• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်စီးပွားရေး အတော် ရုန်းကန်နေရ

by ဧရာဝတီ
4 March 2020
in စီးပွားရေး
A A
ရှန်ဟိုင်းရှိ စက်ရုံတရုံတွင် နှာခေါင်းစီးတပ်ပြီး အလုပ်လုပ်နေကြသော တရုတ်အလုပ်သမားများ / Reuters

ရှန်ဟိုင်းရှိ စက်ရုံတရုံတွင် နှာခေါင်းစီးတပ်ပြီး အလုပ်လုပ်နေကြသော တရုတ်အလုပ်သမားများ / Reuters

4.1k
VIEWS
Share on FacebookShare on Twitter

နောက်ထပ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုမရှိဘဲ ပုံမှန်အတိုင်း လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် တရုတ်အာဏာပိုင်များ ကြိုးစားနေစဉ် တရားဝင် ထုတ်ပြန်သည့် သတင်းအချက်အလက်သစ်များ အရ ကုန်ထုတ်လုပ်ရေးကဏ္ဍသည် မျှော်မှန်းထားသည်ထက် ပိုမိုကျဆင်းသွားကြောင်း ပြသနေသည်။

တနင်္လာနေ့က ထုတ်ပြန်သည့် ကုန်ထုတ်လုပ်သူများ၏ လွတ်လပ်သော ပုဂ္ဂလိက စစ်တမ်းအရ ယခု ကျဆင်းမှုသည် တရုတ်နိုင်ငံ ကုန်ထုတ်လုပ်ငန်းများ အနေဖြင့် ၁၆ နှစ်အတွင်း အကျဆင်းဆုံးဖြစ်ကြောင်း သိရသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို လွတ်လပ်စွာ ဖော်ပြသည့် Caixin/Markit Manufacturing Purchasing Managers’ Index (PMI) အညွှန်းကိန်းသည် လွန်ခဲ့သော လက ၄၀.၃ အထိ ကျဆင်းပြီး ထိုစစ်တမ်း စတင်ကောက်ခံသည့် ၂၀၀၄ ခုနှစ် ဧပြီလ နောက်ပိုင်း အနိမ့်ဆုံး ဖြစ်သည်။ ထို PMI အညွှန်းကိန်း ၅၀ အောက်နိမ့်ကျနေပါက ကုန်ထုတ်လုပ်မှု စီပွားရေး ကျဆင်းနေကြောင်း ပြသပြီး ၅၀ အထက်တွင်ရှိနေပါက ကုန်ထုတ်စီးပွားရေး ပိုမိုကျယ်ပြန့်လာကြောင်း ပြသသည်။

ထိုကျယ်ပြန့်စွာ စောင့်ကြည်နေသော တိုင်းပြည်၏ စီးပွားရေး အညွှန်းကိန်းသည် ဇန်နဝါရီလက ၅၀.၀ ရှိရာမှ ဖေဖော်ဝါရီလတွင် စံချိန်တင်ကျဆင်းပြီး ၃၅.၇ အထိ ကျဆင်းကြောင်း တရုတ်အမျိုးသား စာရင်းအင်းဗျူရိုက လွန်ခဲ့သော စနေနေ့က ထုတ်ပြန်သည်။ ထိုအညွှန်းကိန်းသည် အညွှန်းကိန်း စတင်ထုတ်ပြန်သည့် ၂၀၀၅ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး ဖြစ်သည်။ ယခင်က အနိမ့်ဆုံး အညွှန်းကိန်းမှာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းအတွင်းက ၃၈.၈ အထိရောက်ခဲ့သည်။

ကုန်ထုတ်လုပ်မှုကဏ္ဍ အချက်အလက်များအပြင် တရုတ်နိုင်ငံမှ ကုန်ထုတ်လုပ်ငန်းမဟုတ်သော ဝန်ဆောင်မှု ကဏ္ဍသည် စံချိန်တင် ကျုံ့သွားပြီး ဇန်နဝါရီလက ၅၄.၁ ရှိရာမှ ၂၉.၆ သို့ ကျဆင်းသွားကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ အခြားစစ်တမ်းအရ သိရသည်။
ထိုစစ်တမ်းများသည် ဇန်နဝါရီလ အစောပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စတင်ပြီးနောက် တရုတ်စီးပွားရေး အခြေအနေကို တစေ့တစောင်းဖော်ပြသော ပထမဆုံး စစ်တမ်းများဖြစ်သည်။

တုန်လှုပ်စရာ ကျဆင်းမှုများ

တိုးချဲ့လ်ိုက်သော တရုတ်နှစ်သစ်ကူး ပိတ်ရက်များကြောင့် စက်ရုံများနှင့် ရုံးများကို ပိတ်ထားသောကြောင့် ထိုသို့သော ကျဆင်းမှုများကို မျှော်လင့်ထားပြီး ဖြစ်သော်လည်း ယခုပြသနေသည့် အညွှန်းကိန်းများသည် ခန့်မှန်ထားသည်ထက် များစွာနိမ့်ကျနေသည်။ ဘလွန်းဘတ်နှင့် ရိုက်တာ သတင်းက စစ်တမ်းကောက်ယူသည့် သုတေသီများ၏ အဆိုအရ ဖေဖော်ဝါရီလအတွက် PMI သည် ၄၅.၀ နှင့် ၄၆.၀ အကြားရှိမည်ဟု ခန့်မှန်းကြသည်။ အညွှန်းကိန်း ၅၀ အောက်ကျဆင်းပါက ကဏ္ဍအလိုက် စီးပွားရေးကျုံ့ကြောင်း ပြသနေသည်။

“ဒါက တုန်လှုပ်စရာကောင်းတယ်” ဟု တောင်ကယ်ရိုလိုင်းနား အိုက်ကင် တက္ကသိုလ်မှ စီးပွားရေးပါမောက္ခ ဒေါက်တာ ဖရန့် ရှီက တရုတ် စီးပွားရေးကို မည်မျှပြင်းထန်စွာ ထိခိုက်မည်ကို ခန့်မှန်းသူများ မည်မျှ မှားကြောင်း ထောက်ပြပြောသည်။

“ဒါက အခြေအနေ ဘယ်လောက်ဆိုးတယ် ဆိုတာကို ပြသနေတယ်” ဟု သူက ပြောသည်။

တရုတ်စီးပွားရေးနှင့် ပတ်သက်သည့် ဆောင်းပါးများစွာ ရေးသားခဲ့သည့် ဘရွတ်ကလင်း အင်စတီကျုမှ စီးပွားရေး ပညာရှင် နီကိုလပ်စ် အာ လာဒီကလည်း အမှန်တကယ် ထိခိုက်မှုသည် ပိုမိုဆိုးရွားမည်ဖြစ်ကြောင်း ထောက်ပြသည်။

“တရုတ်စီးပွားရေးအပေါ် ဗိုင်းရပ်စ်ကြောင့် ဆိုးကျိုးသက်ရောက်မှုဟာ တချို့လူတွေ ထင်ထားတာထက် ပိုမို ဆိုးရွားမယ်” ဟု လာဒီက ပြောသည်။

စီးပွားရေးလုပ်ငန်းအများအပြား ပြန်လည်ဖွင့်လှစ်ကြောင်း ဖော်ပြကြသော်လည်း အလုပ်သမားများ ပြန်မလာသေးသောကြောင့် သို့မဟုတ် ကုန်ကြမ်းမရသောကြောင့် သို့မဟုတ် ကုန်ချော တင်ပို့နိုင်ခြင်း မရှိသောကြောင့် လုပ်ငန်းအနည်းအကျဉ်းသာ လုပ်ဆောင်နိုင်သေးသည်။

စက်ရုံတရုံတွင် နှာခေါင်းစီးတပ်ပြီး အလုပ်လုပ်နေသော တရုတ်အလုပ်သမားတဦး/ Reuters

စီးပွားရေးလုပ်ငန်းငယ်များ ရုန်းကန်နေရ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ကမ္ဘာ့အကြီးဆုံး ကော်ပိုရေးရှင်းတချို့ ရပ်ဆိုင်းသွားပြီး တရုတ်နိုင်ငံမှ လုပ်ငန်းငယ်များကို အထူးသဖြင့် ထိခိုက်စေသည်။

ဗဟိုအစိုးရ ကြီးကြပ်ရေးအဖွဲ့၏ အစီရင်ခံစာအရ နိုင်ငံပိုင်လုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။ ၎င်းတို့ ကြီးကြပ်မှုအောက်ရှိ နိုင်ငံပိုင်လုပ်ငန်းများအောက်မှ လုပ်ငန်းခွဲ ၄၈၀၀၀ သည် ၉၁.၇ ရာခိုင်နှုန်း လုပ်ငန်းပြန်လည် လည်ပတ်မှုရှိကြောင်း တရုတ်နိုင်ငံ၏ နိုင်ငံတော်ပိုင်ဆိုင်မှုများကို ကြီးကြပ်သော အဖွဲ့ဖြစ်သည့် နိုင်ငံတော်ကောင်စီ၏ ပိုင်ဆိုင်မှုများ ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေး ကော်မရှင်က တနင်္ဂနွေနေ့တွင်ပြောသည်။

ဆန့်ကျင်ဖက်ဖြစ်နေသည်မှာ တရုတ်နိုင်ငံမှ အသေးစား၊အလတ်စား လုပ်ငန်းများ၏ ၃၀ ရာခိုင်နှုန်း လုပ်ငန်း ပြန်လည် စတင်ကြောင်း စက်မှုနှင့် သတင်းအချက်အလက် နည်းပညာ ဒုတိယဝန်ကြီး ကျောင်ခဲကျန်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

စက်ရုံများမဖွင့်သေးဘဲ လုပ်ငန်းပြန်လည် စတင်မှုနှုန်းမှာ အလွန်နည်းကြောင်း တရုတ်အသေးစား၊ အလတ်စား လုပ်ငန်းများအသင်းက တနင်္ဂနွေနေ့တွင် ပြောသည်။

ကုန်ထုတ်လုပ်သူ ရာပေါင်းများစွာသို့ မေးခွန်းများပေးပို့မေးမြန်းရာမှ ရရှိသည့် PMI အညွှန်းကိန်းသည် ကုမ္ပဏီများ၏ ဝယ်ယူမှုများနှင့် ထုတ်လုပ်မှု အခြေအနေများကို အသေးစိတ်ဖော်ပြပြီး ဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် လုပ်ငန်းငယ်များ အထိနာနေကြောင်း ပြသနေသည်။

အသေးစားအလတ်စား လုပ်ငန်းများသည် နိုင်ငံ၏ စုစုပေါင်း ထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းရှိပြီး တရုတ် အလုပ်သမားများ၏ ၈၀ ရာခိုင်နှုန်းကို အလုပ် ပေးထားကြောင်း လွန်ခဲ့သော စက်တင်ဘာလကက ထုတ်ပြန်သည့် အစိုးရ စာရင်းအင်းများ အရ သိရသည်။

ဝူဟန်မြို့တနေရာ စားသုံးကုန်များ ရောင်းချရာ ဆိုင်တဆိုင်/ Reuters

အစိုးရ အထောက်အပံ့

တိုင်းပြည်၏ အဓိက ကုန်ထုတ်လုပ်သည့် ဒေသတခုဖြစ်သော ဝန်ကျိုမှ ဝူ အမည်ရှိ အသေးစား စီးပွားရေး လုပ်ငန်းရှင်တဦးက သူ၏ အလုပ်သမားများသည် လုံး၀ပြန်မလာသေးကြောင်း ပြောသည်။

“ကုန်အမှာစာ ရောက်မလာရင် ကျနော့်အလုပ်သမားတွေ ပြန်လာလည်း ဘာ အဓိပ္ပာယ်မှ မရှိဘူး” ဟု သူက ပြောသည်။

ဝူသည် လွန်ခဲ့သော ၁၅ နှစ်က ရှူးဖိနပ်လုပ်သော လုပ်ငန်းကို စတင်ခဲ့ပြီး ယခုအချိန်အထိ လုပ်ငန်းအခြေအနေ ကောင်းနေသည်။ သူ့တွင် ပုံမှန်အားဖြင့် အလုပ်သမား ၃၀ ရှိပြီး ၎င်းတို့အနက် အများစုမှာ တရုတ်နိုင်ငံ၏ အခြားဒေသများမှဖြစ်သည်။

ရောဂါဖြစ်ပွားသောကြောင့် ပိတ်ဆို့ထားပြီးနောက် သူကိုယ်တိုင်လည်း တပတ်လျှင် တကြိမ်နှစ်ကြိမ်သာ အပြင်ထွက်ကြောင်း၊ သူ၏စက်ရုံသို့ လုံး၀ပြန်မရောက်ကြောင်း သူက ပြောသည်။

“ကျနော့်ဖောက်သည်တွေလည်း ကျနော့်ဆီကို မလာနိုင်သေးဘူး။ အခုလောလောဆယ် တချို့ အော်ဒါတွေကို ကိုင်တွယ်ဖို့ Taobao က အပလီကေးရှင်းတွေပဲ သုံးနေရတယ်” ဟု သူက ပြောသည်။ Taobao သည် အမေဇုန်ကဲ့သို့သော အင်တာနက်မှ ရောင်းချသော လုပ်ငန်းဖြစ်သည်။

လွန်ခဲ့သောအပတ်က တရုတ်နိုင်ငံ အသေးစား၊ အလတ်စား လုပ်ငန်းများအသင်းက ကောက်ခံသည့် အသေးစား၊ အလတ်စား လုပ်ငန်းများ စစ်တမ်းအရ ဖြေကြားသူများ၏ ၈၅ ရာခိုင်နှုန်းက ၎င်းတို့သည် ၃ လအတွင်း ငွေပြတ်သွားမည်ဟု ယုံကြည်ကြောင်းဖြေကြားပြီး ၆၀ ရာခိုင်နှုန်းက ငွေမပြတ်မီ တလနှစ်လသာ ကုန်ကျစရိတ်တတ်နိုင်မည်ဟု ပြောသည်။

ထိုသို့သော ခြိမ်းခြောက်မှုကို သိရှိသောကြောင့် အစိုးရသည် အငြိမ်းစားလစာအတွက် ကောက်ခံငွေ ဆိုင်းငံ့ပေးခြင်း၊ ကျန်းမာရေးနှင့် အိမ်ရာအတွက် ငွေပေးခြင်းနှင့် မြေငှားခ လျှော့ချပေးခြင်းအပါအဝင် နိုင်ငံတွင်းမှ အသေးစားအလတ်စား လုပ်ငန်းများကို ကူညီထောက်ပံ့မည်ဟု ကတိပြုထားသည်။

ဝူဟန်မြို့တွင်း ဈေးဝယ်ထွက်သူ မိသားစုတစု/Reuters

ကျန်းမာရေးအကျပ်အတည်း စိန်ခေါ်မှု

မကြာသေးမီရက်များအတွင်း တရုတ်နိုင်ငံသည် ဟူဘေးပြည်နယ်ပြင်ပ ရောဂါကူးစက်မှုကို ဆယ်ဂဏန်းအောက်တွင် ထိန်းထားနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ သို့သော် အောင်မြင်စွာ တားဆီးနိုင်ပြီဖြစ်ကြောင်း အစိုးရက ကြေညာခြင်း မရှိသေးပေ။ အခြေအနေမှာ ဆိုးရွားနေသေးကြောင်း၊ ဝူဟန်တွင် ရောဂါကို မတားဆီးနိုင်သေးကြောင်း အမျိုးသား ကျန်းမာရေး ကော်မရှင်မှ အဆင့်မြင့်အရာရှိ လျှောင်ဝန်ဉာဏ်က ပြောသည်။

ကူးစက်မှုလွန်စွာ မြင့်မားသော ထိုဗိုင်းရပ်ကြောင့် အောင်ပွဲခံရန် အချိန်စောလွန်နေသေးကြောင်းနှင့် တရုတ်နိုင်ငံမှ သန်းပေါင်း များစွာသော အလုပ်သမားများ အလုပ်ပြန်ဆင်းသောအခါ ကူးစက်မှု အသစ်တဖန် မြင့်တက်လာနိုင်ကြောင်း သုတေသီ အများအပြားက ပြောသည်။

“လက်ရှိအခြေအနေက မတည်ငြိမ်သေးဘဲ ရောဂါကူးစက်မှု ပြန်မြင့်ပြီး သေဆုံးမှုလည်း မြင့်မယ့်အခြေအနေက အချိန်မရွေး ဖြစ်လာနိုင်တယ်” ဟု တရုတ်နိုင်ငံမှ နိုင်ငံစုံ လုပ်ငန်းများကို အကြံပေးနေသည့် ဘေးအန္တရာယ် ခွဲခြမ်းစိတ်ဖြာ လေ့လာသူ ရော့ဒ်ဒါရဲလ် ဖိန်းဂိုးက ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.8k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
247
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

ရေရှည် စီးပွားရေး နှေးကွေးမှုကို တားဆီးနိုင်သည့်အဆင့်ရောက်ရန် လုပ်ငန်းများ မစတင်မီ အစိုးရသည် ဘက်စုံမှ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ ထိုစိန်ခေါ်မှုများတွင် လုံလောက်သော အလုပ်သမားများကို လုပ်ငန်းခွင်သို့ သယ်ယူပို့ဆောင်ရေး၊ စက်ရုံကြမ်းပြင်နှင့် အလုပ်သမား အဆောင်များတွင် လုံလောက်သော လုံခြုံရေး စည်းကမ်းများချမှတ်ရေး၊ စက်ရုံမှဘီလျံပေါင်းများစွာသော ကုန်စည်များကို တရုတ်နှင့် တကမ္ဘာလုံးမှ ဆိုင်များသို့ ပို့ဆောင်ရေး ပြန်လည်စတင်ရန်တို့ ပါဝင်သည်။

“အဓိက ပြဿနာက ဆေးပညာပိုင်းအရ ဖြေရှင်းရမယ့် အများပြည်သူ ကျန်းမာရေး အကျပ်အတည်းဖြစ်နေတော့ ကုန်ထုတ်လုပ်ငန်းတွေအတွက် အနိမ့်ဆုံးအတိုးနှုန်း၊ အခွန်အကောက်ဆိုင်းငံ့ခြင်းနဲ့ တခြားဘဏ္ဍာရေး မက်လုံးတွေက ဒီပြဿနာတွေကို မရှင်းနိုင်ဘူး” ဟု ဖိန်းဂိုးလ်က ပြောသည်။

(VOA သတင်းဌာနပါ Shocking’ Chinese Economic Coronavirus Data Hints at Struggles for Small Businesses ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ကုန်ကြမ်း ပြတ်လပ်မှုကြောင့် လုပ်ငန်းရပ်ရန် အထည်ချုပ်စက်ရုံ ၂၀ နီးပါး တင်ပြထား

ကုန်ကြမ်းပြတ်၍ စက်ရုံများ ပိတ်သည် ဆိုခြင်းကို စိစစ်ရန် အလုပ်သမားအဖွဲ့များ ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး ကျဆင်းလာပြီး ကနေဒါဘဏ် ဘဏ်တိုးနှုန်း လျှော့ချမည်

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာလှည့် ခရီးသွား ရပ်တန့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာနိုင်ငံတွင် တွေ့ရသော တရုတ် ခရီးသွား တချို့ / ဧရာဝတီ

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့်ခရီးသွား ဝင်ရောက်မှု ရပ်တန့်နေ

by အောင်သီဟ
29 January 2020
11.2k

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့် ခရီးသွား ဝင်ရောက်မှု ရပ်တန့်နေသည့် အခြေအနေ ဖြစ်နေ

Next Post
Wolverine အဖြစ် ပါဝင်မယ့် မင်းသား Henry Cavill

"Captain Marvel 2" ရုပ်ရှင်မှာ Wolverine အဖြစ် Henry Cavill ပါဝင်လာမယ်လို့ သတင်းထွက်နေ

အီတလီ မြောက်ပိုင်းဒေသတွေကို အကြောင်းကိစ္စ မရှိဘဲ ခရီးမသွားကြဖို့ အမေရိကန် အာဏာပိုင်တွေက သတိပေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီနိုင်ငံကို ခရီးမသွားကြဖို့ အမေရိကန်နိုင်ငံ ကြေညာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved