• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တရုတ် – မြန်မာ တရားဝင် နယ်စပ် ကုန်သွယ်ရေး အဖွဲ့ ဖွဲ့စည်းရန် စီစဉ်နေ

by မြတ်ပြည့်ဖြိုး
18 August 2016
in စီးပွားရေး
A A
တရုတ် - မြန်မာ နယ်စပ် ကုန်သွယ်ရေး ဂိတ်တခု / မြတ်ပြည့်ဖြိုး / ဧရာဝတီ

တရုတ် - မြန်မာ နယ်စပ် ကုန်သွယ်ရေး ဂိတ်တခု / မြတ်ပြည့်ဖြိုး / ဧရာဝတီ

941
VIEWS
Share on FacebookShare on Twitter

တရုတ် – မြန်မာ တရားဝင် ကုန်သွယ်မှုပြုနိုင်ရန် နှစ်နိုင်ငံကုန်သွယ်ရေးအဖွဲ့ ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်နေကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန(စီးပွား/ကူးသန်း) ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ သန်းမြင့်က ပြောသည်။

“မြန်မာဘက်ကဆန်ပို့ရင် တရားဝင်ဆိုပေမယ့် တရုတ်ဘက်မှာကျ တရားမဝင်ပုံစံ ဖြစ်နေတယ်။ အဖမ်းအဆီးတွေ ရှိတယ်။ အိမ်နီးချင်းနိုင်ငံလည်း ဖြစ်တဲ့အတွက် နှစ်ဘက်လုံးအကျိုးရှိအောင် တရားဝင်ကုန်သွယ်ဖို့ အဖွဲ့ဖွဲ့ ဆောင်ရွက်သွားမယ်” ဟု ဒေါက်တာ သန်းမြင့် က မန္တလေးတိုင်းအတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် သြဂုတ်လ ၁၄ ရက်၌ တွေ့ဆုံရာတွင် ပြောဆို ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသို့ သြဂုတ်လ ၁၇ ရက်က သွားရောက်နေသည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကိုယ်စားလှယ်တဦး လိုက်ပါသွားပြီး တရုတ် – မြန်မာ နယ်စပ် ကုန်သွယ်ရေးအဖွဲ့ ဖွဲ့စည်းမည့် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ဒေါက်တာ သန်းမြင့်က ပြောပြသည်။

ယခုကဲ့သို့ တရားဝင် ကုန်သွယ်မှုပြုရန် စီစဉ်ခြင်းသည် မြန်မာကုန်စည်များ တရုတ်နိုင်ငံတွင်း တရားမဝင် ကုန်စည်အဖြစ် တင်ပို့ရောင်းချနေရာ၌ အခက်အခဲများ ရှိသဖြင့် အစိုးရက ကိုင်တွယ်ဖြေရှင်းပေးရန် လွန်ခဲ့သည့် ၃ နှစ်ကျော်ကတည်းက ကုန်သည်များက တင်ပြတောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
7.1k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေး အခြေအနေနှင့် ပတ်သက်ပြီး မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးချမ်းသာဦး က “တရုတ်ရဲ့ပေါ်လစီက ရှုံ့ကြိုးလိုပဲ၊ သူတို့လိုအပ်ချက် ရှိတဲ့အချိန်ဆို မြန်မာ ကုန်စည်တွေကို နားလည်မှုနဲ့ လွှတ်ပေး တယ်၊ မလိုတော့ဘူးဆိုရင် အဖမ်းအဆီးတွေလုပ်တယ်”ဟု ပြောသည်။

တရုတ် – မြန်မာ ကုန်သွယ်မှုပြုရာတွင် တရုတ်အစိုးရက ခွဲတမ်း (ကိုဒါ) မပေးထားသည့် ကုန်စည်များကို မြန်မာနိုင်ငံ ဘက် မှ တင်ပို့လာပါက ဖမ်းဆီးခြင်း၊ တရုတ်ကုန်သည်များ ဘက်က စျေးကွက်သတ်မှတ် ပေးသည့်အပြင် တရုတ်ပြည် ဘက်ပိုင်း၌ အဖမ်းအဆီး များနေခြင်းတို့က နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာကုန်သည်များ ကြုံတွေ့ရသည့် အဓိက အခက်အခဲများ ဖြစ်ကြောင်း မန္တလေး အခြေစိုက် ဆန်ကုန်သည်များက ပြောဆိုသည်။

နှစ်နိုင်ငံ တရားဝင်ကုန်သွယ်မှု အကောင်အထည် ဖော်နိုင်မည်ဆိုပါက မြန်မာ့ ကုန်စည်များအား အရည်အသွေး ပြည့်မီရန် ထုတ်လုပ်ရတော့မည့် အခြေအနေသည်လည်း စိန်ခေါ်မှု ဖြစ်လာနိုင်သည့် အပြင် မြန်မာကုန်သည်များ အနေဖြင့် ငွေကြေး အာမခံချက် ရှိရန် လုပ်ဆောင်ထားသင့်သည်ဟု ဦးချမ်းသာဦးက ဆက်ပြောသည်။

ထို့အပြင် အစိုးရအနေဖြင့် ကုန်သွယ်မှု အဓိကပြုလုပ်နိုင်မည့် ကုန်သွယ်ရေးဇုန်များ တည်ဆောက်ပေးရန် လိုအပ်ကြောင်း ၊ ထိုဇုန်သည် ကုန်သည်များ ရောင်းဝယ် ဖောက်ကားနိုင်သည့် ဧရိယာနှင့် ကုန်သိုလှောင်နိုင်သည့် ဂိုဒေါင်များ ထားရှိပေး ရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။

မန္တလေး ပဲနှမ်းကုန်စည်ဒိုင်မှ ပြန်ကြားရေး ဥက္ကဋ္ဌ ဦးချွန်က “တရုတ်က မဖြစ်မနေဝယ်မှာဆိုတာ သိတယ်။ ဒါပေမယ့် ကိုယ့် ကုန်သည်တွေ ကိုယ်တိုင်က စျေးကွက်ကို တောင့်မခံနိုင်ကြဘူး။ အဲဒါဟာ အဓိက အခက်အခဲပဲ”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် တရုတ်က မြန်မာဆန်တန်ချိန် ၁ သိန်းကို တရားဝင်ဝယ်ယူမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ဆန် အရည်အသွေး စစ်ဆေးမှု (AQSIQ) အပြည့်အဝ မလုပ်နိုင်သောကြောင့် တန်ချိန် ၁ သောင်းခန့်သာ တင်ပို့နိုင်ခဲ့ ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုအနက် နှစ်စဉ်ကုန်သွယ်မှု အများဆုံး ကုန်သွယ်ရေးစခန်းမှာ မူဆယ် စခန်းဖြစ်ပြီး တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံဘက်မှ လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ သကြား၊ ဖရဲ၊ သရက် တို့ကို အဓိက တင်ပို့ကြောင်း စီးပွား/ကူးသန်း ၏ မှတ်တမ်းများအရ သိရသည်။

Your Thoughts …
Tags: ကုန်သွယ်ရေး
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

by ခင်မမ
12 January 2024
16.7k

စစ်မတိုက်တတ်၍ စစ်ရှုံးနေသော၊ ဘာမဆိုလုပ်ရဲသော သာဝတယောက် ၂၀၂၄ နှစ်ဆန်းတွင် စစ်သံမပေးရဲ၊ လေသံ မမာရဲတော့ပေ။

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

by Gwen Robinson
11 August 2023
10.9k

UOB ၏ မူဘောင်သစ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ အပါအဝင် အဓိကငွေကြေးအားလုံး အကျုံးဝင်မည်ဖြစ်သည်။

တရုတ်ကိုပေးသည့် မင်းအောင်လှိုင် ကတိသည် ပရိယာယ်မျှသာဖြစ်

တရုတ်ကိုပေးသည့် မင်းအောင်လှိုင် ကတိသည် ပရိယာယ်မျှသာဖြစ်

by ဧရာဝတီ
18 November 2024
6.5k

မြန်မာ၏ ပြည်တွင်းပဋိပက္ခများတွင် တရုတ်သည် မကြာခဏဆိုသလို လက်တွေ့ကျသည့် အမြင်ရှိပြီး စစ်ကောင်စီ၏ အစီအစဉ်ကို အပြည့်အဝ ထောက်ခံလိုခြင်း မရှိပေ။

လားရှိုးထဲ စစ်တပ် လှုပ်ရှားမှု MNDAA ထိန်းချုပ်မှုအောက် ရှိမည်

လားရှိုးထဲ စစ်တပ် လှုပ်ရှားမှု MNDAA ထိန်းချုပ်မှုအောက် ရှိမည်

by မိုင်းခြိူဝ်းဇာရ်
5 April 2025
6.4k

လားရှိုးမြို့ပေါ်၌ MNDAA ၏ လားရှိုးဒေသ စစ်အုပ်ချုပ်ရေးကော်မတီ စစ်ဦးစီးချုပ် ကိုယ်တိုင် ဆက်လက် ရုံးထိုင်မည်ဖြစ်ပြီး ဆက်ဆံရေးရုံးနှင့် ရုံးတချို့ ဖွင့်လှစ်ထားမည်ဖြစ်သလို တရုတ်အစိုးရ ကိုယ်စားလှယ်ဘက်မှလည်း မြို့ပေါ်တွင် ရုံးဖွင့်ကာ လားရှိုးအရေး အနီးကပ် စောင့်ကြည့်သွားမည်ဟု သိရသည်။

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

by Sean Turnell
18 July 2025
5.9k

အခွန်ကိစ္စနှင့် ပတ်သက်သည့် သမ္မတ ထရမ့်ထံသို့ ပြန်စာတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မည်သည့်စကားလုံးကိုမှ လက်လွတ်မခံပေ။

Next Post
Dateline Irrawaddy

Dateline Irrawaddy

ရှမ်းပြည်နယ် လွှတ်တော်သစ် ဆောက်လုပ်ရန် လျာထားသည့်နေရာ / Living Earth Green Network

ရှမ်းပြည်နယ် လွှတ်တော်သစ် တည်ဆောက်ဖို့ သစ်ပင်တွေ ခုတ်မလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved