမ်မှထွက်ပြေးရကြောင်း ရွာခံများက ပြောသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
185

“စိုးရိမ်ကြောက်လန့်မှု ကင်းကင်းနဲ့ နေရတဲ့အချိန်ဆိုတာ တလတောင် မပြည့်ဘူး” ဟု မသီတာဝင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

နေရပ်စွန့်ခွာရသည့် ကျေးရွာသားများသည် ပြည်တွင်းပြည်ပမှ လှူဒါန်းမှုများဖြင့် တည်ဆောက်ထားသည့် တဲများတွင် နေထိုင်ရသော်လည်း စစ်ကောင်စီက မကြာခဏ ဝင်ရောက်စီးနင်း တိုက်ခိုက်သောကြောင့် ထွက်ပြေးရန် အသင့်ပြင်ထားရကြောင်း ဒေါ်မိုးမိုးက ပြောသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နောက်ပိုင်းတွင် လက်ယက်ကုန်း ကျေးရွာဒေသခံများသည် ကလေးများ၏ ပညာရေးကို လိုလားသောကြောင့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို အညံ့မခံသည့်အနေဖြင့် ကျောင်းကို ပြန်လည်ဖွင့်ရန် ကြိုးစားသည်။ လေကြောင်းတိုက်ခိုက်မှုအပြီး တလအကြာတွင် ထိုကျောင်းကို ပြန်ဖွင့်ပြီး ယခုအခါ ကျောင်းသူကျောင်းသား ၂၃၂ ဦး တက်ရောက်နေသည်။

လက်ယက်ကုန်းကျေးရွာတွင် ပျက်စီးခဲ့သည့် အဆောက်အအုံများပြ မြေပုံ / Myanmar Witness

“ပညာရေးနဲ့ လေ့လာရေးပွဲတော်ကို စက်တင်ဘာလ ၆ ရက်နေ့က ကျင်းပတယ်။ လွန်ခဲ့တဲ့နှစ် စက်တင်ဘာလက တိုက်ခိုက်မှုမှာ သေဆုံးရသူတွေကို သတိရပြီး မိဘ၊ ဆရာ၊ ဆရာမတွေ ငိုကြရတယ်” ဟု ဒေါ်မိုးမိုးက ပြောသည်။

မစွန့်ခွာနိုင်

စစ်ကောင်စီတပ်များက ပြုလုပ်နေသည့် အကြမ်းဖက် စစ်ဆင်ရေးများ ဒေသတွင်းတွင် ရှိနေသော်လည်း လက်ယက်ကုန်းမှ ကျန်ဒေသခံများက ၎င်းတို့သည်ရွာကို မစွန့်ခွာနိုင်ကြောင်း ပြောသည်။

“တနိုင်ငံလုံး ဘယ်နေရာမှ မလုံခြုံဘူး။ ဒါကြောင့် ကျမတို့မွေးတဲ့ ကျမတို့ရွာကို မစွန့်ခွာနိုင်ဘူး” ဟု ဒေါ်မိုးမိုးက ပြောသည်။

စစ်ကောင်စီကို အမြစ်ဖြတ် သုတ်သင်ရေးအတွက် ပိုမိုအားထုတ်ရန်လည်း အမျိုးသား ညီညွတ်ရေးအစိုးရကို သူက တောင်းဆိုသည်။

“စစ်အာဏာရှင် မင်းအောင်လှိုင်ကို မျိုးဆက်နဲ့ချီပြီး ခွင့်မလွှတ်ဘူး” ဟု ဧရာဝတီသတင်းဌာနသို့ ဒေါ်မိုးမိုးက ပြောသည်။

မိခင်များ သူ့ကဲ့သို့ ရင်သွေးများ ဆုံးရှုံးရသည့်ကံကြမ္မာကို မမြင်လိုတော့ကြောင်း မသီတာဝင်းက ပြောသည်။

မိခင်များ သူ့ကဲ့သို့ ရင်သွေးများ ဆုံးရှုံးရသည့်ကံကြမ္မာကို မမြင်လိုတော့ကြောင်း မသီတာဝင်းက ပြောသည်။

“ကလေးတွေ အသတ်ခံရတဲ့ သတင်းတွေ မကြားချင်တော့ဘူး” ဟု ၎င်းက ပြောသည်။

သူ ငြိမ်းချမ်းသောဘဝတွင် ပြန်လည် နေထိုင်နိုင်ရန်အတွက် တော်လှန်ရေး အမြန်ဆုံး အောင်မြင်စေလိုသည်။

စစ်ကောင်စီ စီးနင်းတိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကို မစိုးရိမ်ဘဲ ကလေးများ ရွာကျောင်းတက်သည်ကို တွေ့လိုကြောင်း ဒေါ်နုက ပြောသည်။

“မင်းအောင်လှိုင် မြန်မြန်သေရင် ကျမတို့အားလုံး ဒီဒုက္ခကနေလွတ်မယ်” ဟု ၎င်းကပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ယုဇန၏ Tears and Defiance as Myanmar Village Marks One Year Since School Massacre ကို ဘာသာပြန်သည်။)

You may also like these stories:

ကလေးများ ပြန်ပြောပြသော လက်ယက်ကုန်း လူသတ်ပွဲ

စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု

လက်ယက်ကုန်း ပစ်ခတ်မှုကို ခမရ ၃၆၈ တပ်ရင်း ကျူးလွန်ဟု NUG ဆို

လက်ယက်ကုန်းရွာကို စစ်တပ်က မီးထပ်ရှို့ (ရုပ်/သံ)

လက်ယက်ကုန်းသတ်ဖြတ်မှု CDM လေတပ်ဗိုလ်ကြီးတဦး ရှင်းပြ

Your Thoughts …
Tags: NUGSliderကလေးသူငယ်ကုလသမဂ္ဂစစ်ကောင်စီစာသင်ကျောင်းစိတ်ဒဏ်ရာမီးရှို့တိုက်ခိုက်မှု
ယုဇန

ယုဇန

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

အရောင်းမြှင့်တင်ရေး ဗျူဟာသစ်

အရောင်းမြှင့်တင်ရေး ဗျူဟာသစ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved