• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ခက်ခက်ခဲခဲ ပင်လည်ဘူး မြို့သိမ်းအောင်ပွဲ

by စွယ်တော်
14 October 2024
in ဆောင်းပါး
A A
ခက်ခက်ခဲခဲ ပင်လည်ဘူး မြို့သိမ်းအောင်ပွဲ

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များသည် ပင်လည်ဘူးမြို့ကို လွယ်လွယ်ကူကူဖြင့် သိမ်းပိုက်နိုင်ခဲ့ခြင်းတော့ မဟုတ်ပေ

2.5k
VIEWS
Share on FacebookShare on Twitter

အောက်တိုဘာလ ၈ ရက်တွင် စစ်ကိုင်းတိုင်းအတွင်းက ပင်လည်ဘူးမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း နွေဦးတော်လှန်ရေး ဘက်တော်သားများနှင့် မီဒီယာများက ဖော်ပြခဲ့ကြသည်။ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များသည် ပင်လည်ဘူးမြို့ကို လွယ်လွယ်ကူကူဖြင့် သိမ်းပိုက်နိုင်ခဲ့ခြင်းတော့ မဟုတ်ခဲ့ပေ။

ယခုတကြိမ် အပါအဝင် ငါးကြိမ် တိုက်ခိုက်ပြီးမှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်၏။ ရှမ်းဘာသာဖြင့် ခေါ်သည့် ပင်ကယ်ဗူးမြို့ (ပင်ကိုင်ဖရူး)၊ ဗမာလို ‘ကြက်ပျံမကျ စည်ကားသည့်မြို့’ ဟု အဓိပ္ပာယ်ရသောမြို့သည် နာမည်သာ စိတ်ဝင်စားဖွယ်ကောင်းသည်သာမက ပထဝီအနေအထားအရလည်း စိတ်ဝင်စားဖွယ် ကောင်းသည်။

ပင်လည်ဘူးမြို့သည် စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်း ပါရှိပြီး အရှေ့ဘက်တွင် ဝန်းသိုမြို့နယ်၊ တောင်ဘက်တွင် ကောလင်းနှင့် ကျွန်းလှမြို့နယ်များ ရှိသည်။ အနောက်ဘက်တွင် ဖောင်းပြင်မြို့နယ်၊ မြောက်ဘက်တွင် ဗန်းမောက်မြို့နယ်တို့နှင့် ထိစပ်လျက် ရှိသည်။ ပင်လည်ဘူးမြို့နယ်သည် မူးမြစ် အရှေ့ဘက်တွင် တည်ရှိပြီး ဧရာဝတီမြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်း နှစ်ခု၏ အလယ်တွင် တည်ရှိနေသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
165
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.5k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
519

ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း ကလေးဝ-ကလေး ဘက်မှတဆင့် ချင်းတွင်းမြစ်ဝှမ်းရှိ လမ်းပိုင်းများသို့လည်းကောင်း၊ အရှေ့ဘက်တွင် ကောလင်း (သို့မဟုတ်) ဝန်းသိုဘက်မှတဆင့် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း ဧရာဝတီမြစ်ဝှမ်းရှိ လမ်းပိုင်းများသို့လည်းကောင်း ဝင်ထွက်သွားလာနိုင်သည်။ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဘက်သို့ ဆက်သွယ်သွားလာရာတွင် ကြားမှတ်တခုအနေဖြင့် အရေးပါသောနေရာ တခုဖြစ်သည်။

ပင်လည်ဘူးကို သိမ်းပိုက်နိုင်ခြင်းသည် စစ်ကိုင်းတိုင်းအတွင်း ရွှေပြည်အေး၊ ခါမ်းပါတ်၊ မော်လူး၊ မြို့သစ် မြို့များပြီးလျှင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ငါးမြို့မြောက် သိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုများဘက်က၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ၁၂ ရက်ကြာ တကြိမ် (ထွေအုပ်ရုံး၊ စေတီကုန်း၊ ဘဏ်နှင့် ရိပ်သာကုန်းများအထိ သိမ်းယူနိုင်ခဲ့)၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ငါးရက်ကြာ တကြိမ် တိုက်ခိုက် သိမ်းပိုက်နိုင်ရန် ဆောင်ရွက်ခဲ့သော်လည်း ယခု ၂၀၂၄ ခုနှစ်တွင် သြဂုတ်လ ၁၅ ရက်နေ့မှ အောက်တိုဘာ ၈ ရက်နေ့အထိ ၅၄ ရက်ကြာ တိုက်ခိုက်ပြီးမှ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပင်လည်ဘူးကို သိမ်းပိုက်နိုင်ခြင်းသည် စစ်ကိုင်းတိုင်းအတွင်း ရွှေပြည်အေး၊ ခါမ်းပါတ်၊ မော်လူး၊ မြို့သစ် မြို့များပြီးလျှင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ငါးမြို့မြောက် သိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

အင်းတော်၊ ပင်လည်ဘူး၊ ထီးချိုင့်မြို့နယ်များပြ မြေပုံ / ဧရာဝတီ

NUG လက်အောက်ခံတပ်များနှင့် မဟာမိတ်များ ဦးစွာ သိမ်းပိုက်သည့်မြို့မှာ စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကောလင်းမြို့ ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီး သုံးလကြာ ဖေဖော်ဝါရီ ၁၃ ရက်တွင် စစ်ကောင်စီက ပြန်လည် သိမ်းယူခဲ့ပြီးနောက် လက်လွှတ်ခဲ့ရသည်။

စစ်ကောင်စီအနေဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကွပ်ကဲမှုနယ်မြေတွင်း ပထမဆုံးမြို့ အနေဖြင့် ကောလင်း ဆုံးရှုံးရသဖြင့် အင်အား အလုံးအရင်းနှင့် ကြည်းတပ်၊ လေတပ်တို့ကိုသုံးကာ ပြန်လည် သိမ်းယူခဲ့သည်။ ကောလင်းမြို့ကို ခေတ္တ လက်လွှတ်ခဲ့ရသဖြင့် ပြန်သိမ်းပြီးချိန်တွင်လည်း လူနေရပ်ကွက်များကို စစ်ကောင်စီဘက်က မီးတင်ရှို့ရာ မြို့၏ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့ရသည်။ နောက်တခါ ‘သိမ်းရဲရင် သိမ်းကြည့် ပြာကျသွားမယ်’ ဆိုသည့်သဘောဖြင့် ဒေသခံပြည်သူများကို အကြောက်တရား သွင်းပေးသည့်သဘော ဖြစ်သည်။

အလားတူ မုံရွာအခြေစိုက် နမခ နှင့် မိုင် ၄၀ ကျော်သာ ကွာဝေးသည့် ဒီပဲယင်းမြို့ကိုလည်း တော်လှန်ရေးအင်အားစုများက ဩဂုတ်လ ၁၅ ရက်နေ့တွင် တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၁၈ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ သိမ်းပိုက်ပြီး ၂၄ နာရီ မပြည့်မီ လေကြောင်းမှ အင်အားအဆမတန် ဖြည့်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ပြန်လည် လက်လွှတ်ခဲ့ရသည်။

ယခု ပင်လည်ဘူးကို တတိယအကြိမ် တိုက်ခိုက်ရာတွင် တော်လှန်ရေးအင်အားစုများအနေဖြင့်လေကြောင်းတိုက်ခိုက်မှုများကြားက ရအောင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီလေတပ်က Y-8, Y- 12, YAK-130, MIG-29, FTC-2000G, K-8W, MI-2, MI 35 များဖြင့် ဗုံးသီး အလုံးရေ ၅,၀၀၀ ခန့်ကို အကြိမ်ရေ ၆၀၀ ကျော်ခန့် ပျံသန်းတိုက်ခိုက်ခဲ့ကြောင်း သတင်းများအရ သိရသည်။

တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီလေတပ်၏ တိုက်ခိုက်မှုများကြားကပင် ပင်လည်ဘူးတိုက်ပွဲ အပါအဝင် ရခိုင်ရော ရှမ်းမြောက်မှာပါ စခန်းသိမ်း နယ်သိမ်းခြင်းများ လုပ်ဆောင်နိုင်ခဲ့ကြသည်

ထိုသို့ တိုက်ခိုက်မှုအကြားမှ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည့် တော်လှန်ရေးအင်အားစုများကို အသိအမှတ်ပြုရမည် ဖြစ်သည်။ စစ်ကောင်စီအနေဖြင့် နိုင်ငံအနှံ့ နေရာစုံတွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် မြေပြင်စစ်ကူ၊ ပစ်ကူ ထိရောက်စွာ မပေးနိုင်တော့သည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် လေကြောင်းပစ်ကူကိုသာ အဓိက အသုံးပြုခုခံနေရသည့် အနေအထားဖြစ်သည်။ ထိုအခြေအနေတွင် တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီလေတပ်၏ တိုက်ခိုက်မှုများကြားကပင် ပင်လည်ဘူးတိုက်ပွဲ အပါအဝင် ရခိုင်ရော ရှမ်းမြောက်မှာပါ စခန်းသိမ်း နယ်သိမ်းခြင်းများ လုပ်ဆောင်နိုင်ခဲ့ကြသည်ကို တွေ့ရသည်။

စစ်ကောင်စီ၏ ပင်လည်ဘူးမြို့ မြေပြင်ခံစစ်အခြေအနေကို လေ့လာကြည့်သည့်အခါတွင် နမခ ကွပ်ကဲမှုအောက်မှ ဂန့်ဂေါအခြေစိုက် ခလရ ၅၀၊ ကလေးမြို့ အခြေစိုက် ခလရ ၈၇၊ မုံရွာ အခြေစိုက် ခမရ ၁၆၊ တပ်မ ၈၈ ကွပ်ကဲမှုအောက်မှ မကွေးအခြေစိုက် ခမရ ၃၀၁၊ နေပြည်တော် အခြေစိုက် ခမရ ၃၀၊ တပ်မ ၇၇ လက်အောက်ခံ အင်းတကော် အခြေစိုက် ခမရ ၁၀၁၊ တပ်မ ၃၃ လက်အောက်ခံ ဝန်းသို အခြေစိုက် ခမရ ၁၁၁၊ စကခ ၁၀ ကွပ်ကဲမှုအောက် တပ်များဖြစ်ကြသည့် ကလေးအခြေစိုက် ခမရ ၃၆၃၊ ဖောင်းပြင်အခြေစိုက် ခမရ ၃၆၈၊ စကခ ၄ ကွပ်ကဲမှုအောက် ခမရ ၇၀၄ တပ်ရင်းတို့ ပါဝင်သည်ကို တွေ့ရသည်။

ထို့ပြင် နယ်မြေခံရဲများနှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၆၁၄ တို့လည်း ပူးပေါင်း ပါဝင်ထားသည်။ NUG ဘက်က ထုတ်ပြန်ချက်များအရ စစ်ကောင်စီခံစစ်တွင် စုစုပေါင်း ခန့်မှန်းအင်အား ၇၇၂ ယောက်အထိရှိကြောင်း သိရှိရသည်။

Mi-17 ရဟတ်ယာဉ်ဖြင့် လေကြောင်းမှ စစ်ကူ ၂၁ ကြိမ် ပို့ဆောင်ခဲ့ကြောင်း သိရသည်။ နောက်ဆုံး စစ်ကူအဖြစ် ဂန့်ဂေါ အခြေစိုက် ခလရ ၅၀ ကို ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။ ခလရ ၅၀ မှ အရာရှိ၊ စစ်သည်များအား ပင်လည်ဘူးသို့ စစ်ကူသွားရမည်ဟု ကြိုတင်အသိမပေးခဲ့ဘဲ ရဟတ်ယာဉ်ဖြင့် ခေါ်သွားရသည်အထိ စစ်ကောင်စီတပ်တွင်း၌ အကြောက်တရား ဖြစ်ပေါ်ခဲ့ကြောင်း ကြားသိခဲ့ရသည်။

စစ်ကောင်စီဘက်က ပင်လည်ဘူးမြို့ မကျစေရေးအတွက် နမခ ကွပ်ကဲမှုအောက် တပ်များအပြင် စစ်ဆင်ရေး တပ်များကိုပါ ထုတ်သုံး၍ အင်အားသုံးကာ ခုခံခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီဘက်မှ အင်အားနည်း၍ တော်လှန်ရေးဘက်က အလွယ်တကူ အနိုင်ရရှိခဲ့ခြင်း မဟုတ်ကြောင်း တွေ့ရသည်။

တော်လှန်ရေးအင်အားစုများဘက်တွင် “က” သုံးလုံး ခရိုင် (ကသာခရိုင်၊ ကောလင်းခရိုင်နှင့် ကန့်ဘလူခရိုင်) အထူးစစ်ဆင်ရေးမှူး ကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်း၊ မော်လိုက်၊ ရွှေဘို၊ တမူး၊ ကလေး၊ ယင်းမာပင်၊ မုံရွာအခြေစိုက် တပ်ရင်း တပ်ဖွဲ့များ၊ နယ်မြေခံ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (ပကဖ) များ စုစည်းမှု ကောင်းစွာဖြင့် ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စုစည်းမှုကောင်းသည့် ထိုးစစ်အပြုအမူရှိသော တပ်ပေါင်းစုကို စစ်ကောင်စီ၏ ဖရိုဖရဲခံစစ်က လေကြောင်း အရေးသာမှု ရှိနေသည့်တိုင် တောင့်မခံနိုင်ဘဲ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

ပင်လည်ဘူး၌ ယခုနှစ် စက်တင်ဘာအတွင်း KIA နှင့် ပူးပေါင်းတပ်များ သိမ်းဆည်းရမိခဲ့သော လက်နက်များ / CJ

ထုတ်ပြန်ချက်များအရ ပင်လည်ဘူးတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အယောက် ၇၀ နီးပါး သေဆုံးပြီး ၂၂၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ပျောက်ဆုံးနေသူ ၂၇၅ ယောက်အထိ ရှိကြောင်းလည်း သိရသည်။ အလင်းဝင်ရောက်လာသူ ၄၈ ယောက်ရှိပြီး စစ်သုံ့ပန်း ၁၀၂ ယောက်ကိုလည်း ဖမ်းဆီးရမိခဲ့သည်။

ပွိုင့်ဖိုက် စက်သေနတ်ကြီးနှင့် စိန်ပြောင်းများအပါအဝင် လက်နက်ကြီး၊ ငယ် ၄၀၀ လက်ကျော်နှင့် ခဲယမ်းများ၊ ဆက်စပ်ပစ္စည်း အမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း တွေ့ရသည်။ စစ်ကောင်စီ၏ အနောက်မြောက် စစ်ဒေသအတွင်း ကြီးမားသော ခံစစ်ကျိုးပေါက်မှုဖြစ်သလို လက်နက်၊ ခဲယမ်း အများဆုံး စွန့်လွတ်ခဲ့ရမှုလည်း ဖြစ်မည်ထင်သည်။

စုစည်းမှုကောင်းသည့် ထိုးစစ်အပြုအမူရှိသော တပ်ပေါင်းစုကို စစ်ကောင်စီ၏ ဖရိုဖရဲခံစစ်က လေကြောင်း အရေးသာမှု ရှိနေသည့်တိုင် တောင့်မခံနိုင်ဘဲ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီက နယ်မြေများ၊ တပ်စခန်းများ စွန့်လွှတ်ရတိုင်း စစ်လော်ဘီများ၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်းအသီးသီး၌ ရေးသားချက်များတွင် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် မြို့ရွာများနှင့် ပတ်သက်၍ ‘မြေကျန်လျှင် ရသည်’ ဆိုသည့် အရေးအသားများကို တွေ့လာရသည်။

ကောလင်း ဖြစ်စဉ်၊ ဒီပဲယင်း ဖြစ်စဉ်နှင့် ရှမ်းမြောက်တွင် စစ်ကောင်စီ စွန့်လွှတ်ခဲ့ရသည့် မြို့များကို လေ့လာကြည့်မည်ဆိုပါက စစ်ကောင်စီသည် လက်လွှတ်ရသည့်မြို့များကို ပြန်လည် သိမ်းပိုက်မိသည့်ပါက မီးတင်ရှို့ကြသလို၊ ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိပါက လေကြောင်းမှတဆင့် အရပ်ဘက်ပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်ကို တွေ့ရသည်။

မြို့သိမ်းဖို့ထက် မြို့ကို ရေရှည်ထိန်းထားဖို့က ခက်ခဲကြောင်း အဆိုပါ ဖြစ်စဉ်များကိုကြည့်လျှင် တွေ့နိုင်သည်။ ထိုအခြေအနေများကို လေ့လာ၍ တော်လှန်ရေးအင်အားစုများအနေဖြင့် ကြိုတင် ပြင်ဆင်ထားနိုင်မည်ဟု ထင်မြင်မိပါသည်။

(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)

NUG သိမ်းလိုက်တဲ့ ပင်လည်ဘူးမြို့ ဘယ်လောက်အရေးပါလဲ (ရုပ်/သံ)

ပင်လည်ဘူးမြို့ပေါ် တိုက်ပွဲများကြောင့် မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

စစ်ကိုင်းတွင် လူမဆန်ခဲ့သည့် ဘီလူးစစ်ကြောင်းမှူး သပိတ်ကျင်းနယ်၌ အရှင်ဖမ်းမိ

စစ်ကိုင်းသံဃာများ ကံဆောင်သပိတ်လုပ်ဆောင်လာ

Your Thoughts …
Tags: KIANUGPDFSliderSNAစစ်ကောင်စီစစ်အာဏာသိမ်းမှုတော်လှန်ရေးအင်အားစုနမခနွေဦးတော်လှန်ရေးပကဖပင်လည်ဘူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြို့သိမ်းတိုက်ပွဲလေကြောင်းတိုက်ခိုက်မှုလေကြောင်းပစ်ကူအမျိုးသားညီညွတ်ရေးအစိုးရအရပ်သားပစ်မှတ်
စွယ်တော်

စွယ်တော်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဖမ်းဆီးခံရသော ဆန္ဒပြသူများ ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်နေကြ

ဖမ်းဆီးခံရသော ဆန္ဒပြသူများ ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်နေကြ

ခေတ်မီဖွံ့ဖြိုးသော နိုင်ငံသစ်ဆီသို့

ခေတ်မီဖွံ့ဖြိုးသော နိုင်ငံသစ်ဆီသို့

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved