• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လွှတ်တော်တွင် ဖွဲ့ စည်းရမည့် ကာ/လုံ ကော်မတီကို မပယ်ဖျက်ဖို့ ကြံ့ခိုင်ရေး အမတ် ပြော

by ထက်နိုင်ဇော်
29 February 2020
in သတင်း
A A
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် / ထက်နိုင်ဇော်

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် / ထက်နိုင်ဇော်

8.8k
VIEWS
Share on FacebookShare on Twitter

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်များတွင် ဖွဲ့ စည်းခွင့် ပြုထားသည့် လွှတ်တော်ဆိုင်ရာ ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မတီကို ပယ်ဖျက်ခြင်း မပြုရန် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်က ပြောသည်။

မနေ့က ပြည်ထောင်စု လွှတ်တော်တွင် ကျင်းပသည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ဆွေးနွေးစဉ် ဘော်လခဲမဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးအေးမောင်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
572
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
183
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
54

ပြည်ထောင်စုအဆင့် လွှတ်တော်များတွင် ကာကွယ်ရေးနှင့် လုံခြုံရေး ကိစ္စရပ်များ၊ တပ်မတော်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ရန် လွှတ်တော်ဆိုင်ရာ ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မတီ ဖွဲ့ စည်းထားရှိမှုကို ခွင့်ပြုထားသည်။

ယင်း ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကော်မတီကို တပ်မတော်သား ကိုယ်စားလှယ်များဖြင့် သတ်မှတ်၍ ဖွဲ့ စည်းရ မည်ဟု ဖော်ပြပြီး ဖွဲ့ စည်းရာတွင် လိုအပ်ပါက တပ်မတော်သား မဟုတ်သည့် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း လိုအပ်ပါက ဖွဲ့ စည်းနိုင်သည်ဟု ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေက ဆိုသည်။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီမှ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ဦးထွန်းထွန်းဟိန် တင် သွင်းသည့် ဒုတိယ အကြိမ် ဖွဲ့ စည်းပုံ ပြင်ဆင်မှု ဥပဒေကြမ်းတွင် အထက်ပါ အခွင့်အရေးများ ပေးအပ်ထားသည့် လွှတ်တော်ဆိုင်ရာ ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မတီ ဖွဲ့ စည်းခွင့်ကို လုံးဝ ပယ်ဖျက်ရန် တင်ပြထားခြင်း ဖြစ်သည်။

တိုင်းပြည်၏ အခြေအနေ အချိန်အခါအရ ယခုပုဒ်မသည် လိုအပ်နေသေးသောကြောင့် ပယ်ဖျက်ရန် ပြင်ဆင်ခြင်းကို ကန့်ကွက်ကြောင်းနှင့် မူလအတိုင်းသား ထားရှိပေးရန် လိုကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က တောင်းဆိုခြင်း ဖြစ်သည်။

“အချိန်ကာလတခုအနေနဲ့ တာဝန်ပေးတာဟာ မမှားဘူးလို့ ပြောချင်ပါတယ်”ဟု ဘော်လခဲ မဲဆန္ဒနယ်၏ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးအေးမောင်က ပြောသည်။

သို့သော် ယနေ့ အချိန်ထိ ပြည်သူ့လွှတ်တော်တွင် ဖြစ်စေ၊ အမျိုးသား လွှတ်တော်တွင် ဖြစ်စေ ကာကွယ်ရေးနှင့် လုံခြုံ ရေး ကော်မတီကို ဖွဲ့ စည်းထားခြင်း မရှိသေးသလို ပြီးခဲ့သည့် အစိုးရလက်ထက် ပထမအကြိမ် လွှတ်တော် သက်တမ်း တွင်လည်း ယင်းကော်မတီကို ဖွဲ့ စည်းခဲ့ခြင်း လုံးဝ မရှိကြောင်း သိရှိရသည်။

ယခုလို ကော်မတီမျိုးမှာ ရှိသင့်ပြီး အမေရိကန် ပြည်ထောင်စု လွှတ်တော်တွင်ပင် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ  ကော်မတီမျိုး ရှိကြောင်း၊ အကျိုးရှိမည့် ကော်မတီဖြစ်၍ လိုအပ်ပါက ဖွဲ့ စည်းရန်နှင့် မည်သူများ ပါဝင်ရမည်ကို အ ခြေခံ ဥပဒေတွင် ပြဌာန်းပြီးသား ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“အမေရိကန်မှာ အဲဒီလို ကော်မတီရှိတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းထုတ်တာပဲ။ ကာကွယ်ရေး နဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး သိချင်တယ်ဆိုရင် အဲဒီကော်မတီကနေ မေးခွန်းထုတ်တဲ့အတွက် ပိုတောင်မှ အကျိုးဖြစ်ထွန်းနေသေးတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

၎င်းက ဆက်၍ “ဒီမိုကရေစီ စစ်စစ် နိုင်ငံတွေတောင်မှ ဒီပြဌာန်းချက်ကို မပယ်ဖျက်သေးတာ။ ကျနော်တို့ နိုင်ငံငယ်က ဘာကြောင့် ပယ်ဖျက်ရမှာလဲ။ အခုလို ပြည်တွင်းရော၊ ပြည်ပရော ခြိမ်းခြောက်မှု ရှိနေတဲ့ နိုင်ငံမှာတော့ မလိုအပ်ဘူးဆိုရင် ဘာယူဆချက်နဲ့ မလိုအပ်ဘူးလို့ ပြောတာလဲလို့ မေးချင်တယ်”ဟု ပြောသည်။

အာဏာရ (NLD) ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကမူ အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော်တွင် ရှိနေသည့် တပ်မတော်ရေးရာနှင့်ဆိုင်သော ကော်မတီမှာ အရပ်သားများက ထိန်းချုပ်ထားခြင်း  ဖြစ်ကြောင်း ပြောသည်။

“အခုပုဒ်မ ၁၁၅ (ခ) မှာ ပါနေတာက တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ဖွဲ့ စည်းရမယ်ဆိုတာက ဒီမိုကရေစီ စံချိန်၊ စံညွှန်းနဲ့ လုံးဝ မကိုက်ညီဘူး။ လွှတ်တော်ကလည်း ဖွဲ့ ချင်လည်း ဖွဲ့ လို့ ရတယ်။ မဖွဲ့ ဘဲ ထားလည်း ရတယ်။ အခုချိန်ထိ တခါမှာ မဖွဲ့ ရသေးဘူး။ အဲဒါကြောင့် မလိုအပ်ဘူးလို့ ယူဆတာလည်း ဖြစ်နိုင်တယ်”ဟု ပြောသည်။

၎င်းက ဆက်၍ “နိုင်ငံတကာမှာက အရပ်သားတွေနဲ့ပဲ ဖွဲ့ တယ်။ လိုအပ်ရင် အကြံဉာဏ်တွေ ရယူတယ်။ ခေါ်မေးတယ်။ အခုဟာက ဒီမှာက ပြောင်းပြန် ပြန်လုပ်ထားတာ။ လွှတ်တော်ဆိုတာ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ နေရာ။ အခု မြန် မာပြည်မှာက အဲလိုကော်မတီကို စစ်တပ်က ဖွဲ့ ပြီး လိုအပ်ရင် အရပ်သားတွေကို  ခေါ်မေးမယ်ဆိုတော့  ပြောင်းပြန်တွေ ဖြစ်နေတယ်”ဟု ပြောသည်။

ယခု ကော်မတီကို အခြေခံ ဥပဒေတွင် ဆက်လက် ထားရှိရန် တင်ပြခဲ့သူ ကြံ့ခိုင်ရေး ကိုယ်စားလှယ် ဦးအေးမောင်က အချုပ်အခြာအာဏာ ပြိုကွဲပျက်စီးစေမည့် အန္တရာယ်များ ကျရောက်တော့မည့် အချိန်တွင် ထိန်းသိမ်းကာကွယ်ခဲ့ရသည့် အခြေအနေ၊ သမိုင်းကြောင်းများနှင့် မူမမှန်သော ပြည်တွင်း၊ ပြည်ပ ပရောဂ အခြေအနေတို့အရ တပ်မတော်၏ အခန်းကဏ္ဍသည် လွဲဖယ်၍ မရသေးဟုလည်း ဆိုသည်။

“အချိန်တန်ရင် အချိန်သင့်ရင် သူတို့ရဲ့ မူလတာဝန်တွေကို ပြန်လည် ထမ်းဆောင်ကြပါလိမ့်မယ်။ အခုအချိန်မှာတော့ နိုင်ငံတော်ကြီးကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် အချိန်အခါနဲ့ ညင်သာစွာ ဆောင်ရွက်ပေးခဲ့ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဖက်ဒရယ် ဒီမိုကရေစီ ဖြစ်စေရေးအတွက် အမျိုးသားစိတ်ဓါတ်နဲ့ ဝိုင်းဝန်းနေခြင်းသာ ဖြစ်ပါ တယ်”ဟု ဦးအေးမောင်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မခွဲများ အပေါ် ဆွေးနွေးကြ ရာတွင် အစုအဖွဲ့  တခုနှင့်တခု အကြား စကားလုံးအသုံးအနှုန်းမှစ၍ အပြင်းအထန် ကန့်ကွက်မှုများ ရှိနေသောကြောင့် အကြိမ်ကြိမ် သတိပေးရသည့် အခြေအနေသို့ ရောက်ရှိလာရာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နာယက ဖြစ်သူ ဦးတီခွန်မြတ်က အလွန်အကျွံ ဖြစ်လာပါက အရေးယူတော့မည်ဟု သတိပေးလိုက်သည့်အခါ မနေ့က ဆွေးနွေးရာတွင် ကန့်ကွက်မှုများ လျော့နည်းသွားခဲ့သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၄၉ ဦးဆွေးနွေးမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ စတင်ဆွေးနွေးလာခဲ့ရာ မတ်လ ၅ ရက်နေ့အထိ ၁၀ ရက် ဆက်တိုင် ဆွေးနွေးကြဦးမည် ဖြစ်ကြောင်း သိရသည်။

You may also like these stories:

ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှု အားမရဟု တိုင်းရင်းသား အမတ်များပြော

ဖွဲ့စည်းပုံ စိစစ်ရေး ပူးပေါင်းကော်မတီ တာဝန်ရှိသူများကို အရေးယူရန် တပ်မတော် တိုင်ကြား

တိုင်းပြည် ဒုက္ခမရောက်စေချင်၍ တပ်မတော်ကို ဝေဖန် ဟု မြဝတီဆရာတော်မိန့်

Your Thoughts …
Tags: ကာ/လုံ ကော်မတီကြံ့ခိုင်ရေး အမတ်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးလွှတ်တော်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ပြည်သူ့ပါဝါ ထပ်မံအောင်ပွဲခံသည့် ကိုရီးယား

by ဝင်းပေါ်မောင်
21 December 2024
8.7k

ထိုညက လွှတ်တော်တွင်း ပုံရိပ်များသည် အမည်ဆိုး တင်ကျန်ခဲ့သော်လည်း စစ်တပ်သည်ပင် စစ်အုပ်ချုပ်ရေးကို လိုလားဟန် မပြခဲ့ပေ။ နှစ်ပေါင်းလေးဆယ်ခန့် ဒီမိုကရေစီကို စောင့်ရှောက်သော စစ်တပ်အဖြစ် တည်ရှိခဲ့သော ၎င်း၏ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းရန်သာ လိုလားပုံရသည်။

ပဋိပက္ခတွေကြား စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ အထမြောက်နိုင်မလား

ပဋိပက္ခတွေကြား စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ အထမြောက်နိုင်မလား

by ဧရာဝတီ
12 August 2023
3.9k

ပထမဆုံးကျင်းပမည့် လွှတ်တော်အစည်းအဝေး အထမြောက်ရန် လိုအပ်သည့် ၅၀ ရာခိုင်နှုန်းသော ကိုယ်စားလှယ်တွေအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိပြီးဖြစ်ပါကြောင်း၊ ကျန် ၂၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်ပါကြောင်း

လူထုတော်လှန်ရေးတွင် လိုအပ်နေသော ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုနှင့် နားလည်မှု

လူထုတော်လှန်ရေးတွင် လိုအပ်နေသော ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုနှင့် နားလည်မှု

by ဇုန်းရိန်
29 May 2024
2.6k

လက်ရှိတွင် ရရှိထားသော၊ တည်ဆောက်ထားနိုင်သော နိုင်ငံရေးသဘောတူညီမှု၊ နားလည်မှုသည် လုံလောက်သော ခိုင်မာမှု၊ စုစည်းမှု မဟုတ်သေး။

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုဖြစ်နိုင်လဲ

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုဖြစ်နိုင်လဲ

by မောင်ကဝိ
26 May 2025
2.6k

ကာ/လုံကဖွဲ့မယ့် ကြားဖြတ်အစိုးရက ရွေးကောက်ပွဲကျင်းပဖို့ ဇန်နဝါရီလကုန်အထိ အချိန်ရတယ်။ ဒါဟာ မင်းအောင်လှိုင် လူသိရှင်ကြား ကြေညာထားတဲ့ အချိန်မူဘောင်နဲ့ ကိုက်ညီတယ်။

အမေရိကန်က ဥပဒေကြမ်းတွေ အတည်ပြုရင် စကစ တော်တော်ထိမယ် (ရုပ်/သံ)

အမေရိကန်က ဥပဒေကြမ်းတွေ အတည်ပြုရင် စကစ တော်တော်ထိမယ် (ရုပ်/သံ)

by ဧရာဝတီ
24 July 2025
1.4k

စစ်ကောင်စီကို စစ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာဖိအားပေးဖို့၊ စစ်တပ်ကို လေယာဉ်ဆီထောက်ပံ့နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ပိတ်ဆို့နိုင်ရေးနဲ့အတူ ငွေကြေးအထောက်အပံ့အသစ်တွေ ထပ်မရဖို့၊ ရိုဟင်ဂျာနဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေအရေးတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်မယ့် ဥပဒေကြမ်း ၃ ခုကို အမေရိကန် လွှတ်တော်ကော်မတီတွေက ဇူလိုင်လ...

ခေါင်းထောင်ထလာတဲ့ ထရမ့်ဝါဒ ဘာလဲ ဘယ်လဲ (ရုပ်/သံ ဆွေးနွေးခန်း)

ခေါင်းထောင်ထလာတဲ့ ထရမ့်ဝါဒ ဘာလဲ ဘယ်လဲ (ရုပ်/သံ ဆွေးနွေးခန်း)

by ဧရာဝတီ
6 March 2025
1.1k

အနည်းဆုံး နောက် ၄ နှစ်ကြာဦးမည့် ထရမ့်ခေတ် ထရမ့်ဝါဒအကြောင်း ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နှင့် အမှုဆောင် အယ်ဒီတာ ရဲနည်တို့၏ ဆွေးနွေးချက်အား နားဆင်ပါ။

Next Post
နေ့တနေ့ကို စတင်နိုင်ဖို့ ဘယ်လို ဖြတ်သန်းရမလဲဆိုတဲ့ နည်းလမ်းတွေ ရှိပါတယ်။

နေ့တနေ့ကို အကောင်းဆုံး စတင်နိုင်မယ့် နည်းလမ်းများ

မရမ်းသီးမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်ပါတယ်။

မရမ်းသီးရာသီမှာ ကျန်းမာရေးအတွက် မရမ်းသီး စားပေးသင့်တဲ့ အကြောင်းရင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved