နိုင်ငံရေး ဇာတ်ခုံမှ ဖရိုဖရဲ ၂၅ နှစ်အတွင်း ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို “အဝေးရောက်အာဇာနည်” မှသည် “အကျင့်ပျက် အခွင့်အရေးသမား” အထိ အမျိုးမျိုးခေါ်ကြသည်။
ယခုအခါ “ထောင်ကျအကျဉ်းသား” ဆိုသည့် အမည်သည် ဘီလျံနာလုပ်ငန်းရှင်နှင့် ပတ်သက်သည့် တံဆိပ်အမျိုးမျိုးတွင် ထပ်မံထည့်သွင်းသည့် တံဆိပ်တခုဖြစ်သည်။
နိုင်ငံတွင် သြဇာအကြီးမားဆုံး နိုင်ငံရေးသမားကို ထောင်တနှစ်ကျခံရမည်ဟု တရားရုံးချုပ်က ဆုံးဖြတ်လိုက်သောကြောင့် ထောင်ဒဏ်ကျခံရသည့် ပထမဆုံး ဝန်ကြီးချုပ်ဟောင်းဖြစ်လာသည်။
ထိုအမှုသည် ၂၀၂၃ ခုနှစ်က အမှုဖြစ်သည်။ သူ့ကို လူကြိုက်များမှုမြင့်မားနေစဉ် ၂၀၀၆ ခုနှစ်တွင် စစ်အာဏာသိမ်းမှုကြောင့် ရာထူးမှ ဖြုတ်ချခံရပြီးနောက် ပြည်ပတွင် ၁၅ နှစ်ကြာ သွားရောက်နေထိုင်ပြီး ထိုင်းနိုင်ငံသို့ ပြန်လာစဉ်က အမှုဖြစ်သည်။
သူ၏ ကိုယ်ပိုင်လေယာဉ် ဘန်ကောက်တွင် ဆင်းသက်လျှင်ဆင်းသက်ခြင်း သူဝန်ကြီးချုပ်တာဝန် ယူစဉ်က အာဏာအလွဲသုံးမှုနှင့် အကျိုးစီးပွားပဋိပက္ခ စွပ်စွဲချက်များဖြင့် ထောင် ရှစ်နှစ် ကျခံစေရန် သူ့ကို ထောင်သို့ လွှဲပြောင်းပေးသည်။
နိုင်ငံတွင် သြဇာအကြီးမားဆုံး နိုင်ငံရေးသမားကို ထောင်တနှစ်ကျခံရမည်ဟု တရားရုံးချုပ်က ဆုံးဖြတ်လိုက်သောကြောင့် ထောင်ဒဏ်ကျခံရသည့် ပထမဆုံး ဝန်ကြီးချုပ်ဟောင်းဖြစ်လာသည်။
သို့သော် ရင်ကျပ်ခြင်းနှင့် သွေးတိုးခြင်းအတွက် နာရီပိုင်းအတွင်း သူ့ကို ဆေးရုံအထူးဆောင်သို့ ပြောင်းသည်။ ထိုထောင်ဒဏ်ကို ထိုင်းဘုရင်က တနှစ်အထိ လျှော့ချပေးပြီး နောက် ခြောက်လကြာသောအခါ သူ့ကို ခံဝန်ဖြင့် လွှတ်ပေးခဲ့သည်။

သူဆေးရုံတက်ခြင်းသည် ဥပဒေနှင့်မညီဘဲ သူသည် ထောင်တနှစ်ပြည့်အောင် ကျခံရမည်ဟု တရားရုံးချုပ်က စက်တင်ဘာလ ၉ ရက်နေ့တွင် ဆုံးဖြတ်သည်။
ထိုကိစ္စသည် ရာစုနှစ် ၄ ပုံ ၁ ပုံ နိုင်ငံရေးဘဝအတွင်း အလွန်မြင့်မားသည့် နိုင်ငံရေးအဆင့်အထိ မြင့်တက်ခဲ့သော နိုင်ငံရေးသမားအတွက် အလွန်သိက္ခာကျဆင်းစေသည့်ကိစ္စ ဖြစ်သည်။
“ထိုင်းနိုင်ငံသမိုင်းတလျှောက်မှာ ရာထူးသက်တမ်းပြည့်အောင် တာဝန်ထမ်းဆောင်နိုင်တဲ့ ဝန်ကြီးချုပ် တယောက်ပဲရှိတယ်။ အဲဒါ သက်ဆင်ပဲ” ဟု စင်ကာပူရှိ ISEAS – Yusof Ishak အင်စတီကျုမှ ထိုင်းနိုင်ငံလေ့လာရေး အစီအစဉ် ဧည့်သုတေသီ ခေတ္တညှိနှိုင်းရေးမှူး နာပွန် ဂျာတူဆရီပီတက်က ပြောသည်။
“သူဟာ ထိုင်းနိုင်ငံရေး ခေတ်သစ်သမိုင်းမှာ ပြဿနာအများဆုံးနဲ့ သဘောထားအကွဲစေဆုံး ခေါင်းဆောင်ဖြစ်တယ်လို့ ကျနော် ထင်တယ်။ သူ့ရဲ့ရပ်တည်ချက်အရ သာမကဘဲ ကွန်ဆာဗေးတစ်တွေကို တုန်လှုပ်စေတဲ့ သူ့ရဲ့ စွဲဆောင်မှုရှိတဲ့ ခေါင်းဆောင်မှုပုံစံကြောင့် လည်းဖြစ်တယ်။ သူ့ကို ထောက်ခံသူတွေကို အရမ်းစွဲဆောင်နိုင်တယ်” ဟု ၎င်းကပြောသည်။
“သူဟာ ထိုင်းနိုင်ငံရေး ခေတ်သစ်သမိုင်းမှာ ပြဿနာအများဆုံးနဲ့ သဘောထားအကွဲစေဆုံး ခေါင်းဆောင်ဖြစ်တယ်လို့ ကျနော် ထင်တယ်။ သူ့ရဲ့ရပ်တည်ချက်အရ သာမကဘဲ ကွန်ဆာဗေးတစ်တွေကို တုန်လှုပ်စေတဲ့ သူ့ရဲ့ စွဲဆောင်မှုရှိတဲ့ ခေါင်းဆောင်မှုပုံစံကြောင့် လည်းဖြစ်တယ်။ သူ့ကို ထောက်ခံသူတွေကို အရမ်းစွဲဆောင်နိုင်တယ်”
သက်ဆင်ကြောင့် တုန်လှုပ်သွားသော စစ်တပ်နှင့် ကွန်ဆာဗေးတစ်များ
သူနှင့်သူ၏ ထိုင်းရက်ထိုင်းပါတီ နိုင်ငံရေးလောကတွင် ထွက်ပေါ်လာပြီး ၂၀၀၁ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်တွင် ရွေးကောက်ပွဲ သိမ်းကြုံးနိုင်သောအခါ မစ္စတာ သက်ဆင်၏ အာဏာချုပ်ကိုင်မှုသည် အကြွင်းမဲ့ဖြစ်ပုံရသည်။
“အဲဒီတုန်းက ၁၉၉၇ ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ခဲ့တယ်” ဟု နာပွန်က ပြောသည်။
မူလက သူ့ကို အကျိုးစီးပွားပဋိပက္ခနှင့် အာဏာအလွဲသုံးမှုများဖြင့် ထောင်ဒဏ် ရှစ်နှစ်ချခဲ့သည်။
“အဲဒီအကျပ်အတည်းက ဒီမိုကရက်ပါတီကို အလုံးအရင်း ကျဆုံးစေတယ်။ သူတို့က ထိုင်းနိုင်ငံရဲ့ စီးပွားရေး တိုးတက်အောင် ဘာမှ မလုပ်နိုင်ဘူး။ ဒါကြောင့် သက်ဆင်ရဲ့ပါတီက အပြောင်းအလဲ လုပ်နိုင်မယ့်အင်အားစုအဖြစ် သူတို့ကိုယ်သူတို့ ပုံဖော်ကြတယ်” ဟု နာပွန်က ပြောသည်။
ထိုင်းရက်ထိုင်းပါတီ၏ ကြွေးကြော်သံဖြစ်သော “အသစ်တွေးခေါ်၊ အသစ်လုပ်” ဆိုသည့် ကြွေးကြော်သံသည် စီးပွားရေးအခွင့်အလမ်းသစ်များ ဖန်တီးမည့် စစ်မှန်သော စီမံအုပ်ချုပ်မှု အလွန်လိုအပ်နေသည့် မဲဆန္ဒရှင်များ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

သက်ဆင်သည် စီးပွားရေး ပြန်လည်တိုးတက်စေရန် ပညာရှင်များ ခန့်အပ်ပြီး အလုပ်သမားလူတန်းစားနှင့် ကျေးလက်နေထိုင်သူများ၏ ကံကြမ္မာဆိုးကို သက်သာစေမည့် မူဝါဒများကို စတင် မိတ်ဆက် ဖြည့်ဆည်းပေးသည်။
“သူ့ရဲ့ရာထူး ပထမသက်တမ်းမှာ အကြွင်းမဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်၊ ကြွေးမြီ သက်သာခွင့်နဲ့ စိုက်ပျိုးရေးအထူးပြု မူဝါဒတွေကို လုပ်ဆောင်ခဲ့တယ်” ဟု နာပွန်က ပြောသည်။
“သူ့ပါတီက လူနေမှုအဆင့်မြှင့်တင်ရေးကို ကတိပြုပြီး သူ့ပါတီ အာဏာရတဲ့ လေးနှစ် ဒါမှမဟုတ် ငါးနှစ်အတွင်း မဲဆန္ဒရှင်တွေ လူနေမှုအဆင့်မြင့်မာလားတာကို ခံစားရတယ်။ ကျနော်တို့ အစိုးရက မဲဆန္ဒရှင်တွေကို မူဝါဒ ကတိတွေ ဖြည့်ဆည်းပေးတာ မကြားဖူးဘူး” ဟု ၎င်းကပြောသည်။
“သူ့ကို ချဉ်းကပ်ရတာလွယ်တယ်” ဟု ဘန်ကောက်ရှိ ချူလာလောင်ကွန်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံ မဟာဌာနမှ ဆီရိပန် နော့ဆူအန် ဆဝက်စ်ဒီက ပြောသည်
“သူက ကျေးလက်ဒေသတွေကိုသွားပြီး ညအိပ်တည်းခိုတယ်။ အဲဒီက လူတွေကို အချိန်ပေးတယ်။ ဒါက သူဟာ ဆင်းရဲသားတွေရဲ့ ခေါင်းဆောင်အဖြစ် သူ့ပုံရိပ်ကို တည်ဆောက်တာဖြစ်တယ်။ ဒါဟာ သူ့ရဲ့စွဲဆောင်မှုကို အသိအမှတ်ပြုခံရတဲ့ ပုံစံဖြစ်တယ်”
“သူက ကျေးလက်ဒေသတွေကိုသွားပြီး ညအိပ်တည်းခိုတယ်။ အဲဒီက လူတွေကို အချိန်ပေးတယ်။ ဒါက သူဟာ ဆင်းရဲသားတွေရဲ့ ခေါင်းဆောင်အဖြစ် သူ့ပုံရိပ်ကို တည်ဆောက်တာဖြစ်တယ်။ ဒါဟာ သူ့ရဲ့စွဲဆောင်မှုကို အသိအမှတ်ပြုခံရတဲ့ ပုံစံဖြစ်တယ်” ဟုလည်း သူက ဆက်လက်ပြောကြားသည်။
သို့သော် သူ၏ ကြီးထွားလာသည့် လူကြိုက်များမှုသည် စစ်တပ်နှင့် ပြုပြင်ပြောင်းလဲရေးအတွက် မဆုတ်နစ်သော သူ၏တွန်းအားကို ပိုမိုစိုးရိမ်လာသည့် နိုင်ငံရေးကွန်ဆာဗေးတစ်များကို တုန်လှုပ်စေသည်။
“သူဟာ လူကြိုက်အရမ်းများပြီး စစ်တပ်နဲ့ရဲ အပါအဝင် ထုံးတမ်းစဉ်လာ သြဇာနယ်ပယ်ကို ကျူးကျော်လာလို့ ထိုင်းနိုင်ငံမှာ အရင်က လုပ်ကိုင်ဆောင်ရွက်နေတဲ့ နည်းလမ်းကို ခြိမ်းခြောက်လာတယ်လို့ သူ့ကိုမြင်ကြတယ်” ဟု နာပွန်က ပြောသည်။
၂၀၀၆ ခုနှစ်တွင် မစ္စတာ သက်ဆင်ကို ဆန့်ကျင်မှုသည် စစ်အာဏာသိမ်းမှုအသွင်ဖြင့် ဖြစ်လာသည်။ အဂတိလိုက်စားမှု များပြားခြင်း၊ မသမာမှုနှင့် ဆွေမျိုးညာတိ ကောင်းစားရေးဝါဒတို့ကို ကိုးကားကာ စစ်တပ်က အစိုးရကို ဖြုတ်ချသည်။
ထိုအချိန်မှစတင်ပြီး သူ၏နှမ မစ္စ ယင်းလတ်နှင့် သမီး မစ္စ ပေတောင်တန် အပါအဝင် သက်ဆင်နှင့်ပတ်သက်သူ၊ သက်ဆင်ထောက်ခံသည့် ထိုင်းဝန်ကြီးချုပ် ခြောက်ဦးကို စစ်တပ်နှင့် တရားစီရင်ရေးက ဖြုတ်ချသည်။ ကျင့်ဝတ်ချိုးဖောက်မှုဖြင့် မစ္စ ပေတောင်တန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက လွန်ခဲ့သော အပတ်တွင် ဖြုတ်ချခဲ့သည်။
“သူ့ရဲ့ပါတီက အကြိမ်တိုင်းမှာ အပြတ်အသတ်အနိုင်ရပြီး သူတို့ကို တရားစီရင်ရေးက ဝင်ရောက်စွက်ဖက်တာ၊ စစ်အုပ်စုကတဆင့် အာဏာမရအောင် တားဆီးတာ ဒါမှမဟုတ် ရာထူးက ဖြုတ်ချတာခံရတယ်။ အဲဒီလို နှောင့်ယှက်မှုတွေကြောင့် ဒီမိုကရေစီလိုလားတဲ့ အင်အားစုအဖြစ် သူတို့ရဲ့အဆင့်ကို ခိုင်မာစေတယ်” ဟု နာပွန်က ပြောသည်။
သို့သော် နောက်ဆုံးတွင် သူ၏နိုင်ငံရေးအနာဂတ်ကို ဖျက်ဆီးသူမှာ သက်ဆင်ကိုယ်တိုင်ပင် ဖြစ်သည်။
၂၀၂၃ ခုနှစ်တွင် အသက် ၇၆ နှစ်ရှိပြီဖြစ်သော ဘီလျံနာ မစ္စတာ သက်ဆင်သည် ပြည်ပမှပြန်လာရေးနှင့် အစိုးရအပေါ် သူ၏ သြဇာဆက်လက်ရှိရေးအတွက် အဆင်ပြေစေရန် ကွန်ဆာဗေးတစ်များနှင့် ပူးပေါင်းလိုက်သည်။ ထိုလုပ်ရပ်သည် သူ့ကိုထောက်ခံသူများက မည်သည့်အခါကမှ ခွင့်မလွှတ်သည့် ကိစ္စဖြစ်သည်။
“သက်ဆင်က အရင်ကွန်ဆာဗေးတစ် ရန်သူတွေနဲ့ မဟာမိတ်ညွန့်ပေါင်း ဖွဲ့စည်းရတယ်။ ဒီမိုကရေစီ တပ်ပေါင်းစုဖွဲ့မယ်လို့ သူ့ကိုအားထားတဲ့ ထောက်ခံသူတွေပေးတဲ့ ရွေးကောက်ပွဲအာဏာကို အခြေခံကျကျ သစ္စာဖောက်လိုက်တာဖြစ်တယ်” ဟု နာပွန်က ပြောသည်။
စက်တင်ဘာလ ၉ ရက်နေ့က ချမှတ်လိုက်သည့် ထောင်ဒဏ်သည် သူ၏ နိုင်ငံရေးဘဝအတွက် နောက်ဆုံးထိုးနှက်ချက် ဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံ၏ ကြိုတင်ခန့်မှန်းမရသော နိုင်ငံရေးကို လေ့လာသူများက သူ့ကို စာရင်းမှ ပယ်ဖျက်ခြင်း မရှိကြပေ။
ထိုအချိန်မှစတင်ပြီး မစ္စတာ သက်ဆင်သည် ထိုင်းနိုင်ငံရေးတွင် သူ့ကို ကြီးမားသော အင်အားဖြစ်စေခဲ့သည့် ပြည်သူ့ထောက်ခံမှု ဆုံးရှုံးသည်။
စက်တင်ဘာလ ၉ ရက်နေ့က ချမှတ်လိုက်သည့် ထောင်ဒဏ်သည် သူ၏ နိုင်ငံရေးဘဝအတွက် နောက်ဆုံးထိုးနှက်ချက် ဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံ၏ ကြိုတင်ခန့်မှန်းမရသော နိုင်ငံရေးကို လေ့လာသူများက သူ့ကို စာရင်းမှ ပယ်ဖျက်ခြင်း မရှိကြပေ။
“သူဟာ နောက်ကွယ်က ဆရာကြီးလို့ အမြဲတမ်းမြင်ကြတယ်။ သူတကယ် ကြိုးစားပြီး အောင်မြင်ချိန် မတိုင်မီအထိ လုံးဝ ထင်မထားတဲ့ လုပ်ရပ်တွေကို သူလုပ်တတ်တယ်လို့ မြင်ကြတယ်” ဟု နာပွန်က ပြောသည်။
“သူက အဲဒီလို လှည့်ကွက်တွေကို ကြိုက်တယ်။ ဒါကြောင့်လည်း လူတွေကို စွဲဆောင်နိုင်တာလို့ထင်တယ်” ဟု ၎င်းကပြောသည်။
(ABC ပါ Karishma Vyas ၏ Thaksin Shinawatra’s imprisonment marks an extraordinary fall from grace, but not everyone is convinced his political career is over ကို ဘာသာပြန်သည်။)
You may also like these stories:
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောင်တနှစ် ပြန်ချ
သက်ဆင်ကို ဆေးရုံတင်ပေးခဲ့တဲ့ ဆရာဝန်နှစ်ဦး အလုပ်က ဆိုင်းငံ့ခံရ
သက်ဆင်က ထိုင်းနိုင်ငံရေးအပေါ် အရိပ်မိုးနေဆဲ
ထိုင်းဘုရင်ကို စော်ကားမှုဖြင့် သက်ဆင် ရှင်နာဝပ်ကို တရားစွဲ
အစိုးရသစ်ဖွဲ့မည့်အချိန် သက်ဆင် ထိုင်းပြန်လာ
ထိုင်းနိုင်ငံရဲ့ ၃၂ ယောက်မြောက် ဝန်ကြီးချုပ်သစ် (ရုပ်/သံ)
ဂယက်ရိုက်သွားတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းရဲ့ ရုတ်တရက်ပြည်ပခရီးစဉ် (ရုပ်/သံ)
ထိုင်းဝန်ကြီးချုပ်သစ်လောင်း အနုတင် ဘယ်သူလဲ













