• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စိုက်ပျိုးရေး၊ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန်လုပ်ငန်းရှင်များကို ဖိတ်ခေါ်

by အောင်သီဟ
28 October 2020
in စီးပွားရေး
A A
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် DFC မှ တာဝန်ရှိသူများ အောက်တိုဘာ ၂၇ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်/Myanmar State Counselor Office / Facebook

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် DFC မှ တာဝန်ရှိသူများ အောက်တိုဘာ ၂၇ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်/Myanmar State Counselor Office / Facebook

6.8k
VIEWS
Share on FacebookShare on Twitter

အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စိုက်ပျိုးရေး၊ စွမ်းအင်နှင့် အခြေခံဆောက်အဦကဏ္ဍ များတွင် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံဘက်မှ ဖိတ်ခေါ်လိုက်သည်။

ယမန်နေ့က အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ငွေကြေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(U.S. International Development Finance Corporation- DFC) ၏ အမှုဆောင် အရာရှိချုပ် ဦးဆောင်သော စီးပွား ရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွား ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတို့ တွေ့ဆုံဆွေးနွေးစဉ် ယင်းသို့ ဖိတ်ခေါ် လိုက်ခြင်းဖြစ်သည်။

အမေရိကန်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ကလည်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပွင့်လင်းမြင်သာစွာဖြင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ ခွင့်ပြုလျက်ရှိသည်ကို အသိအမှတ်ပြုကြောင်းနှင့် မြန်မာနိုင်ငံ၏ စွမ်းအင်၊ ဆက်သွယ်ရေး၊ ခရီးသွားကဏ္ဍ နှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားမှု ရှိခဲ့ကြောင်း ပြောဆိုသည်ဟု ရင်းနှီး မြှုပ်နှံမှု နှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ထံမှ သိရသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
145
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
162
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
482

ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ရေးအတွက် လိုအပ်သော နည်းပညာ အကူအညီများ ဆက်လက် အထောက်အပံ့ပေးသွားမှာ ဖြစ်သလို အသေးစား၊ အငယ်စား နှင့် အလတ်စား လုပ်ငန်းများ ဈေးကွက်ရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး တို့အတွက်လည်း နည်းပညာ အကူအညီပေးသွားမည်ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုတိုးချဲ့ ဆောင်ရွက်သွားမည်ဟု ပြောကြားထားသည်။

ယခုလိုအမေရိကန်နိုင်ငံ၏ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ လာရောက်ခြင်းသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ အများ ဆုံး ပြုလုပ်ထားသည့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ နှင့် ချေးငွေများ လျှော့ချနိုင်ရေး အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်တိုးမြှင့်ရေးအတွက် ဖြစ်ကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ရဲ့ အကြီးတန်း သုတေသီ ဦးအမရာသီဟ က ဧရာဝတီသို့ ပြောသည်။

၎င်းက “DFC က အရှေ့တောင်အာရှနဲ့ အာရှဒေသမှာ တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးထောက်ပံ့နေမှုကို တန်ပြန်တဲ့အနေနဲ့ စီးပွားရေးအရသော်လည်းကောင်း၊ လုံခြုံရေးအရသော်လည်းကောင်း လုပ်မယ်ဆိုတဲ့ အမေရိကန်ရဲ့ မူဝါဒကို အကောင် အထည်ဖော်တဲ့ အဖွဲ့အစည်းတခုပေါ့။ သူတို့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် တရုတ်နိုင်ငံ တနိုင်ငံတည်းကို မှီခိုနေရတာကို ဘယ်လောက်ထိ လျှော့ချနိုင်မလဲပေါ့ ” ဟုဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် DFC မှ တာဝန်ရှိသူများ အောက်တိုဘာ ၂၇ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်/Myanmar State Counselor Office/facebook

သို့သော်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် ရခိုင်ပြည်နယ် အရေးကိစ္စရပ်များကို အခြေအနေတရပ်အထိ ဖြေရှင်းနိုင်ပြီးမှသာ အမေရိကန်စီးပွားရေးလုပ်ငန်းများက မြန်မာနိုင်ငံနှင့် တရားဝင်စီးပွားရေးအရ ဆက်ဆံမှုများ ပြုလုပ်လာနိုင်မည်ဖြစ်ကြောင်း ဦးအမရာသီဟက သုံးသပ်သည်။

မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အမေရိကန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့တွင် အမေရိကန်ပြည်ထောင်စု အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုး ရေး ငွေကြေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အမှုဆောင်အရာရှိချုပ် ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပို့ကုန်သွင်းကုန်ဘဏ် ဥက္ကဋ္ဌ၊ နိုင်ငံခြားရင်းဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ အကြီး တန်းအရာရှိများ ပါဝင်ခဲ့ကြောင်း သိရသည်။

DFC သည် အမေရိကန်အစိုးရက ချမှတ်ထားသည့် Better Utilization of Investments Leading to Development Act (BUILD) အရ ၂၀၁၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့် အမေရိကန်ဘဏ္ဍာရေးအဖွဲ့အစည်း ၁ ခုဖြစ်ပြီး ဖွံဖြိုးဆဲ နိုင်ငံ များ၏ စွမ်းအင်၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာကဏ္ဍ များတွင် ရင်ဆိုင်နေရ သည့် စိန်ခေါ်မှုများကို ကူညီဖြေရှင်းနိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုအဖွဲ့အစည်းသည် ပုဂ္ဂလိကကဏ္ဍအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီမံကိန်းများ၊ နည်းပညာသစ်များ အသုံးချရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားရန် မျှော်မှန်းထားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အမေရိကန်နိုင်ငံသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အထိ ကာလအတွင်းတွင် အမေရိကန် ဒေါ်လာ ၃၂၆သန်းကျော်သာ ရင်းနှီးမြှုပ်နှံထားပြီး စွမ်းအင်ကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

You may also like these stories:

မြန်မာနိုင်ငံတွင် တာဝန်သိ ရင်းနှီးမြှုပ်နှံရန် ဂျပန်နှင့် အမေရိကန် ကတိပြု

ပြည်တွင်း အခွန်နှုန်း မြင့်မားနေကြောင်း အမေရိကန် လုပ်ငန်းရှင်များ ထောက်ပြ

Your Thoughts …
Tags: စိုက်ပျိုးရေးစွမ်းအင်အမေရိကန်လုပ်ငန်းရှင်
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

စစ်ခေါင်းဆောင် ရုရှားခရီးစဉ် စတင်

စစ်ခေါင်းဆောင် ရုရှားခရီးစဉ် စတင်

by ဧရာဝတီ
3 March 2025
3.8k

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ တရားဝင်ဖိတ်ကြားမှုဖြင့် သွားရောက်သည့် ထိုခရီးစဉ်သည် တပတ်ကြာမြင့်မည်ဖြစ်ပြီး မတ် ၄ ရက်တွင် စစ်ခေါင်းဆောင်နှင့် သမ္မတပူတင်တို့ တွေ့ဆုံမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံးက ထုတ်ပြန်ထားသည်။

စစ်ကောင်စီကြောင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ပျက်စီးရေး ဦးတည်

စစ်ကောင်စီကြောင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ပျက်စီးရေး ဦးတည်

by Rebecca L. Root
30 January 2024
1.7k

ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာနှင့် လမ်းခွဲပြီး စွမ်းအင်အသွင်ကူးပြောင်းရေး နိုင်ငံအဆင့် အားထုတ်မှုများနှင့် အခြား ရာသီဥတုဆိုင်ရာ ရဉ်မှန်းချက်များ အားလုံးနီးပါးသည် ပျောက်ကွယ်သွားသည်ဟု ကျွမ်းကျင်သူအချို့က ယူဆသည်။

မြန်မာတွင် မြေရှားသတ္တုတူးဖော်မှု မြင့်မားလာကြောင်း ဂြိုဟ်တုပုံများပြသနေ

မြန်မာတွင် မြေရှားသတ္တုတူးဖော်မှု မြင့်မားလာကြောင်း ဂြိုဟ်တုပုံများပြသနေ

by Zsombor Peter
13 August 2025
1.2k

မြန်မာသတ္တုတွင်းများမှ သဘာဝပတ်ဝန်းကျင် နောက်ဆက်တွဲများအတွက် သတ္တုတူးဖော်သူများနှင့် UWSA ကိုသာမက တရုတ်နိုင်ငံကိုပါ လူအများအပြားက အပြစ်တင်ကြသည်။

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

by ဧရာဝတီ
18 May 2025
1.2k

ဖန်လုံအိမ် ဓာတ်ငွေ့တွေကို ကမ္ဘာမှာ အများဆုံး ထုတ်လွှတ်တဲ့ တရုတ်နိုင်ငံက ကာဗွန် ထုတ်လွှတ်မှုကို ၂၀၃၀ နောက်ပိုင်း တိုးမြှင့်မလာတော့ဖို့ စီစဉ်နေပြီး ၂၀၆၀ မှာ ကာဗွန် ကင်းစင် နိုင်ငံဖြစ်ဖို့ ရည်ရွယ် ထားတယ် လို့လည်း…

ပဋိပက္ခ၊ ငွေကြေးဖောင်းပွမှုနှင့် မြန်မာ့စီးပွားရေး

by ဧရာဝတီ
28 June 2024
1.1k

လွန်ခဲ့သော ခြောက်နှစ်အတွင်း မြို့ပြဆင်းရဲနွမ်းပါးမှုသည် ကျေးလက်ဆင်းရဲနွမ်းပါးမှုနှုန်းထက် ပိုမိုလျင်မြန်စွာ မြင့်တက်နေသည်။

မြန်မာရေဘေးသင့်သူများကို ကူညီရန် အမေရိကန် ခေါင်းဆောင်ရမည်

မြန်မာရေဘေးသင့်သူများကို ကူညီရန် အမေရိကန် ခေါင်းဆောင်ရမည်

by Derek Mitchell နှင့် Jack Myint
10 October 2024
960

လတ်တလော ထိခိုက်မှုများအပြင် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ဆုံးရှုံးမှုများ တုန်လှုပ်စရာကောင်းလောက်အောင် ကြီးမားသည်။

Next Post
ပန်းချီဆရာကြီး၊ ဒါရိုက်တာ ဦးဝင်းဖေရဲ့ “ဖရဲသီးစားကြသူများ” ပန်းချီကား

ကိုဗစ် အလှူဒါနအတွက် အနုပညာရှင် ၁၆ ဦးရဲ့ ပန်းချီကားများ လေလံတင်မည်

ရှမ်းပြည်နယ် လွိုင်တန်းလျန်း တောင်ပေါ် ဌာနချုပ် စစ်ရေးပြ အခမ်းအနား တခုတွင် တွေ့ရသည့် RCSS တပ်ဖွဲ့ ဝင်များ / ဧရာဝတီ

မဲရုံပစ္စည်းများ သွားပို့သည့်အဖွဲ့ကို ၎င်းတို့ ပစ်ခတ်ကြောင်း RCSS ဝန်ခံ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved