• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

SME လုပ်ငန်းများ အတွက် ငွေ ဘီလီယံနှင့်ချီ၍ ချေးငွေထုတ်ပေးရန် စီစဉ်နေ

by ဒီလှိုင်းဝင်း
13 September 2017
in စီးပွားရေး
A A
ရန်ကုန်တိုင်းအတွင်းရှိ ငါးခြောက်လုပ်ငန်းတခု / ချမ်းစွန်း / ဧရာဝတီ

ရန်ကုန်တိုင်းအတွင်းရှိ ငါးခြောက်လုပ်ငန်းတခု / ချမ်းစွန်း / ဧရာဝတီ

20.5k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံအတွင်းရှိ SME အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နှစ်ဆင့်ခံ ချေးငွေရရှိ နိုင်ရန် နိုင်ငံတော်အစီအစဉ်ဖြင့် တိုက်ရိုက် ကူညီပေးမှုအနေဖြင့် ကျပ် ဘီလီယံနှင့် ချီ၍ ငွေထုတ်ချေးကာ ကူညီထောက်ပံ့ရန် စီစဉ်နေသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သြဂုတ်လကုန်ပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

လုပ်ငန်းရှင်များ၏ တောင်းဆိုမှုကြောင့် အဆိုပါ အစီအစဉ် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး ကဏ္ဍတိုးတက်ရန်၊ အသေးစားနှင့် အလတ်စားလုပ်ငန်း ဧရိယာဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လုပ်ဆောင်ပေးခြင်းဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
235
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

အစိုးရက ပြုလုပ်မည့် နှစ်ဆင့်ခံ ချေးငွေ အစီအစဉ် ဆိုသည်မှာ အစိုးရပိုင်းက ပြည်ပချေးငွေ အကူအညီများ ဦးစွာရယူပြီးနောက် ပြည်တွင်း SME လုပ်ငန်းများကို တဆင့်ပြန်လည် ချေးပေးမည့် အစီအစဉ်ပုံစံမျိုးဖြစ်သည်။

“SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် မလာခြင်းက လိုအပ်သလောက် ချေးငွေ မရရှိတာက အဓိက ကျတယ်၊ အခြေခံ အားဖြင့် မရှိမဖြစ် လိုတာက ချေးငွေအပြင် နောက်ထပ် ထည့်တွက်ရမယ့် ကိစ္စတွေကလည်း အများကြီး ရှိနေပေမယ့် အရင်းအနှီးရှိရင် နည်းပညာပိုင်းအတွက် အဆင်ပြေနိုင်တယ်၊ ပြည်တွင်း လုပ်ငန်းတွေရဲ့ အခက်အခဲက အရင်းအနှီး လိုအပ်ချက် ကြီးမားနေတဲ့အချက် ဖြစ်တယ်၊ ဒါကို အကူအညီပေးမယ်ဆိုတော့ SME လုပ်ငန်းတွေ ပိုပြီး ဖွံ့ဖြိုးတိုးတက်လာ မယ်”ဟု မန္တလေးစက်မှုဇုန်မှ အသေးစားလုပ်ငန်းရှင် ဦးကျော်မင်း က ပြောသည်။

အစိုးရသည် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု လုပ်ငန်းများ၊ အိမ်တွင်းမှုလုပ်ငန်းများ၊ ဒေသအလိုက် ထုတ်ကုန်လုပ်ငန်းများ သာမက ပြည်ပသွင်းကုန် အစားထိုးနိုင်မည့် ထုတ်ကုန်လုပ်ငန်းများနှင့် ပို့ကုန်ဆောင်ရွက်နိုင်မည့် ကုန်ထုတ်လုပ်ငန်းများကို အဓိကထား ကူညီပံ့ပေးရန် ဆောင်ရွက်ထားကြောင်း သိရသည်။

“SME လုပ်ငန်းတွေအတွက် ချေးငွေအပြင် နည်းပညာပိုင်းကိုလည်း အစိုးရက ပြည်တွင်းလုပ်ငန်းရှင်များအတွက် ဖွံ့ဖြိုးပြီး နိုင်ငံတွေကနေ ရှာဖွေတင်သွင်းပေးနိုင်ဖို့ လိုတယ်၊ သင်တန်းတွေ အများအပြား လိုအပ်တယ်၊ နည်းပညာ ကောင်းမှသာ အရည်အသွေး ကောင်းမွန်တဲ့ ပစ္စည်းများကို ထုတ်လုပ်နိုင်မှာ ဖြစ်တယ်၊ နောက်ပြီး ဈေးကွက်ရှာဖွေပေးနိုင်ဖို့လည်း လိုအပ်တယ်၊ အသေးစား အလတ်စားလုပ်ငန်းရှင်များက ကိုယ်တိုင် ဈေးကွက်လိုက်ရှာဖို့ဆိုတာ ခက်ခဲပါတယ်” ဟု မန္တလေးစက်မှုဇုန်များ စီမံခန့်ခွဲမှုကော်မတီမှ အတွင်းရေးမှူး ကိုမောင်မောင်ဦးက ရှင်းပြသည်။

စိုက်ပျိုးရေးကဏ္ဍတွင်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သီးနှံစိုက်ပျိုးစရိတ် ချေးငွေသာ ထုတ်ချေးပေးနိုင်သေးပြီး အနာဂတ်ကာလတွင် စိုက်ပျိုးခြင်း၊ သွင်းအားစု ထည့်သွင်းခြင်း၊ လယ်ယာသုံး စက်ကိရိယာဝယ်ယူခြင်း၊ ကြိတ်ခွဲရောင်း ချခြင်းနှင့် နိုင်ငံခြားပို့ကုန်ဈေးကွက်ရှာဖွေခြင်းစသည့် အပိုင်းများအတွက်အထိ ချေးငွေထောက်ပံ့ကူညီရန် စီစဉ်ထား ကြောင်း သိရသည်။

ဆောက်လုပ်ရေးကဏ္ဍတွင်လည်း ဈေးကွက်အေးစက်နေမှုကြောင့် အခက်အခဲရှိနေသည့် လုပ်ငန်းများနှင့် ငွေကြေးအခက်အခဲကြောင့် လုပ်ငန်းအဆုံးသတ်ရန် ခက်ခဲနေသည့် လုပ်ငန်းများအနက် အလားအလာကောင်းသော လုပ်ငန်းများကို ငွေပင်ငွေရင်း ဖြည့်တင်းပေးသွားရန် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။

ပြည်တွင်း SME အသေးစား၊ အလတ်စားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဖွံ့ဖြိုးရေးဘဏ်တခု ထူထောင် ရန်လိုအပ်ပြီး အစိုးရက ငွေထုတ်ချေးမည့်အစီအစဉ်အတွက် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တခုကိုပါ ထူထောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

Your Thoughts …
Tags: SMEလုပ်ငန်းရှင်အစိုးရ
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

အသက် ၄၄နှစ်အရွယ်ရောက်နေသည့် ဦးဇော်ဝင်းရှိန်သည် မြန်မာခရိုနီများထဲတွင် အသက်အငယ်ဆုံးလည်း ဖြစ်သည်။

ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

by ဧရာဝတီ
5 October 2022
20.2k

ဦးဇော်ဝင်းရှိန်လို့ ဆိုလိုက်သည်နှင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များကြား "ရှစ်လုံးကြီး၏လူ" ဟု မှတ်ချက်ပြု ပြောဆိုလေ့ ရှိသည်။

စစ်အာဏာသိမ်းမှု ၃ နှစ်ကြာ ကပ်ဆိုး

စစ်အာဏာသိမ်းမှု ၃ နှစ်ကြာ ကပ်ဆိုး

by Maung Kavi
2 February 2024
3.4k

တနိုင်ငံလုံးတည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုသည် စစ်ကောင်စီဝါဒဖြန့် သတင်းစာ မျက်နှာဖုံးနှင့် နောက်ကျောတွင်သာ ရှိသည်။

AA နှင့် ပတ်သက်သည်ဆိုကာ ဖမ်းသွားသည့် တောင်ကုတ်မှ လုပ်ငန်းရှင်များ ပြန်မလွတ်သေး

AA နှင့် ပတ်သက်သည်ဆိုကာ ဖမ်းသွားသည့် တောင်ကုတ်မှ လုပ်ငန်းရှင်များ ပြန်မလွတ်သေး

by ဧရာဝတီ
23 November 2023
2.5k

လုပ်ငန်းရှင် ၁၁ ဦးကို စစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက် ဆက်နွယ်မှုရှိသည် ဟုဆိုကာ နိုဝင်ဘာ ၁၄ ရက်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ချိန်ထိ ပြန်မလွှတ်ပေးသေးက

တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

by ဧရာဝတီ
2 December 2023
2.3k

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား လက်ရှိဖြစ်ပွားနေသည့် တကျော့ပြန်တိုက်ပွဲကာလ နှစ်ပတ်အတွင်း မြို့နယ်အသီးသီးရှိ ရခိုင်အရပ်သား ၇၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

ဗဟိုဘဏ် ဒေါ်လာထုတ်မရောင်းပေးနိုင်တော့၍ စက်သုံးဆီဈေးတက်

စက်သုံးဆီလုပ်ငန်းရှင်များကို စစ်ကော်မရှင် နစ်နာကြေးတောင်း

by ဧရာဝတီ
11 December 2025
1.5k

ဒေါ်လာငွေ မသမာမှုလုပ်သဖြင့် နိုင်ငံတော်နစ်နာသည်ဟုဆိုကာ စစ်ကော်မရှင်မှ စက်သုံးဆီ တင်သွင်းရောင်းချနေသော ကုမ္ပဏီပိုင်ရှင်များအား ငွေကျပ် ဘီလီယံ ၅၄၀ ကျော်ကို ဇန်နဝါရီ လနောက်ဆုံးထားပြီး အပြီးပေးသွင်းရန်နှင့် မပေးသွင်းပါက လိမ်လည်မှုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။

ဖယောင်းတိုင်ထွန်းပြီး တိုင်းပြည်အုပ်ချုပ်လို့မရဘူး (ရုပ်/သံ)

ဖယောင်းတိုင်ထွန်းပြီး တိုင်းပြည်အုပ်ချုပ်လို့မရဘူး (ရုပ်/သံ)

by ဧရာဝတီ
16 January 2025
899

အာဏာသိမ်း စစ်ကောင်စီဟာ လှည့်ကျစနစ်နဲ့ပေးနေတဲ့ လျှပ်စစ်မီးကိုတောင် မှန်အောင်မပေးနိုင်တော့ပါဘူး။ ရန်ကုန်မြို့မှာ အရင်က အလှည့်ကျ မီးရရှိမှုဟာ တရက်ကို ၁၂ နာရီ ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်ရဲ့ မီးပေးဝေမှု ဇယားမှာတော့ တရက်ကို ၈...

Next Post
၂၀၁၂ ခုနှစ် ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ လာရောက်လည်ပတ်သော Mitch McConnell / Reuters

ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်ရန် မသင့်ဟု အမေရိကန် အထက်လွှတ်တော် ခေါင်းဆောင်ပြော

သြဂုတ်လ ၂၄ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေး ကော်မရှင် အပြီးသတ် အစီရင်ခံစာ သတင်းစာ ရှင်းလင်းပွဲ / သက်ထွန်းနိုင် / ဧရာဝတီ

ရခိုင် အကြံပေး အကောင်အထည်ဖော်မှု ကော်မတီ အစည်းအဝေး မနက်ဖြန် စတင်မည်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved