• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

သောင်ရင်းမြစ်လှေဂိတ်များမှ ကုန်စည်ပို့ခွင့်ပိတ် မြန်မာကုန်သည်တို့ အခက်ကြုံ

by ပပ
26 March 2025
in စီးပွားရေး
A A
သောင်ရင်းမြစ်လှေဂိတ်များမှ ကုန်စည်ပို့ခွင့်ပိတ် မြန်မာကုန်သည်တို့ အခက်ကြုံ

ထိုင်း-မြန်မာနယ်စပ်အနီး လုံခြုံရေးစစ်ဆေးနေသည့် ထိုင်းစစ်သားများအား မတ် ၂၅ ကတွေ့ရစဉ်/ AEC อาเซียน News

5.2k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ သောင်ရင်းမြစ်ကို ဖြတ်၍ လှေဂိတ်များမှတဆင့် မြဝတီသို့ ပို့ဆောင်နေသော Transit Cargo (ဖြတ်သန်းကုန် စည်)များကို တာ့ခ် ခရိုင်အုပ်ချုပ်ရေးမှူးက မတ်လ ၂၂ ရက်မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ရာ မြန်မာ ကုန်သည် တို့ အခက်တွေ့နေသည်။

ထိုသို့ ပိတ်ရခြင်းမှာ မတ်လ ၂၁ ရက်က ယင်း လှေဂိတ်များကို ဖြတ်၍ မဲဆောက်- တာ့ခ်ခရိုင်လမ်းကြောင်းအတိုင်းလာသော တွဲကားတစီးကို နခွန်စဝမ်မြို့ ၌ ရှာဖွေရာ စိတ်ကြွဆေး ၁၈သန်း ကျော်ကို မိသဖြင့် ဖြစ်ကြောင်းသိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
52

ထို့အတွက် ထိုင်းနိုင်ငံကို တဆင့်ခံကာ ဂျပန်၊ စင်ကာပူ၊ တရုတ်၊ ကိုရီးယားတို့မှ အလှကုန်၊ လူသုံးကုန်၊ စားသောက်ကုန်၊ အိမ်သုံး၊ ဆောက်လုပ်ရေးသုံး၊ လျှပ်စစ်ပစ္စည်း၊ ဂျပန်ကားများကို သောင်းရင်းမြစ်တလျှောက်ရှိ လှေဂိတ် ၅၉ ခုကို သုံး၍ မြဝတီမြို့သို့ တင်ပို့နေမှုအစား အမှတ် ၂ ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတားမှသာ တရားဝင် သယ်ဆောင်ခွင့်ပြုတော့မည် ဖြစ်သည်။

“Transit နဲ့ ကျတော့ တံတားပေါ်က သွားလို့ရတဲ့ပစ္စည်းရှိသလို သွားလို့မရတဲ့ ကုန်တွေလည်းရှိတယ်။ ဓာတ်ဆီ၊ ဒီဇယ်၊ ဓာတုပစ္စည်းတွေဆို တံတားက ပေးမသွားဘူး။ တခုရှိတာက ခွင့်ပြုချက်ရှိတဲ့ ဓာတုပစ္စည်းတွေဆို စာရွက်စာတမ်းပြည့်စုံရင် တံတားပေါ်က ဖြတ်လို့ရတယ်။ ဒါပေမယ့် အခုချိန် မြန်မာက လိုင်စင်အခက်အခဲရှိတော့ အောက်ကသွားနေရတာ” ဟု ကုန်သည်တဦးက ပြောသည်။

လတ်တလောတွင် ထိုင်းနိုင်ငံအနေဖြင့် Transit Cargo ကို မည်သည့် ပုံစံမျိုးဖြင့် ခွင့်ပြု၍ ရနိုင်မည်ဆိုသည့်နည်းလမ်းအား ကုန်သည်များ ရှာဖွေနေရကြောင်း ကုန်သည်များက ဆိုသည်။ သို့သော် Transit Cargo (ဖြတ်သန်းကုန်စည်များ)ကိုသာ ပိတ်လိုက်သော်လည်း ထိုင်းနိုင်ငံထုတ်လူသုံးကုန်၊ စားသောက် ကုန်တို့ကိုမူ လှေဂိတ်များမှ သယ်ယူခွင့်ပြုကြောင်း သိရသည်။

မြဝတီနယ်စပ်ကုန်သွယ်ရေးမှာ တိုက်ပွဲများကြောင့် အာရှလမ်းမကြီး ပိတ်ထားရခြင်း၊ စစ်ကောင်စီ၏ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲများနှင့် သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် နှစ်နှင့်ချီကြန့်ကြာခြင်း၊ လိုင်စင်တစောင်လျှင် ကျပ် သိန်း ရာချီပေးရခြင်း အကြောင်းအမျိုးမျိုးကြောင့် ကုန်သည်များမှာ ရသည့်နည်းလမ်းဖြင့် ကုန်သွယ်မှုပြုနေရသည်။

သောင်ရင်းမြစ်တလျှောက် နယ်စပ်လှေဂိတ်များကို ထိုင်းဘက်က နယ်စပ်ကုန်သွယ်ရေးတွင် တရားဝင်သတ်မှတ် သော် လည်း မြန်မာဘက်ကမူ အသိအမှတ်မပြုချေ။

လက်ရှိ ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းအစိုးရမှ လျှပ်စစ်နှင့် လောင်စာဆီ အပါအဝင် မိုဘိုင်းဖုန်းအသစ်၊ အင်ဗာတာ၊ ဘက်ထရီ၊ မီးစက်၊ ဆိုလာပြား၊ မိုဘိုင်းကိရိယာများ၊ အင်ဂျင်ဝိုင်၊ ကေဘလ်ကြိုးကအစ ကုန်ပစ္စည်း ၁၂ မျိုးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလက စ၍ ပိတ်ထားရာ လာမည့် ဧပြီလတွင်လည်း Transit ဖြင့် ထိုင်းနိုင်ငံမှ မြန်မာဘက်သို့ တင်သွင်းနေသော ဘက်ထရီနှင့် ဆိုလာများ ပိတ်မည်ဟုလည်း ကြားနေရကြောင်း ကုန်သည်များထံက သိရသည်။

မြဝတီမြို့ ကုန်သည်နောက်တဦးက “သင်္ဘောတင်ကုမ္ပဏီတွေက အကြောင်းကြားလာတာရှိတယ်။ ထိုင်းစစ်တပ်က ကြို အကြောင်းကြားတာ ညွှန်ကြားတာ မဟုတ်ဘဲ တပ်ရဲ့ အမိန့်ဆိုပြီး လုပ်နိုင်တယ်၊ စက်သုံးဆီ ပိတ်သလို လုပ်လိုက်ရင် ငွေချေပြီး ဆီကား ၄၁ စီးလောက် မဲဆောက် ပိတ်မိနေတာမျိုး ဖြစ်မှာစိုးလို့ ထိုင်းကုန်သည်က မြန်မာကုန်သည်ကို အကြောင်းကြားတယ်၊ ပိတ်မပိတ်ကတော့ ထိုင်းစစ်တပ် ပေါ်မူတည်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုအခြေအနေများကြောင့် ထိုင်းနိုင်ငံအား တဆင့်ခံ၍ တင်သွင်းနေသော ဘက်ထရီနှင့် ဆိုလာပစ္စည်းများကို ယခု မတ်လ အတွင်း အပြီးတင်သွင်းမှုများ ပြုလုပ်ထားရန်နှင့် ထိုင်းတော်ဝင်တပ်မတော်မှ Transit များ ချက်ချင်းပိတ်လိုက်ပါက ထိုင်း ကုမ္ပဏီများဘက် တာဝန်မယူကြောင်း မြန်မာကုန်သည်များထံသို့ ထိုင်းကုန်သည်ဘက်မှအချင်းချင်း သတိပေး ပြောဆိုမှု များလည်းရှိနေချိန် ယခုကဲ့သို့ လှေဆိပ်များပိတ်ခြင်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ ဥက္ကဋ္ဌလည်းဖြစ်သူကာကွယ်ရေးဝန်ကြီး Phumtham Wechayachai ကလည်း မတ်လ ၂၂ ရက်က ပြုလုပ်သော နယ်စပ်ဒေသများ လုံခြုံရေးခြိမ်းခြောက်မှုများတားဆီးရေးနှင့်ဖြေရှင်းရေး ကော်မတီအစည်း အဝေးအပြီး အိမ်နီးချင်းနိုင်ငံ၏ နယ်စပ်ဒေသတွင် လည်ပတ်နေသော ရာဇဝတ်မှုကွန်ရက်များ တိုက်ဖျက်ရန် မြန်မာ နိုင်ငံအတွက် လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီကန့်သတ်ချက်များကို ဖြေလျှော့ပေးမည် မဟုတ်ကြောင်း ပြောဆို ထားသည်။

You may also like these stories:

နယ်စပ်ကုန်သွယ်ရေးအတွက် ရနောင်းဆိပ်ကမ်း တိုးချဲ့မည်

မြဝတီ-ရန်ကုန်သွား ကုန်ကားများ ပိုမိုစစ်ဆေး၊ ကုန်စည်ပို့ဆောင်မှု နှေးကွေး

ကျားဖြန့်နှိမ်နင်းရေး ကြာရှည်ပါက နယ်စပ်ကုန်သွယ်ရေး ထိခိုက်နိုင်

ထိုင်းက လူသုံးကုန်ပစ္စည်း တချို့ ထပ်မံပိတ်

Your Thoughts …
Tags: Transit Cargoကုန်စည်ထိုင်းနယ်စပ်လှေဆိပ်ဂိတ်
ပပ

ပပ

Similar Picks:

ဒု စစ်ခေါင်းဆောင် အမိန့်ကြောင့် ထိုင်း တရုတ်ကုန်များ အဖမ်းအဆီးကြမ်း

ဒု စစ်ခေါင်းဆောင် အမိန့်ကြောင့် ထိုင်း တရုတ်ကုန်များ အဖမ်းအဆီးကြမ်း

by ဧရာဝတီ
17 October 2024
9.1k

ကုန်သွယ်ရေးမှာ တရားမဝင်ဆိုပြီး ဖမ်းရင် ကုန်သည်နဲ့ သုံးစွဲတဲ့ ပြည်သူပဲခံရမှာ။ လက်နက် ကိုင်က ဘာမှမနစ်နာသွားဘူး။ လက်နက်ကိုင်တွေက ကားတစီး သိန်း ၃၀၊ သိန်း ၄၀၊ အစားစားပဲ ကားဘီးအမျိုး အစား အပေါ် မူတည်ပြီး...

ရခိုင်နှင့် ပြည်မ ဆက်ထားသောလမ်းများ စစ်ကောင်စီ ပြန်ဖွင့်

ရခိုင်နှင့် ပြည်မ ဆက်ထားသောလမ်းများ စစ်ကောင်စီ ပြန်ဖွင့်

by မိအိသဉ္ဇာမြင့်
15 May 2024
3.3k

အမ်းမြို့တွင် စစ်တပ်ရိက္ခာထဲမှ တပတ်စာ စားသောက်ကုန်ကို ဈေးနှုန်းသတ်မှတ်၍ အိမ်ထောင်စု ဇယားရှိ လူဦးရေအတိုင်း ခွဲတမ်းဖြင့် ရောင်းချပေးလျက်ရှိပြီး လူတဦးအတွက် ၁ ပတ်စာ စားသောက်ကုန် အနေဖြင့် ဆန် ၁ ပြည်သာဝယ်ယူ၍ ရသော်လည်း ယခုအခါ...

ထိုင်းပိုင်နက်ထဲ စစ်ကောင်စီတပ် ဝင်ရောက်မှု စုံစမ်းစစ်ဆေးရန် တိုက်တွန်း

ထိုင်းပိုင်နက်ထဲ စစ်ကောင်စီတပ် ဝင်ရောက်မှု စုံစမ်းစစ်ဆေးရန် တိုက်တွန်း

by ဧရာဝတီ
13 September 2023
3.1k

မြန်မာစစ်သား အယောက် ၁၀၀ နီးပါးသည် ထိုင်း-မြန်မာ နယ်စပ် ထိုင်းဘက်အခြမ်း ရွာ ၂ ရွာဖြစ်သည့် Ban Le Tong Khu နှင့် Ban Mo Ta Lua တွင်...

စစ်ကောင်စီတပ်သားများ ကော့ကရိတ်ရှိ ဖူ့ချိမူစခန်းအား စွန့်ခွာထွက်ပြေး

စစ်ကောင်စီတပ်သားများ ကော့ကရိတ်ရှိ ဖူ့ချိမူစခန်းအား စွန့်ခွာထွက်ပြေး

by စောလွင်
20 May 2024
3k

စခန်းစွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ထိုင်းနယ်စပ်ဘက် ဦးတည်ထွက်ပြေး နေသော အင်အား ၂၀ ကျော်ရှိအဖွဲ့မှာ ယမန်နေ့တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနှင့် အမျိုးသား ၃ ဦးကို သတ်ဖြတ်သွား

ကြက်ဥကို သတ်မှတ်ဈေးဖြင့် မရောင်းပါက ဖမ်းမည်ဟု ခြိမ်းခြောက်

ကြက်ဥကို သတ်မှတ်ဈေးဖြင့် မရောင်းပါက ဖမ်းမည်ဟု ခြိမ်းခြောက်

by ဧရာဝတီ
16 December 2024
2.3k

ဆန်၊ ဆီ အပါအဝင် စားသောက်ကုန်စည်များအား သတ်မှတ်ဈေးနှင့် ရောင်းချခြင်းမပြုပါက အသွင်ယူဖမ်းဆီးမည် ဖြစ်ကြောင်း စစ်ကောင်စီက ခြိမ်းခြောက်သတိပေးနေကြောင်း ကုန်ခြောက်ဆိုင်ပိုင်ရှင်များထံမှ သိရသည်။

ငလျင်အပြီး ရန်ကုန်- မန္တလေး သယ်ယူပို့ဆောင်ခ နှစ်ဆမြင့်သွား

by ဧရာဝတီ
26 April 2025
2.2k

လက်တလောတွင် ငလျင်ဘေးအတွက် ကယ်ဆယ်ရေးနှင့် နေရာချထားရေးများ ဆက်လက်လုပ်ဆောင်နေရဆဲ ဖြစ်သောကြောင့် ကယ်ဆယ်ရေး ပစ္စည်းများနှင့် လိုအပ်သည့် ကုန်စည်များကိုသာ သယ်ယူပို့ဆောင်မှုများရှိနေပြီး ကုန်ကားပိုင်ရှင်အချို့ကလည်း လမ်းပန်းအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း

Next Post
ရာဘာဖိနပ်တွေ ဝယ်သွားကြပါဦး

ရာဘာဖိနပ်တွေ ဝယ်သွားကြပါဦး

MNDAA လားရှိုးကို ပြန်မပေးရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

MNDAA လားရှိုးကို ပြန်မပေးရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved