• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တရုတ် လော့ဒေါင်း ဖြေလျှော့၍ မြန်မာ့ ဖရဲ၊ သခွား ဈေးကွက် ပြန်ကောင်းလာ

by ဧရာဝတီ
6 December 2022
in စီးပွားရေး
A A
တရုတ်သို့ တင်ပို့မည့် ဖရဲ၊ သခွားများ  /  ခွာညိုသစ်သီးပွဲရုံ

တရုတ်သို့ တင်ပို့မည့် ဖရဲ၊ သခွားများ / ခွာညိုသစ်သီးပွဲရုံ

3.6k
VIEWS
Share on FacebookShare on Twitter

ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရန်အတွက် တရုတ်နိုင်ငံ၊ ရွှေလီမြို့အပါအဝင် မြို့အများစုကို လော့ဒေါင်း ချထားရာမှပြန်လည်ဖြေလျှော့လိုက်သဖြင့် မြန်မာ့ ဖရဲ၊ သခွားဈေးကွက်မှာ အရောင်းအဝယ်ရှိလာသလို ဈေးကောင်း ရလာကြောင်း နယ်စပ် ကုန်သည်များထံက သိရသည်။

တရုတ်နိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုမှာ မြင့်တက်နေသောကြောင့် ပြီးခဲ့သည့် နိုဝင်ဘာ နောက်ဆုံးအပတ်မှ စတင်ပြီး မြို့တော်တော်များများကို အသွားအလာ ကန့်သတ် ထိန်းချုပ် (လော့ဒေါင်း) ထားသဖြင့် မြန်မာနိုင်ငံမှ ပို့မည့် ဖရဲ၊ သခွားသီးများအား တရုတ်ပြည်မကြီးထဲရှိ လက်ကားဈေးကွက်များထဲသို့ တင်ပို့နိုင်ခြင်း မရှိသဖြင့် ရောင်းချရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့သလို ဖရဲနှင့် သခွားဈေးများ ကျဆင်းခဲ့သည်။

မြို့များတွင် လော့ဒေါင်းချရာခဲ့သည့် အချိန်တွင် ဖရဲ ၁ ကီလိုလျှင် ယခင်က ၁ ဒသမ ၅ ယွမ်သာ ရှိရာမှ ယခုလ ၅ ရက်တွင် ပြန်လည် ဖြေလျော့လိုက်သောကြောင့် ၂ ဒသမ ၂ ယွမ် အထိ မြင့်တက်ခဲ့သလို ရွှေသခွားမွှေး ၁ ကီလိုလျှင် ယခင်က ၂ ဒသမ ၃ ယွမ် ရှိရာမှ ၄ ယွမ်အထိ ဈေးပြန် မြင့်တက်လာခြင်း ဖြစ်သည်။

မူဆယ်နယ် သစ်သီးကုန်သည်တဦးက “တရုတ်ရဲ့ မြို့တော်တော်များများက လော့ဒေါင်းကျနေတော့ ကားတွေက ဖြတ်ဖို့ မလွယ်တော့ ရှေ့ရက်တွေက Wholesale market တွေကို မပို့နိုင်ဘူး ဖြစ်နေတယ်။ ဝယ်လက်တွေကလည်း မဆင်းဘူး။ အခု တရုတ် လော့ဒေါင်းတွေလည်း ဖွင့်သွားပြီ။ အရောင်းအဝယ်တွေလည်း ဒီနေ့ဆို ကွင်းထဲမှာ ဖရဲ၊ သခွားတွေ လု ဝယ်နေတယ်။ အရင် အခြေအနေ ပြန်ရောက်လာတာပေါ့။ ရှေ့ရက်တွေက ရောင်းလို့ မရတဲ့ ကြာတဲ့ ကားတွေကျတော့ အစီးပြတ်တွေနဲ့ ရောင်းရတယ်။ အခု ဝင်တဲ့အသီးတွေကတော့ ကီလိုနဲ့ ရောင်းရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက မူဆယ် ကျင်စန်းကျော့ သစ်သီးကွင်းထဲသို့ ဝင်ရောက်ထားသည့် ဖရဲ၊ သခွား ကား အစီး ၄၀၀ ကျော်အနက် မရောင်းရသေးသည့် ကား ၂၀၀ ကျော်ကို ယခု ရက်ပိုင်းတွင်း အစီးလိုက် ပုတ်ပြတ်ဖြင့် ရောင်းချခြင်းများ ပြုလုပ်နေပြီး ယခု ဒီဇင်ဘာလအတွင်းဝင်ရောက်သော ဖရဲ၊ သခွားကားများမှာ တရက်လျှင် အစီးရေ ၆၀ မှ ၇၀ ကြားရှိကာ အသီးများကို ကီလိုနှင့် တွက်ချက် ရောင်းချခြင်းများ ပြုလုပ်နေကြောင်း ၎င်းက ရှင်းပြသည်။

တရုတ်သို့ တင်ပို့မည့် ဖရဲ၊ သခွားများ (ဓာတ်ပုံ- ခွာညိုသစ်သီးပွဲရုံ)

ဆက်လက်၍ ၎င်းက “နောက်ရက်တွေမှာတော့ ကားအစီးရေက အခုထက် ပိုများဖို့ပဲ ရှိတယ်။ ဖရဲ ၁ ကီလိုကို ၂ ယွမ်ကျော် လောက် ရှိတယ်။ ဖရဲမှာက ရိုရိုးဖရဲ၊ သကြားဖရဲနဲ့ အစေ့မဲ့ ဖရဲ ရှိတယ်။ အစေ့မဲ့ ဖရဲကတော့ ဈေးကောင်း ရတယ်။ ၃ ယွမ်ခွဲကနေ ၄ ယွမ်လောက် ရှိတယ်။ ကုန်သွယ်မှု ပိုင်းမှာတော့ ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း အဲဒါတွေကလည်း တနေ့ကို ကားအစီးရေ ၆၀ နဲ့ ၇၀ ကြား ဝင်နေတယ်။ ဒီလ၂၅ ရက်ဆိုရင် တရုတ်ပြည်က ပါမစ်ပိတ်မှာဆိုတော့ အလု အယက် ဝင်နေတာလည်း ရှိတယ်” ဟု ပြော သည်။

ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရုတ်ဘက်မှ ကျင်စန်းကျော့ A1 ဇုန်ကို စတင်ဖွင့်လှစ်လိုက်သည့်အတွက် ကြံ၊ ရေထွက်ကုန်နှင့် ဖရဲ၊ သခွားများကို ဝင်ထွက်ခွင့် လုပ်နိုင်သောကြောင့်လည်း ကုန်သွယ်ရေး ပြန်လည် လည်ပတ်လာ ကြောင်း သိရသည်။

RelatedPosts

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
475
မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

24 December 2025
2.7k
သွင်းကုန်ထိန်းချုပ်မှု ကုန်ပစ္စည်း ပိုမိုရှားပါးလာ

သွင်းကုန်ထိန်းချုပ်မှု ကုန်ပစ္စည်း ပိုမိုရှားပါးလာ

22 December 2025
649

လက်ရှိ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ ရာဘာ၊ နှမ်းနှင့် အခြား ကုန်စည်များမှာ တရုတ်ဘက်သို့ တရက်လျှင် ကား အစီးရေ ၁၀၀ ဝန်းကျင်သွားပြီး တရုတ်ဘက်မှလည်း လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်း၊ ဆေးဝါးများ၊ ဓာတ်မြေဩဇာနှင့် စားသောက်ကုန် ပစ္စည်းများမှာ ကားအစီးရေ ၄၀ မှ ၅၀ နီးပါး ဝင်ရောက်နေကြောင်း ၎င်းက ပြော သည်။

တရုတ်သို့ တင်ပို့မည့် ဖရဲ၊ သခွားများ (ဓာတ်ပုံ- ခွာညိုသစ်သီးပွဲရုံ)

စိုက်ပျိုးမှု အနေနှင့်လည်း ယခုနှစ်တွင် အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ယခင်နှစ်များထက် ဖရဲ၊ သခွား စိုက်ပျိုးမှု ကုန်ကျစရိတ်မှာ ၃ ဆခန့် ပိုများပြီး ယိုးဒယား ဖရဲ ၁ ဧက လျှင် ကျပ် ၃၅ သိန်းနှင့် ၄၀ ကြားအထိ စိုက်ပျိုးမှု ကုန်ကျခဲ့ကြောင်း ဖရဲစိုက်တောင်သူများထံက သိရသည်။

ပြီးခဲ့သည့်၂၀၂၀ ပြည့်နှစ် ကိုဗစ်ကပ်ရောဂါ ဖြစ်ပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ ကျန်းမာရေး၊ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ ပိတ်လိုက်၊ ဖွင့်လိုက်နှင့် မရေရာမှုများ ရှိခဲ့သလို၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဈေးကွက် ပို၍ ပျက်ခဲ့သဖြင့် မြန်မာ့ဖရဲစိုက်တောင်သူများမှာ ဖရဲတင်ပို့ချိန်တွင် ဆုံးရှုံးမှုများနှင့် ကြုံခဲ့ရသည်။

You may also like these stories:

ခရီးသည်နည်း၍ အဝေးပြေးယာဉ်လိုင်းတချို့ အစီးရေ လျှော့ချပြေးဆွဲ

မီးပျက်ချိန် များသဖြင့် မန္တလေးရှိ အသေးစားလုပ်ငန်းအချို့ ရပ်နား

Your Thoughts …
Tags: ကိုဗစ်တရုတ်ဖရဲ သခွားလော့ဒေါင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
ကမ္ဘာ့ဖလား ဂျာစီအင်္ကျီများသည် ဒေါ်လာ ၉၀ မှ ၁၅၀ ကြား ကုန်ကျသည်  / The New York Times

ကမ္ဘာ့ဖလား ဂျာစီအင်္ကျီတွေ ဘယ်သူချုပ်သလဲ

မီးမလာလည်း မီးဖိုးက အမြဲလာသည်

စစ်ကောင်စီ လျှပ်စစ်မီး မပေးနိုင်တော့

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved