• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

Apple နှင့် အခြားကုမ္ပဏီများ သံဖြူကုန်ကြမ်း UWSA ထိန်းချုပ် သတ္ထုတွင်းမှ ရယူနေ

by Reuters
2 December 2016
in စီးပွားရေး
A A
Apple ဖုန်းတွေကို UWSA ပိုင် သတ္တုတွင်းက ကုန်ကြမ်းနဲ့ ထုတ်လုပ်နေ

Apple ဖုန်းတွေကို UWSA ပိုင် သတ္တုတွင်းက ကုန်ကြမ်းနဲ့ ထုတ်လုပ်နေ

23.4k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှ သူပုန်စစ်တပ်တခုသည် ကမ္ဘာ့အကြီးဆုံး လူသုံးကုန် ကုမ္ပဏီများသို့ ကုန်ကြမ်း ပေးသွင်းသူများအား သံဖြူသတ္တုရိုင်းများကို ရောင်းချနေသည်။

စမတ်ဖုန်း ထုတ်လုပ်သူ Apple ၊ ကော်ဖီလုပ်ငန်းကြီး Starbucks နှင့် အဆင့်မြင့် လက်ဝတ်ရတနာ လုပ်ငန်း Tiffny & Co, တို့ အပါအဝင် ကုမ္ပဏီ ၅၀၀ ကျော်တို့သည် ၎င်းတို့ထံ ကုန်ကြမ်းပေးသွင်းသူများ အကြား၌ မြန်မာတရုတ် နယ်စပ်အနီး မိုင်းမော သတ္တုတွင်းမှ သတ္တုရိုင်းများကို သွယ်ဝိုက်ဝယ်ယူနေသော တရုတ်ထိန်းချုပ် ကုမ္ပဏီများ ပါဝင်ကြောင်း ရိုက်တာ သတင်းဌာန၏ ကုန်ကြမ်း ပေးသွင်းမှု ကွင်းဆင်း လေ့လာမှု တခု အရ သိရသည်။

ထိုသတတ္တုမိုင်းကို မူးယစ်ဆေးဝါး ရောင်ဝယ်မှုဖြင့် စွပ်စွဲပြီး အမေရိကန်ပြည်ထောင်စုက ၂၀၀၃ ခုနှစ်က အရေးယူ ပိတ်ဆို့ ထားသော ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က ထိန်းချုပ်ထားသည်။ ထိုသတ္တုမိုင်းမှ သံဖြူထုတ်ယူနေ သော ကုမ္ပဏီ ၇ ခုကို ဝစစ်တပ်နှင့် အစိုးရခေါင်းဆောင်များက ပိုင်ဆိုင်သည် သို့မဟုတ် ထိန်းချုပ်ထားသည် ဟု UWSA ခေါင်းဆောင်များနှင့် နီးစပ်သော ဝ အရာရှိများနှင့် လူအချို့က ပြောသည်။

ဤ အချက်ကြောင့်ပင် စက်မှုလုပ်ငန်းစုကြီး ဖြစ်သော General Electric အပါအဝင် ကုမ္ပဏီ အများအပြား တို့မှာ နာမည်ပျက် စာရင်းဝင် အုပ်စုများနှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ဆက်ဆံခြင်းကို ပိတ်ပင်သည့် အရေးယူ ပိတ်ဆို့မှုကို ချိုးဖောက်သည့် အန္တရာယ် ရှိလာနိုင်သည်ဟု အမေရိကန် အရာရှိဟောင်းတဦး၊ လက်ရှိအရာရှိတဦးနှင့် အရေးယူ ပိတ်ဆို့မှု ကျင့်သုံးရေးကျွမ်းကျင်ရှေ့နေများက ပြောသည်။

မြန်မာ သံဖြူကို မသိဘဲ သုံးသောကြောင့် ကုမ္ပဏီများကို အမေရိကန်အစိုးရက ဒဏ်ရိုက်မည့် အလားအလာ မရှိသော်လည်း ၎င်းတို့အနေဖြင့် ကုန်ကြမ်း ပေးသွင်းသူ အသစ်ရှာရန် ဖိအားပေးနိုင်သည်ဟု အရေးယူပိတ်ဆို့မှု ဆိုင်ရာကျွမ်းကျင်သူများက ပြောသည်။

အမေရိကန်၏ အရေးယူပိတ်ဆို့မှုသည် ယေဘုယျအားဖြင့် အမေရိကန် ကုမ္ပဏီများ အနေဖြင့် နာမည်ပျက် စာရင်းဝင် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ရောင်းဝယ်ခြင်း သို့မဟုတ် ဆက်ဆံခြင်းကို ပိတ်ပင်သည် ဟု အမေရိကန် ဘဏ္ဍာရေးဌာန ပြောခွင့်ရသူ အမျိုးသမီးက ပြောသော်လည်း ယခုဖြစ်နေသော ကိစ္စတွင်မူ ထပ်မံ ဝေဖန်ပြောကြားရန် ငြင်းဆိုသည်။

ဤ အခြေအနေမှာ အမေရိကန်နိုင်ငံစုံလုပ်ငန်းကြီးများ ရင်ဆိုင်နေရသည့် ပို၍ပို၍ ရှုပ်ထွေးလာသော ကုန်ကြမ်း ကွင်းဆက် လေ့လာစောင့်ကြည့်ရေး အခက်အခဲကို ပြသနေသည်။

၂၀၁၂ ခုနှစ် အမေရိကန် လုပ်ထုံးလုပ်နည်းတခုကို လိုက်နာပြီး ကုမ္ပဏီတို့သည် ဗဟိုအာဖရိကမှ လက်နက်ကိုင်အုပ်စုများ ထိန်းချုပ်ထားသည့် သတ္တုမိုင်းများမှ တွင်းထွက်သတ္တုများ ၎င်းတို့ထုတ်ကုန်များတွင် ပါ မပါ စစ်ဆေးရန် ဒေါ်လာ သန်းထောင်ချီ သုံးနေရသည်။

သို့သော် ထိုလုပ်ထုံး လုပ်နည်းသည် ကုမ္ပဏီများအနေဖြင့် အခြားသော ပဋိပက္ခဒေသများမှ တွင်းထွက်များ၏ ပင်ရင်းကို စစ်ဆေးရန် မလိုအပ်ပေ။

Apple ၊ Tiffany ၊ GE နှင့် ရိုက်တာသတင်းဌာနက ဆက်သွယ်ခဲ့သော ကုမ္ပဏီများကမူ ထိုလုပ်ထုံးလုပ်နည်းကို လိုက်နာရန် (Conflict Free Sourcing Initiative – CFSI) က ထုတ်လုပ်သော စစ်ဆေးရေး အစီအစဉ်ကို သုံးကြသည်ဟု ပြောသည်။

CFSI ၏ ဒါရိုက်တာတဦးကမူ ၎င်းတို့အနေဖြင့် မြန်မာမှ အခြားနိုင်ငံများသို့ သံဖြူတင်ပို့ခြင်းနှင့် မြန်မာ၏ လူ့အခွင့်အရေးနှင့် လုံခြုံရေး အခြေအနေကို သတိထားမိသည်ဟု ပြောသည်။ ၎င်းတို့အဖွဲ့သည် ပဋိပက္ခဒေသနှင့် အန္တရာယ်များသော နယ်ပယ်ဟူသော ဝေါဟာရများကို ပိုမိုကျယ်ပြန့်သော ဖွင့်ဆိုမှု ထည့်သွင်းရန် စစ်ဆေးရေးစည်းမျည်းများကို ပိုမို ကောင်းမွန်အောင် ပြုလုပ်နေသည်ဟု ပြောသည်။

ကုမ္ပဏီများ အနေဖြင့် လုံ့လစိုက်ထုတ် လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားတခုကို ဗဟိုအာဖရိကကို သီးခြား အာရုံစိုက်သည့် လုပ်ငန်းတခုသို့ လုံးလုံးလျားလျား မလွဲအပ်ရဟု လေ့လာစောင့်ကြည့်ရေး အဖွဲ့တခုဖြစ်သော Global Witness မှ ကျွမ်းကျင်သူ Sophia Pickles က ပြောသည်။

“ကုန်ကြမ်းကွင်းဆက် တာဝန်ကြေရေးအတွက် ကုမ္ပဏီတွေမှာ အခြေခံအားဖြင့် တာဝန်ရှိတယ်။ လုပ်ငန်းအစီအစဉ်တွေမှာ တာဝန်မရှိဘူး” ဟု သူမက ဆက်ပြောသည်။

ပြည်တွင်းစစ်

တကမ္ဘာလုံးမှ တူးဖော်ရရှိသော သံဖြူအများစုကို အီလက်ထရွန်းနစ် ပစ္စည်းများတွင် ဘက်ထရီနှင့် အောက်ခံပြားများ ပြုလုပ်ရန် ကြားခံအဖြစ် သုံးကြသည်။

မိုင်းမော သတ္တုတွင်းကို ၂၀၁၃ ခုနှစ် ပတ်ဝန်းကျင်က စတင်တွေ့ရှိသော အခါ အရည်အသွေးမြင့် သတ္တုရိုင်း အများအပြား တွေ့ရှိသဖြင့် ကမ္ဘာ့သံဖြူဈေးကွက်တွင် လှုပ်ခတ်သွာစေခဲ့သည်။ ယခု နှစ်စဉ်ထုတ်လုပ်မှုမှာ သံဖြူတန်ချိန် ၃၃၀၀၀ ရှိသည် ဟု ခန့်မှန်းရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များကြား ပြည်တွင်းစစ်မှာ ဆယ်စုနှစ်များစွာ သက်ဆိုးရှည်နေခဲ့ပြီး၊ အဆိုပါ သတ္တုမိုင်းကို မြန်မာနိုင်ငံတွင် အကြီးဆုံးသော လက်နက်ကိုင်အုပ်စု ဖြစ်သည့် UWSA က ထိန်းချုပ်ထားသည်။ ရိုက်တာ သတင်းဌာနသည် ပထမဆုံး နိုင်ငံတကာမီဒီယာ အဖြစ် ထိုသတ္တုမိုင်းသို့ လွန်ခဲ့သောလက သွားရောက်ခဲ့သည်။

ထိုသတ္တုမိုင်းကို အုပ်ချုပ်သော အရာရှိများ၊ UWSA ခေါင်းဆောင်များ၊ အာရှသံဖြူလုပ်ငန်း အမှုဆောင်များနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုများနှင့် သံဖြူကုန်ကြမ်း ပေးသွင်းသူများ၏ ထုတ်ပြန်ချက်များကို လေ့လာမှုများ အရ အမေရိကန်နှင့် အခြားနိုင်ငံတကာ ကုမ္ပဏီများ၏ ထုတ်ကုန်အများအပြားသည် ဝ ဒေသမှ သံဖြူကို အသုံးပြုနေဖွယ် ရှိသည် ဟု ခန့်မှန်းရသည်။

မိုင်းမောသတ္တုမိုင်းမှ သံဖြူသည် ၎င်းတို့ဘာသာ ပြည်နယ်အဖြစ် ကြေညာထားသော ဝပြည်နယ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန် သို့မဟုတ် လက်နက်ဖြုတ်သိမ်းရန် ငြင်းဆန်နေသော ဒေသအုပ်ချုပ်သူများ ရှင်သန်ရေး အတွက် အရေးပါသော ဝင်ငွေကို ပေးသည်။ “မနက်တိုင်း သံဖြူသတ္တုရိုင်းတွေ တရုတ်ပြည်ကို ပို့တဲ့ ထရပ်ကား ဒါဇင်နဲ့ချီ ရှိတယ်” ဟု ဝ ဒေသနိုင်ငံခြားရေးရုံး အကြီးအကဲ Zhao Guo An က ရိုက်တာသတင်းဌာနသို့ ပြောသည်။ “သံဖြူတူးဖော်ရေးဟာ ကျနော်တို့ စီးပွားရေးရဲ့ မဏ္ဍိုင်ပဲ၊ ဝင်ငွေ အများဆုံး ပေးတဲ့ လုပ်ငန်းပဲ” ဟု သူက ပြောသည်။

အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အများစုကို ရုပ်သိမ်းထားသော်လည်း UWSA ကို ရည်ရွယ်သော ပိတ်ဆို့မှု အပါအဝင်အချို့ကို ဆက်လက်ထားရှိနေဆဲဖြစ်သည်။ ထိုအုပ်စုနှင့် ၎င်း၏ ခေါင်းဆောင် အများအပြားမှာ ဘိန်းဖြူနှင့် မက်သာအဖက်တမင်း မှောင်ခိုမှု စွပ်စွဲချက်ဖြင့် Kingpin Act ဟုခေါ်သော ဥပဒေအရ နာမည်ပျက် စာရင်းဝင်နေသည်။ UWSA ခေါင်းဆောင်များကမူ ထိုကိစ္စတွင် မပါဝင်ကြောင်း ငြင်းပြီး နိုင်ငံရေးအရ အပုတ်ချခြင်းသာ ဖြစ်သည်ဟု ပြောသည်။

အမေရိကန်ဘဏ္ဍာရေးဌာန အရေးယူပိတ်ဆို့မှု ဆိုင်ရာ အကြံပေးဟောင်း Peter Kucik ကမူ ယခုတွေ့ရှိချက်များကြောင့် အသေးစိတ် ဂရုတစိုက် လေ့လာဆောင်ရွက်ရန် လိုသည်ဟု ပြောသည်။

“ဒီအချက်တွေက ပါဝင်ပတ်သက်သူတွေ အတွက် အရေးယူပိတ်ဆို့မှုနဲ့ မလွတ်နိုင်တဲ့ အန္တရာယ်ကို ပြနေတယ်” ဟုသူကဆိုသည်။

Apple သို့ ကုန်ကြမ်း ပေးသွင်းသူ ကုမ္ပဏီနှစ်ခု ဖြစ်သည့် ကမ္ဘာ့နပတ် (၁) သံဖြူထုတ်လုပ်သူ Yunnan Tin Co Ltd နှင့် ထိုင်ဝမ်အခြေစိုက် သံဖြူကြားခံပစ္စည်း ထုတ်လုပ်သူ Shenmao Technology ထို့က ၎င်းတို့ ဝယ်ယူသော သံဖြူအချို့မှာ ဝ ဒေသမှ ဖြစ်သည်ဟု ပြောသည်။

ကမ္ဘာ့ဈေးကွက်သို့ ကုန်ကြမ်းပေးသွင်းနေသော အခြားသော တရုတ်သတ္တုလုပ်ငန်းများလည်း မိုင်းမောသတ္တုမိုင်းမှ သံဖြူကို ဝယ်ယူသည်ဟု လွန်ခဲ့သောလက ဒေသသို့ သွားရောက်ခဲ့သော တရုတ်နိုင်ငံမှ ထိပ်တန်း သတ္တုသုတေသနကုမ္ပဏီ ဖြစ်သည့် Asia Metal မှ သုတေသီ Mandy Gan နှင့် အခြားကျွမ်းကျင်သူ တဦးတို့က ပြောသည်။

ထိုသံဖြူကို သွယ်ဝိုက် အသုံးပြုခြင်းသည်ပင် အမေရိကန်အရေးယူပိတ်ဆို့မှု ဥပဒေကို ချိုးဖောက်နိုင်သည် ဟု အရေးယူပိတ်ဆို့မှု ကျွမ်းကျင်သူများက ပြောသည်။ ထိုဥပဒေအရ အာဏာပိုင်များ အနေဖြင့် ရည်ရွယ်ချက်ကို သက်သေပြရန် မလိုပေ။ ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံခဲ့သော မြန်မာနိုင်ငံမူဝါဒကို ကိုင်တွယ်သည့် အမေရိကန် အရာရှိတဦးကမူ UWSA နှင့် မည်သည့်ပတ်သက်မှုကိုမဆို အစိုးရက စုံစမ်းစစ်ဆေးဖွယ် ရှိသည်ဟု ပြောသည်။

သို့သော် ကုန်ကြမ်း ပေးသွင်းရေး ကွင်းဆက်မှ နက်ရှိုင်းလှသော ကိစ္စကို ဘာဏ္ဍာရေးဌာန အနေဖြင့် ကုမ္ပဏီများကို အရေးယူဖွယ် မရှိဟု ဝါရှင်တန်အခြေစိုက် အရေးယူပိတ်ဆို့မှု ရှေနေ Erich Ferrari က ပြောသည်။ ထိုအဆက်အစပ် လူသိရှင်ကြား ဖြစ်လာပါက ကုမ္ပဏီများအနေဖြင့် အရောင်းအဝယ် ရပ်စဲပြီး ကုန်ကြမ်းပေးသွင်းသူသစ် မရှာလျှင်သာ အာဏာပိုင်များက အရေးယူမည်ဟု သူက ပြောသည်။

ကုန်ကြမ်းပေးသွင်းရေး ကွင်းဆက်

အဓိကကြားခံ ကုပ္မဏီမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် အခြေစိုက် အစိုးရပိုင ်Yunnan Cultural Industry International (YCII) ဖြစ်သည်။ ထိုကုမ္ပဏီက ၎င်းတို့သည် ဝဒေသနှင့် သေနင်္ဂဗျူဟာကျသော ရေရှည် တည်ငြိမ်သော ဆက်ဆံရေးရှိသည် ဟု ၎င်းတို့၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

YCII (Yunnan Cultural Industry International) က တွေ့ဆုံမေးမြန်းမှုကို အကြိမ်ကြိမ် ငြင်းဆိုသည်။ သို့သော် ၎င်းသည် ကမ္ဘာ့ထိပ်တန်း သံဖြူထုတ်လုပ်သူ ယူနန်အခြေစိုက် Yunnan Tin သို့ အဓိကကုန်ကြမ်းသွင်းသူ ဖြစ်သည်။

Yunnan Tin က Foxconn Technology Co အပါအဝင် ကုမ္ပဏီအများအပြားသို့ ကုန်ကြမ်းပေးသွင်းပြီး Pegatron Corp ကို သွယ်ဝိုက်ပေးသွင်းကာ Pegatron Corp ၏ ဖောက်သည်များတွင် Apple လည်း ပါဝင်သည်။ ၎င်းသည် သံဖြူကြားခံ ထုတ်လုပ်သူ Shenmao Technology သို့လည်း ကုန်ကြမ်းပေးပြီး Shenmao Technology ကလည်း Pegatron သို့ပင် ကုန်ကြမ်းပေးသည်။

“မြန်မာနိုင်ငံကို ပဋိပက္ခဒေသလို့ CFSI က မသတ်မှတ်ဘူး။ သတ္တုလုပ်ငန်းတွေက ပင်ရင်းဒေသ အထောက်အထား စာရွက်စာတမ်း ပြနိုင်ရင် ကျနော်တို့က လက်ခံတယ်” ဟု ထိုင်ဝမ်အခြေစိုက် Shenmao မှ ပင်ရင်းဒေသ ကြီးကြပ်သူ  Tim Lin က ပြောသည်။ ၎င်းတို့၏ သံဖြူ လေးပုံတပုံမှာ Yunnan Tin မှလာသည် ဟုလည်း သူက ဆိုသည်။

လွန်ခဲ့သော ၂ နှစ်အတွင်း Yunnan Tin သည် အမေရိကန်ပြည်ထောင်စုသို့ သတ္တု တန်ချိန် ၁၂၀၀၀ တင်ပို့ခဲ့သည်ဟု အမေရိကန် အခြေစိုက် ကုန်သွယ်ရေး လေ့လာမှု ကုမ္ပဏီ Panjiva ၏ အချက်အလက်များအရ သိရသည်။

လူသိရှင်ကြား ကုန်သွယ်သော အမေရိကန် ကုမ္ပဏီ ၅၀၀ ကျော်တို့က ၎င်းတို့၏ ကုန်ကြမ်းပေးသွင်းသူများသည် Yunnan Tin သို့မဟုတ် ၎င်း၏ San Mateo ရှိ California-based division ကာလီဖိုနီးယား အခြေစိုက်ဌာနခွဲ ဖြစ်သည့် Yuntinic Resources မှ သံဖြူကို သုံးကြသည်ဟု ကုန်ပစ္စည်း ထုတ်လုပ်သော ကုမ္ပဏီများက U.S. Securities and Exchange Commission သို့ တင်ပြသော ထုတ်ပြန်ချက်များကို လေ့လာမှုအရ သိရသည်။

Yunnan Tin ၏ ဒါရိုက်တာအဖွဲ့ဝင် နှစ်ဦးဖြစ်သော ဒုဥက္ကဌ Yang Yimin နှင့် အတွင်းရေးမှူးနှင့် ဒုတိယအထွေထွေ မန်နေဂျာ Pan Wenhao တို့က ၎င်းတို့၏ သံဖြူအချို့မှာ UWSA ၏ သတ္တုတွင်းမှ ဖြစ်သည်ဟု တွေ့ဆုံမေးမြန်းစဉ် ပြောကြသည်။ “ကျနော်တို့ မြန်မာကသံဖြူတွေကို သွယ်ဝိုက်ဝယ်ယူတာ ဟုတ်ပါတယ်၊ ပင်ရင်းဒေသ ဘယ်ကလဲ ဆိုတာကို သိပ်အာရုံမစိုက်ပါဘူး “ ဟု Pan Wenhao က ပြောသည်။

Yunnan Tin သည် ဝ သံဖြူကို တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းမှ သတ္တုများနှင့် ရောနှောပြီး ပစ္စည်း ထုတ်လုပ်သည်ဟု သူက ဆက်ပြောသည်။

ထို့ကြောင့် ဤကုမ္ပဏီ၏ မည်သည့်တင်ပို့မှုတွင် ဝ သံဖြူပါသည်ကို ပြောရန် မဖြစ်နိုင်တော့ပေ။ သို့သော် Yunnan Tin သည် ၎င်း၏ သံဖြူသုံးစွဲမှု ၃ ပုံ ၁ ပုံ နီးပါး ၁၆၅၀၀ တန်ကို ဝသတ္တုမိုင်းမှ ဝယ်သည်ဟု Pan Wenhao က ခန့်မှန်းသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
6.7k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

Apple ကမူ ၎င်းတို့သည် ကုန်ကြမ်းပေးသွင်းသူများ စည်းကမ်းပြည့်မီရန် ကူညီမည်ဟု ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားပြီး မလိုက်နာနိုင်သူ မလိုက်နာလိုသူများကို ကုန်ကြမ်းပေးသွင်းသူ စာရင်းမှ ထုတ်ပယ်မည်ဟု ဆိုသည်။

“ကျနော်တို့ရဲ့ ထုတ်ကုန်တွေမှာ မြန်မာက တရားမဝင် သံဖြူပါတဲ့ အထောက်အထား မရှိပေမယ့် ဆက်လက်စုံစမ်းစစ်ဆေး မယ်။ ပြဿနာတွေ့ရင် ဖြေရှင်းမယ်။ စံနှုန်းတွေကို မြှင့်တင်ပြီး လူ့အခွင့်အရေးကို ကာကွယ်ဖို့လိုတာ အားလုံး လုပ်ဆောင်မယ်” ဟု Apple ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ Foxconn ကလည်း ၎င်းတို့သည် ကုန်ကြမ်း ပေးသွင်သူ စီမံခန့်ခွဲမှု စည်းကမ်းများကို နိုင်ငံတကာနှင့် ပြည်တွင်းပဋိပက္ခဒေသ တွင်းထွက်ဥပဒေများနှင့် အညီ လိုက်နာစေကြောင်းနှင့် ထိုစည်းကမ်းများကို ၎င်းတို့ထံ ကုန်ကြမ်းသွင်းသူများကို ကြိုတင်အသိပေးထားကြောင်း ပြောသည်။

၎င်းတို့၏သံဖြူ ၁ ရာခိုင်နှုန်း ခန့်ကိုသာ Yunnan Tin မှဝယ်ယူပြီး အမေရိကန်ပြင်ပဖောက်သည် တဦးတည်းသို့သာ ပို့သည့် ပစ္စည်းတွင် သုံးသည်ဟုလည်း ပြောသည်။ Pegatron Corp က ၎င်းတို့သည် ကုန်ကြမ်း ပေးသွင်းသူများကို နှစ်စဉ်စစ်ဆေးပြီးပဋိပက္ခဒေသနှင့် ကင်းသောပင်ရင်းကို သုံးရန် အားပေးသည်ဟု ဆိုသည်။

Pegatron Corp သည် ၎င်း၏ဖောက်သည်များ၊ အဖွဲ့အစည်းများနှင့် လက်တွဲပြီး ပင်ရင်းတွင်းထွက်များကို တာဝန်သိသိ စုံစမ်းစစ်ဆေးမည်ဟု ပြောသည်။

လက်ဝတ်ရတနာမှ အိမ်သုံးကိရိယာများ အထိ

အမေရိကန်ပြည်ထောင်စုတွင် လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရောင်းချသူများသည် Dodd-Frank Act ဥပဒေအရ ၎င်းတို့ထံ သံဖြူနှင့် အခြားတွင်းထွက် ပေးသွင်းသူများ စာရင်းကို ထုတ်ပြန်ကြေညာရသည်။

Yunnan Tin ကို ဖော်ပြသော ကုမ္ပဏီများအနက် Tiffany က ၎င်းထံပစ္စည်းပေးသွင်းသူ တဦးသည် တရုတ်သတ္တုလုပ်ငန်း သံဖြူအနည်းငယ်ကို သွယ်ဝိုက် ဝယ်ယူပြီး ငွေထည်လက်ဝတ်ရတနာနှင့် ခေါင်းပွပစ္စည်းများတွင် ဂဟေကြားခံ အဖြစ် သုံးသည်ဟု ကြေညာသည်။

Yunnan Tin သည် ပဋိပက္ခကင်းသည်ဟု CFSI က သတ်မှတ်ကြောင်း ထိုသတ္တုလုပ်ငန်းကို အသုံးပြုခြင်းသည် ၎င်းတို့၏ ပဋိပက္ခတွင်းထွက် မူဝါဒနှင့် ကိုက်ညီကြောင်းလည်း ပြောသည်။

Starbucks ကလည်း Yunnan Tin မှ သတ္တုအနည်းငယ်ကို ကြားခံပေးသွင်းသူ ထံမှ ဝယ်ယူပြီး ၎င်းတို့ကော်ဖီဆိုင် မီးဖိုများတွင် သုံးသည်ဟု ကြေညာသည်။ ၎င်းတို့သည် မြန်မာမှ သတ္တုသုံးနေကြောင်း မည်သည့် အချက်အလက်မျှ မရရှိကြောင်း၊ သို့သော်ပစ္စည်း ပေးသွင်းသူများအနေဖြင့် ပင်ရင်းဒေသ ကြေညာရန် တွန်းအားပေးမည်ဟု ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

GE ၏ ပြောခွင့်ရသူ တဦးကလည်း ၎င်းတို့ ကုမ္ပဏီသည် သတ္တုကုန်ကြမ်း ပေးသွင်းသူ ကွင်းဆက်တွင် ကျင့်ဝတ်ညီသော ပင်ရင်းသုံးရန် ကြိုးစားကြောင်း၊ ရိုက်တာ သတင်းဌာန၏ စိုးရိမ်မှုကို မှတ်သားထားပြီး ၎င်းတို့၏ လုပ်ငန်းတွင်း ဖြစ်စဉ်များ၊ ပြင်ပ လုပ်ဖော်ကိုင်ဖက်များမှ တဆင့် ကိုင်တွယ်ဖြေရှင်မည် ဟု ပြောသည်။

Target အမည်ရှိ လက်လီအရောင်း လုပ်ငန်းမှ ပြောခွင့်ရသူကလည်း တာဝန်သိသော စီးပွားရေးကျင့်ဝတ်များကို အလေးထားကြောင်း၊ ဤ သတင်းကို အလေးအနက်ထားပြီး စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။            ။

( Reuters သတင်းထောက်  Yimou Lee နှင့် Joel Schectman တို့၏ For Apple and others, tin supply chain has ties to rebel-held Myanmar mine ကို ဘာသာပြန်ဆိုသည်)

Your Thoughts …
Tags: UWSA
Reuters

Reuters

Agency

Similar Picks:

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

by ဧရာဝတီ
14 October 2023
25.9k

အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာပါ။

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

by ဧရာဝတီ
18 October 2023
23.7k

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဒုတိယစစ်ဦးစီးချုပ် တဦးဖြစ်သူ ပေါက်ကျွင်းဖုန်း (ခေါ် ) အာချန်အား တရုတ်နိုင်ငံ၊ ကူမင်းမြို့ ရဲတပ်ဖွဲ့က ယခုလပထမပတ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း “ဝ” တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

by ကိုဦး
18 April 2024
23.2k

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့၏ နောက်ကွယ်တွင် UWSA ကူညီနေသည်ကို သိသော်လည်း စစ်တပ် ထုတ်မပြောရဲပေ။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
ဇာတ်မကချင်ပါဘူးဆို

ဇာတ်မကချင်ပါဘူးဆို

သက်ငယ်မုဒိမ်းမှုတွေက တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေပြီလား (ရုပ်/သံ)

သက်ငယ်မုဒိမ်းမှုတွေက တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေပြီလား (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved