စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အတွက် စိတ်ဖိစီးစရာကောင်းသော အမှန်တရားမှာ ယခုအခါ သူ၏ လွတ်လပ်စွာသွားလာမှုကို အကြီးအကျယ် ကန့်သတ်ခံနေရသည် ဆိုသည့်အချက်ဖြစ်သည်။
ထိုအချက် မှန်ကန်သည်။ သူသည် ယခင်ကကဲ့သို့ နိုင်ငံတဝန်း လွတ်လပ်စွာ သွားလာနိုင်ခြင်း မရှိတော့ပေ။ သူ၏ အုပ်ချုပ်ရေးကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် မဟာမိတ် တော်လှန်ရေး အင်အားစုများက ဆန့်ကျင်သည့် စစ်ပွဲသည် နိုင်ငံ၏ ဒေသအများစုသို့ ပျံ့နှံ့နေသောကြောင့် ဘေးကင်းလုံခြုံစွာ သွားလာနိုင်သည့်နယ်မြေများ ကျဉ်းမြောင်းလာသည်။
တိုင်းနှင့်ပြည်နယ် ၁၄ ခုနှင့် ပြည်ထောင်စုနယ်မြေ တခုဖြစ်သော စစ်ကောင်စီဌာနချုပ် မြို့တော် နေပြည်တော်တို့အနက် မင်းအောင်လှိုင် သွားနိုင်သည့်နေရာအရေအတွက်သည် ယခုနှစ်တွင် ခြောက်ခုအထိ ကျဆင်းသွားပြီး ထိုနေရာများတွင်ပင် အများအားဖြင့် တိုင်းနှင့်ပြည်နယ် မြို့တော်များတွင်သာ သူ့အတွက် လုံခြုံသည်။
ယခုနှစ်အတွင်း ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်းတိုင်းများနှင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားခဲ့သည်။ ရန်ကုန်၊ ပဲခူးနှင့် မန္တလေးသည် နေပြည်တော်ပြီးလျှင် ဒုတိယ အလုံခြုံဆုံးနေရာများ ဖြစ်သောကြောင့် ထိုနေရာများသို့ စစ်ခေါင်းဆောင်သွားခြင်းသည် အံ့သြစရာ မဟုတ်ပေ။ သို့သော် စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးလှုပ်ရှားမှု အမာခံဒေသ စစ်ကိုင်းတိုင်းသို့ ယခုနှစ်အတွင်း သွားရောက်ခြင်းကြောင့် ရဲရင့်သည်ဟု မချီးကျူးသင့်ပေ။ အနောက်မြောက်ပိုင်း စစ်ဌာနချုပ်နှင့် ထိုစစ်ဌာနချုပ်အနီး ဒေသမြို့တော် မုံရွာပြင်ပသို့ သူ ခြေမချရဲပေ။
တိုင်းနှင့်ပြည်နယ် ၁၄ ခုနှင့် ပြည်ထောင်စုနယ်မြေ တခုဖြစ်သော စစ်ကောင်စီဌာနချုပ် မြို့တော် နေပြည်တော်တို့အနက် မင်းအောင်လှိုင် သွားနိုင်သည့်နေရာအရေအတွက်သည် ယခုနှစ်တွင် ခြောက်ခုအထိ ကျဆင်းသွားပြီး ထိုနေရာများတွင်ပင် အများအားဖြင့် တိုင်းနှင့်ပြည်နယ် မြို့တော်များတွင်သာ သူ့အတွက် လုံခြုံသည်။
ထို့နောက် ရခိုင်ပြည်နယ်သို့ သွားသည်ဆိုသော်လည်း သူသွားရောက်သည့် အချိန်ကာလကို မှတ်သားသင့်သည်။ စစ်ခေါင်းဆောင် ရခိုင်ပြည်နယ်သို့ နောက်ဆုံးအကြိမ် သွားရောက်သည်မှာ ဇူလိုင်လကဖြစ်ပြီး ရခိုင်ပြည်နယ်သည် ထိုစဉ်က နှိုင်းယှဉ်ချက်အားဖြင့် ငြိမ်းချမ်းပြီး ဒေသ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီတပ်ကို နိုဝင်ဘာလတွင် ထိုးစစ်မစတင်မီ အနည်းဆုံး လေးလခန့်က ဖြစ်သည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့က သူသွားခဲ့သည့် ရှမ်းပြည်နယ်၊ ပိုမိုတိကျစွာပြောရပါက ရှမ်းပြည်နယ်မြောက်ပိုင်းသည် လက်ရှိအချိန်အထိ သူသွားခဲ့ဖူးသည့် ဒေသများတွင် မတည်ငြိမ်ဆုံးဖြစ်သည်။ ပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ နှောင်းပိုင်းမှ စတင်သည့် တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့တခုနှင့် ၎င်းတို့၏ မဟာမိတ်များက စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသောကြောင့် မငြိမ်မသက် ဖြစ်နေသည်။ (ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများများမဖြစ်ဘဲ မင်းအောင်လှိုင်သည် ယခုနှစ်အတွင်းတွင် ထိုဒေသသို့ အကြိမ်ကြိမ်သွားသည်။)
သူသည် ရှေ့တန်းစစ်မျက်နှာသို့သွားပြီး စစ်ပွဲကို ကိုယ်တိုင်ကွပ်ကဲရန် ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည်ဟု ကောက်ချက်လောက်အောင် မရိုးအသင့်ပေ။ သူ၏ခရီးစဉ်မှာ ပြည်နယ်မြောက်ပိုင်း မြို့တော် လားရှိုးသို့သာဖြစ်ပြီး ထိုနေရာသည် အနီးဆုံး ပဋိပက္ခဇုန် သိန္နီမှ ကီလိုမီတာ ၈၀ (မိုင် ၅၀ ခန့်) အနည်းဆုံး ဝေးသည်။ စစ်ကောင်စီအာဘော် သတင်းမီဒီယာများ၏ အဆိုအရ လားရှိုးသို့ သူသွားရောက်ရသည့် အဓိက အကြောင်းရင်းမှာ ဒဏ်ရာရသော စစ်သားများနှင့် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူများကို အားပေးနှစ်သိမ့်ရန်ဖြစ်ကြောင်း သိရသည်။ မှတ်သားသင့်သည့်အချက်မှာ သူ၏ စစ်တပ်သည် ထိုဒေသတွင် အရှက်တကွဲ အကျိုးနည်း ရှုံးနိမ့်မှုများ ဆက်တိုက် ခံစားရပြီး တလနှင့် ၁၄ ရက်ကြာသောအခါမှသာ သူသွားရောက် အားပေးနှစ်သိမ့်နိုင်သည် ဆိုသည့်အချက်ဖြစ်သည်။

လားရှိုးသို့ အရဲစွန့်ပြီး သွားသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရှမ်းပြည်နယ် ကိုးကန့်ဒေသ လောက်ကိုင် သို့မဟုတ် ကရင်နီ (ကယား) ပြည်နယ်မြို့တော် လွိုင်ကော်သို့သွားရန် သတ္တိမရှိသောကြောင့် လူမှုကွန်ရက်တွင် လှောင်ပြောင်ခံရသည်။
ထိုနေရာနှစ်ခုတွင် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တော်လှန်ရေး အင်အားစုများက တိုက်ခိုက်သောကြောင့် သူ၏တပ်များ အသေအပျောက်အများဆုံး နေရာများဖြစ်သည်။ ထိုနေရာ တခုစီတွင် သူ့အမည်ရေးထိုးသည့် ကျည်ဆံတတောင့်စီ ရှိနေသည်ကို သိသောကြောင့် ထိုနေရာများသို့ မသွားခြင်းဖြစ်ကြောင်း သံသယဖြစ်ရန် မလိုပေ။
ထို့ကြောင့် သူသည် ထိုနေရာများသို့ မည်သည့်အတွက် သွားသနည်းဟု မေးစရာဖြစ်လာသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် သူသည် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ အမာခံဒေသများ ဖြစ်သည့် ချင်းနှင့် ကရင်နီပြည်နယ်များသို့ ခြေမချတော့ပေ။ ထိုဒေသများတွင် သူ၏တပ်များကို လက်နက်ကိုင် တိုက်ခိုက်မှု ပထမဆုံး စတင်ပြီး အရှိန်အဟုန် မြင့်မားနေဆဲဖြစ်သည်။
လားရှိုးသို့ အရဲစွန့်ပြီး သွားသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရှမ်းပြည်နယ် ကိုးကန့်ဒေသ လောက်ကိုင် သို့မဟုတ် ကရင်နီ (ကယား) ပြည်နယ်မြို့တော် လွိုင်ကော်သို့သွားရန် သတ္တိမရှိ။
ကချင်ပြည်နယ်သို့ သူနောက်ဆုံးသွားရောက်သည်မှာ ၂၀၂၂ ခုနှစ်ကဖြစ်ပြီး ထိုခရီးသည်လည်း ပြည်နယ်မြို့တော် မြစ်ကြီးနားကိုသာ အဓိကထားသည်။ ထိုပြည်နယ်သည် စစ်ကောင်စီ ဆန်ကျင်ရေး တော်လှန်ရေး အင်အားစုများ၊ အထူးသဖြင့် အထက်မြန်မာနိုင်ငံမှ အင်အားစုများကို သင်တန်းပေးနေသည့် ဒေသဖြစ်ပြီး စစ်ကောင်စီကို အပြင်းထန်ဆုံးတိုက်နေသည့် ဒေသဖြစ်သည်။
နိုင်ငံတောင်ပိုင်း ကရင်ပြည်နယ် ဒေသအများစုတွင် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများသည် ထိုင်းနယ်စပ်တွင်သာမက အရှေ့ပိုင်း ပဲခူးတိုင်းအစပ်အထိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တပ်များကို အကြီးအကျယ် ထိုးနှက်နေသောကြောင့် ထိုဒေသသည် ယခုနှစ်အတွင်း သူရှောင်ရှားသည့် အဓိကဒေသဖြစ်သည်။
ပဲခူးတိုင်းမှ မုန်းမြို့နှင့် ဖြူးမြို့နယ်ရှိ ရဲစခန်းတခုကို တော်လှန်ရေးအင်အားစုက မကြာသေးမီက သိမ်းပိုက်ခြင်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြတ်ပြတ်သားသား ထပ်မံသတိပေးလိုက်ခြင်း ဖြစ်သည်။
ကရင်ပြည်နယ်နှင့် နယ်နိမိတ် ထိစပ်နေသည့် ဒေသတခုမှာ မွန်ပြည်နယ်ဖြစ်ပြီး ထိုဒေသတွင် လွန်စွာတက်ကြွနေသည့် စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများ ရှိသောကြောင့် သူ့အတွက် မတည်ငြိမ်သည့် ဒေသဖြစ်သည်။ နိုင်ငံတောင်ဘက်စွန်းမှ တနင်္သာရီတိုင်းသည်လည်း အလားတူပင်ဖြစ်သည်။
မကြာသေးမီက လားရှိုးသို့ သွားသောကြောင့် သူသည် သူ့တပ်များကို အားပေးနှစ်သိမ့်ရန် ရခိုင်ပြည်နယ်မြို့တော် စစ်တွေသို့ သွားမည်၊ မသွားမည်ကို စောင့်ကြည့်ရန် စိတ်ဝင်စားစရာကောင်းသည်။ ထိုပြည်နယ်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ စစ်တပ်စခန်းနှင့် ရဲစခန်း ၁၄၂ ခုကို သိမ်းပိုက်ထားသည့် AA ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သည် သေရေးရှင်ရေး ခြိမ်းခြောက်မှု ခံနေရသည်။
မကြာသေးမီက လားရှိုးသို့ သွားသောကြောင့် သူသည် သူ့တပ်များကို အားပေးနှစ်သိမ့်ရန် ရခိုင်ပြည်နယ်မြို့တော် စစ်တွေသို့ သွားမည်၊ မသွားမည်ကို စောင့်ကြည့်ရန် စိတ်ဝင်စားစရာကောင်းသည်။
ရခိုင်ပြည်နယ်တွင် မတူညီသည့်အခြေအနေမှာ စစ်တွေသည် ပေါက်တောမှ ၂၂ ကီလိုမီတာ (၁၃ မိုင်ကျော်) သာဝေးသည်။ ထိုမြို့တွင် AA က စခန်း ခြောက်ခုကို သိမ်းပိုက်ထားပြီး ပုံမှန်ထိုးစစ်ဆင်နေသည်။
သူ၏ရန်သူများသည် ထိုသို့မဝေးကွာသည့်နေရာတွင် ရှိနေသောကြောင့် စစ်တွေသို့မသွားမီ အကြိမ်ကြိမ် စဉ်းစားမည်ဖြစ်သည်။ ရခိုင်ပြည်နယ်ကို ဘေးကင်းသည့် ဒေသစာရင်းမှ စစ်ခေါင်းဆောင်က ထုတ်ပယ်ထားဖွယ်ရှိပြီး ၂၀၂၁ ခုနှစ်မှစတင်ပြီး အုပ်ချုပ်ရန် ကြိုးစားနေသည့်နိုင်ငံတွင် စစ်အာဏာရှင်အတွက် သွားစရာနယ်မြေ ပိုမိုကျဉ်းမြောင်းလာသည့် ပကတိ အခြေအနေဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Few Places in Myanmar Still Safe for Junta Boss to Visit ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ
မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း
အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ














