အမေရိကန် ပြည်ထောင်စု၊ နယူးယောက်ပြည်နယ် မြောက်ပိုင်းမှ ရဲတပ်ဖွဲ့သည် အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတဦးကို ဖမ်းဆီးစဉ် ထွက်ပြေးပြီး ရဲများကို လေသေနတ်နှင့် ချိန်သောကြောင့် ရဲက ပစ်ခတ်ရာတွင် သေဆုံးသွားသည်။
ယူတီကာ ရဲတပ်ဖွဲ့က ဇွန်လ ၂၈ ရက်နေ့ည ပစ်ခတ်မှုတွင် ရဲများ၏ ခန္ဓာကိုယ်၌ တပ်ဆင်ထားသည့် ကင်မရာမှ ရိုက်ကူးထားသော ဗီဒီယိုကို ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ပြီး ထိုဆယ်ကျော်သက်ရွယ်၏ မိသားစုနှင့် ၎င်းတို့၏ ဒုက္ခသည် လူမှုအသိုက်အဝန်းဝင်များ တက်ရောက်သည့် အပြင်းအထန် ငြင်းခုန်ရသည့် လူထုအစည်းအဝေး ကျင်းပသည်။
ပြည်နယ်ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီး ထိုသို့သော ပစ်ခတ်မှု စုံစမ်းစစ်ဆေးစဉ် လုပ်ထုံးလုပ်နည်းအတိုင်း ပါဝင်သည့် ရဲများကို ခွင့်ပေးထားသည်။
ထိုအမှုနှင့် ပတ်သက်သော သိကောင်းစရာများကို အောက်တွင် ဖော်ပြလိုက်သည်။
မည်သို့ဖြစ်ခဲ့သနည်း
အဒါရွန်ဒက် တောင်တန်းအောက် မိုဟော့မြစ်ကြောင်းမှ မန်ဟက်တန် အနောက်မြောက်ဘက် မိုင် ၂၄၀ (ကီလိုမီတာ ၄၀၀) ခန့်မှ စက်မှုမြို့ဟောင်း ယူတီကာမှ လူနေရပ်ကွက်လမ်း တခုတွင် ည ၁၀ နာရီခန့်က ပစ်ခတ်မှု ဖြစ်သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ကင်းလှည့်နေသည့် ရဲသုံးဦးက လူငယ် နှစ်ဦးကို စစ်မေးရန် တားဆီးသည်။ ထိုဆယ်ကျော်သက် နှစ်ဦးအနက် တဦးဖြစ်သူ ‘ညာမွေး’ က ထွက်ပြေးပြီး ရဲများဘက်သို့ သေနတ်ဖြစ်ပုံရသည်ဟု ရဲများက ပြောသည့်အရာဖြင့် ချိန်သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ကင်းလှည့်နေသည့် ရဲသုံးဦးက လူငယ် နှစ်ဦးကို စစ်မေးရန် တားဆီးသည်။ ထိုဆယ်ကျော်သက် နှစ်ဦးအနက် တဦးဖြစ်သူ ‘ညာမွေး’ က ထွက်ပြေးပြီး ရဲများဘက်သို့ သေနတ်ဖြစ်ပုံရသည်ဟု ရဲများက ပြောသည့်အရာဖြင့် ချိန်သည်။ ထိုလူငယ်ကို မြေကြီးပေါ်လှဲချ ဖမ်းချုပ်ပြီး ရဲတဦးက ထိုလူငယ်၏ ရင်ဘတ်ကို တချက်ပစ်သည်။ ထိုလူငယ်ကို ဆေးရုံသို့ သယ်ဆောင်သွားပြီး ဆေးရုံတွင် သေဆုံးသည်။
သေဆုံးသူ မည်သူနည်း
မိသားစုအမည် ‘ညာ’ ခံယူထားသူ ‘မွေး’ သည် မြန်မာတွင် မွေးဖွားသည့် ကရင်ဒုက္ခသည် ဖြစ်သည်။ သူသည် အလယ်တန်း အောင်ကာစသာ ရှိသေပြီး ဆောင်းရာသီတွင် အထက်တန်း စတင် တက်ရောက်မည် ဖြစ်သည်။
သူ၏ ပူဆွေးနေသော ဆွေမျိုးများနှင့် ဒေသခံ ကရင်လူမှု အသိုက်အဝန်းဝင်များက ညာမွေး ပစ်ခတ်ခံရချိန်တွင် မြေပြင်တွင်လှဲချ ဖမ်းချုပ်ထားပြီး ဖြစ်သောကြောင့် မတရားသော သတ်ဖြတ်မှုဖြစ်သည်ဟု မြင်ပြီး ရဲများကို အရေးယူရန် တောင်းဆိုသည်။
သူ၏ ဈာပနအတွက် စီစဉ်ရန် ဆေးစစ်ဆေးသူများက အလောင်းပြန်ပေးမည့်အချိန်ကို စောင့်နေကြောင်း ထိုဆယ်ကျော်သက်၏ မိသားစုများက ဇူလိုင်လ ၁ ရက်နေ့တွင် ပြောသည်။ သေဆုံးရသည့် အကြောင်းရင်းနှင့် ပုံစံကို မထုတ်ပြန်ရသေးကြောင်း အွန်နွန်ဒါဂါ ခရိုင်ကျန်းမာရေးဌာကပြောပြီး သေမှုသေခင်း အစီရင်ခံစာကို အများပြည်သူသို့ မထုတ်ပြန်သေးပေ။

ပြည်တွင်းစစ် ဖြစ်နေသည့် မြန်မာတွင် ဆယ်စုနှစ်များစွာကြာသည့် ပဋိပက္ခနှင့် အကြမ်းဖက်မှု ဆယ်စုနှစ်များစွာ ကြာပြီးနောက် ငြိမ်းချမ်းသောဘဝတွင် နေထိုင်ရန် မျှော်လင့်ပြီး ကောင်းမွန်သော အလုပ်အကိုင်နှင့် ပညာရေးအတွက် ၎င်းတို့မိသားစု အမေရိကန် ပြည်ထောင်စုသို့ လာရောက်ခြင်းဖြစ်ကြောင်း မွေး၏ ဝမ်းကွဲတော်စပ်သူ လေးထူးက AP သတင်းဌာနသို့ ပြောသည်။
အမှုတွင် ပါဝင်သော ရဲများ မည်သူနည်း
ထိုအမှုတွင် ပါဝင်သည့် ရဲသုံးဦး၏အမည်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်ပြီး ၎င်းတို့ကို ရာဇဝတ်မှု တားဆီးရေးဌာနတွင် တာဝန်ပေးထားကြောင်း ပြောသည်။ ထိုဌာနတွင် လုပ်သက် ခြောက်နှစ်ရှိ ဝါရင့်ရဲ ပက်ထရစ် ဟပ်စ်နေက ထိုဆယ်ကျော်သက်ကို ပစ်ခတ်သည့်ရဲ ဖြစ်သည်။
ထိုအမှုတွင် ပါဝင်သည့် ရဲသုံးဦး၏အမည်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်ပြီး ၎င်းတို့ကို ရာဇဝတ်မှု တားဆီးရေးဌာနတွင် တာဝန်ပေးထားကြောင်း ပြောသည်။ ထိုဌာနတွင် လုပ်သက် ခြောက်နှစ်ရှိ ဝါရင့်ရဲ ပက်ထရစ် ဟပ်စ်နေက ထိုဆယ်ကျော်သက်ကို ပစ်ခတ်သည့်ရဲ ဖြစ်သည်။
ရဲလုပ်သက် လေးနှစ်ရှိသည့် ဘရိုက်စ် ပက်တာဆန်နှင့် ယခင်က အိုနွန်ဒါဂါခရိုင် မြို့ဝန်ရုံးတွင် လုပ်ခဲ့ပြီး ရဲလုပ်သက် နှစ်နှစ်ရှိ အင်ဒရူး စီထရီနတီတို့သည် ထိုအမှုတွင် ပါဝင်သည့် အခြားရဲများ ဖြစ်သည်။
၎င်းတို့ သုံးဦးလုံးကို ပစ်ခတ်မှုတွင် ပါဝင်သည့် ရဲများအတွက် လုပ်ထုံးလုပ်နည်းအတိုင်း လစာဖြင့် ခွင့်ပေးထားသည်ဟု ရဲတပ်ဖွဲ့ပြောခွင့်ရသူ ဒုရဲဗိုလ် မိုက်ကယ် ကာလေက ဇူလိုင်လ ၁ ရက်နေ့တွင် အတည်ပြုသည်။
ရဲများ၏ကိုယ်တွင် တပ်ဆင်ထားသည့် ကင်မရာရိုက်ကူးမှု ပြသချက်
ဇူလိုင်လ ၂၉ ရက်နေ့ နှောင်းပိုင်းတွင် ထုတ်ပြန်သည့် ထိုဗီဒီယိုတွင် ဖရိုဖရဲအခြေအနေကို ပြသသည်။
ထိုရိုက်ကူးထားသည့် ဗီဒီယိုတွင် ရဲတဦးက လမ်းဘေးတွင် ရပ်နေသည့် ဆယ်ကျော်သက် နှစ်ဦးတွင် လက်နက်မရှိစေရေး ရှာဖွေစစ်ဆေးရန် လိုကြောင်း ပြောသည်။ တဦးက လမ်းအတိုင်း ထိတ်လန့်စွာ ထွက်ပြေးပြီး ထိုသို့ပြေးစဉ် လက်ထဲတွင် အနက်ရောင်အရာတခု ကိုင်ထားသည်။
ရဲတဦးက ထိုလူငယ်ကို လှဲချဖမ်းဆီးပြီး မထိုးကြိတ်မီ “သေနတ်” ဟု ရဲများက အော်သည်။ ၎င်းတို့ နှစ်ဦး မြေပြင်တွင် လုံးထွေးနေစဉ် အခြားရဲတဦးက ပစ်ခတ်လိုက်သည်။
ရိုက်ကူးမှုတခုလုံးတွင် ဘေးတွင်ရှိနေသူများက ရဲများကို စူးစူးရှရှ အော်ဟစ်နေသည်။ တနေရာတွင် အခြားရဲတဦးက “ကျနော်တို့ သူ့ကို ချက်ချင်း ကယ်ဖို့ကြိုးစားနေတယ်” ဟု ပြန်လည် အော်ဟစ်သည်။
မည်သည့် လက်နက် ကိုင်ဆောင်ထားသနည်း
ညာမွေးက ချိန်ရွယ်သော BB သို့မဟုတ် ကော်လုံးနှင့်ပစ်သော သေနတ်သည် ကျည်ကပ် ဖြုတ်တပ်နိုင်သည့် Glock 17 Gen 5 သေနတ်နှင့် အလွန်တူသည်ဟု ရဲက ပြောသည်။
ရဲဌာနက ထုတ်ပြန်သည့် ပုံတွင် BB သေနတ် ထုတ်လုပ်သူများက ၎င်းတို့၏ ထုတ်ကုန်နှင့် သေနတ်အစစ် ခွဲခြားသိအောင် မကြာသေးမီနှစ်များက ပြောင်းတံတွင် တပ်ဆင်ထားသည့် လိမ္မော်ရောင်အကွင်း မပါရှိပေ။

အရာရှိများ မည်သို့ပြောသနည်း
ထိုနေရာတွင် မကြာသေးမီက ဖြစ်ပွားသည့် ဓားပြမှုများအတွက် သံသယ ရှိသူများ၏ ပုံစံနှင့်တူသောကြောင့် ရဲများက ထိုဆယ်ကျော်သက်များကို ဟန့်တားစစ်ဆေးကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ မတ်ခ် ဝီလျံက ပြောသည်။ ထိုအမှုများအတွက် သံသယရှိသူများမှာ အာရှနွယ်ဖွား အမျိုးသားများဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုနေရာတွင် မကြာသေးမီက ဖြစ်ပွားသည့် ဓားပြမှုများအတွက် သံသယ ရှိသူများ၏ ပုံစံနှင့်တူသောကြောင့် ရဲများက ထိုဆယ်ကျော်သက်များကို ဟန့်တားစစ်ဆေးကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ မတ်ခ် ဝီလျံက ပြောသည်။ ထိုအမှုများအတွက် သံသယရှိသူများမှာ အာရှနွယ်ဖွား အမျိုးသားများဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုဆယ်ကျော်သက် နှစ်ဦးအနက် တဦးသည် လမ်းလျှောက်နေပြီး အခြားတဦးမှာ စက်ဘီးစီးနေသည်။ စက်ဘီးစီးသူသည် အနက်ရောင်သေနတ် ကိုင်ဆောင်သူဖြစ်သည်ဟု ရဲတပ်ဖွဲ့အကြီးအကဲ မတ်ခ် ဝီလျံက ပြောသည်။

မြို့ဝန် မိုက်ကယ် ဂါလီမီသည် ထိုမိသားစုနှင့် ဇွန်လ ၂၉ ရက်နေ့တွင် သီးခြား တွေ့ဆုံစကားပြောသည်။ ဇွန်လ ၃၀ ရက်နေ့ ဒေသဘုရားကျောင်းမှ အပြင်းအထန် ငြင်းခုန်ရသည့် အစည်းအဝေးတွင်လည်း မြို့ဝန်က ကရင် လူမှုအသိုက်အဝန်းကို စကားပြောခဲ့ပြီး ထိုပစ်ခတ်မှုသည် အညှိုးထား ပစ်ခတ်မှု ဖြစ်သည်ဆိုသည့် ပြောဆိုချက်များကို ငြင်းဆန်သည်။
“ရဲတွေရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာက ရိုက်ကူးထားတာကို ကြည့်ရတာနဲ့ ဒီဖြစ်ရပ်ဖြစ်စေတဲ့ အစီရင်ခံစာတွေကို ဖတ်ရတာ အားလုံးက လူမျိုးရေး ခွဲခြားမှုရှိတယ်လို့ မဖော်ပြဘူး” ဟု ကရင် လူမှုအသိုက်အဝန်းကို မြို့ဝန် ဂါလီမီက ပြောသည်။
ဦးစီးအရာရှိ မိုက်ကယ် ဂျန်တိုင်းက ရှင်းလင်းပြောကြားရန် ငြင်းဆန်ပြီး လူမျိုးရေးခွဲခြားမှုနှင့် ပတ်သက်ပြီး မြို့ဝန်ကို တိုက်ရိုက်မေးကြောင်းနှင့် မြို့ဝန်က မပြောင်းလဲသော အဖြေကိုသာ ဖြေကြောင်းပြောသည်။
အမေရိကန်ရောက် ကရင်လူမှု အသိုက်အဝန်း
ကရင်များသည် မြန်မာမှ စစ်တပ်အုပ်ချုပ်သူများနှင့် စစ်ဖြစ်နေသည့် အုပ်စုများတွင် ပါဝင်သည့် လူမျိုးစု ဖြစ်သည်။
လူဦးရေ ၆၅,၀၀၀ ကျော်ရှိသည့် ယူတီကာတွင် မြန်မာမှ လူ ၄,၂၀၀ ကျော်ရှိကြောင်း ဒုက္ခသည်များ ပြန်လည် အခြေချရေးအတွက် ကူညီနေသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်း The Center ၏ စာရင်းအရ သိရသည်။
၎င်းတို့သည် မကြာသေးမီ ဆယ်စုနှစ်များအတွင်း ထိုဒေသတွင် အခြေချပြီး စက်မှုမြို့ဟောင်း လူဦးရေ၏ ၂၀ ရာခိုင်နှုန်းကျော်အထိ ရှိလာသည်ဟု အချို့ ခန့်မှန်းတွက်ချက်မှုများတွင် ဖော်ပြသည်။

ရှေ့ဆက်မည်သို့ ဖြစ်မည်နည်း
ရဲတပ်ဖွဲ့၏ အင်အားအသုံးပြုမှုသည် ကျိုးကြောင်း ဆီလျော်မှု ရှိ မရှိ ဆုံးဖြတ်ရန် ရဲပစ်ခတ်မှု စံနှုန်းအတိုင်း ပြည်နယ်ရှေ့နေချုပ် လက်တီတီယာ ဂျိမ်းစ်၏ ရုံးက သုံးသပ်နေသည်။
စုံစမ်းစစ်ဆေးမှု ဆက်လက် ပြုလုပ်နေကြောင်းနှင့် မည်သည့်အချိန်တွင် ပြီးစီးမည်ဆိုသည်ကို မပြောနိုင်ကြောင်း သူ၏ ရုံးက ဇူလိုင်လ ၁ ရက်နေ့တွင် ပြောသည်။
ထိုရဲများသည် စနစ်ကျသည့် လုပ်ထုံးလုပ်နည်း၊ မူဝါဒများနှင့် လေ့ကျင့်မှုများကို လိုက်နာခြင်း ရှိ၊ မရှိ ရဲတပ်ဖွဲ့ကလည်း သီးခြား စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်။
ထိုပစ်ခတ်မှုကို ရာဇဝတ်စုံစမ်းစစ်ဆေးမှုအတွက် မည်သည့် နောက်ဆက်တွဲ အသေးစိတ်များမဆိုကို ပြည်နယ်ရှေ့နေချုပ် ဂျိမ်းစ်၏ ရုံးမှသာ ထုတ်ပြန်မည်ဖြစ်ကြောင်း ဒေသရဲတပ်ဖွဲ့ ပြောခွင့်ရသူ ကာလေက ပြောသည်။
(AP ပါ Philip Marcelo ၏ What we know about the fatal police shooting of a 13-year-old boy in upstate New York ကို ဘာသာပြန်သည်။)
You may also like these stories:
အမေရိကန်တွင် အခြေချရေး ထိုင်းရောက် မြန်မာဒုက္ခသည်များကို တွေ့ဆုံမေးမြန်းမှု စတင်
ထိုင်း- မြန်မာနယ်စပ်မှ ဒုက္ခသည်များ နေရပ်ပြန်ရေး UNHCR ဖိတ်ခေါ်ဆွေးနွေး
ဒုက္ခသည် အလုံးအရင်း ဝင်ရောက်ခြင်းကို ထိုင်းလက်ခံမည်














