စီးပွားရေး

OPPO မှ အသစ်ထွက်ရှိလာတဲ့ Black Series စမတ်ဖုန်းများ

Want create site? Find Free WordPress Themes and plugins.

OPPO စမတ်ဖုန်း ကုမ္ပဏီမှ Black Series စမတ်ဖုန်းများဖြစ်ကြတဲ့ OPPO A57 နဲ့ OPPO F3 Black Version တို့ကို မြန်မာနိုင်ငံမှာ ဇွန်လအတွင်း စတင်ရောင်းချသွားမယ်လို့ ဇွန်လ ၂ ရက်နေ့က ရန်ကုန်မြို့ Junction City စင်တာ၊ JCGV Cinema မှာ ပြုလုပ်တဲ့ “OPPO Black Series” Mini Launch ပွဲမှာ ကြေညာခဲ့ပါတယ်။

အသစ် မိတ်ဆက်လိုက်တဲ့ စမတ်ဖုန်း အမျိုးအစား ၂ ခု စလုံးဟာ ဈေးကွက်မှာ ရေပန်းစားနေပြီး လူကြိုက်များနေတဲ့ အနက်ရောင်နဲ့ ထုတ်လုပ်ထားပြီး OPPO A57 စမတ်ဖုန်းကတော့ လက်ရှိ OPPO ရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ စမတ်ဖုန်းသစ် ဖြစ်ပါတယ်။

“OPPO Black Series” Mini Launch (ဓာတ်ပုံများ – သီဟတိုး/ ဧရာဝတီ)

OPPO ရဲ့ ထုံးစံအတိုင်း Selfie ကို အသာပေးတဲ့ A57 စမတ်ဖုန်းမှာ 16 Mega pixel အရည်အသွေးရှိ အရှေ့ဘက်ကင်မရာနဲ့အတူ Beautify 4.0 ပါဝင်ပြီး လုပ်ဆောင်ချက် အသစ်အနေနဲ့ Selfie ပုံများ ရိုက်တဲ့အခါ နောက်ခံကိုဝါးပေးနိုင်တဲ့ Bokeh ပါဝင်တာ တွေ့ရပါတယ်။

ဒါ့အပြင် ဖုန်းမျက်နှာပြင် အရှေ့မှာ လက်ဝါးဖြန့်ပြပြီး ၅ စက္ကန့်အတွင်း အလိုလျောက် Selfie ဓာတ်ပုံ ရိုက်ကူးနိုင်မယ့် Palm Shutter function ပါဝင်ပြီး Selfie ပုံများကို ကင်မရာခလုတ် နှိပ်စရာမလိုဘဲ ရိုက်ကူးနိုင်တာကြောင့် လက်တုန်ခြင်း၊ ပုံဝါးခြင်း စတဲ့ အခက်အခဲတွေ မရှိတော့ဘူးလို့ သိရပါတယ်။

A57 ရဲ့ လက်ဗွေစနစ်ကို အစင်းကြောင်း ခြစ်ရာများ မထင်စေရန် ပြုလုပ်ပေးထားခြင်း၊ hydrophobic အလွှာထည့်သွင်းပေးထားခြင်း၊ စိုစွတ်နေတဲ့ လက်ဖြင့် ဖွင့်နိုင်ခြင်းစတဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ Lock screen ကိုလည်း ဝ.၂ စက္ကန့်အတွင်း ဖွင့်ပေးနိုင်အောင် ပြုလုပ်ထားတယ်လို့ သိရပါတယ်။

“OPPO Black Series” Mini Launch (ဓာတ်ပုံများ – သီဟတိုး/ ဧရာဝတီ)

မျက်နှာပြင်အရွယ်အစား ၅.၂ လက်မ HD မျက်နှာပြင်နဲ့အတူ OPPO A37 ထက်ပိုပြီး ကျစ်လစ်တဲ့ ဒီဇိုင်းနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ CPU အရည်အသွေး Qualcomm Snapdragon octa-core processor အသုံးပြုထားပြီး 3GB RAM နဲ့ 32 GB ROM ပါဝင်ပြီး Internal Storage ကို 256 GB အထိ မြှင့်တင်နိုင်တဲ့ Triple-Slot Tray လည်း ပါဝင်တာ တွေ့ရပါတယ်။

OPPO A57 စမတ်ဖုန်းကို ဈေးနှုန်း ၂၉၉၀၀၀ ကျပ်နဲ့ ဇွန်လ ၅ ရက်နေ့ စတင်ရောင်းချသွားမှာဖြစ်ပြီး မေလအတွင်းက ထွက်ရှိထားပြီး အရောင်အသစ်အနေနဲ့ ထပ်မံ ထုတ်လုပ်လိုက်တဲ့ OPPO F3 Black Version စမတ်ဖုန်းကို ဈေးနှုန်း ကျပ် ၄၁၉,၀၀၀ နဲ့ ဇွန်လ ၁၅ ရက်နေ့မှာ မြန်မာတနိုင်လုံး ရောင်းချ သွားမယ်လို့ သိရပါတယ်။
ဆက်စပ် သတင်းလင့်ခ် – လူငယ်တွေ အကြိုက် ဒီဇိုင်းနဲ့ OPPO F3 စမတ်ဖုန်း

Did you find apk for android? You can find new Free Android Games and apps.
Loading