• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပေလိုစီ၏ ထိုင်ဝမ်ခရီးက သမ္မတ ရှီ အာဏာတည်မြဲရေး နောက်ဆုံးစာမေးပွဲဖြစ်နေ

by Katsuji Nakazawa
5 August 2022
in ဆောင်းပါး
A A
စစ်သင်္ဘောတစင်းပေါ်က သမ္မတ ရှီကျင့်ဖျင်

စစ်သင်္ဘောတစင်းပေါ်က သမ္မတ ရှီကျင့်ဖျင်

11.6k
VIEWS
Share on FacebookShare on Twitter

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စ နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဘေဂျင်း၏ တုံ့ပြန်မှုကို မည်သို့ ဖော်ဆောင်နေသည်ဆိုသည့် အချက်သည် တရုတ်ခေါင်းဆောင်အနေဖြင့် ထိုမျှရှုပ်ထွေးသော ပြဿနာများကို ကိုင်တွယ်နိုင်စွမ်း ရှိ၊ မရှိကို မီးမောင်းထိုးပြနေသည်။

တနည်းအားဖြင့် ဆိုရပါက လာမည့်ဆောင်းရာသီတွင် တရုတ်သမ္မတ တတိယသက်တမ်း အနိုင်ရရေးတွင် မစ္စတာ ရှီ နောက်ဆုံးဖြေရမည့် စာမေးပွဲဖြစ်သည်။

မစ္စတာ ရှီသည် အမေရိကန်နှင့် ဆက်ဆံရေးကိုဖြစ်စေ ထိုင်ဝမ်နှင့် ပတ်သက်သော ပြဿနာကို ကိုင်တွယ်ရာတွင် လုံးဝ အမှားမခံနိုင်သည့်ကိစ္စ ဖြစ်နေသည်။

ထို့ကြောင့် မစ္စတာ ရှီသည် အမေရိကန်နှင့် ဆက်ဆံရေးကိုဖြစ်စေ ထိုင်ဝမ်နှင့် ပတ်သက်သော ပြဿနာကို ကိုင်တွယ်ရာတွင် လုံးဝ အမှားမခံနိုင်သည့်ကိစ္စ ဖြစ်နေသည်။

ယခုအပတ်အတွင်း မစ္စတာ ရှီသည် ဟာဘေးပြည်နယ် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတွင် နှစ်စဉ်ကျင်းပသည့် ဘေဒိုင်ဟာ အစည်းအဝေးတွင် အငြိမ်းစားပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံသောအခါ လွန်စွာ အလုပ်ရှုပ်နေမည်ဟု မျှော်လင့်ရသည်။

မစ္စ ပေလိုစီ တိုင်ပေတွင် ခြေမချမီ တရုတ်မှ ဩဇာကြီးသူတဦးက တရုတ်သည် မစ္စ ပေလိုစီ၏ လေယာဉ်ကို ပစ်ချနိုင်ကြောင်း အကြံပေးသည်။ သံတမန်များကလည်း တရုတ်နိုင်ငံသည် မည်သည်ကိုမဆို တန်ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားကြသည်။

မစ္စ ပေလိုစီ၏ လေယာဉ်သည် မြင်သာသော ပြဿနာမရှိဘဲ ပြီးခဲ့သည့် အင်္ဂါနေ့ညတွင် ထိုင်ဝမ်သို့ ဆင်းသက်ခဲ့သည်။

ယခုတကြိမ်သည် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌတဦး ထိုင်ဝမ်သို့ သွားရောက်လည်ပတ်သည့် ပထမဆုံး ခရီးစဉ်မဟုတ်ပေ။ လွန်ခဲ့သော ၂၅ နှစ်က မစ္စတာ နျူဂင်းဂရစ်ချ်သည် ထိုခရီးမျိုးကိုပင် သွားရောက်ခဲ့သည်။

ထိုစဉ်က တရုတ်သမ္မတသည် ကျန်ဇီမင်းဖြစ်ပြီး သူသည် မစ္စတာ ဂင်းဂရစ်ရှ်ကို ကျွမ်းကျင်စွာ ကိုင်တွယ်ခဲ့သည်။ သမ္မတ ရှီကိုလည်း သမ္မတ ကျန်နှင့် နှိုင်းယှဉ်သုံးသပ်မည်ကို ရှောင်လွှဲမရတော့ပေ။

သူ၏ရာထူးသက်တမ်းအတွင်း သမ္မတ ရှီသည် သမ္မတဟောင်း ကျန် ထက်ဖြစ်စေ၊ အခြား တရုတ်သမ္မတဟောင်း တဦးဖြစ်သည့် ဟူကျင်တောင်း ထက်ဖြစ်စေ အောင်မြင်မှုအရ သာလွန်ကြောင်း ပြသသည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ ကွန်မြူနစ်ပါတီ၏ သမိုင်းဆိုင်ရာ တတိယမြောက် ဆုံးဖြတ်ချက်ကို လွန်ခဲ့သောနှစ်က ချမှတ်ခဲ့ခြင်းသည် ထိုသို့လုပ်သည့် ဥပမာတခု ဖြစ်သည်။ ကွန်မြူနစ်ပါတီ၏ ပထမ သမိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို ၁၉၄၅ ခုနှစ်တွင် မော်စီတုန်းက ချမှတ်ပြီး ဒုတိယ ဆုံးဖြတ်ချက်ကို ၁၉၈၁ ခုနှစ်က တိန့်ရှောင်ဖိန် လက်အောက်တွင် ချမှတ်သည်။

ယခုအခါ သမ္မတ ရှီသည် ကျန်နှင့် ဟူထက် သာကြောင်းနှင့် ပြည်တွင်းနိုင်ငံရေး၊ အမေရိကန်နှင့် ဆက်ဆံရေး၊ ထိုင်ဝမ်ပြဿနာတို့ကို တလှည့်စီ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ကြောင်း သက်သေပြရတော့မည် ဖြစ်သည်။ ထို့ကြောင့် မစ္စ ပေလိုစီ ခရီးက တရုတ်ပြည်တွင်းနိုင်ငံရေးပြဿနာ ဖြစ်လာသည်။

ယခုအခါ သမ္မတ ရှီသည် ကျန်နှင့် ဟူထက် သာကြောင်းနှင့် ပြည်တွင်းနိုင်ငံရေး၊ အမေရိကန်နှင့် ဆက်ဆံရေး၊ ထိုင်ဝမ်ပြဿနာတို့ကို တလှည့်စီ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ကြောင်း သက်သေပြရတော့မည် ဖြစ်သည်။ ထို့ကြောင့် မစ္စ ပေလိုစီ ခရီးက တရုတ်ပြည်တွင်းနိုင်ငံရေးပြဿနာ ဖြစ်လာသည်။

တရုတ်သည် လော်ဘီအားထုတ်မှုဖြင့်ဖြစ်စေ၊ ဖိအားဖြင့်ဖြစ်စေ မစ္စ ပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကို တားဆီးရန် လုပ်ဆောင်နိုင်ခဲ့ပါက သမ္မတ ရှီသည် ဘေဒိုင်ဟာ အစည်းအဝေးသို့ အောင်မြင်သူတဦးအဖြစ် သွားရောက်နိုင်မည် ဖြစ်သည်။

သို့သော် တရုတ်၏ သံတမန်ရေးသြဇာတွင် အကန့်အသတ်များ ရှိသည်။

ရီပတ်ဘလီကန်ပါတီ ထိပ်တန်းခေါင်းဆောင်နှင့် ထိုင်ဝမ်လိုလားသော နိုင်ငံရေးသမား ဂင်းဂရစ်ချ် ထိုင်ဝမ်သို့ ခဏတာမျှ သွားရောက်ခဲ့သည်မှာ ၁၉၉၇ ခုနှစ် ဧပြီလ ၂ ရက်နေ့က ဖြစ်သည်။ သူသည် ထိုစဉ်က ထိုင်ဝမ် သမ္မတ လီတန်ဟွေးနှင့် သူ၏ရုံးတွင် တနာရီခန့် တွေ့ဆုံခဲ့သည်။

သို့သော် ဂင်းဂရစ်ချ်သည် ပေလိုစီနှင့်မတူဘဲ ထိုစဉ်က သမ္မတ ဘီလ် ကလင်တန်၏ ဒီမိုကရက်တစ် ပါတီမှ မဟုတ်ပေ။

သမ္မတဟောင်းများ ဖြစ်သော ဟူကျင်တောင် (ဝဲ)၊ ကျန်ဇီမင်း (ယာ)တို့နှင့်အတူ တွေ့ရသော သမ္မတ ရှီ

ထို့နောက် ခရီးစဉ်ချင်းလည်း မတူညီဘဲ မစ္စတာ ဂင်းဂရစ်ချ်သည် ဘေဂျင်းသို့ အရင်ဝင်ကာ သမ္မတ ကျန်နှင့် ဆွေးနွေးပွဲ ကျင်းပသည်။

ထိုအချိန်မတိုင်မီ တနှစ်ဖြစ်သော ၁၉၉၆ ခုနှစ် မတ်လတွင် ထိုင်ဝမ်မှ သမ္မတရွေးကောက်ပွဲကို ပထမဆုံးအကြိမ် တိုက်ရိုက်ရွေးကောက်ပွဲအဖြစ် ကျင်းပချိန် တရုတ်နိုင်ငံသည် ဒုံးကျည်များ ပစ်ခတ်လေ့ကျင့်ပြီး လွတ်လပ်ရေး လိုလားသော အင်အားစုများကို သတိပေးသည်။ တုံ့ပြန်သောအားဖြင့် အမေရိကန် ပြည်ထောင်စုကလည်း လေယာဉ်တင် သင်္ဘော ၂ စီးကို ထိုင်ဝမ်ရေလက်ကြားသို့ စေလွှတ်ရသည်။

မစ္စတာ ဂင်းဂရစ်ချ်နှင့် ဆွေးနွေးစဉ်အတွင်း သမ္မတ ကျန်က အမေရိကန်-တရုတ် တင်းမာမှုများသည် အချိန်ကာလတခု မိုးသည်းထန်ပြီးနောက် နေရောင်ခြည်ထွက်လာပြီဟု ပြောခဲ့သည်။

သမ္မတ ကျန်သည် ထိုင်ဝမ်ပြဿနာ အရေးပါမှုကို မစ္စတာ ဂင်းဂရစ်ချ်အား သတိပေးပြီး ထိုပြဿနာသည် အထိအခိုက်မခံနိုင်သော အဓိက ပြဿနာဖြစ်ကြောင်း သူ၏ ထိုင်ဝမ်ခရီးစဉ် မတိုင်မီ ပြောသည်။

သို့သော် ထိုင်ဝမ်သို့မသွားမီ မစ္စတာ ဂင်းဂရစ်ချ်ကို သမ္မတ ကျန်က လက်ခံတွေ့ဆုံရန် သဘောတူခြင်းသည် ဖွင့်မပြောဘဲ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ မစ္စတာ ဂင်းဂရစ်ချ်က ဘေဂျင်းသို့ အရင်လာပြီး အရိုအသေပေးခြင်းကို သမ္မတ ကျန်က သဘောကျကောင်း ကျသွားနိုင်သည်။

မစ္စ ပေလိုစီ ထိုင်ဝမ်သွားမည်ကို သိသော်လည်း ဇူလိုင်လ ၂၈ ရက်နေ့တွင် သမ္မတ ရှီသည် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် ၂ နာရီခွဲကြာ ဖုန်းပြောသည်။ ၎င်းတို့သည် ထိုင်ဝမ် ကိစ္စကို သွေးတိုးစမ်းနေကြသော်လည်း ပဋိပက္ခကို ရှောင်ရှားသင့်ကြောင်း သမ္မတနှစ်ဦးစလုံး သဘောတူကြသည်ဟု ပြောနိုင်သည်။

မစ္စ ပေလိုစီခရီးစဉ်တွင် တူညီမှုအချို့လည်း ရှိသည်။ မစ္စ ပေလိုစီ ထိုင်ဝမ်သွားမည်ကို သိသော်လည်း ဇူလိုင်လ ၂၈ ရက်နေ့တွင် သမ္မတ ရှီသည် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် ၂ နာရီခွဲကြာ ဖုန်းပြောသည်။ ၎င်းတို့သည် ထိုင်ဝမ် ကိစ္စကို သွေးတိုးစမ်းနေကြသော်လည်း ပဋိပက္ခကို ရှောင်ရှားသင့်ကြောင်း သမ္မတနှစ်ဦးစလုံး သဘောတူကြသည်ဟု ပြောနိုင်သည်။

သို့ရာတွင် သမ္မတ ရှီသည် တရုတ်ကွန်မြူနစ်ပါတီကို သာမက ပြည်သူလူထုကိုပါ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသော သဘောထား ပြရန် လိုသည်။

မစ္စတာ ဂင်းဂရစ်ချ်၏ ထိုင်ဝမ်ခရီးစဉ်အပြီး ရာစုနှစ် ၄ ပုံ ၁ ပုံ ကြာသောအခါ တရုတ်၏ စီးပွားရေးနှင့် စစ်ရေးအင်အားသည် သိသိသာသာ တိုးတက်လာသည်။ အင်အားကြီးသော တရုတ်နိုင်ငံ အင်အားပြရန် ပြည်သူလူထုက တောင်းဆိုသည်။ သို့မဟုတ်ပါက တိုင်းပြည် သိက္ခာကျမည်ဟု ပြည်သူများက ယူဆသည်။ ဤနေရာတွင် ကြီးမားသော ပြဿနာ ရှိလာသည်။

ဆင်ဝှာသတင်းဌာန၏အဆိုအရ သမ္မတ ရှီက သမ္မတ ဘိုင်ဒင်ကို “မီးနဲ့ကစားရင် ကိုယ့်မီးကိုယ့်ကို လောင်မယ်” ဟု ပြောကြောင်း သိရသည်။

ထိုစကားလုံးများက မစ္စ ပေလိုစီ ထိုင်ဝမ်သွားပါက တရုတ်သည် စစ်ရေးအရ အရေးယူမည်ဟု သတိပေးသည်ဟု ကောက်ယူကြသည်။

မတော်တဆ ထိပ်တိုက်တွေ့နိုင်သည့် အန္တရာယ်ရှိသည်။ ၂၀၀၁ ခုနှစ်၊ ဧပြီလတွင် တရုတ် ဂျက်တိုက်လေယာဉ် တစင်းသည် အမေရိကန် ရေတပ် အီလက်ထရွန်းနစ် ထောက်လှမ်းရေး လေယာဉ်တစင်းနှင့် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းအနီး တောင်တရုတ်ပင်လယ် ဝေဟင်တွင် တိုက်မိဖူးသည်။ ခေါင်းဆောင်များက အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နိုင်ခဲ့လျှင်ပင် အောက်ခြေစစ်သားများသည် ခြေလွန်လက်လွန် လုပ်လာနိုင်သည်။

ဇူလိုင်လကုန် အမေရိကန် လေယာဉ်တင်သင်္ဘော USS Ronald Reagan ဦးဆောင်သည့် အမေရိကန် တိုက်ခိုက်ရေး သင်္ဘောအုပ်စုသည် စင်ကာပူသို့ သွားရောက်ပြီးနောက် တောင်တရုတ် ပင်လယ်သို့ ဝင်ရောက်လာသည်။ တရုတ်စစ်တပ်ကလည်း ကမ်းရိုးတန်းဒေသများတွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသည်။

မစ္စ ပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်နှင့် ပတ်သက်သည့် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို စီမံရန် အမေရိကန် ရေတပ်နှင့် လေတပ်က လေယာဉ်နှင့် သင်္ဘောများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ထားခြင်းသည် ထိုင်ဝမ် ကျူးကျော်စစ်ကို အမြဲတစေ လေ့ကျင့်နေသည့် တရုတ်စစ်တပ်အတွက် အသုံးဝင်သော အကိုးအကားပြစရာ ဖြစ်လာသည်။

မစ္စ ပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်နှင့် ပတ်သက်သည့် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို စီမံရန် အမေရိကန် ရေတပ်နှင့် လေတပ်က လေယာဉ်နှင့် သင်္ဘောများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ထားခြင်းသည် ထိုင်ဝမ် ကျူးကျော်စစ်ကို အမြဲတစေ လေ့ကျင့်နေသည့် တရုတ်စစ်တပ်အတွက် အသုံးဝင်သော အကိုးအကားပြစရာ ဖြစ်လာသည်။

၁၉၉၇ ခုနှစ်တွင် ထိုင်ဝမ်သို့မသွားမီက မစ္စတာ ဂင်းဂရစ်ချ်နှင့် သူ၏ဝန်ထမ်းများသည် တရုတ်မှ ဂျပန်သို့ သွားသည်။ ဂင်းဂရစ်ချ်နှင့် ထိုစဉ်က ဂျပန်ဝန်ကြီးချုပ် ရူတာရို ဟာရှီမိုတိုတို့သည် မတ်လ ၃၁ ရက်နေ့ နံနက်တွင် နံနက်စာ အတူစားသည်။

ဂျပန်တွင်ရောက်နေစဉ် မစ္စတာ ဂင်းဂရစ်ချ်သည် ပင်ပန်းနေပုံရသည်။ သူသည် တရုတ်က သူ့ကို ဧည့်ခံပုံနှင့် ပတ်သက်ပြီး စိတ်တိုင်းမကျ ဖြစ်နေပုံရသည်။

၁၉၉၇ ခုနှစ် ဧပြီလ ၂ ရက်နေ့ ထိုင်ဝမ် သမ္မတ လီတန်ဟွေးနှင့် ထိုင်ဝမ်လိုလားသော အမေရိကန် နိုင်ငံရေးသမား ဂင်းဂရစ်ချ် တို့ တွေ့ဆုံစဉ်

ထိုစဉ် တချိန်တည်းနီးပါးတွင် အမေရိကန် ဒု သမ္မတ အယ်လ်ဂိုးသည် တရုတ်ပြည်သို့ သွားရောက်လည်ပတ် သောကြောင့်လည်း ဖြစ်နိုင်သည်။ သမ္မတ ကျန်က မစ္စတာ ဂင်းဂရစ်ချ်ကို မတွေ့မီ ဒု သမ္မတ အယ်လ်ဂိုးကို အရင်တွေ့သည်။ ဒု သမ္မတ အယ်လ်ဂိုးသည် အမေရိကန် အစိုးရကို ကိုယ်စားပြုသူဖြစ်သောကြောင့် တရုတ်ဘက်က ဧည့်ခံရာတွင် ပိုမိုအားစိုက်ထုတ်သည်မှာ သဘာဝကျသည်။

နောက်နှစ်ဝက်အကြာ ၁၉၉၇ ခုနှစ် အောက်တိုဘာလတွင် သမ္မတ ကျန်သည် ၁၂ နှစ်အတွင်း တရုတ်နိုင်ငံ အကြီးအကဲတဦး၏ အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံးခရီးအဖြစ် သွားရောက်သည်။ ၁၉၉၈ ခုနှစ် ဇွန်လတွင် ထိုစဉ်က အမေရိကန် သမ္မတ ဘီလ်ကလင်တန်သည် တရုတ်ပြည်သို့ ၉ ရက်ကြာ သွားရောက်လည်ပတ်သည်။

ယခုအခါ ပါတီခေါင်းဆောင်ဟောင်း တဦးဖြစ်နေသော မစ္စတာ ကျန်သည် အနိမ့်ဆုံး အဆင့်အထိ ကျဆင်းခဲ့သော တရုတ်-အမေရိကန် ဆက်ဆံရေးကို သူမည်သို့ ပြန်လည်တည်ဆောက်ခဲ့သည်နှင့် ပတ်သက်ပြီး အမြဲတမ်း ဂုဏ်ယူသည်။

ယခုအခါ ပါတီခေါင်းဆောင်ဟောင်း တဦးဖြစ်နေသော မစ္စတာ ကျန်သည် အနိမ့်ဆုံး အဆင့်အထိ ကျဆင်းခဲ့သော တရုတ်-အမေရိကန် ဆက်ဆံရေးကို သူမည်သို့ ပြန်လည်တည်ဆောက်ခဲ့သည်နှင့် ပတ်သက်ပြီး အမြဲတမ်း ဂုဏ်ယူသည်။

မစ္စတာ ကျန်သည် ဒု သမ္မတ ဂိုး၏ တရုတ်ခရီးစဉ်ကိုသာမက ဂင်းဂရစ်ချ်၏ တရုတ်နှင့် ထိုင်ဝမ်ခရီးစဉ်များကိုပါ အောင်မြင်စွာ ကိုင်တွယ်ပြီနောက် တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်အောင် အလျင်အမြန်လုပ်သည်။

ပါတီ၏ အမျိုးသားကွန်ဂရက် နီးကပ်လာခြင်းနှင့်အတူ မေးရမည့် မေးခွန်းမှာ မစ္စတာ ကျန်နှင့် သူ့လက်ထောက်ဟောင်းများ၏ ရည်ရွယ်ချက်များသည် မည်သည်တို့ ဖြစ်သနည်းဆိုသည့် မေးခွန်းပင်။

သမ္မတ ရှီ အနေဖြင့် တရုတ်၏ အမေရိကန်နှင့် ဆက်ဆံရေးကို ပိုမိုကောင်းမွန်စွာ စီမံစေရန် ၎င်းတို့ လိုလားမည်ဆိုပါက ထူးဆန်းသော ကိစ္စမဟုတ်ပေ။ တရုတ်နိုင်ငံ မကြုံစဖူး စီးပွားကျဆင်းနေခြင်းသည် ထိုကိစ္စတွင် အကြောင်းတရပ် ဖြစ်သည်။

ထိုသို့ဆိုသောကြောင့် ၎င်းတို့သည် သမ္မတ ရှီအနေဖြင့် ထိုင်ဝမ်ကိစ္စတွင် အလျှော့ပေးရမည်ဟု မဆိုလိုပေ။

၎င်းတို့၏ တွေးခေါ်ပုံမှာ သမ္မတ ရှီအနေဖြင့် ထိုင်ဝမ် ပြန်လည်ပေါင်းစည်းရေး ထိုးစစ်အနေအထားဖြင့် လုပ်ဆောင်ရမည်မှာ သဘာဝကျသော်လည်း သမ္မတသည် အမေရိကန်နှင့် ဆက်ဆံရေးနှင့် ပတ်သက်ပြီး လက်တွေ့ကျသော ဆုံးဖြတ်ချက်များ ချသင့်သည်ဆိုသည့် သဘောဖြစ်သည်။

မကြာမီ အသက် ၉၆ နှစ် ပြည့်တော့မည်ဖြစ်သော မစ္စတာ ကျန်နှင့် အခြားပါတီခေါင်းဆောင်များ၏ ရည်ရွယ်ချက်များကို နည်းလမ်းအမျိုးမျိုးဖြင့် သမ္မတ ရှီထံ ပို့ဆောင်ပေးပြီး ရှီသည် ထိုအတွေးအခေါ်များကို လျစ်လျူရှုမရပေ။

မကြာမီ အသက် ၉၆ နှစ် ပြည့်တော့မည်ဖြစ်သော မစ္စတာ ကျန်နှင့် အခြားပါတီခေါင်းဆောင်များ၏ ရည်ရွယ်ချက်များကို နည်းလမ်းအမျိုးမျိုးဖြင့် သမ္မတ ရှီထံ ပို့ဆောင်ပေးပြီး ရှီသည် ထိုအတွေးအခေါ်များကို လျစ်လျူရှုမရပေ။

ထို့ကြောင့်ပင် ၂ နိုင်ငံဆက်ဆံရေး ဆိုးရွားနေသော်လည်း သမ္မတ ရှီသည် သမ္မတ ဘိုင်ဒင်နှင့် ဖုန်းဖြင့် စကားပြောခြင်း ဖြစ်သည်။

တီယန်မင်ရင်ပြင်တွင် ဒီမိုကရေစီကျောင်းသား ဆန္ဒပြသူများကို ဖြိုခွဲပြီး ၂ နှစ်အကြာ ၁၉၉၁ ခုနှစ်တွင် မစ္စ ပေလိုစီသည် ဘေဂျင်းသို့ ရောက်လာခဲ့သည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စ နန်စီ ပေလိုစီနှင့် ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ် / Taiwan Presidential Office

ထိုဘေဂျင်းခရီးစဉ် နောက်ဆုံးနေ့တွင် မစ္စ ပေလိုစီသည် ထိုရင်ပြင်သို့သွားကာ “တရုတ်ပြည်မှ ဒီမိုကရေစီအရေး ကျဆုံးသူများအတွက်” ဆိုသည့် စာတန်းကို ထောင်သည်။ ထိုသတင်းစကားကို တရုတ်နှင့် အင်္ဂလိပ်ဘာသာများဖြင့် ရေးသားထားသည်။

ထိုင်ဝမ်မြို့တော် တိုင်ပေတွင် မစ္စ ပေလိုစီသည် ဒီမိုကရေစီကို အမွှမ်းတင်ပြီး ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့် ဆွေးနွေးပွဲ ကျင်းပသည်။

တရုတ်သည် ထိုင်ဝမ်ပြဿနာတွင် တင်းမာသော ရပ်တည်ချက်ကို ပြသသော်လည်း အမျိုးသားကွန်ဂရက် မတိုင်မီ အရှုပ်အထွေးများကို ရှောင်ရှားလိုသည်။

မစ္စတာ ဂင်းဂရစ်ချ်၏ ထိုင်ဝမ်ခရီးစဉ်အပြီး ၂၅ နှစ်ကြာသော်လည်း အမေရိကန်-တရုတ်ဆက်ဆံရေးသည် တရုတ်နိုင်ငံရေးအပေါ် သက်ရောက်သည့် အရေးပါသော အချက်များအနက် တခုဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။

မစ္စတာ ဂင်းဂရစ်ချ်၏ ထိုင်ဝမ်ခရီးစဉ်အပြီး ၂၅ နှစ်ကြာသော်လည်း အမေရိကန်-တရုတ်ဆက်ဆံရေးသည် တရုတ်နိုင်ငံရေးအပေါ် သက်ရောက်သည့် အရေးပါသော အချက်များအနက် တခုဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။

မစ္စ ပေလိုစီ ထိုင်ဝမ်မှ ထွက်ခွာသွားပြီး အတန်ကြာသည့်တိုင် တရုတ်သည် တန်ပြန်အရေးယူမှုများကို ဆောင်ရွက်နေနိုင်ခြေရှိသည်။ ထိုသို့ လုပ်ဆောင်ရခြင်းမှာ နိုဝင်ဘာလ အမေရိကန် ရွေးကောက်ပွဲများ ပြီးနောက် ဂုဏ်သရေရှိ လူကြီးမင်းများ နောက်ထပ် မလာရောက်အောင် တားဆီးလိုခြင်းသည် အကြောင်းရင်းတခု ဖြစ်သည်။

သမ္မတ ရှီ၏ အရှုံးမခံနိုင်သည့် စစ်ပွဲ စတင်နေပြီဖြစ်သည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
301
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
120
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.6k

(Nikkei Asia ပါကာဆုဂျီ နာကာဇာဝါ၏ Pelosi’s Taiwan visit is Xi’s final exam to stay top leader ကို ဘာသာပြန် ဖော်ပြသည်။ ကာဆုဂျီ နာကာဇာဝါသည် Nikkei ၏ တိုကျိုအခြေစိုက် ဝါရင့်ဝန်ထမ်းနှင့် ခေါင်းကြီးရေးသားသူ ဖြစ်သည်။ သူသည် တရုတ်တွင် သတင်းထောက်အဖြစ် ၇ နှစ်နေထိုင်ပြီးနောက် တရုတ် ဗျူရို အကြီးအကဲ ဖြစ်လာသည်။ သူသည် ၂၀၁၄ ခုနှစ်အတွက် Vaughn-Ueda International Journalist ဆု ရရှိထားသူဖြစ်သည်။)

You may also like these stories:

ထိုင်ဝမ်သို့ ပေလိုစီ ရောက်အပြီး တရုတ်က ကြီးမားသော စစ်ရေးလေ့ကျင့်မှုများဖြင့် ခြိမ်းခြောက်

နောက်ထပ်ကွပ်မျက်မှု မလုပ်ရန် မြန်မာကို ASEAN သတိပေး

ဂျိုးဘိုင်ဒင် ပထမဆုံး အာရှခရီး ဘာထူးလဲ

ASEAN ထိပ်သီးအစည်းအဝေးတွင် မြန်မာ စစ်အာဏာသိမ်းမှုကို ဂျိုးဘိုင်ဒင် ရှုတ်ချ

ကမ်မလာဟားရစ်ရဲ့ အရှေ့တောင်အာရှ ခရီး ဘာလဲ

Your Thoughts …
Tags: ဆိုင်းအင်ဝမ်းတရုတ်ထိုင်ဝမ်ဒီမိုကရေစီနန်စီ ပေလိုစီနျူ ဂင်းဂရစ်ချ်ရှီကျင်ဖျင့်အမေရိကန်
Katsuji Nakazawa

Katsuji Nakazawa

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
အောင်မင်္ဂလာ အဝေးပြေးကားဝင်း  / ATW ''အန်တီဝင်း'' Express အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး/ Facebook

ခရီးသည်တင်ကားဖြင့် ကုန်စည်သယ်ယူပို့ဆောင်မှု စစ်ကောင်စီ ကန့်သတ်

ကိုင်းကံ၊ အင်ပင်နှင့် ယဒင် ကျေးရွာများကို လာရောက် ပစ်ခတ်သွားသည့် Mi – 35 ရဟတ်ယာဉ်  / CJ

ကောက်စိုက်သမများကို ရဟတ်ယာဉ်ဖြင့်ပစ် ၂ ဦးသေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved