စီးပွားရေး

SMEs လုပ်ငန်းများကို ချေးငွေထုတ်ပေးမည့် အဖွဲ့များ ဖွဲ့စည်းမည်

Want create site? Find Free WordPress Themes and plugins.

တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဖြစ်သည့် အသေးစားနှင့် အလတ်စား (SMEs) လုပ်ငန်းများကို ချေးငေ့ွထုတ်ပေး မည့် အဖွဲ့ ၃ ခုကို လာမည့်လဇန်နဝါရီလဆန်းပိုင်းအတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းသိရသည်။

ယနေ့ ကုန်သည်စက်မှုအသင်းချုပ် UMFCCI တွင်ပြုလုပ်သော ၁၃ ကြိမ်မြောက် နိုင်ငံတော် ဒုသမ္မတ ၁ နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော် ဒုသမ္မတ ၁ ဦးမြင့်ဆွေက
“ကျနော်တို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရဖို့နဲ့ တိုင်းပြည်စီးပွားရေး တိုးတက်ဖို့ SME လုပ်ငန်းတွေကို အများကြီး မျှော်လင့်ပါတယ်။ အထူးသဖြင့် ငွေကြေးလုပ်ငန်းတွေ ရဖို့ အတွက် ကျနော်တို့လည်း ဒါကို ဖွဲ့ရမယ့် ကိစ္စ ရပ်တွေမှာ ၁ ပတ်၊ ၂ ပတ်အတွင်း SMEs အေဂျင်စီအဖွဲ့၊ ရံပုံငွေ စီမံခန့်ခွဲရေး အဖွဲ့ နဲ့ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေး အဖွဲ့ အဓိက ဒီအဖွဲ့ ၃ ခုကိုဖွဲ့စည်းမှာဖြစ်တယ်”ဟု ပြောကြားသည်။

ယင်းအဖွဲ့ ၃ ခုကို အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မ တီ၏ သဘောတူညီချက်နှင့် ဖွဲ့စည်းမည် ဖြစ်ရာ ဥပဒေတွင်ပါဝင်သော အဖွဲ့သို့ ရက်ပိုင်းအတွင်း တင်ပြသွားမည်ဖြစ်ပြီး
ဗဟို ကော်မတီ အတွင်းရေးမှူး နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆောင်၍ အဖွဲ့ ၃ ခုကို အမြန်ဆုံးထုတ်ပြန် ပေးမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အသေးစားနှင့် အလတ်စား လုပ်ငန်း များမှာ ၉၉ ရာခိုင်နှုန်း ပါဝင်သည်။

SME လုပ်ငန်းများအပါအဝင် အခြားသော ပုဂ္ဂလိက လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အချိန်နှင့်တပြေးညီ တိုးတက်စေရန်အတွက် နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုဆောင်ရွက်သွားမည် လည်း ဖြစ်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ” ဒီအဖွဲ့ရဲ့ အဓိက တာဝန် ကတော့ အရေးကြီးဆုံးဖြစ်တဲ့ ရံပုံငွေအဖွဲ့ကို စီမံကိန်း နဲ့ ဘဏ္ဍရေးဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပါတယ်။ အေဂျင်စီတေ ွမှာတော့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီးတော့ အဖွဲ့ဝင် ၁၈ ဦးနဲ့ ဖွဲ့ပြီး လုပ်ငန်းတွေ အကောင်အထည် ဖော်မှာ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

သို့ဖြစ်ရာ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများကို မကြာမီ အမိန့်ကြေငြာစာထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် စီးပွားရေးဆိုင်ရာ ကဏ္ဍအလိုက် ဆက်လက်ပြီး လုပ်ဆောင်သွားမည့် အပိုင်းများ အများကြီးရှိရာ အသေးစားနှင့် အလတ်စား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီများကို နေပြည်တော်တိုင်းဒေသကြီးမှ ခရိုင်အဆင့် အလိုက် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading