• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကုန်ကြမ်း ပြတ်လပ်မှုကြောင့် လုပ်ငန်းရပ်ရန် အထည်ချုပ်စက်ရုံ ၂၀ နီးပါး တင်ပြထား

by မျိုးပပစန်း
29 February 2020
in သတင်း
A A
ရန်ကုန်တိုင်း အတွင်းက အထည်ချုပ် စက်ရုံတခု / ဧရာဝတီ

ရန်ကုန်တိုင်း အတွင်းက အထည်ချုပ် စက်ရုံတခု / ဧရာဝတီ

17.6k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ကုန်ကြမ်း ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသော အထည်ချုပ် စက်ရုံ ၂၀ နီးပါး လုပ်ငန်း ရပ်နားရန်အတွက် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းချုပ်သို့ တင်ပြထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းချုပ် အဖွဲ့ဝင် ဦးအောင်မျိုးဟိန်း က “ဒီ ၁ ပတ်ထဲမှာ ကျနော် သိရသ လောက်တော့ ပိတ်တဲ့ စက်ရုံတွေ ပေါ်လာမျိုးတော့ ရှိတယ်။ လုပ်ငန်းနားချင်ပါတယ် ဆိုပြီးတော့ တရားဝင် စာတင်ပြီး တော့ ပိတ်လာတာတွေလည်း ရှိပါတယ်။ ဒါတွေကလည်း အကြောင်းအရင်းက အမျိုးမျိုး ရှိပါတယ်။ အခု တင်ပြထားတာ စက်ရုံ ၂၀ ဝန်းကျင်လောက်တော့ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းကဆက်၍ “လုပ်ငန်း လုပ်တယ်ဆိုတာ အရှုံး အမြတ်တော့ ရှိမှာပဲ။ ရှုံးမယ့် အချိန်မှာလည်း အတတ်နိုင်ဆုံး၊ အနည်းဆုံး ဖြစ်အောင်တော့ လုပ်ငန်းတွေက လုပ်ကြတာပဲ။ ဒါကြောင့် ကုန်ကြမ်းပြတ်တာ တခု တည်းကြောင့်တော့ မဟုတ်ဘူး။ သူ့ ပြဿနာနဲ့ သူလည်း ရှိတယ်။ ကိုရိုနာဗိုင်းရပ်စ် မတိုင်ခင်လည်း ပိတ်နေတဲ့ ရုံတွေ ရှိတာပဲ။ လုပ်ငန်းတခုက အမြတ်၊ အစွန်း ကောင်းနေတယ် ဆိုရင်တော့ ဘယ်သူက ပိတ်ချင်မှာလည်း” ဟု ဆိုသည်။
ထိုသို့ တင်ပြထားသော အထည်ချုပ် စက်ရုံများမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ထဲမှ စက်ရုံများ ဖြစ်သော်လည်း လှိုင်သာယာ မြို့နယ်သည် အထည်ချုပ်စက်ရုံ အများဆုံး ရှိသည့်အတွက် လှိုင်သာယာမှ စက်ရုံ ပိုများနိုင်ကြောင်း ၎င်းက ဆိုသည်။

အထည်ချုပ်စက်ရုံ အသေး ၁ ရုံလျှင် လုပ်သားရာကျော်မှ စက်ရုံအကြီး ၁ ရုံလျှင် လုပ်သား ထောင်ကျော်ထိ ရှိကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
422
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
164
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
47

အထည်ချုပ် စက်ရုံပိုင်ရှင်လည်း ဖြစ်သူ ဦးအောင်မျိုးဟိန်း က “အခု ကျနော့် စက်ရုံဆိုရင်တော့ အချိန်ပိုတွေ လျှော့လိုက် ပြီ။ ပုံမှန်ချိန်ပဲ ခေါ်တယ်။ စနေဆို ပိတ်ပေးတယ်။ တပတ်မှာ ငါးရက်ပဲ၊ အချိန်ပိုမရှိ အလုပ်ဆင်းရတယ်။ လူသစ် ခေါ်တာ တွေလည်း ရပ်ထားတယ်” ဟု ပြောသည်။
လက်ရှိတွင် အထည်ချုပ် စက်ရုံများ အပြင် အခြား ဖိနပ်၊ အိတ်စက်ရုံများလည်း ကုန်ကြမ်း မရှိသည့် အကြောင်းပြချက်ဖြင့် ပိတ်သိမ်းမှုများ ရှိနေသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

ဦးအောင်မျိုးဟိန်း က “ဖိနပ်စက်ရုံ၊ အိတ်စက်ရုံတွေက ကျနော်တို့ အထည်ချုပ်ထက် နည်းနည်း ပိုဆိုးတာက ကုန်ကြမ်းက ၁၀၀ ရာခိုင်နှုန်း လောက် တရုတ်ပြည်က သွင်းရတာ ဖြစ်တော့ လုံးဝ ရှာလို့ မရဘူး။ တခြားနိုင်ငံကလည်း သွင်းလို့ မရဘူး ဖြစ်တယ်။ အဲဒီလို အခြေအနေတွေကြောင့် ပိတ်သိမ်းတာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။

လက်ရှိတွင် အထည်ချုပ် လုပ်ငန်ရှင်များ အသင်းအပြင် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းတို့မှ အခက်အခဲ များကို လုပ်ငန်းရှင်များနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အဖွဲ့ဝင်များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုစီးပွားရေး ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟို အလုပ်သမားရေးရာ ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCI) ဥက္ကဋ္ဌနှင့် အမှုဆောင်များ အစည်းဝေး ပြုလုပ်၍ ဒုသမ္မတ ၁ ဦးဆောင်သော ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေး ကော် မတီသို့ တင်ပြရန် စီစဉ်နေကြသည်။

ဖေဖော်ဝါရီ ၂၆ ရက်က UMFCCI နှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်း၍ တရုတ်နိုင်ငံတွင် ဖြစ်ပေါ်နေသော ကိုရိုနာဗိုင်းရပ်စ်၏ အကျိုးဆက်ကြောင့် အထည်ချုပ် လုပ်ငန်းကဏ္ဍတွင် ကုန်ကြမ်း ပစ္စည်းများ ပြတ်လပ် ခြင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ခရီးသွား ဧည့်သည်များ ကျဆင်းခြင်းနှင့် သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်သည့် လုပ်ငန်းကဏ္ဍတွင် နယ်စပ်၌ ကုန်ပစ္စည်းတင်ပို့မှုများ ရပ်တန့်နေခြင်း စသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် အစည်းဝေးတရပ် ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်တွင် UMFCCI ၏ ထုတ်ပြန်ချက်၌ ကုန်ကြမ်းပြတ်လပ်ချိန် ကြာမြင့်ပါက လုပ်သားများ လျော့ချခြင်း၊ စက်ရုံလည်ပတ်မှု ယာယီ ရပ်နားခြင်း၊ အဆိုးဆုံး အခြေအနေတွင် လုပ်ငန်းပိတ်သိမ်းခြင်းအထိ ကြိုတင်မျှော်မှန်း ပြင်ဆင်နေကြပြီ ဖြစ်ကာ ယင်းကြောင့် အလုပ်ရှင် အလုပ်သမားကြား မလိုလားအပ်သော လုပ်ခလစာ ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် အသင်းများ၏ တင်ပြချက်များကို ဖြေရှင်းပေးနိုင်သော နည်းလမ်းများကို အခြားနိုင်ငံ၏ လတ်တလော ဆောင် ရွက်မှုများ၊ သာဓကများကိုလေ့လာ၍ အဖြေရှာခဲ့ကြရာတွင် အချက် ၁၀ ချက်ကို ဆွေးနွေး တင်ပြခဲ့ကြကြောင်း UMFCCI က ပြောထားသည်။

အဆိုပါ အချက်များတွင် ယာယီ ပိတ်သိမ်းမည့် လုပ်ငန်းများ၊ အလုပ် လျှော့ချမည့် လုပ်သားများကို ၂၀၁၂ လူမှုဖူလုံရေး ဥပဒေပါ အလုပ်လက်မဲ့ အကျိုးခံစားခွင့်များကို ရည်ညွှန်း၍ နိုင်ငံတော် အစိုးရက ဆောင်ရွက်ပေးရန်၊ ဥပဒေ အရ လျော် ကြေးငွေ ပေးရမည် ဆိုလျှင်လည်း အနည်းဆုံး လုပ်ခလစာ အပေါ်မှာသာ တွက်ချက်ပေးခွင့်ပြုရန်၊ အလုပ်သမားများ၏ လုပ်သက်ခွင့်/ရှောင်တခင် ခွင့်ကဲ့သို့ ခွင့်ရက်များကို လစာငွေ မပေးဘဲ ခွင့်ရက်ပေးခြင်းဖြင့် ဗိုင်းရပ်စ် ရောဂါ ပြန့်ပွားမှု ငြိမ် သက်သွားသည်အထိ ယာယီ ဆောင်ရွက်ခွင့်ပေးရန် အစရှိသည့် အချက်များ ပါဝင်သည်။

စက်ရုံပိုင်ရှင်များ၏ ပြောကြားချက်အရ လည်းကောင်း၊ စက်ရုံများကို စုံစမ်း လေ့လာချက်များအရ လည်းကောင်း မတ်လ လယ်တွင် ၎င်းတို့၏ ကုန်ကြမ်းများ ပြတ်မည်ဖြစ်သဖြင့် အထည်ချုပ် လုပ်ငန်းများ သာမက တခြား လက်ခစား (CMP) လုပ် ငန်းများ၊ အသေးစား အလတ်စား လုပ်ငန်းများ (SME) ကိုပါ ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဧရာဝတီသို့ ပြောသည်။

၎င်းက “ကုန်ကြမ်းက ကြိုမှာရတာဆိုတော့ အခု တရုတ်နိုင်ငံက ဖေဖော်ဝါရီလ နောက်ဆုံးထားပြီးတော့ ကုန်ကြမ်း ထုတ်နိုင်ရင် တောင် မြန်မာနိုင်ငံကို နောက် ၃ လ ကြာမှ ကုန်ကြမ်းက ရောက်နိုင်တယ်။ တကယ်လို့ နောက် ၃ လမှာမှ ကုန်ကြမ်းက မထုတ်နိုင်ဘူးဆိုရင် နောက်ထပ် ကုန်ကြမ်း မြန်မာနိုင်ငံကို ရောက်ဖို့ ၆ လ ကြာမှာ ဖြစ်တဲ့အတွက် မကြာခင် မတ်လ ကုန် လောက် ကုန်ကြမ်း ပြတ်မယ်လို့ သိရတယ်” ဟု ဆိုသည်။

အလုပ်ရှင်များက ဆုံးရှုံး နစ်နာမှုများနှင့် စက်ရုံ ပိတ်သိမ်းခြင်း ဖြစ်သော်လည်း အလုပ်သမားများ အနေနှင့်လည်း အလုပ် နစ်နာမှုများကြောင့် မကျေမနပ် ဖြစ်၍ ဆူပူဆန္ဒပြမှုများ ဖြစ်လာမည်ကိုလည်း ကြောက်နေသဖြင့် လက်ရှိ တိုင်းပြည်၏ အခြေအနေသည် စိုးရိမ်စရာ ကောင်းနေသည်ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

ဒေါ်စန္ဒာမင်းက “ဗိုင်းရပ်စ်ကြောင့် ကျမတို့ နိုင်ငံ တခုတည်းမဟုတ်ဘဲနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကိုတောင် အများကြီး ထိခိုက်နေပြီ။ ကမ္ဘောဒီးယား ဆိုရင် ခရီးသွားလုပ်ငန်း အရမ်းထိခိုက်လာတာ ဖြစ်တဲ့အတွက် ဟိုတယ်တွေ၊ စားသောက်ဆိုင် လုပ်ငန်းတွေရဲ့ ၄ လစာ အခွန် မကောက်တော့ဘူး။ လူမှုဖူလုံကြေးတွေ မကောက်တော့ဘူး ဆိုပြီး ကြေညာတယ်။ စင်ကာပူ၊ ထိုင်းတို့လည်း လုပ်နေပြီ။ ဒါကြောင့် ပြည်ထောင်စု အစိုးရ အဆင့်အနေနဲ့ ဒါကို ဘယ်လို ကုစားမလည်းဆိုတာ အမြန်ဆုံး အဖြေကို ထုတ်ပြန်ပေးဖို့ လိုအပ်တယ်” ဟု ထောက်ပြ ပြောဆိုသည်။

ယခုနှစ် ဆန်းပိုင်းအတွင်း၌ပင် အထည်ချုပ် စက်ရုံ ဆန္ဒပြမှုမှာလည်း ၂၆ ရုံခန့် ရှိနေသောကြောင့် ယင်းကဲ့သို့သော အမှုများ တက်လာမည်ကိုလည်း အလုပ်ရှင်များဘက်မှ ကြောက်နေကြကြောင်း အထည်ချုပ် လုပ်ငန်းရှင်များထံက သိရသည်။

ဦးအောင်မျိုးဟိန်းက “စီးပွားရေး လုပ်ငန်းဆိုတာက အမြတ်အစွန်းပေါ် မူတည်ပြီး လုပ်တာ ဆိုတော့ အသင်းအနေနဲ့ ဘာမှ ဝင်စွက်ဖက်မှု မရှိဘူး။ ဒါပေမယ့် လက်ရှိမှာ ပိတ်တော့မယ့် ရုံ၊ ပိတ်ချင်လို့ လာတိုင်ပင်တဲ့ ရုံ အဲဒီစက်ရုံတွေရဲ့ အကြီးမား ဆုံးက ကိုယ့်ဝန်ထမ်းနဲ့ကိုယ် အဆင်ပြေပြီးခါမှ အပြင် ပယောဂတွေ ပါလာပြီး ဝင်ရှုပ်ကုန်တဲ့ ပုံစံမျိုး ဖြစ်လာရင် ဘယ်လို ဖြေရှင်းမလဲ ဆိုတာမျိုးတွေ ဆွေးနွေးရတာ မေးတာ အများဆုံးပေါ့” ဟု ၎င်းက ပြောသည်။

CMP လုပ်ငန်းများသည် ဝန်ထမ်းကို အားကိုးပြီး လုပ်ရသည့် လုပ်ငန်းများ ဖြစ်သောကြောင့် အလုပ်ရုံများပိတ်ရလျှင် လုပ် ငန်း ဆုံးရှုံးမှုထက် ဝန်ထမ်းဆုံးရှုံးမှုက အလုပ်ရှင်များ အတွက် ပိုကြီးမားကြောင်း ဆိုသည်။

အထည်ချုပ် ပိတ်စကုန်ကြမ်းများကို တရုတ်နိုင်ငံမှ ၉၀ ရာခိုင်နှုန်း တင်သွင်းပြီး အင်ဒိုနီးရှား၊ ဗီယမ်နမ်၊ ထိုင်းနှင့် ကိုရီးယား နိုင်ငံတို့မှလည်း တင်သွင်းကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက သိရသည်။

တရုတ်- မြန်မာ နယ်စပ် ကုန်သွယ်ရေး၏ အကြီးဆုံး ဖြစ်သည့် မူဆယ် နယ်စပ်ကုန်သွယ်ရေးမှာလည်း ၁ လနီးပါး ကုန် သွယ်မှု ရပ်တန့်သကဲ့သို့ ဖြစ်ရာမှ ယခု ဖေဖော်ဝါရီ ၂၇ ရက်တွင် ကုန်သွယ်မှု အနည်းငယ် ပြန်ဖြစ်နေသည်။

မူဆယ်နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ဦးနန္ဒ က “နယ်စပ် ကုန်သွယ်ရေးကတော့ အခု သုံးပုံပုံရင် နှစ်ပုံလောက် တော့ အရောင်းအဝယ် ဖြစ်နေပြီ။ အိမ်ဆောက်ပစ္စည်းတွေ၊ ဓာတ်မြေသြဇာတွေ ပြည်တွင်းမှာ အခက်အခဲ ဖြစ်နေတဲ့ အထည်လိပ်တွေလည်း ဝင်လာပြီ။ ဒါပေမယ့် အရမ်းကြီး ဝင်လာတာတော့ မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသည့် ဇန်နဝါရီလ ၂၃ ရက်မှ ဖေဖော်ဝါရီလ ၁၅ ရက်ကြား ကာလမှာ အထည်လိပ်ကုန်ကြမ်း တင်သွင်းမှု ဒေါ်လာ ၁၉ သန်းခန့် ကျဆင်းသွားသည်ဟု ဦးနန္ဒက ဆိုသည်။

၎င်းကဆက်၍ “ဒါပေမယ့် တရုတ်ဘက်မှာ စက်ရုံလည်ပတ်နိုင်တဲ့ အခြေအနေက အခု ဗိုင်းရပ်စ် ဖြစ်တုန်းဆိုတော့ ဒီအပေါ်မှာ ပြည်တွင်းက အထည်ချုပ် လုပ်ငန်းရှင်တွေ စိုးရိမ်မှုလည်း ရှိနေတယ်။ သူတို့လည်း စတော့ ဖွင့်နေပြီ။ စက်ရုံ လည်ပတ်တဲ့ ယန္တရားကြီးက အပြည့် မလည်ပတ်နိုင်တာရယ် တချို့ကျတော့လည်း တပြည်နယ်နဲ့ တပြည်နယ် ဖြတ်သန်း နေရတဲ့ အကန့်အသတ်လေးတွေ ရှိတော့ နှောင့်နှေးကြန့်ကြာမှု ရှိနေတာ” ဟု ရှင်းပြသည်။

အထည်ချုပ် လုပ်ငန်းများတွင် လုပ်ကိုင်နေသည်မှာ လုပ်သားဦးရေ ၅ သိန်းကျော် အထိ ရှိပြီး တရုတ်အထည်ချုပ် စက်ရုံ ၂၃၆ ရုံ၊ ကိုရီးယား အထည်ချုပ် စက်ရုံ ၆၇ ရုံ၊ ဂျပန် အထည်ချုပ်စက်ရုံ ၂၀ နှင့် မြန်မာပိုင် အထည်ချုပ် စက်ရုံ ၉၂ ရုံရှိ ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ယင်းစာရင်းမှာ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းသို့ စာရင်းဝင်ထားသည့် အရေအတွက် ဖြစ်ပြီး စာရင်း ပြင်ပတွင် ရှိနေသည့် အထည်ချုပ် စက်ရုံများလည်း ရှိကြောင်း အသင်း တာဝန်ရှိသူများက ပြောသည်။

ဆက်စပ်ဖတ်ရှုရန်

ကုန်ကြမ်းပြတ်လပ်မှုကြောင့် ပိတ်ရက်တိုးသည့် အထည်ချုပ် စက်ရုံများ တိုးလာနေ

တရုတ်မှ အထည်ကုန်ကြမ်း မဝင်တော့၍ အခြားနိုင်ငံများ တင်သွင်းရန် စီစဉ်နေ

Your Thoughts …
Tags: CMPUMFCCIကိုရိုနာဗိုင်းရပ်စ်ကုန်ကြမ်းပြတ်စက်ရုံပိတ်အထည်ချုပ်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

သမဝါယမ တပ်ချုပ်ကြီးနှင့် ရှောင်လင် ခရိုနီများ

သမဝါယမ တပ်ချုပ်ကြီးနှင့် ရှောင်လင် ခရိုနီများ

by ကြာဖက်နှင်း
3 August 2024
24.6k

“ဦးသန်းရွှေ၊ ဦးမောင်အေး လက်ထက်မှာ ချမ်းသာအောင် လုပ်ပေးခဲ့တဲ့ ခရိုနီတွေက ကျေးဇူး ကန်းတယ်လို့ သူက မြင်နေပုံ ရတယ်”

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

ကုန်သွယ်ရေး တာဝန်ခံ ဗိုလ်ချုပ်ရန်နောင်စိုးနှင့် စီးပွားရေးသမားတချို့ စစ်ဆေးခံနေရ

ကုန်သွယ်ရေး တာဝန်ခံ ဗိုလ်ချုပ်ရန်နောင်စိုးနှင့် စီးပွားရေးသမားတချို့ စစ်ဆေးခံနေရ

by ဧရာဝတီ
10 September 2023
10.6k

ဗိုလ်ချုပ် ရန်နောင်စိုးအား ပြီးခဲ့သည့် ၄ ရက်ခန့်ကတည်းက ဖမ်းဆီးထားခြင်းဖြစ်ပြီး မိသားစုကိုပါ စစ်ဆေးနေကြောင်း၊ အလားတူကုန်သည်ကြီးများထဲတွင် စက်သုံးဆီ တင်သွင်းရောင်းချသူများ၊ စားအုန်းဆီ တင်သွင်းရောင်းချသူများနှင့် ပြောင်းကုန်သည် ကြီးများပါဝင်ပြီး ရန်ကုန်မှ နေပြည်တော်ကို ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ကြောင်း ဧရာဝတီသတင်းရင်း မြစ်အချို့က...

သူတို့လုပ်နေတဲ့ နည်းလမ်းက ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘူး

သူတို့လုပ်နေတဲ့ နည်းလမ်းက ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘူး

by ဧရာဝတီ
23 August 2023
4.5k

စစ်ကောင်စီ ပြောရေးဆိုခွင့်ရသူက "အခု နိုင်ငံခြားငွေဈေးနှုန်း မြင့်တက်မှုတွေအပေါ် ဘဏ်တွေရယ်၊ UMFCCI ရယ် သူတို့ လုပ်ဆောင်ချက်တွေကို ကျနော်တို့ စောင့်ကြည့်မယ်” ဟု သတိပေးပြောဆိုသွားသည်။

ဗဟိုဘဏ် ဒေါ်လာထုတ်မရောင်းပေးနိုင်တော့၍ စက်သုံးဆီဈေးတက်

ဗဟိုဘဏ် ဒေါ်လာထုတ်မရောင်းပေးနိုင်တော့၍ စက်သုံးဆီဈေးတက်

by ဧရာဝတီ
1 December 2023
4.3k

စက်သုံးဆီကုမ္ပဏီများ ပြည်ပမှ စက်သုံးဆီဝယ်ယူတင်သွင်းမှုအတွက် ငွေပေးချေရာတွင် လိုအပ်သော အမေရိကန် ဒေါ်လာပမာဏကို ဗဟိုဘဏ်က ထုတ်ရောင်းမပေးနိုင်တော့သောကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

စစ်တပ် တယ်လီကွန်းလုပ်ငန်း၏ အရေးပါသည့် ရှယ်ယာရှင် ဒေါက်တာ မြဟန်

စစ်တပ် တယ်လီကွန်းလုပ်ငန်း၏ အရေးပါသည့် ရှယ်ယာရှင် ဒေါက်တာ မြဟန်

by အောင်သစ်
26 October 2024
3.7k

ဧရာဝတီက စုံစမ်းရရှိသည့် အချက်အလက်များထဲတွင်လည်း ဦးမြဟန်၏ ကုမ္ပဏီက စစ်ထောက်ချုပ်ရုံးပိုင်မြေ ၅ ဒသမ ၆၅ ဧကအား ဟိုတယ် ဆောက်လုပ်ရန် ခွင့်ပြုမိန့်ကို ၂၀၁၅ ခုနှစ်တွင် ရရှိထားသည်ကို တွေ့ရသည်။

Next Post
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် / ထက်နိုင်ဇော်

လွှတ်တော်တွင် ဖွဲ့ စည်းရမည့် ကာ/လုံ ကော်မတီကို မပယ်ဖျက်ဖို့ ကြံ့ခိုင်ရေး အမတ် ပြော

နေ့တနေ့ကို စတင်နိုင်ဖို့ ဘယ်လို ဖြတ်သန်းရမလဲဆိုတဲ့ နည်းလမ်းတွေ ရှိပါတယ်။

နေ့တနေ့ကို အကောင်းဆုံး စတင်နိုင်မယ့် နည်းလမ်းများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved