• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

YBS ယာဉ်များနှင့် မီးရထားများတွင် ကတ်စနစ်သုံးရန် စီစဉ်နေ

by မျိုးပပစန်း
17 August 2017
in စီးပွားရေး
A A
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ / မျိုးမင်းစိုး / ဧရာဝတီ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ / မျိုးမင်းစိုး / ဧရာဝတီ

10.2k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအားလုံးကို လာမည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် Yangon Paymant Services (YPS) ငွေပေးချေ ကတ်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က “သေချာတော့ မပြောနိုင်သေးဘူး။ ကတ်စနစ်က လာမယ့် ဖေဖော်ဝါရီလ စမယ်တော့ ပြောထားတာ ရှိတယ်။ အဓိကတော့ သယ်ပို့ဆောင်ရေးမှာ လက်မှတ်စနစ် လုပ်သွားမှာ ဖြစ်တယ်။ ဆရာတို့ မှန်းတာတော့ YBS ရော၊ မြို့တွင်းပတ် ရထားရော လုပ်ဖို့ရှိတယ်’’ဟု ဧရာဝတီသို့ပြောသည်။

ကတ်စနစ်ကို အသုံးပြုရာတွင်YBS ကား၊ မီးရထားနှင့် Wate taxi စသည့် ပို့ဆောင်ဆက်သွယ်ရေး ယာဉ်အားလုံးကို ကတ်တခုတည်းဖြင့် တွင်ကျယ်စွာ အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ YBS ယာဉ်လိုင်းတွင် အသုံးပြုရမည့် ငွေပေးချေကတ်စနစ်တွင် Cards Issuing လုပ်ငန်း၊ Cards Acquiring လုပ်ငန်း၊ Cards Top up Agent လုပ်ငန်းသုံးခုနှင့် စိစစ်ခေါ်ယူသွားမည် ဖြစ်ပြီး တင်ဒါလျှောက်လွှာများကို ယခုလ ၂၅ ရက်နေ့တွင် စတင်လက်ခံမည် ဖြစ်သည်။ လျှောက်လွှာ တင်မည့် ကုမ္ပဏီများအနေနှင့် ယခုလ ၁၀ ရက်နေ့မှ စတင်၍ တင်ဒါလျှောက်လွှာများကို ထုတ်ယူနိုင်ပြီဖြစ်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
6.6k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

ယင်းလျှောက်လွှာများကို စက်တင်ဘာလ ၉ ရက်နေ့တွင် စိစစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့(cabinet) အစည်းအဝေးက လာမည့် ဒီဇင်ဘာလအတွင်း တင်ဒါအောင် ကုမ္ပဏီများကို ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ကတ်စနစ်ဆောင်ရွက်ရန် တင်ဒါခေါ်ရာတွင် ပြည်တွင်းကုမ္ပဏီများ၊ နိုင်ငံခြားသားကုမ္ပဏီများနှင့် လက်ရှိ ကတ်စနစ်ဆောင်ရွက် လုပ်ကိုင်နေသည့် ကုမ္ပဏီများ ပြန်လည်အရွေးချယ်ခံ လျှောက်လွှာတင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Anypay ကတ်စနစ် ဆောင်ရွက်နေသည့် ပြည်တွင်းကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက’’ကျနော်တို့ကတော့ စိတ်ဝင်စားတယ်။ YBS ယာဉ်လိုင်းတခုမှာ အရင်ထဲက တင်ဒါရပြီး သားဖြစ်တယ်။ အရင်ကတော့ BRT အခုက YBS ကျနော်တို့က ပေါင်းနိုင်အောင် လုပ်ရအုံးမှာ ဖြစ်တယ်။ တင်ဒါနဲ့ပတ်သတ်ပြီး အခုက Yangon Payment Services (YPS)ကနေ အများပြည်သူကို ကြေငြာထားပါတယ် ’’ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီ (YBPC) လက်အောက်ရှိ YBS ၃၇ ယာဉ်လိုင်းတွင် anypay ကတ်စနစ်ကို အသုံးပြုနေပြီး ဗန္ဓုလသယ် ယူပို့ဆောင်ရေးကုမ္ပဏီ လက်အောက်ရှိ YBS ၁၂၊ ၁၄၊ ၂၅၊ ၃၀၊ ၃၈ ယာဉ်လိုင်းတွင် I pay ကတ်၊ (မိုဘိုင်းဖုန်းဖြင့် ငွေပေးချေခြင်း) Ok $ စနစ်ဖြင့် ယာဉ်စီးခပေးချေခြင်း ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

YBS ဘတ်စ်ကားများတွင် YPS ကတ်များ စတင်အသုံးပြုချိန်၌ ပြည်သူများအဆင်ပြေမှုရှိရန် ကတ်စနစ်အပြင် ငွေသားနှင့်ပါ ပေးချေသောစနစ်လည်း ရှိနိုင်ကြောင်း သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့ (YRTA) နှင့် Yangon Payment Services (YPS) တို့၏ တင်ဒါတင်သွင်းမည့် ကုမ္ပဏီများအား ပထမ အဆင့် ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်ပန်းသဉ္ဇာမျိုးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBSယာဉ်လိုင်း ၉၀ ကျော်ရှိပြီး ယာဉ်စီးရေ ၄၀၀၀ ကျော်ဖြင့် ခရီးသွားပြည်သူ နှစ်သန်းကျော်ကို နေ့စဉ် ပြေးဆွဲပေး လျက်ရှိသည်။
လက်ရှိတွင် YBS ကားအဟောင်း အစီးရေ ၂၆၀၀ ကျော်ကို ကားအသစ်နှင့် အစားထိုး လဲလှယ်ပေးထားပြီး ထပ်မံလဲလှယ်ရန် ကားအစီးရေ ၁၆၀၀ ခန့် ကျန်ရှိနေသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

Your Thoughts …
Tags: YBS
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ရန်ကုန် လေဆိပ်မှ မြို့တွင်းသို့ ပြေးဆွဲနေသော YBS ယာဉ်တစီးကို တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

အောင်မင်္ဂလာ အဝေးပြေးမှ မြို့တွင်းသို့ YBS ယာဉ်လိုင်းသစ် ပြေးဆွဲမည်

by အောင်သီဟ
17 May 2019
18.9k

ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးမှ မြို့တွင်းသို့ ယာဉ်စီးခ ၁ ထောင်ကျပ် ကျသင့်မည့် YBS လိုင်းသစ် ပြေးဆွဲမည် ဖြစ်ကြောင်း

ယခုနှစ် ဇွန်လ အတွင်းက ရန်ကုန်မြို့ပေါ်တွင် တွေ့ရသည့် YBS ကားများ  / ထက်ဝေ / ဧရာဝတီ

YBS မထသ စနစ်ဆိုးထံ ပြန်လှည့်နေသလား

by အောင်သီဟ
8 June 2020
28.8k

အမှု အများစုသည် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများအတွက် ထူထောင်ထားသော အများပိုင် ကုမ္ပ ဏီများ၏ ထိန်းချုပ်မှုအောက် အပြည့်အဝ မရှိသော တဦးတည်းပိုင် ပုဂ္ဂလိက (အုံနာစနစ်)ဖြင့် ပြေးဆွဲနေ သော YBS ယာဉ်များ ဖြစ်သည်။

စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေး ဦးကျော်နေဝင်း  / ဧရာဝတီ

ဦးနေဝင်း မိသားစု နှင့် စစ်တပ်ပိုင်ကုမ္ပဏီတို့ လျှပ်စစ်ဘတ်စ်ကားများ ပြေးဆွဲရန် စီစဉ်

by ဧရာဝတီ
29 January 2023
4.9k

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ မြေးတော်စပ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်နေဝင်းပိုင် Omni Focus ကုမ္ပဏီနှင့် မြန်မာစစ်တပ်ပိုင် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီတို့က ရန်ကုန်မြို့တွင်း၌ လျှပ်စစ်ဘတ်စ်ကား (EV) များ ပြေးဆွဲရန် စီစဉ်နေကြောင်း စုံစမ်းသိရှိရသည်။

Asia Starmar Transport Intelligent ကုမ္ပဏီမှ မားကတ်တင်း အမှုဆောင်အရာရှိချုပ် (Chief Marketing Officer- CMO) ဒေါ်ရီရီခင် / ဧရာဝတီ

ဒီဇင်ဘာမှ ခရီးသည်တွေ YPS ကတ် သုံးလို့ ရအောင် စီစဉ်ထားတယ်

by မျိုးပပစန်း
11 October 2019
11k

ယာဉ်လိုင်းများနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို Asia Starmar Transport Intelligent ကုမ္ပဏီမှ မားကတ်တင်း အမှုဆောင်အရာရှိချုပ် (Chief Marketing Officer- CMO) ဒေါ်ရီရီခင်ကို ဧရာဝတီသတင်းထောက် မျိုးပပစန်းက တွေ့ဆုံမေးမြန်းထားသည်။

၂၀၂၀ ပြည့်နှစ်အတွင်းက ရန်ကုန်မြို့အတွင်း၌ YBS ယာဉ်များ ပြေးဆွဲနေမှုများ / ဧရာဝတီ

စစ်ကောင်စီက YRTA ကို YPTC အဖြစ် ဖွဲ့စည်းပြီးနောက် ခရီးသည်များ ခက်ခဲမှုများ ပိုဖြစ်လာ

by ဧရာဝတီ
20 May 2021
33.5k

ကားစီးရတာက အဆင်မပြေဘူး။ အဲယားကွန်းလည်း မဖွင့်တော့ဘူး။ အရင်ကဆိုရင် ဘတ်စ်ကားခကို ပုံးထဲ ထည့်ရပေမယ့် အခုတော့ ဒရိုင်ဘာကို ပဲပေးရတယ်။ ကားပေါ်က ဆင်းရင်လည်း ကားအနောက်ဘက်က တံခါးကို မဖွင့် ပေးဘူး။ အရှေ့က ပြန်ဆင်းခိုင်းတာတွေလည်း ရှိတယ်

ဒီဇိုင်း- ကျော်မျိုးထိုက်/ဧရာဝတီ

ခရမ်းပြာ ဝေဒနာ၊ YBS ညည်းချင်း

by မောင်ကေ
29 April 2017
35.9k

ကွီးလို့အများခေါ်ကြတဲ့ ရွှေကိုယ်တော် ဝန်ကြီးချုပ်ရဲ့မဟာစီမံကိန်း ဝိုင်ဘီအက်စနစ်ကို ရန်ကုန်မြို့နေ သဟာ ဆွေ (MPTဆွေသဟာနဲ့ဘာမျှ မဆိုင်) တို့ မေးခွန်းထုတ်နေချိန် ရွှေကိုယ်တော် ခွင့်တော်တင်ပြီး နှုတ်တော်ဆွံ့နေလို့ပဲ ဖြစ် ပါတယ်။

Next Post
မောင်တော ဒေသတွင် တွေ့ရသည့် ဘဂါၤလီ လူငယ်များး / ထက်နိုင်ဇော် / ဧရာဝတီ

ရခိုင်ဒေသ ဖြစ်ရပ်များတွင် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်နိုင်ရန် တပ်မတော်နှင့် ဆွေးနွေးနေ

လက်မှတ်မလောက်၍ ပွဲကြည့်စင်အပြင်မှ အားပေးနေကြသော မြန်မာ ပရိသတ်များ  / MFF

မလေးရှားရောက် မြန်မာပရိသတ်များကို ဥက္ကဋ္ဌ ဦးဇော်ဇော် ကျေးဇူးတင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved