• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်ဝမ်၏ရပ်တည်ချက် ဝါရှင်တန်ကို ဆိုင်းအင်ဝမ်း အခိုင်အမာ ပြောကြား

by ဧရာဝတီ
16 December 2020
in သတင်း
A A
ဒီဇင်ဘာလ ၉ ရက်နေ့ ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ်းက ဝါရှင်တန် အခြေစိုက် Hudson Institute ၏ နှစ်ကုန် အခမ်းအနားတွင် ဗီဒီယို မိန့်ခွန်း ပြောကြားစဉ် / CAN

ဒီဇင်ဘာလ ၉ ရက်နေ့ ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ်းက ဝါရှင်တန် အခြေစိုက် Hudson Institute ၏ နှစ်ကုန် အခမ်းအနားတွင် ဗီဒီယို မိန့်ခွန်း ပြောကြားစဉ် / CAN

4.1k
VIEWS
Share on FacebookShare on Twitter

ဒီဇင်ဘာလ ၉ ရက်နေ့ ညနေခင်းတွင် ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ်းက ဝါရှင်တန် အခြေစိုက် Hudson Institute ၏ နှစ်ကုန် အခမ်းအနားတွင် ကြိုတင်၍(ဗီဒီယို) ရိုက်ကူးထားသော မိန့်ခွန်းတခုကို ပြောကြားခဲ့သည်။ ဆိုင်းအင်ဝမ်း၏ ဗီဒီယို မိန့်ခွန်းသည် နောက်လာမည့်နှစ်၌ တာဝန်ယူရန်ရှိနေသော ဂျိုးဘိုင်ဒင် အစိုးရလက်ထက်တွင် နက်ရှိုင်းသော ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်ရေး အတွက် ထိရောက်စွာ ဇောင်းပေးသွားခဲ့ကြောင်း ဝါရှင်တန်မှ နိုင်ငံရေးလေ့လာမှုများဆိုင်ရာ ပညာရှင် အဖွဲ့အစည်းများက သုံးသပ်ခဲ့ကြသည်။

ဆိုင်းအင်ဝမ်း၏ မိန့်ခွန်းမှ ကြီးမားသော အစိတ်အပိုင်းတခုက တရုတ်နိုင်ငံကို အဓိက ရည်ရွယ်ခဲ့သည်။

“ဒီနေ့ ကမ္ဘာကြီးဟာ လွတ်လပ်မှုလား၊ အာဏာရှင်ဝါဒလား ဆိုတဲ့ အခြေခံကျတဲ့ မေးခွန်းတွေနဲ့ နောက်တကြိမ် ရင်ဆိုင်နေရပြီ ဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း တွေ့မြင်လာရပါတယ်”

“ဒီနေ့ ကမ္ဘာကြီးဟာ လွတ်လပ်မှုလား၊ အာဏာရှင်ဝါဒလား ဆိုတဲ့ အခြေခံကျတဲ့ မေးခွန်းတွေနဲ့ နောက်တကြိမ် ရင်ဆိုင်နေရပြီ ဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း တွေ့မြင်လာရပါတယ်” ဟု ဆိုင်းအင်ဝမ်းက ဟောင်ကောင်နှင့် ဇင်ကျန်း Xinjiang ပြည်နယ်မှ နှိမ်နင်းဖြိုခွဲမှုများကိုသာမက တောင်တရုတ်ပင်လယ်မှ စစ်အင်အားတိုးချဲ့မှုများကိုပါ ရည်ညွှန်း၍ ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ ကိုယ်ပိုင် အကျပ်အတည်းကိုလည်း အဆိုပါ စာရင်းထဲသို့ ထည့်သွင်းခဲ့ပြီး “ထိုင်ဝမ်ရေလက်ကြား တဘက်မှ ရန်စမှုများ တိိုးပွားလာနေကြောင်း” သူက ထောက်ပြခဲ့သည်။

“ကျမ ရှင်းရှင်းလင်းလင်း ပြောချင်တာက ဒီလို ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးမျိုးကို ကျမတို့ မလိုလားပါဘူး။ ၂ ဦး ၂ ဖက် အပြန်အလှန် လေးစားမှု၊ ချစ်ကြည်ရေးနဲ့ နားလည်မှုတို့အပေါ် အခြေခံတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး နည်းလမ်းတခုကို ၂ ဘက်လုံးက ရှာဖွေဖို့ လိုအပ်တယ်လို့ ကျမတို့ မြင်ပါတယ်” ဟု ဆိုင်းအင်ဝမ်းက ပြောသည်။

 ဆိုင်းအင်ဝမ်းက ထိုင်ဝမ်၏ စီးပွားရေးနှင့် အမေရိကန်-ထိုင်ဝမ် ပူးပေါင်းဆောင်ရွက်မှု ပြုပြင်ပြောင်းလဲရေးများကိုလည်း မီးမောင်းထိုးပြခဲ့သည်။

သို့သော်လည်း တချိန်တည်းမှာပင် ထိုင်ဝမ်က စစ်ရေးအရ ပြင်ဆင်မှုတွင်ရော မဟုတ်မမှန်သတင်းများ တိုက်ဖျက်ရေးတွင်ပါ ၎င်း၏ ကာကွယ်ရေးကို မြှင့်တင်လျက်ရှိကြောင်း အလေးအနက် ပြောသွားခဲ့သည်။

ဆိုင်းအင်ဝမ်းက ထိုင်ဝမ်၏ စီးပွားရေးနှင့် အမေရိကန်-ထိုင်ဝမ် ပူးပေါင်းဆောင်ရွက်မှု ပြုပြင်ပြောင်းလဲရေးများကိုလည်း မီးမောင်းထိုးပြခဲ့သည်။

ထို့နောက် သူ၏ အစိုးရ အတွက် အဓိက ဦးစားပေး တခု ဖြစ်သည့် အမေရိကန်- ထိုင်ဝမ်ကုန်သွယ်ရေး သဘောတူညီချက်အတွက် တိုက်ရိုက် အလေးပေး ပြောကြားခဲ့သည်။ (အထူးသဖြင့် ဆိုင်းအင်ဝမ်းက အမေရိကန် ဝက်သားနှင့် အမဲသား တင်သွင်းမှု ပိတ်ပင်ထားမှုများကို ဖယ်ရှားရန်နှင့် ထိုင်ဝမ်တွင် အများပြည်သူ၏ ဆန့်ကျင်တုန်ပြန်မှု မဖန်တီးမိစေရန် သူ့ပြည်တွင်းတွင် ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။)

Hudson Institute သည် လက်ယာယိမ်းသည့် ပညာရှင် အဖွဲ့အစည်းတခု ဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo နှင့် ဒုတိယသမ္မတ Mike Pence တို့ကဲ့သို့ Donald Trump အစိုးရအဖွဲ့မှ ထင်ရှားသူများကို အရေးပါသော မိန့်ခွန်းများ ပြောကြားရန် ယခင်က လက်ခံပြုလုပ်ပေးခဲ့သည်။ ဒီဇင်ဘာလ ၉ ရက်နေ့ အခမ်းအနားတွင်မူ ဆိုင်းအင်ဝမ်းနှင့်အတူ ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ် Tom Cotton နှင့် ရီပတ်ဘလစ်ကန် အောက်လွှတ်တော် အမတ် Liz Cheney တို့ ပါဝင်ခဲ့ကြသည်။ (ဒီမိုကရက်တစ် အောက်လွှတ်တော် အမတ် Seth Moulton လည်း ပါဝင်ခဲ့သည်။)

သို့သော်လည်း သူ၏နိုင်ငံရေး အခြေခံများကို လွှမ်းခြုံမိနိုင်ရန် ဆိုင်းအင်ဝမ်းက ဒီဇင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် National Democratic Institute (NDI) ၏ နှစ်ပတ်လည် အခမ်းအနားတွင်လည်း ဗီဒီယိုမှတဆင့် မိန့် ခွန်းပြောခဲ့သည်။ အဆိုပါ အခမ်းအနားတွင် အမေရိကန် အောက်လွှတ်တော် ဥက္ကဌ ဖြစ်သည့် ဒီမိုကရက်တစ် ပါတီမှ Nancy Pelosi ကို ဂုဏ်ပြုခဲ့ကြသည်။ မှတ်ချက်များကို ထုတ်လွှင့်ခဲ့သည်။

ဆိုင်းအင်ဝမ်းက Nancy Pelosi ကို ဂုဏ်ပြုရန် အဆိုပါ အခွင့်အရေးကို ရယူခဲ့သလို ဒီမိုကရက်တစ် အောက်လွှတ်တော် အမတ်ဟောင်းနှင့် နိုင်ငံသား အခွင့်အရေး ပုံရိပ် ဖြစ်သည့် John Lewis ကိုလည်း ချီးကျူးဂုဏ်ပြုခဲ့သည်။ အမေရိကန်နိုင်ငံ၏ ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ပထမဆုံးအမျိုးသမီး ဖြစ်လာခြင်းအတွက် Kamala Harris ကိုလည်း သူက ဂုဏ်ပြုခဲ့သည်။

“ယနေ့ အချိန်မှာ ထိုင်ဝမ်ဟာ ကျမတို့ အားလုံးအတွက် အလွန်အရေးကြီးတဲ့ ဒီမိုကရေစီစံနှုန်းတွေကို ကာကွယ်ဖို့ အတွက် အရင်ကထက်ပိုပြီး ရှေ့တန်းမှာ ရှိနေပါတယ်”

NDI ၌ ပြောကြားခဲ့သော မိန့်ခွန်းတွင် ဆိုင်းအင်ဝမ်းက အမေရိကန်နှင့် ထိုင်ဝမ်တို့၏ ဒီမိုကရေစီတန်ဖိုးများ တူညီမှုကို မီးမောင်းထိုးပြခဲ့သည်။ ထို့ပြင် သူမအနေဖြင့် ကျား-မ တန်းတူညီမျှမှုမှသည် လိင်တူချစ်သူအခွင့်အရေးနှင့် အခြား လူ့အခွင့်အရေးများအပေါ် တူညီစွာ ထားရှိသော တန်ဖိုးများကို ထောက်ပြခဲ့သည်။

“ယနေ့ အချိန်မှာ ထိုင်ဝမ်ဟာ ကျမတို့ အားလုံးအတွက် အလွန်အရေးကြီးတဲ့ ဒီမိုကရေစီစံနှုန်းတွေကို ကာကွယ်ဖို့ အတွက် အရင်ကထက်ပိုပြီး ရှေ့တန်းမှာ ရှိနေပါတယ်” ဟု သူက ကြေညာခဲ့သည်။

အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေးနှင့် ပတ်သက်၍ “(ဒီမိုကရက်တစ် နှင့် ရီပတ်ဘလစ် ကန် ) ၂ ပါတီလုံးရဲ့ စိတ်သဘောထား သဘောတူညီမှု” သည် ယခင်ကထက် ပို၍ ခိုင်မာ အားကောင်းလာကြောင်း မှတ်ချက်ပြုရင်း ဆိုင်းအင်ဝမ်းက မိန့်ခွန်းကို အဆုံးသတ်ခဲ့သည်။

“ပူးပေါင်းဆောင်ရွက်မှုနဲ့ ပူးတွဲဆောင်ရွက်မှုရဲ့ ဧရိယာ အသစ်တွေကို ကျမတို့ ရှာဖွေလာတာနဲ့အမျှ ကျမတို့ရဲ့ ချစ်ကြည်ရင်းနှီးမှုက ပိုပိုပြီး ခိုင်မြဲလာမယ် ဆိုတာကို ကျမ ယုံကြည်ပါတယ်” ဟု ဆိုင်းအင်ဝမ်းက နောက်လာမည့် ဂျိုးဘိုင်ဒင် အစိုးရလက်ထက်တွင်လည်း ဆက်ဆံရေးနှင့် ပတ်သက်၍ သူ့တွင် ယုံကြည်မှု ရှိကြောင်း သွယ်ဝိုက်သော နည်းလမ်းဖြင့် ပြောကြားခဲ့သည်။

“ကျမတို့ ဒေသတွင်းနဲ့ ကမာ္ဘကို ဝိုင်းရံထားတဲ့ ခြိမ်းခြောက်မှုနဲ့ စိန်ခေါ်မှုတွေကို ထိတွေ့ဆက်ဆံခြင်း၊ အတူတကွ လုပ်ဆောင်ခြင်းများအားဖြင့်သာ ဖြေရှင်းနိုင်မှာပါ”

ဒီဇင်ဘာ ၈ ရက်နေ့ တွင်ပင် ဆိုင်းအင်ဝမ်းက NDI အခမ်းအနား မတိုင်မီ၌ အမေရိကန်နိုင်ငံမှ Project 2049 International Institute၊ ဂျပန်န်ိုင်ငံမှ Institute of International Affairs နှင့် ထိုင်ဝမ် နိုင်ငံမှ Prospect Foundation တို့က စီစဉ်သည့် ၂၀၂၀ ထိုင်ဝမ်-အမေရိကန်-ဂျပန် ၃ ပွင့်ဆိုင် အင်ဒို-ပစိဖိတ် လုံခြုံရေး ဆွေးနွေးပွဲတွင် ပါဝင်၍ အွန်လိုင်းမှတဆင့် မိန့်ခွန်း ပြောခဲ့သည်။ ထိုမိန့်ခွန်းတွင် ဆိုင်းအင်ဝမ်းက ထိုင်ဝမ်သည် အာဏာရှင် အင်အားစုများ (အတိအကျ မပြောသော်လည်း သူက တရုတ်နိုင်ငံကို ဆိုလိုခြင်း ဖြစ်သည်) ၏ တိုက်ရိုက်ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရ ကြောင်း အလေးပေးပြောကြားခဲ့သည်။

“ကျမတို့ ဒေသတွင်းနဲ့ ကမ္ဘာကို ဝိုင်းရံထားတဲ့ ခြိမ်းခြောက်မှုနဲ့ စိန်ခေါ်မှုတွေကို ထိတွေ့ဆက်ဆံခြင်း၊ အတူတကွ လုပ်ဆောင်ခြင်းများအားဖြင့်သာ ဖြေရှင်းနိုင်မှာပါ” ဟု ဆိုင်းအင်ဝမ်းက ပြောသည်။ အထူးသဖြင့် ၂၀၁၅ ခုနှစ်တွင် အမေရိကန်နှင့် ထိုင်ဝမ်တို့ တည်ထောင်ခဲ့သော ကမာ္ဘလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် လေ့ကျင့်ရေး မူဘောင် (GCTF ) မှ ရရှိသော တိုးတက်မှုကို သူက ချီးကျူးခဲ့သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

ဂျပန်နိုင်ငံကလည်း ၂၀၁၉ ခုနှစ်တွင် ပါဝင် ပူးပေါင်းခဲ့ပြီး ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နေရာတခုလည်း ဖြစ်စေခဲ့သည်။

“GCTF ကို စနစ်တကျဖွဲ့စည်းခြင်းက ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အတွက် အချက်အချာတခု ဖြစ်လာစေရေး အထူးသဖြင့် အင်ဒို-ပစိဖိတ် ဒေသမှာရှိတဲ့ နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ အစဉ်အလာ မရှိခဲ့ဖူးသော လုံခြုံရေး ပြဿနာတွေ အတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ ကျမ အခိုင်အမာ ယုံကြည်ပါတယ်” ဟု ဆိုင်းအင်ဝမ်းက ဆိုသည်။

ခြုံငုံ၍ ကြည့်လျှင် ဆိုင်းအင်ဝမ်း၏ အွန်လိုင်းမှ ဆက်တိုက်ပြုလုပ်လာသော သံခင်းတမန်ခင်းက အမေရိကန်-ထိုင်ဝမ် ပူးပေါင်း ဆောင်ရွက်မှု၏ အခြေခံအားလုံး ဖြစ်သည့် တရုတ်နိုင်ငံ၏ စိန်ခေါ်မှု၊ စီးပွားရေးဆက်ဆံမှု၊ တူညီသော ဒီမိုကရေစီတန်ဖိုးများ အပြင် ၂ နိုင်ငံနှင့် ဘက်ပေါင်းစုံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တို့ကို ဦးတည်ထားသည်။

သူ၏ အစီအစဉ်က ဂျိုးဘိုင်ဒင်အစိုးရ အတွက် ရှင်းလင်း ထင်ရှားပါသည်။ ယခုအချိန်အတွက် မေးခွန်းမှာ ၎င်းကို အကောင်အထည်ဖော်ရန် သူတို့ မည်သည့် ခြေလှမ်းများ လှမ်းကြမည်နည်း ဟူ၍ပင် ဖြစ်သည်။

(The Diplomat ပါ Taiwan’s President Makes the (Virtual) Rounds at DC Think Tanks ကို ဘာသာပြန်သည်။)

You may also like these stories:

“အာဏာရှင်တပ်”က နေ့စဉ် ခြိမ်းခြောက်နေဟု ထိုင်ဝမ်ပြော

အာရှပစိဖိတ်၏ အနာဂတ်သည် တရုတ်မဟုတ်ဘဲ ထိုင်ဝမ်သာဖြစ်

နွေးထွေးလာသော ထိုင်ဝမ်-အိန္ဒိယ ဆက်ဆံရေးကြောင့် တရုတ်ခေါင်းကိုက်

Your Thoughts …
Tags: ဂျိုးဘိုင်ဒင်အစိုးရဆိုင်းအင်ဝမ်းထိုင်ဝမ်၏ရပ်တည်ချက်ဝါရှင်တန်အခိုင်အမာ ပြောကြားအင်ဒိုပစိဖိတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

by ဧရာဝတီ
22 January 2025
9.7k

ထရမ့်ပြန်လာပြီ။ ကမ္ဘာက စိတ်လှုပ်ရှားနေသည်။ သမ္မတထရမ့်သည် အပေးအယူ လုပ်တတ်သော ခေါင်းဆောင်ဖြစ်သည်။

ထရမ့် အစိုးရမှာ ပါဝင်မယ့် ဘီလီယံနာတွေ ဝါရှင်တန်မှာ ဇိမ်ခံ တန်ဖိုးကြီး အိမ်ရာတွေ ဝယ်ယူနေ

ထရမ့် အစိုးရမှာ ပါဝင်မယ့် ဘီလီယံနာတွေ ဝါရှင်တန်မှာ ဇိမ်ခံ တန်ဖိုးကြီး အိမ်ရာတွေ ဝယ်ယူနေ

by ဧရာဝတီ
25 January 2025
4.9k

ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် ရဲ့ အစိုးရအဖွဲ့မှာ ဘီလီယံနာတွေ ဒါဇင်နဲ့ချီ ပါဝင်နေပြီး သူတို့ဟာ ဦးဆောင်သူ နေရာတွေကို ရယူသွားမယ် လို့လည်း ဆိုပါတယ်။

ပင်လယ်ဓားပြ လမ်းဓားပြ

ပင်လယ်ဓားပြ လမ်းဓားပြ

by စံရိပ်ငြိမ်
23 February 2025
2.6k

အဲဒီ လမ်းဓားပြကြီးတွေက ကြားက ဖြတ်ခုတ်ပြီး ပြန်ချပေးလိုက်တဲ့ အကူအညီ ဆိုတာ တကယ် လိုအပ်နေတဲ့ လူတွေဆီကို ရောက်ချိန်မှာ ရေကြည်လေး တပေါက် နှစ်ပေါက် စာလောက်ပဲ ရှိပါတော့တယ်တဲ့။

၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ ထိုင်ဝမ် အမျိုးသားနေ့ကို ထိုင်ပေတွင် ကျင်းပခဲ့စဉ် / CNA

ထိုင်ဝမ်သည် နိုင်ငံတခုမဟုတ်ကြောင်း တရုတ်ပြောဆိုမှု အရာမထင်

by ဧရာဝတီ
15 October 2020
37k

ထိုင်ဝမ်သည် နိုင်ငံတခုမဟုတ်ကြောင်း တရုတ်နိုင်ငံကပြောကြားလေလေ အခြားနိုင်ငံများက ထိုင်ဝမ်ကို နိုင်ငံတခုအဖြစ် ပိုမိုဆက်ဆံလေလေဖြစ်နေသည်။

၂၀၂၀ ဇန်နဝါရီ ၁၇ ရက် နေပြည်တော်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို လက်ခံတွေ့ဆုံနေသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် / နိုင်ငံတော် သမ္မတရုံး

၂၀၂၀ ထဲက တရုတ်နိုင်ငံရဲ့ ခြေလှမ်းတွေက ဘာလဲ ဘယ်လဲ

by ဧရာဝတီ
10 July 2020
12.7k

ဧရာဝတီက မြန်မာ့အရေးနှင့် ဒေသတွင်း နိုင်ငံရေးနှင့် ပဋိပက္ခများအား လေ့လာသုံးသပ်သူ ဘာတေးလစ်တနာနှင့် ဆွေးနွေးထားသည်။

စစ်သင်္ဘောတစင်းပေါ်က သမ္မတ ရှီကျင့်ဖျင်

ပေလိုစီ၏ ထိုင်ဝမ်ခရီးက သမ္မတ ရှီ အာဏာတည်မြဲရေး နောက်ဆုံးစာမေးပွဲဖြစ်နေ

by Katsuji Nakazawa
5 August 2022
11.6k

လာမည့်ဆောင်းရာသီတွင် တရုတ်သမ္မတ တတိယသက်တမ်း အနိုင်ရရေးတွင် မစ္စတာ ရှီ နောက်ဆုံးဖြေရမည့် စာမေးပွဲဖြစ်သည်။

Next Post
Harry Houdini အကြောင်း ရုပ်ရှင်မှာ ပါဝင့်မယ့် Ben Affleck

မျက်လှည့်ပညာရှင် Harry Houdini အကြောင်း ရိုက်မယ့် ရုပ်ရှင်မှာ Ben Affleck ပါဝင်မည်

ဗိုင်းရပ်စ် အမျိုးအစားသစ်ကို “VUI-202012/01” လို့ နာမည်ပေးထားပါတယ်။

ယူကေမှာ မျိုးဗီဇကွဲ ကိုရိုဗိုင်းရပ်စ်သစ် ကူးစက်မှုတွေ ရှိလာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved