• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

iPhone မော်ဒယ်အသစ်တွေကြောင့် Samsung အမြတ်ငွေစံချိန်တင်

by Nigma
8 October 2018
in IT
A A
iPhone မော်ဒယ်အသစ်တွေကြောင့် Samsung အမြတ်ငွေစံချိန်တင်ခဲ့တာ ဖြစ်ပါတယ်

iPhone မော်ဒယ်အသစ်တွေကြောင့် Samsung အမြတ်ငွေစံချိန်တင်ခဲ့တာ ဖြစ်ပါတယ်

25.8k
VIEWS
Share on FacebookShare on Twitter

Samsung ဟာ Apple ရဲ့ iPhone မော်ဒယ်အသစ်တွေကြောင့် ယခု ၂၀၁၈ ခုနှစ်၊ တတိယသုံးလပတ်မှာ စံချိန်တင် အမြတ်ငွေရရှိတော့မှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားအီလက်ထရောနစ်ကုမ္ပဏီကြီးဖြစ်တဲ့ Samsung ဟာ ၂၀၁၈ခုနှစ် တတိယသုံးလပတ် မျှော်မှန်း ဘဏ္ဍာရေးအစီရင်ခံစာကို သောကြာနေ့က ထုတ်ပြန်ကြေညာခဲ့ပြီး၊ စံချိန်တင်အမြတ်ငွေ ရရှိဖို့ ခန့်မှန်းထားကြောင်း အစီရင်ခံစာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ယခုနှစ် တတိယသုံးလပတ်အတွင်းမှာ စုစုပေါင်းအရောင်းဝင်ငွေ ကန်ဒေါ်လာ ၅၇.၅ ဘီလီယံအထိ ရရှိခဲ့ပြီး၊ လုပ်ငန်းလည်ပတ်မှုမှ အမြတ် (Operating Profit) ခန့်မှန်းချေ ကန်ဒေါ်လာ ၁၅ ဘီလီယံလောက် ကျန်မယ်လို့ Samsung က ဖော်ပြထားပါတယ်။

ယခုပမာဏဟာ ယခုနှစ်၊ ပြီးခဲ့တဲ့ ဒုတိယသုံးလပတ်က ရခဲ့တဲ့ စံချိန်တင်အမြတ်ငွေ ကန်ဒေါ်လာ ၁၃ ဘီလီယံ ထပ်တောင် များပြားနေတာကြောင့် စံချိန်ထပ်ချိုးမယ့် သဘောမှာရှိပါတယ်။

ယခုဘဏ္ဍာရေးအစီရင်ခံမှာ ဘယ်လုပ်ငန်းတွေက ဘယ်လောက်ဝင်ခဲ့တယ်ဆိုတာ တိတိကျကျ မဖော်ပြထား သေးပေမယ့်၊ ဝင်ငွေအများစုဟာ Chipset ထုတ်လုပ်ရောင်းချမှုတွေကနေ ရခဲ့တယ်ဆိုတာ သေချာသလောက် ရှိပါတယ်။

စမတ်ဖုန်းလုပ်ငန်းက အခြေအနေဘယ်လိုရှိလဲတော့ မသိရပါဘူး။ ဒါပေမယ့် ယခုနှစ်အစောပိုင်းတုန်းကတော့ Samsung ကုမ္ပဏီကိုယ်တိုင်က မိုဘိုင်းဖုန်းလုပ်ငန်းမှာ အမြတ်လျော့ကျသွားနိုင်ခြေရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ဖူးပါတယ်။

တိုးမြင့်လာတဲ့ မားကတ်တင်းစရိတ်တွေနဲ့အတူ တခြားဖုန်းအမှတ်တံဆိပ်တွေရဲ့ ဈေးကွက်ယှဉ်ပြိုင်မှု တွေလည်း ရှိလာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
244
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146

Chipset ပြီးနောက် Samsung ရဲ့ နောက်ထပ်အဓိကလုပ်ငန်းတခုဖြစ်တဲ့ Samsung Display ဘက်မှာလည်း အမြတ်ခုန်တက်လာဖို့ ရှိတယ်လို့ ခန့်မှန်းရပါတယ်။

Apple ရဲ့ iPhone Xs နဲ့ iPhone Xs Max တို့အတွက် OLED Display တွေကို ထုတ်လုပ်ပေးရာကနေ အမြတ်ငွေခုန်တက်လာတာဖြစ်ကြောင်း Daiwa Capital Markets ရဲ့ ဈေးကွက်သုတေသီ SK Kim က ဆိုပါတယ်။

Samsung Display ရဲ့ အရောင်းဝင်ငွေ ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်ဟာ Apple ဆီကနေ ရတာဖြစ်တယ်လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

The Bell ရဲ့ ဖော်ပြချက်အရဆိုရင် Samsung Display ဟာ ယခုနှစ် တတိယသုံးပတ်မှာ ခန့်မှန်းဝင်ငွေ ကန်ဒေါ်လာ ၇၇၀ မီလီယံအထိ ရရှိခဲ့ပြီး၊ အခုနှစ်တဝက်လုံးပေါင်း ရခဲ့တဲ့ ကန်ဒေါ်လာ ၄၈၁ မီလီယံထက်တောင် များနေတယ်လို့ သိရပါတယ်။

Samsung ဟာ သုံးလပတ်ဘဏ္ဍာရေးအစီရင်ခံစာ အပြည့်အစုံကို ယခုလကုန်မှာ ထုတ်ပြန်ကြေညာသွားဖို့ ရှိပြီး၊ အဆိုပါအစီရင်ခံစာကျရင်တော့ Samsung ရဲ့ လုပ်ငန်းဌာနတခုချင်းစီရဲ့ စွမ်းဆောင်ရည်တွေကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

Ref: Android Authority, CNN

Your Thoughts …
Tags: AppleSamsung
Nigma

Nigma

Contributor

Similar Picks:

AI ပါလာပြီ ဖြစ်တဲ့ iPhone 16 Series

AI ပါလာပြီ ဖြစ်တဲ့ iPhone 16 Series

by ဧရာဝတီ
15 September 2024
2.3k

ကယ်လီဖိုးနီးယား၊ ကူပါတီနိုမှာ ရှိတဲ့ Apple ရုံးချုပ်မှာ ကျင်းပတဲ့ပွဲမှာ Hardware အသစ်တွေကို ကြော်ငြာ သွားခဲ့ပြီး ၎င်းပစ္စည်းတွေနဲ့ AI ဘယ်လို ပေါင်းစပ်ထားသလဲ ဆိုတာကိုလည်း...

သတင်း မှားယွင်း ဖော်ပြမှုကြောင့် Apple AI ကို ဖယ်ရှားပစ်ဖို့ RSF တိုက်တွန်း

သတင်း မှားယွင်း ဖော်ပြမှုကြောင့် Apple AI ကို ဖယ်ရှားပစ်ဖို့ RSF တိုက်တွန်း

by ဧရာဝတီ
29 December 2024
1.9k

RSF နည်းပညာ နဲ့ ဂျာနယ်လစ်ဇင် ဌာန အကြီးအကဲ Vincent Berthier က ဒီ feature ကိုဖယ်ရှားပစ်ပြီး တာဝန်ယူမှုရှိရှိ လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Apple ကို တောင်းဆိုခဲ့ခြင်း ဖြစ်တယ်လို့...

ကိုရီးယား Samsung က AI Features ပါတဲ့ Galaxy S25 စမတ်ဖုန်း ထုတ်ပြ မိတ်ဆက်

ကိုရီးယား Samsung က AI Features ပါတဲ့ Galaxy S25 စမတ်ဖုန်း ထုတ်ပြ မိတ်ဆက်

by ဧရာဝတီ
26 January 2025
1.7k

Samsung language AI team ကို ဦးဆောင်နေတဲ့ ဒုတိယ အမှုဆောင် ဥက္ကဌ Park Ji-sun က သူတို့ဟာ စမတ်ဖုန်း နယ်ပယ်တွင်း AI features တွေနဲ့ ပတ်သက်လို့ ခြေတလှမ်း...

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

by ဧရာဝတီ
24 November 2024
1.4k

OpenAI က Google ရဲ့ အဓိက စီးပွားရေးမိတ်ဖက် ကုမ္ပဏီဖြစ်တဲ့ Samaung ရဲ့ ထုတ်ကုန်တွေမှာ AI (ဉာဏ်ရည်တု) လုပ်ဆောင်ချက်တွေ ထည့်သွင်းဖို့ ဆွေးနွေးခဲ့တယ် ဆိုပြီးလည်း…

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

by ဧရာဝတီ
22 June 2025
1.4k

AI features တွေ တိုးတက် ပြောင်းလဲမှု မရှိခဲ့တာကြောင့် ဇွန်လ ၉ ရက် ၁ နှစ် ပြည့်ချိန်မှာ ဆုံးရှုံးမှု ဒေါ်လာ ဘီလီယံ ရာနဲ့ချီ ရှိနိုင်တဲ့ ရှယ်ယာရှင်တွေက တရား စွဲဆိုခဲ့ခြင်း...

တရုတ် Xiaomi က အီလွန်မတ်စ် ရဲ့ Tesla နဲ့ ပုံစံတူ SUV လျှပ်စစ်ကားကို ထုတ်ပြ

တရုတ် Xiaomi က အီလွန်မတ်စ် ရဲ့ Tesla နဲ့ ပုံစံတူ SUV လျှပ်စစ်ကားကို ထုတ်ပြ

by ဧရာဝတီ
14 December 2024
1.1k

အဆိုပါ SUV ဟာ Lei Jun ရဲ့ ဦးဆောင်မှုအောက်က Xiaomi ရဲ့ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ အသုံး ပြုပြီး EV လောကကို အရှိန်အဟုန်နဲ့ ဝင်ရောက်လာမှုကို မြင်သာစေတဲ့...

Next Post
ကျပ်သိန်း ၁သောင်းကျော် တန်ဖိုးရှိ နှလုံးရောဂါ စမ်းသပ်စက် အသစ် နေပြည်တော်တွင် ဖွင့်လှစ် (ရုပ်/သံ)

ကျပ်သိန်း ၁သောင်းကျော် တန်ဖိုးရှိ နှလုံးရောဂါ စမ်းသပ်စက် အသစ် နေပြည်တော်တွင် ဖွင့်လှစ် (ရုပ်/သံ)

ရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး ဝင်ရောက်ဖမ်းဆီးခဲ့သည့် ကိုထက်ဖြိုးဇော်၏ နေအိမ် / ဉာဏ်စိုးဝင်း

မူးယစ်ဆေး ဝင်ဖမ်းရာမှ ရဲတပ်ဖွဲ့ဝင် ပစ်သည့် ကျည်ဆံ ဒုရဲအုပ် မှန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved