• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ရိုးမဘဏ် ငွေလွှဲဝန်ဆောင်ခ ကောက်ခံမှု ရပ်ဆိုင်း

by အောင်သီဟ
8 May 2020
in စီးပွားရေး
A A
ရန်ကုန်မြို့ရှိ ရိုးမဘဏ်ခွဲ တခု / Yoma Bank / facebook

ရန်ကုန်မြို့ရှိ ရိုးမဘဏ်ခွဲ တခု / Yoma Bank / facebook

11k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဂယက်ကြောင့် အခက်အခဲများ ဖြစ်ပေါ်နေသော စီးပွားရေးလုပ်ငန်းများကို အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပြီး ရိုးမဘဏ် အနေဖြင့် ဘဏ်အချင်းချင်း ငွေလွှဲဝန်ဆောင်ခ ကောက်ခံမှုကို မေလ ၇ ရက်နေ့မှ စတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ရိုးမဘဏ်အကောင့် ပိုင်ရှင်များအနေဖြင့် ၎င်း၏ ငွေလွှဲကောင်တာမှ တဆင့် တခြားဘဏ်များသို့ ငွေလွှဲရာ၌ ပေးဆောင် ရသည့် ဝန်ဆောင်ခများနှင့် အခြားဘဏ်အကောင့်များမှ ရိုးမဘဏ်အကောင့်သို့ ငွေလွှဲခြင်းများ၌ ရိုးမဘဏ်ဘက်က ကောက်ခံသော ငွေလွှဲဝန်ဆောင်ခများကို ကင်းလွတ်ခွင့် ရမည်ဖြစ် ကြောင်း ယနေ့ ထုတ်ပြန်သည့် ရိုးမဘဏ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ကြေညာချက်အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကွန်ရက်အဖွဲ့ဝင် မည့်သည့်ဘဏ်ကို မဆို ငွေလွှဲခြင်းများ အတွက် အကျုံးဝင်မည်ဖြစ်ပြီး အခြားဘဏ်အကောင့်များမှ ရိုးမဘဏ်သို့ ငွေလွှဲခြင်းများအတွက်လည်း ရိုးမဘဏ်ဘက်က ကောက်ခံသော ဝန်ဆောင်ခနှုန်းထားကိုသာ ကင်းလွတ်ခွင့်ရမည်ဖြစ်သော်လည်း အခြားဘဏ်များ၏ ဘဏ်ဝန်ဆောင်ခနှင့် ငွေလွှဲဝန်ဆောင်ခနှုန်းထားများမူ ပုံမှန်အတိုင်း ပေးဆောင်ရမည်ဖြစ်သည်။

ရိုးမဘဏ် အမှုဆောင်အရာရှိချုပ် Mr. Dean Cleland “ အခုအခြေအနေမှာ လုံခြုံစိတ်ချမှု၊ အဆင်ပြေချောမွေ့မှုနဲ့ သက်သာချောင်ချိရေးတို့က အဓိက ဖြစ်တယ်ဆိုတာ ကျနော်တို့ နားလည်သဘောပေါက်ပါတယ်။ အခုလို ဝန်ဆောင်ခ မကောက်ခံတော့တဲ့အတွက် ငွေပေးငွေချေမှုတွေကို သက်သက်သာသာ ဆောင်ရွက်နိုင်မှာ ဖြစ်သလို ငွေသားမဲ့ စီးပွားရေးတခုဆီသို့ ခြေလှမ်းတခုအဖြစ် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခု ရိုးမဘဏ်၏ ငွေလွှဲဝန်ဆောင်ခ ကောက်ခံမှု ရပ်ဆိုင်းလိုက်သည့် အစီအစဉ်သည် မိသားစုအချင်းချင်း ငွေလွှဲခြင်း၊ စီးပွားရေးလုပ်ငန်းအချင်းချင်း ငွေလွှဲခြင်းများ အပါအဝင် ရိုးမဘဏ်၏ ငွေလွှဲဝန်ဆောင်မှု အားလုံး ပါဝင်မည်ဖြစ်ကြောင်း ရိုးမဘဏ်ထံမှ သိရသည်။

စီးပွားရေးလုပ်ငန်းရှင် ဦးအေးထွန်းက “ သူတို့ဘက်က (ရိုးမဘဏ်)ကြည့်မယ်ဆိုရင် ဒီလိုလုပ်ပေးလိုက်တာက Customer တွေဖိတ်ခေါ်တာလည်း ဖြစ်နိုင်သလို တဖက်ကြည့်ပြန်တော့ ဒီလိုကိုဗစ်ကာလမှာ စီးပွားရေး လုပ်ငန်းတွေကို ကူညီတဲ့ သဘောလည်း ဖြစ်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ယခင်က ငွေလွှဲဝန်ဆောင်ခအနေဖြင့် ရိုးမဘဏ်အကောင့်မှ အခြားဘဏ်အကောင့် တခုခုသို့ ငွေလွှဲပါက ငွေပမာဏ၏ ၀ ဒသမ ၀၅ ရာခိုင်နှုန်း ကောက်ခံလျက်ရှိပြီး မူဆယ်မြို့ရှိ အခြားဘဏ်များသို့ ငွေလွှဲမည်ဆိုပါက ငွေပမာဏ၏ ၀ ဒသမ ၁ ရာခိုင်နှုန်း ကောက်ခံလျက်ရှိကြောင်း သိရသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
218
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
483

လတ်တလောတွင် ရိုးမဘဏ်အနေဖြင့် ကိုဗစ် ၁၉ ၏ ရိုက်ခတ်မှုကြောင့် အခက်အခဲများကြုံတွေ့ နေရသော Customer များအတွက်လည်း SMEs ချေးငွေများ၊ အိမ်ရာချေးငွေများ နှင့် အရစ်ကျချေးငွေ အပါအဝင် ရိုးမဘဏ်၏ ချေးငွေဝန်ဆောင်မှုများကိုလည်း ချေးငွေအရင်းပြန်ဆပ်မှုကို ၆ လ ဆိုင်းငံ့ပေးထားသည်။

ဆက်စပ်လင့်

ဗဟိုဘဏ်၏ ပြုပြင်ပြောင်းလဲရေးကို စောင့်ဆိုင်းနေရသည်

ဘဏ်မတူသည့် MPU (Debit) ကတ်များ ငွေလွှဲနိုင်မည့် အစီအစဉ် ဘဏ် ၂ ခုနှင့် စတင်

Your Thoughts …
Tags: ငွေလွှဲဝန်ဆောင်ခရိုးမဘဏ်
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

ဦးသိမ်းဝေကို ငွေကြေးခဝါချမှုနှင့် အခြားဘဏ္ဍာရေးပြစ်မှုများဖြင့် စစ်ကောင်စီ စွဲချက်တင်

ဦးသိမ်းဝေကို ငွေကြေးခဝါချမှုနှင့် အခြားဘဏ္ဍာရေးပြစ်မှုများဖြင့် စစ်ကောင်စီ စွဲချက်တင်

by ဧရာဝတီ
19 August 2024
17.9k

ရိုးမဘဏ် အမှုဆောင် ၄ ဦးကို စွဲဆိုသည့် အမှုများအား အများပြည်သူသိရှိအောင် ကြေညာခြင်း မရှိပေ။

၂၀၂၀ ပြည့်နှစ်က ရန်ကုန်တွင် တွေ့ရသော ရိုးမဘဏ်ခွဲ  /  Yoma Bank

စစ်တပ်နှင့် ပတ်သက်နေကြောင်း ဖော်ထုတ်ခံရပြီး ရိုးမဘဏ်ကို IFC လမ်းခွဲ

by ဧရာဝတီ
22 December 2022
4.5k

IFC သည် ယခုအခါ ရိုးမဘဏ်မှ ၎င်း၏ ရှယ်ယာ ၄ ဒသမ ၅ ရာခိုင်နှုန်းကို FMI သို့ အမေရိကန် ဒေါ်လာ ၅ သန်းဖြင့် ရောင်းချလိုက်သည်။

၂၀၁၉ ခုနှစ်၊ ဇွန်လက ဆာ့ဂျ်ပန်းနှင့် IFC မြန်မာနိုင်ငံဆိုင်ရာ ဌာနေ မန်နေဂျာ ဗီကရမ် ကူးမားတို့ IFC ချေးငွေကို ရိုးမဘဏ် အစုရှယ်ယာအဖြစ် ပြောင်းလဲခြင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးစဉ်  /  FMI

ကမ္ဘာ့ဘဏ် အထောက်အပံ့ရ ရိုးမဘဏ်နှင့် စစ်တပ်ပိုင် Mytel တို့ ပူးပေါင်းဆောင်ရွက်နေ

by ဧရာဝတီ
1 December 2022
5.3k

ရိုးမဘဏ်သည် မြန်မာစစ်ကောင်စီ၏ တယ်လီကွန်းလုပ်ငန်းကို ဘဏ်လုပ်ငန်း ဝန်ဆောင်မှုပေးပြီး မြန်မာစစ်ကောင်စီကို ထောက်ခံနေကြောင်း JFM က ထောက်ပြလိုက်သည်။

Next Post
မန္တလေးတွင် COVID-19 လူနာများ ထားရှိကုသရာ ကန်တော်နဒီဆေးရုံ / ဇော်ဇော် / ဧရာဝတီ

မန္တလေးရှိ တတိယမြောက် ကိုဗစ်လူနာ ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရ

ဂျူစီကားအငှား ဝန်ဆောင်မှု ကုမ္ပဏီကတော့ သူတို့ကုမ္ပဏီက ကားတွေ အခိုးခံနေရတာကို ရိပ်တောင် မရိပ်မိခဲ့ကြပါဘူး။

Lockdown ကာလအတွင်း နယူးဇီလန်မှာ ကားအစီး ၁၀၀ နီးပါး အခိုးခံခဲ့ရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved