ရခိုင်ပြည်နယ်တောင်ပိုင်းက ကမ္ဘာကျော် ငပလီကမ်းခြေရှိရာ သံတွဲမြို့ လေဆိပ်ကို သိမ်းပိုက်ထားလိုက်ပြီဖြစ်တဲ့ အာရက္ခတပ်တော် AA ဟာ မြို့ကိုရရှိဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။
ရခိုင်တောင်ပိုင်း စစ်မျက်နှာမှာ အားထားရတဲ့ စစ်ရေးလမ်းကြောင်းတွေရှိတဲ့ သံတွဲမြို့ကို မပေးရရေး စစ်ကောင်စီဟာ အပြင်းအထန်ခုခံနေပါတယ်။ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံတွေဟာ ရရာနည်းလမ်းနဲ့ မြို့ကိုစွန့်ခွာနေကြရပါတယ်။
စစ်ကောင်စီကတော့ ဇူလိုင် ၁၂ ရက်နေ့က သံတွဲထောင်ကနေ ထောင်ဒဏ် ၁၀ နှစ် အောက် အကျဉ်းသား တွေကို လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတွေက ဧရာဝတီကို အတည်ပြု ပြောကြားပါတယ်။
#သံတွဲလေဆိပ် #ငပလီ #သံတွဲထောင် #အကျဉ်းသား
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













