• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမေရိကန်တွင် အခြေချရေး ထိုင်းရောက် မြန်မာဒုက္ခသည်များကို တွေ့ဆုံမေးမြန်းမှု စတင်

by ဧရာဝတီ
25 May 2024
in သတင်း
A A
အမေရိကန်တွင် အခြေချရေး ထိုင်းရောက် မြန်မာဒုက္ခသည်များကို တွေ့ဆုံမေးမြန်းမှု စတင်

နှစ်များစွာ ဖွင့်လှစ်ထားရှိထားသော မယ်လ ဒုက္ခသည်ရွာ / AFP

1.1k
VIEWS
Share on FacebookShare on Twitter

အမေရိကန် ပြည်ထောင်စုတွင် ပြန်လည်နေရာချထားရေး အစီအစဉ်သစ်အတွက် အကျုံးဝင်သည့် ထိုင်းမှ မြန်မာ ဒုက္ခသည်များကို တွေ့ဆုံမေးမြန်းမှု စတင်ပြုလုပ်နေကြောင်း ထိုင်းအစိုးရက ပြောသည်။

ပထမဆုံးအသုတ်သည် ယခုနှစ်ကုန်တွင် စတင်ရွှေ့ပြောင်းရမည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံက ပြောသည်။

မြန်မာစစ်တပ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်များအကြား တိုက်ပွဲမှ လွတ်မြောက်ရန် ထိုင်ဘက်ခြမ်း စခန်း ကိုးခုတွင် ဒုက္ခသည် ၉ သောင်းခန့် နေထိုင်ကြသည်။ ဒုက္ခသည် အချို့သည် ထိုစခန်းများတွင်မွေးဖွားသူများဖြစ်သည်။ ထိုစခန်းများသည် ၁၉၈၀ ပြည့်နှစ်များအလယ်က ပေါ်ပေါက်လာသည့် စခန်းများဖြစ်ပြီး အများအပြားသည် ထိုစခန်းများတွင် ဆယ်စုနှစ်နှင့်ချီ နေထိုင်သူများ ဖြစ်သည်။

မြန်မာမှ ရှည်ကြာသောတိုက်ပွဲသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကြောင့် ကျယ်ပြန့်လာပြီး အများစုမှာ နေရပ် မပြန်နိုင်ကြပေ။

ဒုက္ခသည်များ စခန်းများမှ ဘေးကင်းစွာ ထွက်ပေါက်ပေးရေးအတွက် ထိုင်း၊ အမေရိကန် ပြည်ထောင်စုနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့သည် ပြန်လည်နေရာချထားရေး အစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ မေလတွင် ကြေညာခဲ့သည်။

ထိုင်းအစိုးရနှင့် UNHCR တို့သည် ထိုအစီအစဉ်တွင် အကျုံးဝင်မှုအတွက် ဒုက္ခသည်များ၏ ကိုယ်ရေး အချက်အလက်များကို စစ်ဆေးမှု ပြီးစီးခဲ့သည်ဟု ထိုင်း ပြည်ထဲရေးဝန်ကြီးဌာနက တနှစ်ကြာသောအခါ ကြေညာသည်။ ဒုက္ခသည် ၈ သောင်းကျော် အကျုံးဝင်သည်ဟု သတ်မှတ်ခံရပြီး ၎င်းတို့အားလုံးနီးပါးက ပြန်လည် နေရာချထားခံလိုကြောင်း ပြောသည်ဟု အရာရှိများက ပြောသည်။

“အဲဒီနောက် အမေရိကန်အဖွဲ့က ပထမဆုံးစခန်းတွေကို သွားရောက် တွေ့ဆုံမေးမြန်းပြီး အဲဒီ တွေ့ဆုံမေးမြန်းမှုတွေ ပြီးစီးသွားပြီ” ဟု ထိုင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြန်လည် နေရာချထားရေးအစီအစဉ် တာဝန်ခံ ဇကွန်ကလော့ ခေါဂျန်က VOA သတင်းဌာနသို့ ယခုအပတ်တွင် ပြောသည်။

ထိုစခန်း နှစ်ခုဖြစ်သော ဘန့်တုံယမ်းနှင့် ထမ်းဟင်သည် စခန်း ကိုးခုတွင် အသေးဆုံးစခန်းများဖြစ်ကာ စုစုပေါင်း ဒုက္ခသည် ၈,၇၅၀ ဦးခန့် လက်ခံထားသည်။

ခွင့်ပြုချက်အရ ဒုက္ခသည်များကို မည်သည့်အချိန်တွင် ပြန်လည်နေရာချထားမည် သို့မဟုတ် ကျန်စခန်း ခုနစ်ခုတွင် တွေ့ဆုံမေးမြန်းမှု စတင်မည်ကို ထိုင်းနိုင်ငံရှိ အမေရိကန်သံရုံးက ထိုင်းအစိုးရကို ပြောကြားခြင်း မရှိသေးကြောင်း ဇကွန်ကလော့က ပြောသည်။

မတ်လက အစည်းအဝေးတခုတွင် UNHCR ထံမှ အလားတူ သတင်းစကားကို သိရှိရကြောင်း စခန်းများမှ ပရဟိတအဖွဲ့များအနက် တခုဖြစ်သည့် ကရင်ဒုက္ခသည် ကော်မတီ (KRC) တွဲဖက်အတွင်းရေးမှူး ဟေဆို သာကိုက ပြောသည်။

“ပထမဆုံးအုပ်စုက အခုနှစ်ကုန်၊ နှစ်ကုန်နီးပါးမှာ သွားရနိုင်တယ်လို့ သူတို့ပြောတယ်” ဟု ၎င်းကပြောသည်။

ပြန်လည် နေရာချထားရေး မည်သည့်အချိန်တွင် စတင်မည်ကို မှတ်ချက်ပေးရန် UNHCR က ငြင်းဆိုပြီး အမေရိကန် ပြည်ထောင်စုသို့ မေးရန် ပြောသည်။ ဘန်ကောက်ရှိ အမေရိကန်သံရုံးကလည်း အချိန်ဇယားပြောရန် ငြင်းဆိုသည်။

“ပြန်လည်နေရာချထားရေး လုပ်ငန်းတွေကို UNHCR နဲ့ တော်ဝင်ထိုင်းအစိုးရနဲ့ ပူပေါင်းလုပ်ဆောင်နေတယ်” ဟု အမေရိကန်သံရုံးက VOA သို့ အီးမေးလ်ဖြင့်အကြောင်းပြန်ပြီး အမေရိကန် အရာရှိတဦးက ထိုသို့ ပြောသည်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်နှင့် ကရင် KNU တို့အကြား တိုက်ပွဲကြောင့် ထိုင်းဘက်သို့ ထွက်ပြေးရန် ၂၀၂၁ ခုနှစ်၊ မတ်လက မြစ်ကမ်းစပ်တွင် စောင့်ဆိုင်းနေသည့် ကရင်ဒေသခံများ / ဧရာဝတီ

အကျုံးဝင်သည့် ဒုက္ခသည် ၈ သောင်းကျော်အနက် အမေရိကန် ပြည်ထောင်စုက နှစ်စဉ်ဖြစ်စေ၊ တစုတစည်းတည်းဖြစ်စေ မည်မျှ လက်ခံမည်ကို သံရုံးက မပြောပေ။ ထိုအရေအတွက်ကို သံရုံးက ထိုင်းအစိုးရကိုလည်း မပြောသေးကြောင်း ဇကွန်ကလော့ ပြောသည်။

စခန်းများသို့ ရောက်လာသည့် နိုင်ငံတကာအကူအညီ အများအပြားကို ညှိနှိုင်းဆောင်ရွက်ပေးသည့် ပရဟိတ လုပ်ငန်းများ၏ ကွန်ရက် Border Consortium ကလည်း ၎င်းတို့ထံ တရားဝင် အရေအတွက် မပေးသေးကြောင်း၊ သို့သော် ထိုအစီအစဉ် ပမာဏကို အချိန်အလိုက် လျှော့ချထားပုံရကြောင်း ပြောသည်။

“အရေအတွက်တွေက ပြောင်းနေတယ်။ အစတုန်းက ပြန်လည် နေရာချထားနိုင်မယ့် အရေအတွက် တခုပြောတယ်။ အခုကျတော့ အရေအတွက် လျော့ကျသွားနိုင်တယ်” ဟု Border Consortium မှ အမှုဆောင် ဒါရိုက်တာ လီယွန် ဒီ ရိဒ်မက်တန်က VOA သို့ ပြောသည်။

သို့သော် သူက “ပြန်လည် နေရာချထားဖို့ ဖြစ်နိုင်ခြေ ရှိသေးတယ်ဆိုတဲ့အချက်က စခန်းမှာ နေထိုင်သူတွေအတွက် အရေးကြီးတယ်။ အမေရိကန် ပြည်ထောင်စုမှာ ပြန်လည် နေရာချထားခံရမယ့်လူ သိပ်များရင်တောင်မှ ဒါက အဓိက သတင်းစကားဖြစ်တယ်လို့ ထင်တယ်” ဟု ပြောသည်။

ဒုက္ခသည်များ တရားဝင် အမြဲတမ်းနေထိုင်ခွင့်ကို ထိုင်းနိုင်ငံက ပယ်ချပြီး ဒုက္ခသည်များ စခန်းများတွင် ဝင်၊ ထွက်သည်ကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။

မြန်မာမှ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် နိုင်ငံ၏ တိုတောင်းသော ဒီမိုကရေစီ စမ်းသပ်မှုကို ရပ်တန့်သွားစေပြီး ပြည်တွင်းစစ်ဖြစ်စေကာ ဒုက္ခသည်များ မကြာမီ နေရပ်ပြန်နိုင်မည့် မျှော်လင့်ချက်များ ပျောက်ကွယ်ကုန်သည်။

အခြားနိုင်ငံများအနေဖြင့် ဒုက္ခသည် အချို့ကို ခေါ်ယူရန် ကတိပြုပါက အထောက်အကူ ပြုမည်ဖြစ်ကြောင်း ဟေဆို သာကိုနှင့် ဒီ ရိဒ်မက်တန်တို့က ပြောသည်။

ပြန်လည်နေရာချထားရေး အစီအစဉ်တွင် ပါဝင်ကြရန် နောက်ထပ် နိုင်ငံများကိုလည်း အားပေးထားကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

ယခင်က ထိုသို့သော အစီအစဉ်ဖြင့် ဒုက္ခသည် ထောင်ပေါင်းများစွာကို အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံ အနည်းငယ်တွင် ပြန်လည်နေရာချထားပေးပြီးနောက် လွန်ခဲ့သော ငါးနှစ်က အဆုံးသတ်ခဲ့သည်။

ယခု အစီအစဉ်သစ်က ဒုက္ခသည် မည်မျှကို ကိုင်တွယ်မည်နှင့် ပတ်သက်သည့် ရှင်းလင်းသော အကြံအစည် မရှိဘဲ မြန်မာမှ ပြည်တွင်းစစ် အဆုံးသတ်မည့် အလားအလာလည်း မမြင်ရသောကြောင့် ထိုင်းအစိုးရအနေဖြင့် ဒုက္ခသည်များကို ထိုင်းတွင် အမြဲတမ်းအခြေချခွင့်ပေးရန် အခွင့်အလမ်းပေးသင့်ကြောင်း ပရဟိတအဖွဲ့များက ပြောသည်။

“ဒါဟာ အဓိကကျတယ်လို့ ကျနော်ထင်တယ်။ ဒုက္ခသည်တွေ အားလုံးကို ပြန်လည် နေရာချထားမယ်လို့ ကျနော်တို့ မမျှော်လင့်နိုင်တဲ့အတွက် ဒါဟာ အရမ်းကို အရေးကြီးတယ်။ ဒီဒုက္ခသည်တွေ အများအပြားဟာ မြန်မာကို ပြန်မယ်လို့လည်း ကျနော်တို့ မျှော်လင့်လို့ မရဘူး။ ဒါကြောင်း စခန်းမှာ ကျန်ခဲ့သူတွေက အများစုဖြစ်ပြီး သူတို့အတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ် ရှိသင့်တယ်” ဟု ဒီ ရိဒ်မက်တန်က ပြောသည်။

ဆယ်စုနှစ် လေးခုကြာပြီးနောက် ထိုစခန်းများအနက် အများစုတွင် လျှပ်စစ်ဓာတ်အားနှင့် ရေဖြန့်ချိမှု မရှိပေ။ အိမ်အများစုသည် ဝါးနှင့် ယူကလစ်တိုင်များ၊ သက်ကယ် အမိုးများနှင့် တဲများသာ ဖြစ်သည်။

ဒုက္ခသည်များကို အများအားဖြင့် စခန်းပြင်ပတွင် ပညာသင်ကြားခွင့်၊ အလုပ်လုပ်ခွင့် ပိတ်ပင်ထားပြီး စခန်းအတွင်း အလုပ်အကိုင် အခွင့်အလမ်းနည်းကာ တလလျှင် ပျှမ်းမျှ အစားအသောက် ၉ ဒေါ်လာဖိုးခန့်သာ ရရှိကြသည်။

စခန်းများမှ စိတ်ဓာတ်ကျဆင်းမှု ကြီးထွားလာခြင်းသည် အိမ်တွင်းအကြမ်းဖက်မှု၊ အုပ်စုလိုက် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် သေကြောင်းကြံစည်မှုများကို ပိုမိုဖြစ်စေကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်သူ အချို့က ပြောသည်။

“စခန်းတွေမှာ နေထိုင်ရတာ မလွယ်ဘူး” ဟု အသက် သုံးနှစ်သားအရွယ်က မိဘများနှင့်အတူ ထွက်ပြေးလာပြီး ယခုအခါ အသက် ၃၀ ရှိပြီဖြစ်သောာ အဲနေမိုးက ပြောသည်။

“ဒီမှာ ကျနော်တို့က တရားမဝင်တဲ့လူတွေပဲ။ ကျနော်တို့အတွက် လွတ်လပ်မှု မရှိဘူး။ စခန်းပြင်ပ ဟိုဟိုဒီဒီ သွားဖို့ ကျနော်တို့ကို ခွင့်မပြုဘူး” ဟု နယ်စပ်မှ စခန်း ကိုးခုအနက် အကြီးဆုံးဖြစ်သော မယ်လဒုက္ခသည်စခန်းမှ ၎င်းကပြောသည်။

ဘဝတခုလုံးနီးပါး စခန်းများတွင် နေထိုင်ပြီးနောက် မြန်မာသို့ပြန်ရန် စိတ်မကူးရဲတော့ဘဲ စခန်းတွင်လည်း စစ်မှန်သော အနာဂတ်ကို မမြင်ကြောင်း အဲနေမိုးက ပြောသည်။

ပြန်လည် နေရာချထားရေး အစီအစဉ်သစ်အတွက် လျှောက်ထားပြီး တွေဆုံမေးမြန်းခံရန် စိတ်အားထက်သန်စွာ စောင့်နေကြောင်းလည်း အဲနေမိုးက ပြောသည်။

“အမေရိကန် ပြည်ထောင်စုကို ပြောင်းဖို့ အခွင့်အရေးရမယ်ဆိုရင် ဘဝမှာ လူလို နေထိုင်လုပ်ကိုင်ဖို့ အခွင့်အလမ်း ဒါမှမဟုတ် လွတ်လပ်ခွင့် ရလိမ့်မယ်လို့ ကျနော်ယုံကြည်တယ်” ဟု ၎င်းကပြောသည်။

ကိုးကား ။ ။ VOA သတင်း Myanmar refugees in Thailand start interviews for US resettlement

You may also like these stories:

ထိုင်း- မြန်မာနယ်စပ်မှ ဒုက္ခသည်များ နေရပ်ပြန်ရေး UNHCR ဖိတ်ခေါ်ဆွေးနွေး

ဒုက္ခသည် အလုံးအရင်း ဝင်ရောက်ခြင်းကို ထိုင်းလက်ခံမည်

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
6
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
51
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
18

ထိုင်း-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့က စစ်ကောင်စီကိုသာ အကျိုးရှိစေမည်

ထိုင်းက လက်မခံ၍ ကရင် စစ်ရှောင်ဒုက္ခသည်များ နေရပ် ပြန်နေထိုင်ရ

Your Thoughts …
Tags: UNHCRကုလသမဂ္ဂစစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံထိုင်းဒုက္ခသည်ပြည်တွင်းစစ်သေကြောင်းကြံစည်မှုအမေရိကန်အိမ်တွင်းအကြမ်းဖက်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီကို လက်နက်ရောင်းပေးနေတဲ့ ထိပ်သီးသုံးနိုင်ငံ (ရုပ်/သံ)

စစ်ကောင်စီကို လက်နက်ရောင်းပေးနေတဲ့ ထိပ်သီးသုံးနိုင်ငံ (ရုပ်/သံ)

သံတွဲဒေသခံတို့ စစ်ရှောင်မည့်လမ်းများ စစ်ကောင်စီ ပိတ်ထား

သံတွဲဒေသခံတို့ စစ်ရှောင်မည့်လမ်းများ စစ်ကောင်စီ ပိတ်ထား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved