• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပန်းပြက္ခဒိန် (A kind of almanac “Flower calendar”)

by ဒေါက်တာ သန်းထွန်း
30 March 2024
in ဆောင်းပါး
A A
ပန်းပြက္ခဒိန် (A kind of almanac “Flower calendar”)
417
VIEWS
Share on FacebookShare on Twitter

ဟနဂိုယိုမိ (Hanagoyomi)

ပန်းမရှိတဲ့ ဆောင်းအခါမှာ မင်းတို့ အိကေဗန (Ikebana) ဘယ်လို လုပ်သလဲလို့ မကြာမီက ကာလီဖိုနိယ (California) ကို ကျနော် သွားပြီး ပြပွဲတခု လုပ်တဲ့အခါ အမေးခံရပါတယ်။

နွေဦးမှာမှ ပန်းတွေ ပွင့်တယ်လို့ လူတိုင်းက ဆွဲယူ မှတ်သားထားကြတယ်။ ဒါ့အပြင် ပန်းတွေ မပွင့်သေးဘူး ဆိုရင်လည်း ပန်းအလှပြပွဲ လုပ်လို့ မဖြစ်ဘူးလို့ ထင်ကြတယ်။

တကယ်တော့ အဲဒီ နှစ်ချက်စလုံးဟာ မှားတယ်။

ပထမ အချက်က ကျနော် ဂျပန်မှာ အိကေဗန ပညာကို စပြီး သင်ယူတဲ့ အခါကပဲ ပန်းပွင့်တွေထက် သစ်ကိုင်း၊ သစ်ရွက်နဲ့ မြက်မျိုးစုံ ဒီပညာအတွက် ပိုပြီး အရာရောက်တယ်လို့ သိလာရပါတယ်။

အခုအခါမှာတော့ အပင်၊ အသီး၊ အပွင့်တွေ နေရာမှာ စိတ်ကြိုက်ကို လိုက်ပြီး သတ္တု၊ ဖန်၊ မှန်၊ ကြွေ၊ ကြွေရည်သုတ် တွေကို တပြောင်းတလဲ သုံးနေကြပါသေးတယ်။

ဒုတိယ အချက်ကတော့ ပန်းမှန်သမျှ နွေဦးမှာ ပွင့်တယ်လို့ မထင်လေနဲ့၊ အဲဒီလို ပြောလို့ တခြား ရာသီကိုလည်း ပြောင်းပြီး မမှတ်လေနဲ့ လို့ ပြောချင်ပါတယ်။

တမျိုးပြောင်းပြီး ပြောရရင် နာစစ်စပ် (Narciccus) ပန်းဟာ ဂျပန် ဆောင်းအခါ အေးပြီးခဲမာနေတဲ့ မြေထဲက ထိုးထွက်လာတာ မြင်ဖူးကြမှာပါ။

ဒီလိုပဲ ရဲရဲနီတဲ့ ကမဲလိယ (Camelia) ပန်းကလည်း စိမ်းစိမ်းစိုတဲ့ အရွက်နဲ့ နှင်းဖွေးဖွေးထဲမှာ လှနေတယ်။ (နွေဦး မဟုတ်တဲ့ အချိန်တွေမှာ) ပွင့်နေကြတဲ့ ကွင့်စ် (Quince)၊ အကေစီယ (Acacia)၊ ပိုင်း (Pines) နဲ့ စီဒါ (Cedar) တွေကိုတောင် ထည့်ပြောဖို့ လိုမယ် မထင်ပါ။

အခုလို သူ့လ၊ သူ့အခါ နဲ့ သူ့ပန်း နှစ်ပတ်လည်အောင် ရှိနေတဲ့ ဂျပန်မှာ ပန်းနာမည် ပြောရင် ဘယ်လရယ်လို့ သိနိုင်နေပြီ။

ဟနဂိုယိုမိ (Hanagoyomi) ဆိုတာ ပန်းပြက္ခဒိန် (Flower calendar) ကို ခေါ်ပါတယ်။

ပန်းပွင့်ချိန်နဲ့ ကောက်ပဲသီးနှံ စိုက်ချိန်၊ ရိတ်သိမ်းချိန် တွဲပြီးမှတ်တဲ့ ပညာဟာ ၁၇ ရာစု အတွင်းကပဲ တရုတ်ဆီက ရခဲ့ကြတယ်။

ရာသီ ပြောင်းတဲ့အခါ နွယ်မြက် သစ်ပင် ပြောင်းလဲပုံကို ဂျပန် ရိုးရာ ဓလေ့တွေမှာ ထည့်ပြီး ပြောနေကြတာကို ထောက်တော့ ရာသီပြောင်းတော့မယ် ဆိုတာ သစ်ပင်က အထင်အရှား အချက်ပြနေပုံကို ဂျပန်တွေက ရှေးပဝေသဏီကပဲ သတိထားခဲ့ကြတယ်လို့ ပြောနိုင်ပါတယ်။

တောင်သူ ပြက္ခဒိန် (Farmer Almanac) အရ ချယ်ရီ (Cherry) ပန်းပွင့်ရင် နွေဦးဟင်းပင်တွေ (Spring Vegetables) စိုက်ကြလို့ နှိုးဆော်နေပြီ။ (ဂျပန် နေကြာ) ဥနိဟန (Unehana) ပွင့်ရင် ပျိုးနုတ် ကောက်စိုက် လုပ်ကြဖို့ အချိန်တန်ပြီလို့ သိနေကြပြီ။ နှစ်ပတ်လည်သွားအောင် ဒီလို တွဲပြီး ပြောစရာတွေ ရှိပါတယ်။

ခုခေတ်မှာ ဖန်အိမ် (Greenhouse) နဲ့ သစ်ပင်တွေ အတွက် မလိုအပ်တဲ့ နှင်းတွေ၊ မိုးတွေကို ကာပေးမယ်။ ဂြိုဟ်တုက တဆင့် သိရတဲ့ ရာသီဥတု အပြောင်းအလဲကို လိုက်ပြီး ဖန်အိမ်ထဲမှာ စိုက်ထားတဲ့ သစ်ပင် အကြိုက် အပူအအေး ညှိပေးမယ်။

မြေသြဇာ နဲ့ မြေထဲက ရေဓာတ်ကို သစ်ပင် လိုသလောက် ချိန်ဆပြီး ပေးမယ် ဆိုပြန်တော့ ပန်းပြက္ခဒိန်ဟာ သက်ကြီးစကား အလကား ဆိုသလို ဖြစ်ရပြန်တယ်။

ဒါပေမယ့် လူနဲ့ သဘာဝ ဆက်သွယ်ပုံ အခြေခံသဘောက ဘယ်တော့မှ မပျောက်ဘူး။

အရင် သီတင်းပတ်ကပဲ ရှိဗု (Shobu) (ဂျပန် အိုင်းရစ် Japanese Iris) ပန်းနဲ့ သားသားတို့နေ့ (Boy’s Day) ပွဲကို ကျင်းပခဲ့ရတယ်။

အဲဒီ အခါမှာ ဆောင်းအဝတ်တွေ သိမ်းကြရပြီ၊ မိုးရွာတော့မှာ ဖြစ်လို့လည်း အဝတ်တွေမှာ မိုးထင်းမှာ စိုးရိမ်နေရပြီ။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
754
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
200
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
614

အဂျိစိုင် (Ajisai) (ဟိုင်ဒရင်ဂိယ Hydrangia) ပွင့်အခါ ကမကုယ (Kamakura) ကို ဘုရားဖူးသွားဖို့ အကောင်းအဆုံး အခါပဲ။

ဇူလိုင်၊ သြဂုတ် ဆိုရင် ဝါးနေကာ (Bamboo Blind) ကို ဆွဲသင့်ပြီ။

အဲဒီလိုနဲ့ နိုင်ငံခြားသားတောင် သူ့အတွေ့အကြုံနဲ့တောင် သူ့ပြက္ခဒိန် လုပ်တတ်လာပါတယ်။ (ဂျပန်ကို ရောက်နေတာ ၆ နှစ် ဆိုတော့လည်း ဂျပန် သစ်ပင် နဲ့ ဂျပန် ရာသီဥတုကို တွဲမိနေပါပြီ။

ကျနော်က ဘယ်အခါ ဖြစ်ဖြစ်၊ နွေဦးလို ရာသီဥတုမျိုး အမြဲရှိနေတဲ့ ကာလီဖိုနိယမှာ တဇောင်း (Cactuses) ပင်ပဲ ရှိတဲ့ အရိဇိုန (Arizona) မှာ အိကေဗန ဘယ်လို လုပ်ကြမလဲ စဉ်းစားကြည့်မိပါတယ်။

ဆရာ လုပ်သူက ဘယ်မှာ ဖြစ်ဖြစ်၊ ဘယ်အချိန် ဖြစ်ဖြစ် လုပ်လို့ရတယ်လို့ အပြတ်ပြောတော့မှ ပြဿနာ အားလုံး ရှင်းတယ်။ ဟုတ်ပါလိမ့်မယ်။

ဒါတောင် ကိုယ်ပိုင် ရေကူးကန်ဘေး ထိုင်ရင်း နှစ်သစ်ကူးနေ့မှာ ဓနိပင် (Palm Trees) နဲ့ ချုံပုတ်ကြီးတွေထဲက ပတ်ဝန်းကျင်နဲ့ မတွဲမိအောင် လှနေတဲ့ နတ်ငှက် (Bird of paradise) တွေကို ကြည့်နေရင်း ဂျပန် နှင်းထဲက ခွဲထွက်လာတဲ့ နာစစ်စပ် ပန်းကို မြင်ယောင် မိပါသေးတယ်။

ဂျိုးဇက် အက်စ် လပင်တ
Joseph S. Lapenta

(သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း မြန်မာပြန် ရေးသားသည့် ဤဆောင်းပါးကို ကွန်သာယာ စာပေတိုက်က ၂၀၀၄ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဝေသော “ဂျပန်မှုထပ်တစ်ရာ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းမှာ A Hundred More Things Japanese, 1980 by the Japan Culture Institute စာအုပ်ဟု သိရပြီး ဆောင်းပါး အပုဒ်ရေ ၁၀၀ ရှိပါသည်။ ဆရာကြီး မြန်မာပြန်ထားသည့် ထိုဆောင်းပါးများထဲက မူရင်းရေးသူ ဂျိုးဇက် အက်စ် လပင်တ (Joseph S. Lapenta) ၏ ယခု တပုဒ်ကို ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဒေါက်တာ သန်းထွန်းသည် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် အသက် ၈၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

Your Thoughts …
Tags: ချယ်ရီဂျပန်တောင်သူပန်းပြက္ခဒိန်ရာသီဥတုလူသဘာဝအိကေဗန (Ikebana)
ဒေါက်တာ သန်းထွန်း

ဒေါက်တာ သန်းထွန်း

Similar Picks:

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
13.6k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

ယူကရိန်းတွင် ဖျက်ဆီးခံထားရသည့် ရုရှားတင့်ကားတစီး / AFP

မြန်မာနှင့် အိန္ဒိယသို့ ရောင်းချထားသော လက်နက်များ ရုရှားပြန်ဝယ်နေ

by ဧရာဝတီ
6 June 2023
15.5k

မြန်မာနှင့် အိန္ဒိယသို့ တင်ပို့ထားသည့် တင့်ကားနှင် ဒုံးကျည်အစိတ်အပိုင်းများကို ရုရှားက ပြန်လည်တင်သွင်းသည့် မှတ်တမ်းများကို တွေ့ရသည်။

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

by စွယ်တော်
5 January 2025
8.4k

“အဘက အမ်းပေးခဲ့တာတောင် ဂွကျတဲ့အထိဖြစ်ရပြီ” ဆိုသည့်စကားက စစ်တပ်တွင် အခုလတ်တလော ပြောစမှတ်တွင်နေသည့်စကား ဖြစ်သည်။

ရခိုင် “ပုံမှန်အခြေအနေသစ်”

ရခိုင် “ပုံမှန်အခြေအနေသစ်”

by ဇေယျ (အညာ)
14 May 2024
6.9k

"အေးအခုတော့ မြောက်ဦးကို ငါတို့ ရခိုင်တွေကိုယ်တိုင် အုပ်ချုပ်နေပြီကွ"

မုတ်သုန်စစ်တွင် AA က စစ်ကောင်စီတပ်ကို ချေမှုန်းနေ

မုတ်သုန်စစ်တွင် AA က စစ်ကောင်စီတပ်ကို ချေမှုန်းနေ

by Marawaan Macan-Markar
2 August 2024
6.4k

အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်များကို ထိုးစစ်အရှိန်မြှင့်တင်ရန် ရွာသွန်းနေသည့် မုတ်သုန်မိုးကို အခွင့်ကောင်းယူနေသည်။

Next Post
ရှမ်းမြောက်သာမက ရခိုင်မှာပါ အပစ်ရပ်ဖို့ တရုတ် ကြိုးစားနေ

ရှမ်းမြောက်သာမက ရခိုင်မှာပါ အပစ်ရပ်ဖို့ တရုတ် ကြိုးစားနေ

ဘယ်လ်တီမိုး ကပ်ဆိုး အကြီးမားဆုံး ရေကြောင်းအာမခံလျော်ကြေး ပေးရနိုင်

ဘယ်လ်တီမိုး ကပ်ဆိုး အကြီးမားဆုံး ရေကြောင်းအာမခံလျော်ကြေး ပေးရနိုင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved