• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

Facebook ကို ခွဲထုတ်ဖို့ Mark Zuckerberg ရဲ့ သူငယ်ချင်းက တိုက်တွန်း

by ဧရာဝတီ
16 December 2020
in IT
A A
Facebook တည်ထောင်သူ Mark Zuckerberg နဲ့ Chris Hughes

Facebook တည်ထောင်သူ Mark Zuckerberg နဲ့ Chris Hughes

38.6k
VIEWS
Share on FacebookShare on Twitter

နာမည်ကျော် နယူးယောက်တိုင်းမ် သတင်းစာကြီးမှာ Facebook ပိုင်ရှင် Mark Zuckerberg ရဲ့ သူငယ်ချင်းလည်းဖြစ်၊ Facebook ကို အစကနဦးက ပါဝင်တည်ဆောက်ခဲ့သူဖြစ်တဲ့ Chris Hughes က Facebook အင်ပါယာကို တွန်းဖြိုလှဲရမယ့် အချိန်ရောက်ပြီလို့ ဆောင်းပါးရှည်ကြီး ရေးသားခဲ့ပါတယ်။

Harvard တက္ကသိုလ်မှာ Mark Zuckerberg နဲ့အတူတူ ကျောင်းတက်စဉ်ကတည်းက Facebook ကို စတင်ပြီး ရူးရူးမူးမူး တည်ထောင်ခဲ့သူ သူငယ်ချင်းက အခုလို ပွင့်ပွင့်လင်းလင်း ဝေဖန်ရတဲ့ အကြောင်းရင်းကတော့ Facebook အနေနဲ့ သတင်း အတုအယောင်တွေကို ထိန်းချုပ်ရာမှာ နှေးကွေးတဲ့ကိစ္စ၊ အကြမ်းဖက် အစွန်းရောက်တွေရဲ့ အာစလျှာစ ရေးသားဖော်ထုတ်မှုတွေကို မထိန်းနိုင်တဲ့ကိစ္စ၊ ရုရှားအုပ်စုဖက်က ထိုးဖောက်တာကို မတုံ့ပြန်နိုင်တဲ့ ကိစ္စတွေအပြင် Facebook သုံးစွဲသူတွေရဲ့ Data အချက်လက် ကိုယ်ရေးကိုယ်တာတွေကို ကာကွယ်စောင့်ရှောက်ခြင်း မလုပ်နိုင်ဘဲ အခြားအဖွဲ့အစည်းတွေဆီကို ရောက်သွားတဲ့ ကိစ္စတွေကြောင့်ပဲ ဖြစ်ပါတယ်။

Chris Hughes က သူ့အနေနဲ့ ဒီလိုဖြစ်ရပ်တွေကို ကြားသိလေ့လာနေရတဲ့အတွက် ဒေါသထွက်ရသလို တာဝန်ရှိသလိုလည်း ခံစားရတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာကြီးမှာ ရေးသားခဲ့ဖူးပါတယ်။

Facebook တည်ထောင်သူ Mark Zuckerberg

အမေရိကန် အစိုးရအနေနဲ့ Mark Zuckerberg ကို ကိုင်တွယ်ဖို့ တာဝန်ယူဖြေရှင်းဖို့ အချိန်တန်ပြီလို့ သူက ပန်ကြားလိုက်ပါတယ်။

ဒီနေ့မှာ Facebook ဟာ ဒေါ်လာ Trillion တဝက်လောက် တန်ဖိုးရှိနေပြီး ကမ္ဘာကြီးရဲ့ ၈၀ ရာခိုင်နှုန်းရှိတဲ့ Social Media Networking ဈေးကွက်ကို စိုးမိုး ခြယ်လှယ်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ ပြိုင်ဘက်တွေကိုလည်း ခေါင်းမဖော်နိုင်အောင် ဈေးကွက်မှာ ကြီးစိုးထားသူ ဖြစ်ပါတယ်။

Facebook ဟာ WhatsApp နဲ့ Instagram ကိုလည်း ဝယ်ယူထားခဲ့တာ ဖြစ်တဲ့အတွက် သူဟာ Social Media Networking ဈေးကွက်ကို ပိုမို ခြယ်လှယ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Facebook ဟာ ကမ္ဘာကြီးရဲ့ ၈၀ ရာခိုင်နှုန်းရှိတဲ့ Social Media Networking ဈေးကွက်ကို စိုးမိုး ခြယ်လှယ်ထားပါတယ်။

အမေရိကန်အစိုးရရဲ့ Federal Trade Commission (F.T.C) က အခုလို Facebook ကို WhatsApp နဲ့ Instagram ကိုဝယ်ဖို့ ခွင့်ပြုလိုက်တာဟာလည်း မှားတယ်လို့ Chris Hughes က သတင်းစာကြီးမှာ ဝေဖန်ရေးသားထားပါတယ်။

Facebook က အမေရိကန်နိုင်ငံ အပါအဝင် ကမ္ဘာကြီးက Social Media Networking ကို Monopoly လုပ်ပြီး ထိန်းချုပ်ထားတာဟာ စိုးရိမ်စရာကောင်းတယ်လို့ သူက ရေးသားလိုက်ပြီး Facebook အကောင့်ကို ပြန်ပြီးဖျက်လိုက်တဲ့ သူ့မိတ်ဆွေတွေ အကြောင်းကိုလည်း ထည့်ရေးသားထားပါတယ်။

Facebook ဟာ WhatsApp နဲ့ Instagram ကိုလည်း ဝယ်ယူထားခဲ့ပါတယ်။

Facebook ကဖြုတ်ပြီး Instagram ကို ရွှေ့လိုက်တဲ့ တချို့မိတ်ဆွေတွေ မသိတာက Facebook ဟာ Instagram ကိုလည်း ဝယ်ထားတယ်ဆိုတာပဲ ဖြစ်ပါတယ်လို့ သူက ရေးသားထားပါတယ်။

Social Media ကို ကောင်းကောင်းမွန်မွန် စိတ်သန့်သန့် သုံးချင်သူတွေ ဘယ်ကိုသွားရမလဲဆိုတာကို သူက မေးခွန်းထုတ်လိုက်ပါတယ်။

Facebook ဟာ သူ့ရဲ့ပြိုင်ဘက်တွေကို ခေါင်းမဖော်နိုင်အောင် ဖိထားသလို သူတို့ရဲ့ အသစ်တီထွင်လာတဲ့ အရာတွေကိုလည်း Copy လုပ်ပစ်လိုက်တယ်လို့ ရေးသားထားပါတယ်။

Mark Zuckerberg ရဲ့ စိုးမိုးခြယ်လှယ်မှုဟာ အလွန်တရာကို ဆိုးသွမ်းညစ်ပတ်ပြီး စီးပွားရေးမှာ စွန့်စားပြီး အကျင့်သီလကောင်းတဲ့ လုပ်ရပ်တော့ မဟုတ်ပါဘူးလို့ သူငယ်ချင်းဟောင်းက ဝေဖန်လိုက်ပြီး Social Media သုံးစွဲသူတွေရဲ့ ရွေးချယ်ခွင့်ကိုလည်း ကန့်သတ် ထိန်းချုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါအပြင် Facebook ရဲ့ ပါဝါဟာ ဘယ်လောက်ကြီးမားနေပြီလဲဆိုရင် သုံးစွဲသူတွေရဲ့ အကောင့်တွေ Messenger က ပေးပို့ချက်တွေကိုလည်း ဖျက်ခွင့်ရှိတာ ဖြစ်ပါတယ်။ သူဟာ (Mark) ကြိုက်သလို ဆုံးဖြတ်ခြယ်လှယ်ခွင့် ရှိသွားတာပဲ ဖြစ်ပါတယ်။

၂၀၁၇ မြန်မာနိုင်ငံမှာ (ရခိုင်ပြည်) ဖြစ်ခဲ့တဲ့ အရေးအခင်းကို Chris Hughes က သူ့ရဲ့ရေးသားချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီအချိန်တုန်းကလည်း သူဟာ လူတွေကို တုန်လှုပ် ချောက်ချားစေတဲ့ သတင်းစကား (Sensational Messages) တွေကို ဖျက်လိုက်ဖို့ ညွှန်ကြားခဲ့ဖူးပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ နှစ်ဖက်စလုံးကို လက်နက်တပ်ဆင်ပြီး အဲဒီနေရာကို သွားကြလို့ ပြောသလို တွန်းအားပေးသလို ဖြစ်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
243
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
131
သဇင်ပန်း

သဇင်ပန်း

10 January 2026
146

Mark Zuckerberg နဲ့ သူ့ရဲ့ပါဝါကို ဘယ်သူက ထိန်းချုပ်ကြည့်ရှုမှာလဲ၊ အမေရိကန် အစိုးရအနေနဲ့ သူ့ရဲ့ကုမ္ဗဏီကို စည်းကမ်းနဲ့ ထိန်းချုပ်ဖို့လိုသလို အမေရိကန်လူထုအပေါ်မှာလည်း တာဝန်ခံဖို့ လိုပါတယ်လို့ သတင်းစာမှာ ရေးသားလိုက်ပါတယ်။

ဒါ့အပြင် သူက အကြံပြုတာကတော့ Facebook ကို ခွဲထုတ်လိုက်ပြီး ကုမ္ဗဏီခွဲတွေ လုပ်လိုက်သင့်ပါတယ်။ ဒါ့အပြင် တခြားကုမ္ဗဏီတွေကို ထပ်ပြီးမဝယ်နိုင်အောင် တားဆီးသင့်ပါတယ်။ Capitol Hill မှာဆိုရင် အမေရိကန် ဆီနိတ်တာတွေဖြစ်တဲ့ Amy Klobuchar, Ted Cruz နဲ့ Warren တို့ဟာ Facebook အရေးကို စိတ်ဝင်တစားစောင့်ကြည့် အရေးပေးလာသလို အခြားပညာရှင်တွေကလည်း Facebook ရဲ့ မိုနိုပိုလီ လုပ်နေတာကို ကိုင်တွယ်ဖို့ ကြိုစားလာတာကို တွေ့ရပါတယ်လို့ ရေးသားခဲ့ပါတယ်။

Mark Zuckerberg ဟာ Facebook ကို မပြင်နိုင်ပါဘူး။ ကျနော်တို့ရဲ့ (အမေရိကန်) အစိုးရကတော့ ဒါကိုလုပ်နိုင်ပါတယ်လို့ သူငယ်ချင်းဟောင်းက ဆောင်းပါးရှည်နဲ့ Facebook ကို ထိန်းချုပ်ဖို့ ရေးသားထားပါတယ်။

(နယူးယောက်တိုင်းမ် သတင်းစာကြီးတွင် Mark Zuckerberg ရဲ့ သူငယ်ချင်းဟောင်း Facebook ကို တည်ထောင်ခဲ့သူ Chris Hughes က It’s Time to Break Up Facebook ဆိုသော ဆောင်းပါးရှည်နှင့် မေလ ၉ ရက်နေ့ ၂၀၁၉ က ရေးသားခဲ့သည်။ Chris Hughes သည် ၂၀၁၂ တွင် Facebook မှ ထွက်ခဲ့ပြီး ပါဝင်သော အစုရှယ်ယာများကိုလည်း ရောင်းချခဲ့ပြီး ဖြစ်သည်)

Your Thoughts …
Tags: Chris HughesFacebookMark ZuckerbergSocial Media NetworkingWhatsApp
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM

စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM

by Joaquin Camarena
7 June 2024
3.3k

MySpace.mm ကို ဖန်တီးခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန်နှင့် နိုင်ငံသားများအကြား သတင်းမျှဝေခြင်းကို ရပ်တန့်စေရန် စစ်ကောင်စီ၏ လှုပ်ရှားမှု တစိတ်တပိုင်းဖြစ်သည်။

ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး

ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး

by ဧရာဝတီ
4 May 2025
3.1k

ထရမ့် အစိုးရအဖွဲ့ရဲ့ ကုန်သွယ်စစ်ပွဲ စတင်မှုဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြဿနာနဲ့ တိုက်ဆိုင် နေတာကြောင့် ထရမ့်ကို ထောက်ခံတဲ့ နည်းပညာ သူဌေးကြီးတွေရဲ့ ကုမ္ပဏီ တန်ဖိုးတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေဟာ ကျဆင်းလာခဲ့တယ်…

စစ်ကောင်စီ အင်တာနက် ထိန်းချုပ်မှုက မြန်မာလူထု လုံခြုံရေးကို ခြိမ်းခြောက်နေ

စစ်ကောင်စီ အင်တာနက် ထိန်းချုပ်မှုက မြန်မာလူထု လုံခြုံရေးကို ခြိမ်းခြောက်နေ

by Surachanee Sriyai
10 August 2024
1.8k

၂၀၂၃ ခုနှစ်က မြန်မာတွင် အင်တာနက်ပေါ်ရောက်ရှိမှု ၄၄ ရာခိုင်နှုန်းရှိပြီး လူမှုကွန်ရက်အသုံးပြုသူ ၁၅ သန်းရှိသည်။

အမေရိကန် နဲ့ အိန္ဒိယကို Meta က ပင်လယ် ရေအောက် ကေဘယ်လိုင်း ဆက်သွယ်မယ်လို့ဆို

အမေရိကန် နဲ့ အိန္ဒိယကို Meta က ပင်လယ် ရေအောက် ကေဘယ်လိုင်း ဆက်သွယ်မယ်လို့ဆို

by ဧရာဝတီ
23 February 2025
1.5k

Meta ကတော့ သူတို့ရဲ့ ကေဘယ်ကြိုးတွေကို ရေအောက် အနက် မီတာ ၇,၀၀၀ မှာ ထားမယ်လို့ ဆိုထားပြီး ကမ်းရိုးတန်း နားက ရေတိမ်ပိုင်းလို ထိခိုက်နိုင်ခြေ များတဲ့နေရာတွေမှာ…

ထရမ့် အစိုးရ မတက်ခင် Meta အချက်အလက် စစ်ဆေးခြင်း ရပ်တန့်

ထရမ့် အစိုးရ မတက်ခင် Meta အချက်အလက် စစ်ဆေးခြင်း ရပ်တန့်

by ဧရာဝတီ
11 January 2025
1.4k

လူဝင်မှု ကြီးကြပ်ရေး၊ ကျားမ ခွဲခြားမှု ကဲ့သို့သော အငြင်းပွားဖွယ် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကန့်သတ်မှု တွေကိုလည်း လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။

Facebook ကုမ္ပဏီ Meta မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲခံရ

Facebook ကုမ္ပဏီ Meta မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲခံရ

by ဧရာဝတီ
5 October 2024
1.3k

စာရေးဆရာ ခရစ္စတိုဖာ ဖန်စ်ဝါ့သ်ကတော့ သူ့အနေနဲ့ နစ်နာခဲ့ရတဲ့ ငွေကြေးတွေ ရလိုမှုအပြင် Meta ရဲ့ မူပိုင်ခွင့် ချိုးဖောက် နေမှုများကိုပါ ရပ်တန့်ပေးဖို့ တရားရုံးကို တောင်းဆို ခဲ့တယ်လို့ ဆိုပါတယ်။

Next Post
ဒီဇင်ဘာလ ၉ ရက်နေ့ ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ်းက ဝါရှင်တန် အခြေစိုက် Hudson Institute ၏ နှစ်ကုန် အခမ်းအနားတွင် ဗီဒီယို မိန့်ခွန်း ပြောကြားစဉ် / CAN

ထိုင်ဝမ်၏ရပ်တည်ချက် ဝါရှင်တန်ကို ဆိုင်းအင်ဝမ်း အခိုင်အမာ ပြောကြား

Harry Houdini အကြောင်း ရုပ်ရှင်မှာ ပါဝင့်မယ့် Ben Affleck

မျက်လှည့်ပညာရှင် Harry Houdini အကြောင်း ရိုက်မယ့် ရုပ်ရှင်မှာ Ben Affleck ပါဝင်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved