• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

နယ်စပ်ကုန်သွယ်ရေးအတွက် ရနောင်းဆိပ်ကမ်း တိုးချဲ့မည်

by ပပ
14 March 2025
in စီးပွားရေး
A A
နယ်စပ်ကုန်သွယ်ရေးအတွက် ရနောင်းဆိပ်ကမ်း တိုးချဲ့မည်

၂၀၂၀ ခုနှစ်က တွေ့ရသည့် ရနောင်းဆိပ်ကမ်း (The Nation)

2.7k
VIEWS
Share on FacebookShare on Twitter

ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နင်းရေးကြောင့် မြဝတီနှင့် တာချီလိတ် နယ်စပ်ကုန်သွယ်ရေး ခက်ခဲလာသဖြင့် ကော့သောင်း- ရနောင်းနယ်စပ်ကို ပိုမိုအားထားလာသည့် ထိုရုတ်ခြည်းအခြေအနေကြောင့် ရနောင်းဆိပ်ကမ်း၌ အခြေခံအဆောက်အအုံများ လိုအပ်သဖြင့် ထိုင်းအာဏာပိုင်တို့က ထပ်မံတိုးချဲ့ရန် စီစဉ်နေသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ကရင်ပြည်နယ် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲဖြစ်ပွား အာရှလမ်းမကြီးပိတ်သွားပြီးကတည်းက ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ရန်ကုန်-ကော့သောင်း-ရနောင်း ရေလမ်းဖြင့် အစားထိုးခဲ့ရာ ယခုအခါ ကျားဖြန့် နှိမ်နင်းရေးကြောင့် လွတ်ကင်းနေသည့် အဆိုပါ ရေလမ်းကြောင်းကို ပိုမိုသုံးလာခြင်းဖြစ်သည်။

ရနောင်းဆိပ်ကမ်းသည် ဒေသတွင်း ပုံမှန်ကူးသန်းရောင်းဝယ်ရေးသာ လုပ်ဆောင်နေရာမှ ယခုအခါ သွင်းကုန်၊ ထုတ်ကုန် ပမာဏ ပိုမိုများပြား လာသဖြင့် ဝန်ချီစက်များ၊ ဂိုဒေါင်များ၊ ရုံးအဆောက်အဦများ၊ ကွန်တိန်နာများထားရန် စသည်တို့ကို ပို့ဆောင်ရေးဝန်ကြီးဌာနက စီစဉ်နေခြင်းဖြစ် ကြောင်း ထိုင်းသတင်းများက ဆိုသည်။

ထိုင်း ပို့ဆောင်ဆက်သွယ်ရေး ဒုဝန်ကြီး မန်နာဖွန်ခရွန်ဆရီ၏ အဆိုအရ မြန်မာနိုင်ငံတွင် နယ်မြေ မငြိမ်မသက်မှု များ ဖြစ်ပွားနေသည့်အပြင် မြဝတီ၊ တာချီလိတ်မြို့တို့ကို အခြေစိုက်ကာ လုပ်ကိုင်သည့် အွန်လိုင်းငွေလိမ်ဂိုဏ်များကို အကြီး အကျယ်နှိမ်နင်းနေသောကြောင့် ရနောင်း နယ်စပ်ကုန်သွယ်ရေး တိုးလာခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်း၌ ယခုလ ၉ ရက်က ဖော်ပြထားသည်။

ယခင်က ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို မဲဆောက်-မြဝတီ၊ ချင်းရိုင်-တာချီလိတ် လမ်းကြောင်းတို့မှ ကုန်းလမ်းဖြင့် ပြုလုပ်သော်လည်း ယခုအခါ ထိုင်းကုန်သည်များက ရနောင်း-ကော့သောင်း ရေလမ်းကြောင်းမှ ပြောင်းလဲတင်ပို့မှု များ ပြုလုပ်လာသဖြင့် ထိုင်းတောင်ပိုင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် ရနောင်းဆိပ်ကမ်းသည် အရေးပါသည့် လမ်းကြောင်းတခုဖြစ်ကြောင်း ၎င်းက ပြောဆိုထားသည်။

လက်ရှိတွင် မြဝတီနယ်စပ်မှအဓိကတင်ပို့နေရသော ပြောင်းတင်ပို့မှုမှာလည်း ပြီးခဲ့သည့်နှစ်ကတည်းက ရပ်ဆိုင်းနေသောကြောင့် တာချီလိတ်နှင့် ကော့သောင်း-ရနောင်း တို့ဘက်မှသာ အဓိကထား တင်ပို့နေကြသည်။

ကော့သောင်း-ရနောင်းကုန်သည်ကြီးတဦးက “အခုပြောင်းက ရာသီပြန်စတော့ ဝင်တာ၊ ထွက်တာ ပိုများလာတယ်၊ ဆိပ်ကမ်းကို ထိုင်းဘက်က တိုးချဲ့နေသလို မြန်မာဘက်ကလည်း တိုးချဲ့ဖို့ လုပ်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခုပြောင်း ရာသီတွင် သင်္ဘောတင်မှုများ၍ ဆိပ်ကမ်းကပ်ရန် နေရာမလုံလောက်၍ မြန်မာဘက်က လည်း ဆိပ်ကမ်းတိုးချဲ့ရန် စစ်ကောင်စီတာဝန်ရှိသူများ လာရောက်ကြည့်ရှုခြင်းများရှိကြောင်း ၎င်းက ဆိုသည်။

၂၀၂၁ ခုနှစ်က တွေ့ရသည့် ကော့သောင်းဆိပ်ကမ်း (MOI)

ရနောင်းဆိပ်ကမ်းအာဏာပိုင်အဖွဲ့ချုပ်မှ Kriengkrai Chaisiriwongsuk ကလည်း ရနောင်းဆိပ်ကမ်းသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စ၍ ထိုင်းဘက်မှ တင်ပို့မှုတွင် ဘိလပ်မြေအပါအဝင် ကုန်ပစ္စည်းတချို့ တင်ပို့မှု များလာပြီး တင်သွင်းမှု တွင် မြန်မာဘက်မှ ပြောင်းတင်သွင်းမှု များလာကြောင်း ပြောထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ရနောင်းဆိပ်ကမ်းတွင် ကုန်တင်သင်္ဘော ၂၈၁ စင်း ဆိုက် ကပ်ခဲ့သောကြောင့် ၂၀၂၃ ခုနှစ် မတိုင်ခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ၆၉ ရာခိုင်နှုန်း ပိုများလာခြင်းဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်းမှာပင် ကုန်တင်သင်္ဘော ၆၁ စင်း ဆိုက်ကပ်ထားသဖြင့် ၉၁ ရာခိုင်နှုန်း ပိုများလာကြောင်း ထိုင်းသတင်း၌ ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး တနှစ်ကျော်အကြာ မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တိုက်ပွဲများနှင့် အာရှလမ်းမကြီး ပိတ်ထားခြင်း၊ စစ်ကောင်စီက သွင်းကုန်လိုင်စင်ချထားပေးမှု ကြန့်ကြာခြင်း၊ ပို့ကုန်ရငွေများကို ဖြတ် တောက်ခြင်း အစရှိသည့်အကြောင်းများကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ ပုံမှန်ထက် ကုန်သွယ်မှုနည်းပါးနေသလို တရားမဝင် လုပ်နေရသည့်ပုံစံမျိုးသာ သွားလာနေရခြင်းဖြစ်ကြောင်း မြဝတီမြို့ခံ ကုန်သည်များထံက သိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၅ ရက်မှစ၍ ထိုင်းအစိုးရက မြဝတီ၊ ဘုရားသုံးဆူနှင့် တာချီလိတ်နယ်စပ်များသို့ အင်တာနက်၊ လျှပ်စစ် နှင့် လောင်စာဆီပို့မှုရပ်ဆိုင်းခဲ့ပြီး ဖေဖော်ဝါရီ ၁၁ တွင် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီမှ မိုဘိုင်းဖုန်းအသစ်၊ အင်ဗာတာ၊ ဘက်ထရီ၊ မီးစက်၊ ဆိုလာပြား၊ မိုဘိုင်းကိရိယာများ၊ အင်ဂျင်ဝိုင်၊ ကေဘလ်ကြိုး အစရှိသည့် လူသုံးကုန်ပစ္စည်း ၁၁ မျိုးအား ကန့်သတ် ပိတ်ပင်ထားသည်။

ထို့အတွက် ရနောင်း-ကော့သောင်း နယ်စပ်ကုန်သွယ်ရေးမှတဆင့် ထိုင်းကုန်သည်များက တင်ပို့ကြပြီး မြန်မာဘက်မှ လိုအပ်သည့် ကုန်သည်များလည်း ရနောင်း-ကော့သောင်းဘက်မှသာ လှည့်၍ တင်သွင်းလာသည့် အခြေအနေများ ရှိသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.5k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
243
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

ရနောင်းမြို့ ဒေသခံ တဦးက “အခုက အပေါ်က ပိတ်တော့ ရနောင်းဘက်ကို ကုန်တွေက ပိုလာတာ များနေတယ်။ မြန်မာ ပြည်ပို့တဲ့ ကုန်တွေ အကုန်လုံးရနောင်းဘက်က အလာများတယ်။ စက်သုံးဆီလည်း ဒီကနေ သွင်းနေတာပဲလေ။ ပုံမှန်ပဲ။ အခု ပိုတောင် သွင်းနေသေးတယ်။ အရင်ကဆိုရင် ဆီကားတွေ တနေ့ကို ၁၀ စီးဆိုရင် အခုက အစီးရေ ၅၀ လောက် ဖြစ် နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီသည် တရုတ်၊ ထိုင်း နယ်စပ်ကုန်သွယ်ရေးတချို့ ရပ်ဆိုင်းပြီးနောက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်မှ စတင်ကာ ကုန်သွယ်ရေး ပုံစံသစ်ဖြင့် ရန်ကုန်- ကော့သောင်း- ရနောင်း ကုန်သွယ်မှုကို စတင်လုပ်ဆောင်ခဲ့ပြီး ပို့ကုန်တိုးမြှင့်ရေး အတွက် ပြောင်းသီးနှံကို ရန်ကုန်မှ ရနောင်းသို့ တိုက်ရိုက်တင်ပို့မှု လုပ်ဆောင်နေခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ ကော့သောင်းနယ်စပ်ကုန်သွယ်ရေး အနေ ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်းပို့ကုန်တင်ပို့မှု လှေစီးရေ ၄၀၀၀ စီးတန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၅ ဒသမ ၂၉၉ သန်းအား ထိုင်းနိုင်ငံ ရနောင်းမှတဆင့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

You may also like these stories:

ဘားအံ၌ ကုန်ကားများသာမက ဂိုဒေါင်များကိုပါ ရှာဖွေ

မြဝတီ-ရန်ကုန်သွား ကုန်ကားများ ပိုမိုစစ်ဆေး၊ ကုန်စည်ပို့ဆောင်မှု နှေးကွေး

ကျားဖြန့်နှိမ်နင်းရေး ကြာရှည်ပါက နယ်စပ်ကုန်သွယ်ရေး ထိခိုက်နိုင်

Your Thoughts …
Tags: ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေးရနောင်း-ကော့သောင်း
ပပ

ပပ

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

Next Post
မိုးကုတ်မှာ TNLA အတင်းအကျပ် စစ်သားစုဆောင်းနေဟု ဒေသခံများပြော

မိုးကုတ်မှာ TNLA အတင်းအကျပ် စစ်သားစုဆောင်းနေဟု ဒေသခံများပြော

မြန်မာ့တောင်သူများ  ဘဝရပ်တည်ရေး ဘိန်းဆက်စိုက်နေရ

မြန်မာ့တောင်သူများ ဘဝရပ်တည်ရေး ဘိန်းဆက်စိုက်နေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved