• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်ရန် မသင့်ဟု အမေရိကန် အထက်လွှတ်တော် ခေါင်းဆောင်ပြော

by ဧရာဝတီ
13 September 2017
in သတင်း
A A
၂၀၁၂ ခုနှစ် ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ လာရောက်လည်ပတ်သော Mitch McConnell / Reuters

၂၀၁၂ ခုနှစ် ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ လာရောက်လည်ပတ်သော Mitch McConnell / Reuters

29k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာဆိုသူ မွတ်စလင်များ အပေါ် ဆက်ဆံပုံနှင့် ပတ်သက်ပြီး မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မှတ်ထားသော ဆုံးဖြတ်ချက်များကို ထောက်ခံမည် မဟုတ်ကြောင်းနှင့် အမေရိကန် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ကို မဝေဖန်သင့်ကြောင်း အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကန်ပါတီ ခေါင်းဆောင် Mitch McConnell က အင်္ဂါနေ့တွင်ပြောသည်။

“သူ့ကို အပြစ်တင်တဲ့ ဆုံးဖြတ်ချက်ကို ကျနော် မကြိုက်ဘူး” ဟု မြန်မာနိုင်ငံနှင့် ပတ်သက်သော ပြဿနာများကို ကိုင်တွယ် နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော McConnell က ပြောသည်။ “မြန်မာနိုင်ငံ ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ စစ်အာဏာရှင် စနစ်ကနေ ကျနော်တို့ ဖြစ်စေချင်တဲ့ အခြေအနေကို ရှေ့ဆက်နိုင်ဖို့ သူဟာ ကျနော်တို့ အတွက် အကြီးမားဆုံး မျှော်လင့်ချက်ပဲ လို့ ကျနော်ထင်တယ်” ဟုလည်း သူက ပြောသည်။

ရီပတ်ဘလီကန်ပါတီ အထက်လွှတ်တော်အမတ် John McCain နှင့် ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် Richard Durbin တို့သည် အကြမ်းဖက်မှုများကို ရှုတ်ချပြီး အရေးယူ ဆောင်ရွက်ပေးရန် ဒေါ်အောင်ဆန်းစုကြည် ကို တိုက်တွန်းသော ဆုံးဖြတ်ချက်တရပ်ကို လွန်ခဲ့သော သီတင်းပတ်က အဆိုပြုခဲ့သည်။ သို့သော် ထို ဆုံးဖြတ်ချက်ကို သူထောက်ခံခြင်း မရှိကြောင်း McConnell က ပြောသည်။

“ကျနော့် တဦးချင်း အမြင်ကတော့ သူ့အနေနဲ့ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်နေရချိန်မှာ အမေရိကန်ပုံစံနဲ့ သူ့ကို ရွေးထုတ်ပြီး ဝေဖန်တာဟာ အထောက်အကူ မပြုဘူး။ ဒါကြောင့် အဲဒီလို လုပ်ရင် ကျနော် ဝင်မပါဘူး” ဟု အထက် လွှတ်တော် ရီပတ်ဘလီကန် ခေါင်းဆောင်များ၏ အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် သူက ပြောသည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရန် ဒီမိုရက်တစ် သမ္မတဟောင်း ဘားရက်အိုဘားမား က စဉ်းစားခြင်းကို ပြန်လည် သုံးသပ်ရန် ရှိ / မရှိဟူသောမေးခွန်းကို သူက ပြန်လည် ဖြေကြားခြင်း မရှိပေ။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
2
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
5
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
11

မွတ်စလင် ၃၇၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေခဲ့သည့် အကြမ်းဖက်မှုများ ရပ်ဆိုင်းပေးရန် အတွက် မြန်မာနိုင်ငံအပေါ် ဖိအားများ မြင့်မားလာနေသည်။ အရပ်သားများကို အကာအကွယ်ပေးရန် ထရမ့် အစိုးရက တောင်းဆို ထားပြီး ဒုက္ခသည်များ ပြန်ရန် အတွက် ဘေးကင်းဇုန်များ သတ်မှတ်ပေးရန် ဘင်္ဂလားဒေ့ရှ်က တောင်းဆိုသည်။

ဝါရှင်တန်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို အခိုင်အမာ ထောက်ခံသော်လည်း ဒေါ်အောင်ဆန်းစုကြည် သည် အကြမ်းဖက်မှုများ ရပ်တန့်အောင် လုပ်ဆောင်နိုင်ခြင်း မရှိဟု ဆိုကာ ဝေဖန်ခံနေရသည်။

အထက်ပါ ဆုံးဖြတ်ကို ဦးဆောင်တင်သွင်းသည့် အပြင် အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲများ ရေးရာကော်မတီ၏ သြဇာ ကြီးမားလှသော ဥက္ကဌ John McCain က အမေရိကန်-မြန်မာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို လက်ရှိ အချိန်တွင် ကွန်ဂရက်သို့ ရောက်ရှိနေသော ကာကွယ်ရေးမူဝါဒ ဥပဒေမှ ဖယ်ထုတ်မည်ဟု အင်္ဂါနေ့တွင် ပြောသည်။
၂၀၁၈ ခုနှစ် အမျိုးသား ကာကွယ်ရေး အခွင့်အာဏာ ပေးအပ်ရေးဥပဒေ (NDAA) သည် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို တိုက်တွန်းထားသည်။

“NDAA ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို အပြုသဘော သက်ရောက်မယ်လို့ ကျနော် ထင်ခဲ့ပေမယ့် ရိုဟင်ဂျာတွေကို လူ့အခွင့်အရေး အရ နှိမ်နင်းတာရယ်၊ ပိုမိုဆိုးရွားလာတဲ့ လူသားချင်စာနာမှု အကျပ်အတည်းရယ်ကြောင့် စစ်ဘက် ဆက်ဆံရေး တိုးချဲ့တာကို ကျနော် ဆက်လက် မထောက်ခံနိုင်တော့ဘူး” ဟု McCain က ပြောသည်။

ကိုးကား ။ ။ Reuters

Your Thoughts …
Tags: ဒေါ်အောင်ဆန်းစုကြည်ရိုဟင်ဂျာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

Next Post
သြဂုတ်လ ၂၄ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေး ကော်မရှင် အပြီးသတ် အစီရင်ခံစာ သတင်းစာ ရှင်းလင်းပွဲ / သက်ထွန်းနိုင် / ဧရာဝတီ

ရခိုင် အကြံပေး အကောင်အထည်ဖော်မှု ကော်မတီ အစည်းအဝေး မနက်ဖြန် စတင်မည်

ရခိုင်အရေး အနောက်စည်းရိုး သာမက သံတမန်ခံစစ် ကျိုးနေပြီလား (ရုုပ်/သံ)

ရခိုင်အရေး အနောက်စည်းရိုး သာမက သံတမန်ခံစစ် ကျိုးနေပြီလား (ရုုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

8 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved