• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဘရက်ဇညက်

by မောင်ဝံသ
28 September 2025
in ဆောင်းပါး
A A
ဘရက်ဇညက်
381
VIEWS
Share on FacebookShare on Twitter

ဘရက်ဇညက်
(လီယိုနစ် ဘရက်ဇညက်)

မော်စီတုန်းနှင့် ချူအင်လိုင်း ဆိုသော ခေါင်းဆောင် ၂ ဦးတို့မှာ အာရှတခွင်၌ ယဉ်ကျေးမှုအရ ရှေးကတည်းက ထင်ရှားပြီး ဖြစ်သော လူမျိုးတမျိုးကို ကိုယ်စားပြုကြသူများ ဖြစ်ကြကုန်၏။

ထို့ကြောင့် ထိုခေါင်းဆောင်မျိုးတို့သည် မြင့်မား ထင်ရှားပြီး ဖြစ်ကြသကဲ့သို့ ကိုယ်တိုင် အရည်အချင်း ပြည့်ဝလျက် လူစုံ ပညာစုံ ပုဂ္ဂိုလ်များ ဖြစ်ကြကြောင်းလည်း ခံယူထားကြသူများလည်း ဖြစ်သည်။

ဘရက်ဇညက် ဆိုသည်မှာမူကား တမူခြားနား၏။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
75
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
297
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
218

ဘရက်ဇညက် ကိုယ်စားပြုထားသော လူမျိုးမှာ ဥရောပနှင့် အာရှတိုက် အကြား တည်ရှိနေသော နိုင်ငံနှင့် လူမျိုး တမျိုးဖြစ်ပြီး အောင်နိုင်သူများ အကြားကို ယဉ်ကျေးအောင် လုပ်ယူခြင်းဖြင့် တည်တံ့ခဲ့သော လူမျိုး မဟုတ်။

ရှိပြီး ဖြစ်သော ဓလေ့ ထုံးစံများကို ဖျက်သိမ်းပစ်ပြီး အပြည့်အဝလည်း အစား ပြန်မထိုးနိုင်သေးသော ယဉ်ကျေးမှု အဆင့်အတန်းမျှသာ ရှိသည့် လူမျိုးဖြစ်၏။
ဘရက်ဇညက်သည် အရည်အသွေး ပြည့်စုံ ကုံလုံသူ မဟုတ်။

ထို့ကြောင့် ထိုဟာကွက်ကို တဖက်သား အပေါ် အနိုင်ကျင့်မှုဖြင့် အစားထိုး အားဖြည့်လျက် ခေါင်းဆောင် လုပ်နေသူမျှသာ ဖြစ်၏။

အတိအကျ ဆိုရပါက ကွန်မြူနစ် ရာထူးရိုက်ရာ ဆက်ခံမှု စနစ်တွင် အကြမ်းပတမ်းနည်း မပါဘဲ ထိပ်ဆုံးနေရာသို့ မည်မျှ မရောက်နိုင်ခဲ့ကြ။
တရုတ် ခေါင်းဆောင်တို့၏ ချစ်စရာ အချက်မှာ ဘရက်ဇညက်တို့ ကဲ့သို့ မဟုတ်ခြင်းပင်တည်း။

တရုတ် ခေါင်းဆောင် တို့၏ နမူနာ တခုမှာ ကွာဟမှု ကြီးကြီးမားမား ရှိနေသည့်တိုင် ဟန်မပျက် ထိန်းထားနိုင်ကြကုန်၏။

ဘရက်ဇညက်မှာမူ ရုပ်ပိုင်း စွမ်းဆောင်နိုင်မှု အခြေအနေ ရှိနေသူ ဖြစ်သည့်တိုင် စောဒက သမားကို ထိန်းနိုင်စွမ်း မရှိ။

ဘရက်ဇညက်သည် ရုရှားလူမျိုး စစ်စစ် ဖြစ်ပါချေ၏။

ထို့ကြောင့် အကြမ်းပတမ်း သမားလည်း ဟုတ်၊ ခင်မင်တတ်သူလည်း မှန်ပါ၏။ တချိန်တည်းတွင်ပင် ရက်စက် ကြမ်းကြုတ် သူလည်း ဖြစ်၏။

ဆိုဗီယက်တို့၏ အင်အား အခြေအနေနှင့် ပတ်သက်၍ ကြွားဝါနေချိန်တွင်ပင်လျှင် သူ့စကားများထဲ၌ သူကိုယ်တိုင် မသေချာကြောင်း ပေါ်လွင်နေသည်မှာ သိသာလွန်း၏။

နာဇီတို့၏ ဝင်ရောက် သိမ်းပိုက် စီးနင်းအောင်မြင်လု အထိ ခေတ်နောက်ကျခဲ့ရှာသော လူအဖွဲ့အစည်း တခုတွင် ကြီးပြင်းခဲ့ရသူ ပီပီ ထိုကြီးပြင်းလာရသော နိုင်ငံမှ သူ၏ နိုင်ငံရေး စနစ်သည် မပျက်စီးနိုင်သော စနစ်ဟု အရိုးစွဲအောင် ခံယူထားသူ ဖြစ်၏။

ထို့ကြောင့် ကျနော့် အမြင်တွင် သူ့နောက် တက်လာမည့် ဆိုဗီယက် ခေါင်းဆောင်တို့သည် သူ့ထက် ခေတ်မီသော ခေတ်သစ် သိပ္ပံနည်းပညာ ခေတ်၌ ကြီးပြင်းလာကြသူများ ဖြစ်သဖြင့် သူ့ထက် ပြည့်ဝကြဖွယ် ရှိ၏။

ကိုယ့်ကိုယ်ကိုယ် ယုံကြည် အားထားကြဖွယ် ရှိ၏။ ထိုခေါင်းဆောင် သစ်တို့သည် သူတို့ ကြွားဝါချက်များ မှန်သမျှ သူတို့ကိုယ်တိုင် ယုံကြည်ကြသူများ ဖြစ်လာနိုင်၏။

ဘရက်ဇညက် ကဲ့သို့ အားငယ်စိတ် ရှိကြမည် မဟုတ်။

ထို့ကြောင့် ယနေ့ ကမ္ဘာ့ အခြေအနေ ကဲ့သို့သော ကမ္ဘနှင့် အဝန်း စစ်ရေး တည်ဆောက်မှု ပြုလုပ်နိုင်သော ကာလတွင် လူသစ်များသည် ဘရက်ဇညက်ထက် အန္တရာယ် ကြီးဖွယ် ရှိ၏။ ပိုကြောက်ရဖွယ် ရှိနေ၏။

ကျနော် ဘရက်ဇညက်နှင့် တွေ့ရချိန်မှာ ဘရက်ဇညက် ကိုယ်တိုင်က စတာလင်၏ ဖြုတ်ထုတ်သတ် ၁၉၃၀ နှစ်ကာလကို တွေ့ကြုံ ကျော်လွှားနိုင်ခဲ့သူ၊ ဒုတိယ ကမ္ဘာစစ် ကြုံခဲ့သူ၊ နောက်ထပ် ဖြုတ်ထုတ်သတ် အဆင့်တခုကို ကျော်လွှားခဲ့သူ၊ စတာလင် ကွယ်လွန်ပြီးချိန် အာဏာ လုပွဲကို ကျော်လွှားနိုင်ခဲ့သူ၊ ခရူးရှက်ကို ကိုယ်တိုင် ဖြုတ်ချနိုင်ခဲ့သူ ဖြစ်လာချိန်တွင် ဖြစ်၏။

ဘရက်ဇညက် အတက် အမြန်ဆုံး ကာလမှာလည်း ၁၉၃၀ ဖြုတ်ထုတ်သတ် ကာလ ဖြစ်ပါ၏။

ဘရက်ဇညက်သည် ဘဝ တလျှောက်လုံးတွင် ရင်ခုန်စရာများနှင့်သာ အတိပြီးသော အဖြစ်များနှင့် တွေ့ကြုံခဲ့ဖူးသူလည်း ဖြစ်၏။

သို့ဖြစ်သည့်တိုင် ထိုအဖြစ်များက ဆိုဗီယက် တို့၏ “အာဏာ” စနစ်ကိုကား ပြောင်လဲစေနိုင်ခြင်း မရှိခဲ့။

ထိုအာဏာ စနစ် ဆိုသည်မှာ ယခု ဘရက်ဇညက် ကိုယ်တိုင် စိတ်အားထက်သန်စွာ ဆက်အကောင်အထည် ဖော်နေသော စနစ်ပင် ဖြစ်သည်။

ထိုသို့သော ဘရက်ဇညက်၏ စနစ်သည်ပင်လျှင် ကျနော်တို့ အင်အားဖြင့် ထိန်းထားရမည့် စနစ် ဖြစ်ပေလိမ့်မည်။ ဘရက်ဇညက် မည်သို့ ရည်သန်သည် ဖြစ်စေ ကျနော်တို့က ထိန်းပေးကြရမည်သာ ဖြစ်၏။

တင်းမာမှု လျော့ပါးရေးမူသည် အာဏာ ချိန်ခွင်ညှာ နေရာတွင် မည်သည့် အခါမျှ အစားဝင်နိုင်ဖွယ် မရှိချေ။ ။

မှတ်ချက်။ ။ လီယိုနစ် ဘရက်ဇညက် (Leonid Brezhnev) သည် ရှရှား ဆိုဗီယက်ခေတ် စစ်အေးတိုက်ပွဲ ကာလ ခေါင်းဆောင် သမ္မတ (၁၉၆၄-၁၉၈၂) တာဝန်ယူခဲ့သူ ဖြစ်သည်။

(သတင်းစာဆရာကြီး မောင်ဝံသ မြန်မာပြန် ရေးသားသည့် ဤဆောင်းပါးကို စာပေလောက စာအုပ်တိုက်က ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ဝေသော “ကစ်ဆင်းဂျား၏ အိမ်ဖြူတော် နှစ်များ” ဒုတိယအကြိမ် စာအုပ် ထဲမှ ကောက်နုတ် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းမှာ White House Years by Henry Kissinger စာအုပ်ဟု သိရပါသည်။ ယခု မြန်မာပြန် စာမူသည် Time magazine က ၁၉၇၉ ခုနှစ် အောက်တိုဘာလမှာ သုံးပတ် ဆက်တိုက် အနှစ်ချုပ် ဖော်ပြ ထားသည့် စာမူကို စာအုပ်အဖြစ် ပြန်ဆို ထုတ်ဝေထားခြင်း ဖြစ်သည် ဟု ဆရာကြီး မောင်ဝံသက စာအုပ်မှာ ရေးသား ထားပါသည်။ ဆရာကြီး မောင်ဝံသသည် ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၁ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ ပါသည်။)

Your Thoughts …
Tags: ကွန်မြူနစ်ခရူးရှက်ချူအင်လိုင်းစတာလင်ဆိုဗီယက်တရုတ်ဘရက်ဇညက်မော်စီတုန်းရုရှား
မောင်ဝံသ

မောင်ဝံသ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
ကျားဖြန့်စင်တာများမှ ကျားဖြန့်နိုင်ငံတော်ဆီသို့ (ရုပ်/သံ)

ကျားဖြန့်စင်တာများမှ ကျားဖြန့်နိုင်ငံတော်ဆီသို့ (ရုပ်/သံ)

အီလွန်မတ်စ် ရဲ့ X အိန္ဒိယမှာ ဆိုရှယ်မီဒီယာ ဆင်ဆာ ယန္တရား ဖျက်သိမ်းရေး အမှု ရှုံးနိမ့်

အီလွန်မတ်စ် ရဲ့ X အိန္ဒိယမှာ ဆိုရှယ်မီဒီယာ ဆင်ဆာ ယန္တရား ဖျက်သိမ်းရေး အမှု ရှုံးနိမ့်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved