• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်း- မြန်မာနယ်စပ်မှ ဒုက္ခသည်များ နေရပ်ပြန်ရေး UNHCR ဖိတ်ခေါ်ဆွေးနွေး

by ဧရာဝတီ
17 May 2017
in သတင်း
A A
ဒုက္ခသည်များထံ ပေးပို့သည့် UNHCR၏ ဖိတ်ကြားစာ  /  စောရန်နိုင် / ဧရာဝတီ

ဒုက္ခသည်များထံ ပေးပို့သည့် UNHCR၏ ဖိတ်ကြားစာ / စောရန်နိုင် / ဧရာဝတီ

8.7k
VIEWS
Share on FacebookShare on Twitter

ထိုင်း-မြန်မာနယ်စပ် တလျှောက်ရှိ ဒုက္ခသည် စခန်း ၉ ခု အနက်မှ မယ်လဦးစခန်းမှ ဒုက္ခသည်များကို မိမိဆန္ဒအလျှောက်နေရပ်ပြန်ရေး အစီအစဉ်နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး (UNHCR) က ဖိတ်ခေါ်ခဲ့ကြောင်းသိရသည်။

UNHCR က မြန်မာနိုင်ငံသို့ ပြန်ရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည့် ဒုက္ခသည်များကို မိမိဆန္ဒ အလျှောက်နေရပ်သို့ ပြန် ရေး စင်တာ(VRC) ရုံးသို့ ဖိတ်ခေါ်ခဲ့ကြောင်း စခန်းတွင်းမှ သတင်းရင်း မြစ်များကပြောသည်။ VRC ရုံးက ဒုက္ခသည်များ နေရပ်သို့ ပြန်မည့် အစီအစဉ်များ အတွက် ကူညီဆောင်ရွက်ပေးမည် ဖြစ်သည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
599
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
191
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
58

သို့သော်လည်း နေရပ်ပြန်ရန် ဆန္ဒမရှိသူ အချို့ကိုလည်း တွေ့ဆုံမေးမြန်းရန် ဖိတ်ခေါ်ခဲ့ကြောင်း ဧရာဝတီက တွေ့ရှိခဲ့ရသည်။

ဒုက္ခသည် အိမ်ရှင်မတဦး ဖြစ်သည့် ဂေသာမိုးက “ကျမ အိမ်မပြန်ချင်သေးဘူး။ အိမ်ပြန်မယ်လို့လည်း VRC ရုံးကို မဆက်သွယ်ခဲ့ဘူး။ ဒါပေမယ့် ကျမကို အင်တာဗျူးခေါ်တယ်။ ဘာကြောင့်ခေါ်လဲ ကျမ လည်း မသိဘူး” ဟု ဧရာဝတီသို့ မယ်လဦး စခန်းတွင်ပြောသည်။

ဖိတ်ခေါ်စာတွင် “အင်တာဗျူးပြုလုပ်ရန် အတွက် အောက်တွင် ဖော်ပြထားသောနေရာသို့ အောက်ပါ ပုဂ္ဂိုလ်များ ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ ကျေးဇူးပြု၍ UN မှ ထုတ်ပေးထားသည့် အိမ်ထောင်စုစာရင်းကို အတူတကွ ယူဆောင်လာပါရန်” ဟု ဖော်ပြထားသည်။

ဂေသာမိုးကို VRC ရုံးသို့ မေလ ၁၆ ရက်နေ့လာရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

“သူတို့(UNHCR) က ဗမာတပ်တွေကို ကျမတို့ ရွာက ဆုတ်ပေးခိုင်းနိုင်သလားလို့ သူတို့ကို ကျမသွားမေးမယ်။ သူတို့က ကျမတို့ကို ဘာကြောင့် အိမ်ပြန်ခိုင်းရသလဲဆိုတာ သိချင်တယ်” ဟု ဂေသာမိုးက ထပ်ပြောသည်။

ဂေသာမိုးနှင့် သူ၏ မိသားစုသည် KNU တပ်မဟာ ၅ ထိန်းချုပ်ရာ ဒေသတခု ဖြစ်သည့် ကရင်ပြည်နယ်မြောက်ပိုင်းမှ ထွက် ပြေးလာသည့် အချိန်ကစ၍ ထိုင်းနိုင်ငံ အတွင်းမှ ဒုက္ခသည်စခန်းများတွင် နှစ်ပေါင်း ၂၀ ကျော် နေထိုင်ခဲ့ရသည်ဟု သိရသည်။

မြန်မာ့တပ်မတော် နှင့် KNU တို့က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တခု လက်မှတ်ရေးထိုး ခဲ့သော်လည်း ကျေးရွာအများအပြားအနီးတွင် မြန်မာ့တပ်မတော်မှ တပ်ဖွဲများ ရှိနေဆဲဖြစ်သော ကြောင့် အချို့ အရပ်သားများက အိမ်သို့ ပြန်ရန် လုံခြုံမှု မရှိဟု ခံစားနေကြသည်။

“ကျမတို့ အိမ်မပြန်ရဲဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျမတို့ ရွာနားမှာ ဗမာတပ်တွေနဲ့ မြေမြှုပ်မိုင်း တွေရှိတယ်။ တကယ်လို့ သူတို့ တပ်တွေ ပြန်ရုပ်သွားမယ်ဆိုရင် ကျမတို့ အိမ်ကို ကိုယ့်ဖာသာ ချက်ချင်းပြန်မယ်။ သူတို့ UNHCR ပြန်ခိုင်းစရာတောင် မလိုဘူး” ဟု ဂေသာမိုးကပြောသည်။

သူက အမေရိကန်နိုင်ငံတွင် ရွှေ့ပြောင်း အခြေချခွင့်ရရှိရန် ယခင်က လျှောက်ထားခဲ့သော်လည်း သူ၏ လျှောက်လွှာမှာ စောင့်ဆိုင်းဆဲ အနေအထားတွင်သာရှိပြီး သူ၏ ခင်ပွန်းသည်က ဒုက္ခသည်စခန်းတွင် နေထိုင်ခြင်း မရှိသည့် အတွက် ပြန် လည်နေရာချထားပေးရေး အစီအစဉ်နှင့် အကျုံးဝင်ခြင်း မရှိသော ကြောင့် ဖြစ်သည်ဟု သူ့ကို ပြောခဲ့ကြောင်း သိရသည်။

ဂေသာမိုးကမူ သူ့ခင်ပွန်းက ဒုက္ခသည်စခန်းတခုတွင် နေထိုင်လျှက်ရှိပြီး ကုလသမဂ္ဂမှ ထုတ်ပေးသည့် အသိအမှတ်ပြု ကတ်လည်း ရှိကြောင်း ပြောသည်။

UNHCR ၏ အာရှဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ Vivian Tan က ယခုကိစ္စနှင့် ပတ်သက်၍ သူ အသေး စိတ် မသိကြောင်း နှင့် ထပ်မံစုံစမ်း မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဧရာဝတီသို့ အီးမေးလ်မှ တဆင့်ပြောသည်။

“မိမိဆန္ဒအလျှောက် နေရပ်ပြန်ရေး အစီအစဉ်ကို စိတ်ဝင်စားတဲ့ ဒုက္ခသည်တွေ အနေနဲ့ အချက်အလက် တွေပိုသိရဖို့ VRC ရုံးမှာ စုံစမ်းနိုင်ပါတယ်။ တကယ်လို့ ဒါက နားလည်မှုလွဲတာဆိုရင်တော့ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လက်တွေ့ အခြေအနေကို စစ်ဆေးဖို့ လိုအပ်လာပါလိမ့်မယ်” ဟု Vivian Tan က ဆက်ပြောသည်။

ထို့ပြင် ယခုဖိတ်စာသည် တတိယနိုင်ငံသို့ သွားရောက်အခြေချရန် အင်တာဗျူး ခေါ်စာဖြစ်သည်ဟု မဲဆောက်မြို့ရှိ UNHCR တာဝန်ရှိသူတဦးက အတည်ပြုပြောသည်။ သို့သော် စာထဲမှာပါသည့် VRC ရုံးသို့ ဆင့်ခေါ်သည့် မှတ်ချက် ကိုတော့ ဒုက္ခသည်များကို ရှုပ်ထွေးစေသည်ဟု သူကပြောသည်။

ပြီးခဲ့သည့်လ အတွင်းတွင် အမျိုးသမီးအများအပြား နှင့် မိသားစုအများအပြားကို VRC ရုံးသို့ လာရောက်ရန် ဖိတ်ခေါ်ခြင်း များရှိခဲ့သည်ဟု မယ်လဦး စခန်းမှ သတင်းရင်းမြစ်များက ဧရာဝတီသို့ ပြောသည်။ ဒုက္ခသည်အများစုမှာ နေရပ်သို့ ပြန် ရေးအတွက် စိတ်ဝင်စားမှု မရှိကြဘဲ VRC ရုံးကိုလည်း ဆက်သွယ်မှု မလုပ်ကြပါ။

ထိုင်းမြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည် စခန်း ၉ ခုလုံးတွင် VRC ရုံးများဖွင့်လှစ်ထားပြီး နေရပ်သို့ ပြန်ချင်သူများ အတွက် ဘေးကင်းလုံခြုံရေး နှင့် အကူအညီများကို ဆွေးနွေးတိုင်ပင်မှုများ လုပ်ဆောင်ပေးနေသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရှေ့ဆက်သွားနေပြီး နယ်စပ်တလျှောက်တွင် ဘဏ္ဍာရေးထောက်ပံ့မှု ကျဆင်းလာသည် နှင့် အမျှ ထိုင်းနှင့် မြန်မာ အစိုးရများ နှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ဒုက္ခသည်များနေရပ်သို့ ပြန် ပို့ရေးအတွက် ပြီးခဲ့သည့် နှစ်များအတွင်းတွင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် ဒုက္ခသည် ၉၀၀၀၀ ကျော်နေထိုင်လျှက်ရှိသည်။

The Border Consortium (TBC) အပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများ၊ အလှုရှင်များ နှင့် INGO များက ဘဏ္ဍာငွေ ကျဆင်းလာ သည့်အတွက် အကူအညီပေးရေး လုပ်သား ၁၀၀၀၀ ခန့်ကို ငွေကျေးထောက်ပံ့မှုများ လျှော့ချခဲ့ရသည်။

ဧရာဝတီအင်္ဂလိပ်ပိုင်း သတင်းထောက် စောရန်နိုင်ရေးသားသည့် Refugees Asked To Visit Repatriation Center For Interviews ကို ဘာသာပြန်ဆိုသည်။

Your Thoughts …
Tags: ဒုက္ခသည်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

၂၀၂၅ ခုနှစ် လားရာကို အကဲဖြတ်ခြင်း

၂၀၂၅ ခုနှစ် လားရာကို အကဲဖြတ်ခြင်း

by ဧရာဝတီ
9 January 2025
11.9k

သတင်းကောင်းမှာ စစ်တပ်သည် ကျဆုံးသည့် အနေအထားတွင် ရှိနေသည်။

စစ်ကောင်စီ၏ စစ်ရေးအကျပ်အတည်းနှင့် ဖြစ်နိုင်ခြေများ

စစ်ကောင်စီ၏ စစ်ရေးအကျပ်အတည်းနှင့် ဖြစ်နိုင်ခြေများ

by ဗညားအောင်
21 February 2024
11.8k

သတင်းစာများပေါ်တွင် စစ်ကောင်စီခေါင်းဆောင်များ ဟန်မပျက် ပွဲတက်ပြနေသော်လည်း စစ်တပ်၏ စစ်ရေးအကျပ်အတည်းမှာ ကြီးမား၏။

မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

by Igor Blazevic
14 April 2024
11.6k

စစ်တပ်ကို တော်လှန်နေတဲ့ အင်အားစုတွေဟာ အခုဆိုရင် မဟာဗျူဟာကျကျ အချိန်ကိုက် ညှိပြီး တိုက်ခိုက်ရေးကို လုပ်ဆောင်ကြဖို့ အခွင့်အရေး ရနေပါတယ်။

ယိုယွင်းလာသော စကစနှင့် ပြောင်းလဲလာသော အိမ်နီးချင်းနိုင်ငံများ

ယိုယွင်းလာသော စကစနှင့် ပြောင်းလဲလာသော အိမ်နီးချင်းနိုင်ငံများ

by ဝတ်ရည်ခိုင်မာ
16 March 2024
10.8k

အိမ်နီးချင်းနိုင်ငံများထဲမှ လူသားချင်းစာနာမှု အကူအညီပေးရေး၊ စစ်ဘေးဒုက္ခသည်များကို ကူညီရေးအတွက် ပြောဆိုသည်မှာ ထိုင်းနိုင်ငံနှင့် မီဇိုရမ်ပြည်နယ်သာရှိ၏။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

Next Post
The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ / ဧရာဝတီ

တပ်မတော်အား သရော်စာရေးသားသူနှင့် အယ်ဒီတာချုပ်ကို ပုဒ်မ ၆၆ ဃဖြင့် တရားစွဲ

ကဝမြို့နယ်က ကမ်းပြိုမှု ရွှေ့ပြောင်းအိမ်ခြေ ၃၀၀ ကျော် အကူညီလိုအပ် (ရုပ်/သံ)

ကဝမြို့နယ်က ကမ်းပြိုမှု ရွှေ့ပြောင်းအိမ်ခြေ ၃၀၀ ကျော် အကူညီလိုအပ် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved