• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

နှိပ်ကွပ်နေသည့် ကြားမှပင် ဒေါ်လာနှင့် ရွှေဈေး ထပ်တက်လာပြန်

by ဧရာဝတီ
15 June 2023
in စီးပွားရေး
A A
ယခုရက်ပိုင်းအတွင်း ၁ ဒေါ်လာလျှင် ၃၀၀၀ ကျပ်ဝန်းကျင်နှင့် ပြည်တွင်းအကယ်ဒမီ အခေါက်ရွှေဈေးမှာလည်း ကျပ် ၃၁ သိန်း ကျော်ထိ မြင့်တက်လာသည် / AFP

ယခုရက်ပိုင်းအတွင်း ၁ ဒေါ်လာလျှင် ၃၀၀၀ ကျပ်ဝန်းကျင်နှင့် ပြည်တွင်းအကယ်ဒမီ အခေါက်ရွှေဈေးမှာလည်း ကျပ် ၃၁ သိန်း ကျော်ထိ မြင့်တက်လာသည် / AFP

4.8k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီ၏ စောင့်ကြည့် ဖမ်းဆီးခြင်းများ ပြုလုပ်နေသည့် ကြားမှ ယခုရက်ပိုင်းအတွင်း ၁ ဒေါ်လာလျှင် ၃၀၀၀ ကျပ်ဝန်းကျင်နှင့် ပြည်တွင်းအကယ်ဒမီ အခေါက်ရွှေဈေးမှာလည်း ကျပ် ၃၁ သိန်း ကျော်ထိ ထပ်မံမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယခုတပတ်အတွင်း ရန်ကုန်မြို့ရှိ သွင်းကုန်လုပ်ငန်းရှင်များနှင့် ဒေါ်လာငွေလဲလှယ်သူတချို့ကို စစ်ကောင်စီက ခေါ်ယူပြီး ၁ ဒေါ်လာလျှင် ၂၉၀၀ ကျပ်ထပ် ပိုပေး၍ မဝယ်ယူရန်နှင့် ရောင်းချသည့်သူများကိုလည်း ၂၉၀၀ ကျပ်ထက် ပိုမရောင်းရန် သတိပေးခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့ပြင် ပြည်တွင်း ရွှေဈေးကွက်တွင်လည်း ယခုလ ၁ ရက်နှင့် ၂ ရက်နေ့တွင်လည်း မန္တလေးမြို့ရှိ ရွှေဆိုင်နှင့် အခေါက်ရွှေရောင်းချသည့် ဆိုင်တချို့ကိုလည်း ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ ဒေါ်လာငွေကြေး ကစားခြင်း၊ တရားမဝင်ရွှေ တင်သွင်း တင်ပို့ခြင်း လုပ်ငန်းများ လုပ်ကိုင်သည်ဟု ဆိုကာ ရွှေကုန်သည်တချို့ကို ဖမ်းဆီးခဲ့ပြီး ရန်ကုန်မြို့ ရွှေဈေးကွက်ကို စောင့်ကြည့်သည့်အခြေအနေများ ရှိနေကြောင်း ကုန်သည်များထံက စုံစမ်း သိရှိရသည်။

ရန်ကုန်မြို့ရှိ ဒေါ်လာငွေကြေးလဲလှယ်ရေး ကိုယ်စားလှယ်တဦးက “ဒီတပတ်ထဲ ဝယ်တဲ့ ရောင်းတဲ့သူတွေကို တိုက်ရိုက်ညှိပြီးတော့ ၁ ဒေါ်လာ ၂၉၀၀ ကျပ် ထပ်ပိုမဝယ်ပါနဲ့ ခေါ်ပြောတယ်။ ဒါပေမယ့် ဒီမှာတော့ သူတို့မေးရင် ၁ ဒေါ်လာ ၂၈၀၀ ကျော်ပေါ့၊ ဘာညာ နှစ်ဦးနှစ်ဖက် သဘောတူသလို ဖြေရတာပေါ့။ အပြင်မှာကျတော့ အဆင်ပြေသလိုပဲ လုပ်ကြရတာပေါ့”ဟု လက်ရှိဈေးကွက်အခြေအနေကို ဧရာဝတီသို့ ပြောသည်။

ပြည်တွင်း ဒေါ်လာဈေးမှာ ယခု ဇွန်လ ၁ ဒေါ်လာလျှင် ၂၉၂၀ ကျပ် ရှိခဲ့ရာမှ ယခု ၁၅ ရက်နေ့တွင် ၃၀၀၀ ကျပ် ဝန်းကျင်သို့ ရောက်ရှိလာသောကြောင့် ၁ ဒေါ်လာလျှင် ၈၀ ကျပ် ဝန်းကျင် မြင့်တက်လာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
232
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

ဆက်လက်၍ ၎င်းက “ဈေးကွက်ကတော့ ပစ္စည်းရှားတာက စတာပဲ။ ဝယ်လိုအား တက်လာတဲ့အခါ ဈေးက ပါလာတာပေါ့။ ဒီကြားထဲ ပွဲစား လုပ်စားကိုင်စားတွေ ပါလာတဲ့အခါ ဈေးက လိုတာထက် ပိုမြှင့်တာလည်း ပါတာပေါ့။ ဥပမာ ပုံမှန် အနေအထားနဲ့ နှစ်ကျပ် သုံးကျပ် တက်တဲ့ ခေတ်မှာ အခုလို ခေတ်ဆိုးတဲ့ အချိန်က ခြောက်ကျပ်လောက် တက်တာပေါ့။ သူတို့ (စကစ) ဒေါ်လာ ထုတ်ရောင်းမယ် ဆိုတာကလည်း ဘဏ်တွေက သူတိုနဲ့ အဆင်ပြေတဲ့ customer တွေလောက်ပဲ ထုတ်ရောင်းတာ။ တကယ်တမ်း များများစားစားဈေးကွက်ထဲ မရောက်လို့သာ တက်တာ။ ဒီတပတ်အတွင်း ၁ ဒေါ်လာ ၃၀ ကျပ်နဲ့ ၄၀ ကျပ်လောက် တက်လာတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ ဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် စစ်ကောင်စီက ဒေါ်လာရောင်း/ဝယ်ရေးနှင့် သက်ဆိုင်သူများကို ခေါ်ယူ သတိပေးခြင်းများ ရှိနေပြီး အလားတူ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၃၁ သိန်း ကျော်ထိ မြင့်တက်နေသော ရွှေဈေးကွက်ကိုလည်း စောင့်ကြည့်နေသည်။

ရန်ကုန်မြို့ရှိ ရွှေဆိုင်ပိုင်ရှင် တဦးက “ရွှေကတော့ ဒေါ်လာဈေးတော်တော်တက်သွားလို့ပါ။ ဈေးကွက်ရဲ့ အရောင်းအဝယ်ကတော့ မဖြစ်စလောက်ပါပဲ။ တော်တော်လေး အဖမ်းအဆီးတွေ ရှိနေတယ်လည်း ကြားနေရတော့ ကြောက်နေရတယ်။ အဲ့ကြောင့် သိပ်မဖြစ်ပါဘူး။ ကျပ်သိန်း ၃၀ ကျော်ရင် မရောင်းရဘူးလို့ စာထုတ်ထားတော့ အခု ကျပ်သိန်း ၃၀ ကျော်နေတော့ ဖမ်းမယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတာပေါ့နော်။ အဲ့ဒီတော့ နည်းနည်း လုပ်ရ ကိုင်ရ ခက်နေတာပေါ့။ ဈေးကွက်ကတော့ အန္တရာယ် ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ပြည်တွင်း ရွှေဈေးကွက်မှာ ယခု ဇွန်လ ၁ ရက်က ကျပ် ၃၀၉၀၀၀၀ ဝန်းကျင်သာ ရှိသော်လည်း ယခု ၁၅ ရက်နေ့တွင် ကျပ် ၃၁၂၀၀၀၀ အထိ မြင့်တက်လာသောကြောင့် ကျပ် ၁ သိန်းကျော် နီးပါး မြင့်တက်လာခြင်းဖြစ်ပြီး အတုံးအခဲ (အကယ်ဒမီအခေါက်ရွှေ) ဈေးကွက်မှာ အဖမ်းအဆီးများ ရှိနေသည့် အတွက် ရောင်းရ ဝယ်ရ ခက်ခဲနေကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း ရန်ကုန်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်နှင့် ရွှေကုန်သည် ၁၅ ဦးခန့်အား စစ်ကောင်စီက ရက်ပိုင်းခန့် ခေါ်ယူစစ်ဆေးခဲ့သည့် အတွက် ကုန်သည်များက ယခုလို ဈေးနှုန်းများ မြင့်တက်နေချိန်တွင် စိုးရိမ်နေကြသည်။

စစ်ကောင်စီ ထိန်းချုပ်ထားသော ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရုံးတွင် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ် ၂၂၈၄၄၀၀ ကျပ်သာ ရှိသော်လည်း ပြင်ပ အကယ်ဒမီအခေါက်ရွှေဈေးမှာ တကျပ်သားလျှင် ကျပ် ၃၁၂၀၀၀၀ အထိ မြင့်တက်နေသဖြင့် YGEA သတ်မှတ်ဈေးနှင့် နှိုင်းယှဉ်လျှင် ကျပ် ၈ သိန်းကျော် ကွာဟနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြင့်တက်လာသော ကုန်ဈေးနှုန်းနှင့် ဒေါ်လာငွေလဲလှယ်နှုန်းများကို ထိန်းရန်အတွက် ၎င်း၏ လက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မူဝါဒ အမျိုးမျိုး ထုတ်ပြန်ခြင်း၊ ဘဏ်များတဆင့် ဒေါ်လာငွေ ရောင်းချခြင်း၊ ကုန်သည်လုပ်ငန်းရှင်များကို အာဏာနှင့် ထိန်းခြင်းများ ပြုလုပ်ခဲ့သော်လည်း လက်ရှိ အာဏာသိမ်း နှစ်ကျော်အထိ နည်းလမ်း မမှန်သဖြင့် ထိန်းနိုင်ခြင်း မရှိကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထား သည်။

မြန်မာနိုင်ငံသည် စားသုံးဆီ၊ စက်သုံးဆီ အပါအဝင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းများ စသည်တို့ကို ပြည်ပနိုင်ငံအသီးသီးမှ တင်သွင်းနေရပြီး သွင်းကုန်ကို အဓိက အားထားနေရသည့် အတွက် ကြောင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းများ မြင့်တက်လာသည်နှင့်အမျှ အခြား ကုန်ဈေးနှုန်းများလည်း မြင့်တက်လျက် ရှိသည်။

You may also like these stories:

တဒေါ်လာ ၃၀၀၀ ဖြစ်လာရခြင်း နောက်ကွယ်

ပို့ကုန်ဝင်ငွေ ဆက်တိုက် ကျဆင်းသည့် အကြောင်းအရင်း စစ်ကောင်စီ မေးမြန်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဇောက်ထိုးဆင်းနေ

အိန္ဒိယ ကုန်သွယ်ရေး ရူပီး သုံးမည်

တရုတ်နယ်စပ်ကုန်သွယ်ရေး၌ ယွမ်ငွေကိုသာ သုံးရမည်ဟု စစ်ကောင်စီသတ်မှတ်

Your Thoughts …
Tags: ထပ်တက်လာပြန်ဒေါ်လာဒေါ်လာငွေလဲလှယ်သူရွှေဈေးသွင်းကုန်လုပ်ငန်းရှင်များအဖမ်းအဆီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

by ဧရာဝတီ
11 September 2023
24.3k

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်လာ

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်လာ

by ဧရာဝတီ
10 September 2024
9.9k

ယနေ့တွင် ၁ ဒေါ်လာလျှင် ၅၂၀၀ ကျပ်အထိ ပြန်တက်ခဲ့သလို အကယ်ဒမီအခေါက်ရွှေဈေးမှာလည်း ၁ ကျပ်သားလျှင် ၆၆ သိန်းကျော်သို့ ပြန်လည် မြင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဝန်ကြီးချုပ်နှင့် ဒေါ်ကြူကြူလှ မကယ်က ဦးသန့်စင် ထောင်ကျနိုင်ဟုဆို

ဝန်ကြီးချုပ်နှင့် ဒေါ်ကြူကြူလှ မကယ်က ဦးသန့်စင် ထောင်ကျနိုင်ဟုဆို

by အောင်သူရ
27 November 2025
8.7k

ဒုဝန်ကြီး ဦးသန့်စင်အား စစ်ထောက်လှမ်းရေးများမှ ဖမ်းဆီးစစ်ဆေးခြင်းသည် ဝန်ကြီးချုပ် ဦးညိုစောနှင့် စစ်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့၏ အားပြိုင်မှုကို မြင်ရသည့်ဖြစ်ရပ်တခု ဖြစ်သည်

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

by ဧရာတီ
15 November 2023
7.9k

နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် စက်သုံးဆီတင် သင်္ဘော ၄ စင်းဆိုက်ကပ်ထားပြီး ထပ်မံရောက် ရှိလာမည့် သင်္ဘော ၁၅ စင်း ရှိကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း...

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

by ဧရာဝတီ
19 July 2024
5.6k

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံတကာဘဏ်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံဘဏ် တခု ဖြစ်ပြီး နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများ၊ နိုင်ငံခြားသားများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေပေးငွေယူကိစ္စ စသည်တို့ကို ဆောင်ရွက်ရသောဘဏ်တခု ဖြစ်သလို ဒေါ်လာလိုအပ်နေသော...

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်

by ဧရာဝတီ
24 January 2024
5.5k

ဇန်နဝါရီလဆန်းက ၃၄၀၀ ကျပ်ကျော်သာ ရှိခဲ့သည့် အမေရိကန်ဒေါ်လာမှာ ယခုအခါ ၃,၅၅၀ ကျပ်ဖြစ် လာပြီး ၁ ဒေါ်လာ လျှင် ၁၀၀ ကျပ်ကျော် မြင့်လာသလို အကယ်ဒမီအခေါက်ရွှေဈေးသည်လည်း ၁ ကျပ်သား ကျပ် ၃၇...

Next Post
ဆိုင်ကလုန်းမိုခါ တိုက်ခတ်အပြီး စစ်တွေမြို့ကို မြင်ရစဉ်

နိုင်ငံတကာ ရန်ပုံငွေ ယူသင့် မယူသင့်

အမိုးကို တာပေါ်လင်စများဖြင့် မိုးထားရသော မြောက်ဦးက အိမ်တလုံး

မိုခါမုန်တိုင်းအပြီး တလအကြာ ရခိုင်ပြည်နယ်ကို အငတ်ဘေးနှင့် ပျက်ဆီးမှုများ ခြိမ်းခြောက်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved