• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ပြည်တွင်းလေဆိပ် ၃ ခု အဆင့်မြှင့်တင်မည်

by မျိုးပပစန်း
30 September 2017
in စီးပွားရေး
A A
ပြည်တွင်းလေဆိပ် ၃ ခု အဆင့်မြှင့်တင်မည်
20k
VIEWS
Share on FacebookShare on Twitter

မြို့ပြလေကြောင်း ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အတွက်ရည်ရွယ်ပြီး မော်လမြိုင်၊ ဟဲဟိုးနှင့် ကော့သောင်း လေဆိပ်များကို ppp (Public Private Partnership ) စနစ်ဖြင့် တင်ဒါအောင်ကုမ္ပဏီများသို့ လေဆိပ်အဆင့်မြှင့်တင်ရန် လွဲပြောင်းပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ လေကြောင်း ပို့ဆောင်ရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ PPP စနစ်ဖြင့် ပထမအဆင့်ဖြစ်သော EOI ခေါ်ယူရာတွင် ဟဲဟိုးလေဆိပ်ကို ကုမ္ပဏီပေါင်း ၆၄ ခု၊ မော်လမြိုင်လေဆိပ်ကို ကုမ္ပဏီပေါင်း ၄၇ ခုနှင့် ကော့သောင်း လေဆိပ်ကို ကုမ္ပဏီပေါင်း ၅၀ မှ စိတ်ဝင်စားသဖြင့် တင်ထားကြောင်း လေကြောင်း ဦးစီးဌာနမှ သိရသည်။

အဆိုပါ လေဆိပ်သုံးခုကို လာမည့် ၂၀၁၈ ခုနှစ် ဧပြီလမှစ၍ တပြိုင်တည်း သတ်မှတ်ပြီး အဆင့်မြင့်တင်သွားမည်ဟု လေကြောင်း ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုးက စက်တင်ဘာ ၂၉ ရက်နေ့က မင်္ဂလာဒုံ လေဆိပ် လေကြောင်းသိပ္ပံတွင်ပြုလုပ်သော Market Sounding Meeting အစည်းဝေးတွင်ပြောသည်။

ဆက်လက်၍ ၎င်းက”အနည်းဆုံးတော့ ကျနော်တို့က ၄ လ နဲ့ ၆ လ အတွင်းမှာ တင်ဒါအောင်တဲ့သူရွေးချယ်ပြီး ၆ လလောက်အတွင်းမှာ ဒီလုပ်ငန်းကို လွဲပြောင်းပေးလိုက်မှာ ဖြစ်တယ်လို့ လျာထားပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလပိုင်းလောက်ကို အကုန်လုံးတပြိုင်တည်း အဆင့်မြင့်တင်ဖို့မှန်းထားပါတယ်”ဟု ပြောသည်။

အဆိုပါ လေဆိပ်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် အစိုးရမှ ppp (Public Private Partnership ) စနစ်ဖြင့် မြန်မာနိုင်ငံသား ရှယ်ယာအများဆုံးပိုင်ဆိုင်သည့် နိုင်ငံခြားကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်း၍ လေဆိပ်တခုလျှင် ကုမ္ပဏီ တခုစီ တင်ဒါခေါ်ယူပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို ၆ လအတွင်းလွဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ဆက်လက်၍ ၎င်းက”ကုမ္ပဏီက နိုင်ငံခြားသားက ၄၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားက ၆၀ ရာခိုင်နှုန်း ဖြစ်တယ်။ မြန်မာက ၆၀ ဖြစ်တဲ့အတွက် မြန်မာက ပိုရတယ်။ နိုင်ငံခြားသားကို ကျနော်တို့က ခေါင်းဆောင်မတင်နိုင်ဘူး။ ဒါက ကုမ္ပဏီ ဘက်က အခြမ်းဖြစ်တယ်။ ကျနော်တို့ဘက်က အခြမ်းကတော့ ကျနော်တို့ ပိုင်ဆိုင်တဲ့ Income တန်ဖိုးကို ထည့်မယ်။ အစိုးရက လုပ်နိုင်တဲ့အပိုင်းကို လုပ်ဆောင်ပေးမယ်။ ကျန်တဲ့စီးပွားရေး ပလံရေးဆွဲတာတွေ ပြုလုပ်တာတွေ၊ ထိန်းသိမ်းတာတွေကိုတော့ သက်ဆိုင်ရာ ကုမ္ပဏီက လုပ်မှာဖြစ်တယ်”ဟု ရှင်းပြသည်။

ယင်းသို့ PPP စနစ်ဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရခြင်းမှာ နိုင်ငံခြားမှ နည်းပညာရယူပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များမှ ၁၀၀ ရာခိုင်နူန်းထိ ဦးဆောင်နိုင်၍ လေဆိပ်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် ဆက်စပ်သည့် အခြား စီးပွားရေးလုပ်ငန်းများပါ တိုးတက်စေရန် ဖြစ်သည်။

“ကွင်းသုံးကွင်းလုပ်မှာက ဘာတွေ အဆင့်မြင့်တင်မလဲ ဆိုတော့ ကျနော်တို့က ပြည်တွင်းကွင်းတွေ ဖြစ်တဲ့အတွက် ပြည်တွင်းလေယာဉ်တွေ ဆင်းသက်နေတယ်။ နိုင်ငံခြားကနေ စီးလုံးငှားလေယာဉ်တွေ တိုက်ရိုက် ဆင်းသက်ဖို့အထိ လေယာဉ်ဆိပ်ဆောက်တယ်ဆိုရင် အပြည်ပြည်ဆိုင်ရာလေကြောင်း အဖွဲ့ချုပ်က ပြဌာန်း သတ်မှတ်ထားတဲ့ နည်းစနစ်များနှင့်အတူ ကွင်းတွေကို အဆင့်မြင့်မှာဖြစ်တယ်”ဟု ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောသည်။

လေယာဉ်ကွင်းများကို အဆင့်မြှင့်တင်သော ကုမ္ပဏီတွင် နိုင်ငံသားကုမ္ပဏီမှ ၄၀ ရာခိုင်နှုန်း အကျိုးအမြတ် ပါဝင်ရခြင်းရမည်ဖြစ်ပြီး ယင်းမှာ လေဆိပ်ဒီဇိုင်းများ၊ စီမံကိန်းများတွင် အတွေ့ကြုံရှိ နိုင်ငံသားကုမ္ပဏီများ ပါဝင်ရန်အတွက် ဖြစ်သည်ဟု လေကြောင်းပို့ဆောင်ရေး ဦးစီးဌာန အတိုင်ပင်ခံ ဦးခင်မောင်မြင့်က ပြောသည်။

စီမံကိန်းနှင့် ပတ်သတ်သည့် ကုမ္ပဏီ တင်ဒါ Expression Of Interest (EOI) များကို လေကြောင်းညွှန်ကြားမှုဦးစီးဌာနသို့ တင်ခိုင်းထားပြီး အောက်တိုဘာလ ၁၃ ရက်နေ့တွင် တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း၊ လျှောက်ထားသော ကုမ္ပဏီ များ၏ အသေးစိတ် အချက်အလက်များကိုလေ့လာပြီး တင်ဒါအောင်မြင်သည့်ကုမ္ပဏီ ၃ ခုကို ၆ လအတွင်း လွဲပြောင်းပေးမည်ဖြစ်သည်။

ဟဲဟိုး လေဆိပ်အတွက် EOI တင်ထားသော ကုမ္ပဏီမှ ဦးသိန်းဟန်သူက ” ရှင်းပြသွားတဲ့ ရည်ရွယ်ချက်ကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့မေးတာက နိုင်ငံခြားက နည်းပညာ ကျနော်တို့ ကုမ္ပဏီကို ထောက်ပံ့ထားတယ်။ အဲဒါမျိုးဆိုရင် အဆင်ပြေလား ကျနော်တို့ မေးတာပါ”ဟု ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
5.9k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
250
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

လေကြောင်း ဥပဒေများနှင့် အညီ မြန်မာ ကုမ္ပဏီများ နည်းတူ ဖက်စပ်လုပ်ကိုင်မည့် နိုင်ငံခြား ကုမ္ပဏီ များလည်း လုပ်ရမည်လား ဆိုသည့်အပေါ်တွင်လည်း နိုင်ငံတကာ သတ်မှတ်ချက်သာ လိုအပ်ကြောင်း ဖြေကြားခဲ့သဖြင့် တိုက်ရိုက် သိချင်သောအဖြေများမရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

စီမံကိန်းကာလနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ တင်ဒါအောင်သည့် ကုမ္ပဏီ ၃ ခုမှ တင်ပြသည့်အခြေအနေပေါ် မူတည်၍ ကြာမြင့် သတ်မှတ်သွားမည်ဖြစ်ပြီး စီမံကိန်း ဖော်ဆောင်ရာတွင် မြေယာသိမ်းခြင်းကိုလည်း ပုဂ္ဂလိက ကုမ္ပဏီများ ဖိစီးမှုမရှိစေရန် အစိုးရမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောသည်။

မြန်မာနိုင်ငံတွင် လေဆိပ်၊ လေယာဉ်ကွင်း ၆၉ ကွင်းရှိပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခု၊ ပြည်တွင်း လေဆိပ် ၃၁ ကွင်းကို လေယာဉ်များ ဆင်းသက်အသုံးပြုလျက်ရှိသည်။

Your Thoughts …
Tags: ပုဂ္ဂလိကလေဆိပ်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

by ဧရာဝတီ
4 April 2024
10.9k

စစ်ကောင်စီသည် အေလာလေဆိပ်တွင် ဒရုန်းရန်မှကာကွယ်ရန် အဆင့်မြင့် jammer များ တပ်ဆင်ထားခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါ Jammer များအား ကျော်လွှားနိုင်သည့် နည်းပညာသုံးကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း

ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း (၃)

ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း (၃)

by ဉာဏ်သစ်
12 January 2025
6.1k

ခင်ညွန့်သည်လည်း သူ့ကိုယ်ပိုင် ဘိုးတော် ကွန်ရက်နှင့် ထောက်လှမ်းရေး စနစ်၏ အာဏာတို့ကြောင့် ဆူဖြိုးနေသဖြင့် သွားရည် ယိုစရာ အစာတလုတ် ဖြစ်နေ၍ နအဖ ဟူသော ပါးစပ်ကြီးကလည်း…

ဗန်းမော်လေဆိပ်နှင့် အမြောက်တပ် KIA သိမ်း

ဗန်းမော်လေဆိပ်နှင့် အမြောက်တပ် KIA သိမ်း

by ဧရာဝတီ
27 January 2025
2.2k

ဗန်းမော်မြို့သိမ်းထိုးစစ်အတွင်း သံချပ်ကာတပ်ရင်းအား သိမ်းပိုက်နိုင်ခဲ့ပြီး လေဆိပ်နှင့် အမြောက်တပ် အမတ-၃၆၆ အပါအဝင် တပ်ရင်းဌာနချုပ်အချို့ကိုလည်း စီးနင်းထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

သဘာဝဘေး အာမခံရောင်းချမှု ယာယီရပ်

သဘာဝဘေး အာမခံရောင်းချမှု ယာယီရပ်

by ဧရာဝတီ
29 April 2025
2.1k

ငလျင်သင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း စသည့် ဒေသများတွင် အထွေထွေအာမခံ (General Insurance) ဖြစ်သည့် ကား၊ အိမ်၊ အဆောက်အဦ၊ စက်ရုံများ သဘာဝဘေး အာမခံထားရှိခြင်းကို ပုဂ္ဂလိကအာမခံ ကုမ္ပဏီများက ရောင်းချမှု ယာယီရပ်ဆိုင်းထားကြောင်း...

လေဆိပ်သိမ်းခံထားရတဲ့ သံတွဲမြို့ ဘာတွေဖြစ်နေလဲ (ရုပ်/သံ)

လေဆိပ်သိမ်းခံထားရတဲ့ သံတွဲမြို့ ဘာတွေဖြစ်နေလဲ (ရုပ်/သံ)

by မိုးသောက်
14 July 2024
1.1k

ရခိုင်ပြည်နယ်တောင်ပိုင်းက ကမ္ဘာကျော် ငပလီကမ်းခြေရှိရာ သံတွဲမြို့ လေဆိပ်ကို သိမ်းပိုက်ထားလိုက်ပြီဖြစ်တဲ့ အာရက္ခတပ်တော် AA ဟာ မြို့ကိုရရှိဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။

မြန်မာနဲ့ ထိုင်းရဲ့ အခက် တရုတ်အချက်လား (ရုပ်/သံ)

မြန်မာနဲ့ ထိုင်းရဲ့ အခက် တရုတ်အချက်လား (ရုပ်/သံ)

by ဧရာဝတီ
22 February 2025
757

Editorial Talk

Next Post
(ဒီဇိုင်း- ကျော်မျိုးထိုက်/ ဧရာဝတီ)

ကမ္ဘာ့အကောင်းဆုံး မော်တော်ဆိုင်ကယ် အမှတ်တံဆိပ်များ

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

အသက် ၁၂ နှစ်ပြည့်ပြီးမှ ကစားသင့်တဲ့ အားကစားနည်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved