• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကောက်စိုက်သမများကို ရဟတ်ယာဉ်ဖြင့်ပစ် ၂ ဦးသေဆုံး

by ဧရာဝတီ
5 August 2022
in သတင်း
A A
ကိုင်းကံ၊ အင်ပင်နှင့် ယဒင် ကျေးရွာများကို လာရောက် ပစ်ခတ်သွားသည့် Mi – 35 ရဟတ်ယာဉ်  / CJ

ကိုင်းကံ၊ အင်ပင်နှင့် ယဒင် ကျေးရွာများကို လာရောက် ပစ်ခတ်သွားသည့် Mi – 35 ရဟတ်ယာဉ် / CJ

7.7k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကိုင်းကံရွာမှ ကောက်စိုက်သမများကို အာဏာသိမ်း စစ်တပ်က ရုရှားနိုင်ငံထုတ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ၂ ဦး သေဆုံး ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ဒီပဲယင်းမြို့နယ် အတွင်းရှိ ကိုင်းကံ၊ အင်ပင်နှင့် ယဒင် ကျေးရွာအနီးတဝိုက်တွင် ဩဂုတ်လ ၄ ရက်နေ့က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လိုက်လံ ပစ်ခတ်ရင်း ကောက်စိုက် နေသူများကိုပါ ပစ်ခတ်သွားခြင်းဖြစ်ကြောင်းသိရသည်။

ဒေသခံ တဦးက “ကောက်စိုက်မတွေ အုပ်စုလိုက်ရှိနေတုန်း ပစ်ခတ်လို့ ၂ ယောက် သေဆုံးခဲ့တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ပစ်ခတ်မှုကြောင့် ကိုင်းကံ၊ အင်ပင်၊ ယဒင်၊ ထန်းတပင်၊ မကျည်းအုပ်၊ နဂါးဘို၊ လျှော်ဖြူ ကျေးရွာများ အပါအဝင် အနီးတဝိုက်မှ ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ၃၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဒေသခံရွာသူ၊ ရွာသားများ ရှောင်ပြေးနေချိန်မှာဘဲ နံနက် ၁၀ နာရီခွဲခန့်က ၁ ကြိမ်၊ နေ့လည် ၁၂ ကျော်တွင် တကြိမ် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု သိရသည်။ ဒေသခံ အရပ်သားများ ကတော့ တိုက်ပွဲဖြစ်ပွားသံ မကြားရဘဲ အာဏာသိမ်း စစ်တပ်က ဝေဟင်မှ ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ပြောကြသည်။

ကိုင်းကံ၊ အင်ပင်နှင့် ယဒင် ကျေးရွာများကို လာရောက် ပစ်ခတ်သွားသည့် Mi – 35 ရဟတ်ယာဉ် / CJ

အဆိုပါဒေသတွင် လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပြောခွင့်ရသူနှင့် ဒေသခံ အချို့ကတော့ Mi-35 ဖြင့် ရှေ့မှ ပစ်နေချိန်တွင် နောက်မှ စစ်ရဟတ်ယာဉ် ၂ စီးဖြင့် ဘရားထွက်ရွာတွင် တပ်စွဲထားသော အင်အား ၈၀ ခန့်ရှိသည် စစ်သားများကို ကိုင်းကံရွာသို့ လာချသွားကြောင်းသိရသည်။

ကိုင်းကံရွာနှင့် ဘုရားထွက်ရွာသည် ၁၅ မိုင်ခန့်ကွာဝေးကြောင်းသိရသည်။

ရွာခံ တဦးက “လာပစ်တော့မှ ထွက်ပြေးရတာ။ ဗြုန်းစားကြီးကို ရောက်လာတာ။ ဘုရားထွက်နဲ့ အင်ပင်-ယဒင်နဲ့ ဆိုရင် ၅ ရွာ ၆ ရွာလောက်ခြားတော့ မထင်ဘူးလေ။ နမခက ၃ စီးနဲ့ တက်လာပြီးတော့ ပစ်တာ။ ၂ ခါပြန်ပစ်တာ။ ၁ ခါပစ်ရင် ၄၅ မိနစ်လောက်ကြာတယ်။ ပြည်သူရယ် ဘာရယ် ဘာမှကိုမရွေးဘဲ ပတ်ပြီး လျှောက်ပစ်နေတာ” ဟု ဆိုသည်။

ဒီပဲယင်းမြို့နယ်အတွင်းရှိ နများရွာအနီးတွင် ဇူလိုင်လ ၁၄ ရက် ကလည်း စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရဟတ်ယာဉ် ၅ စီးဖြင့် လာရောက်ပြီး လေကြောင်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့သောကြောင့် နများရွာ ဒေသခံ ဦးခင်မောင်ဆန်း သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒီပဲယင်းနှင့် ရေဦးမြို့နယ်အစပ်ရှိ တင်းတိမ်ရံကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၂၈ ရက်နေ့မှ စပြီး ဇူလိုင် ၃၁ ရက်နေ့အထိ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဒီပဲယင်းမြို့နယ်ရှိ ဘုရားထွက်ရွာကို စစ်ကြောင်း ထိုးလာခြင်း ဖြစ်သည်။

စီးနင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ယူနီဖောင်းများ ဝတ်ဆင်ထားခြင်း မရှိသည့် အတွက် မည့်သည့် တပ်မက ဖြစ်သည်ကို အတည်မပြုနိုင်ကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်များတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၃၃၊ ၁၀၁ ခြေမြန် တပ်မဌာနချုပ်များနှင့် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ အဓိက လှုပ်ရှား လျက် ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ်ဖြိုး သန့်ကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ပြောင်းရွှေ့ ခန့်အပ်လိုက်ပြီးနောက် တိုင်းမှူးသစ်အဖြစ် ကလေးမြို့ အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀) တပ်မမှူးဖြစ်သူ ဗိုလ်ချုပ်သန်းထိုက်ကို ပြောင်းရွှေ့ ခန့်အပ်ထားသည်။

Your Thoughts …
Tags: Mi-35ကိုင်းကံရွာစစ်ကိုင်းဒီပဲယင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

by ဧရာဝတီ
6 August 2023
15.1k

ပြီးခဲ့သည့်နှစ် မေလအတွင်းက စကခ- ၄ လက်အောက်ရှိ ခြေမြန်တပ်ရင်း (ခမရ ၇၀၈)သည် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှ အရပ်သား ၂၆ ဦးကို သတ်ဖြတ်ခဲ့ရာ ယင်းဖြစ်စဉ်တွင် ဗိုလ်မှူးချုပ် ကြည်သိုက် တာဝန်ရှိကြောင်း ပြောဆို မှုများ...

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

by ဧရာဝတီ
30 October 2023
11.9k

ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုးတလျှောက်တွင် စစ်ဆင်ရေး စတင်သည့် အောက် တိုဘာ ၂၇ ရက်က စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

by ဧရာဝတီ
6 October 2023
7.2k

လက်ရှိဖွဲ့စည်းထားသော ပြည်သူ့စစ်များကို ယခင် စစ်တပ်က လုံခြုံရေးယူထားသည့် နေရာများတွင် အစားထိုး တာဝန်ပေးခြင်း၊ စစ်တပ်နှင့်အတူ ပူးတွဲတာဝန်ပေးခြင်း၊ နယ်မြေရှင်းလင်းရာတွင် ထည့်သွင်းအသုံးပြု၍ လုံခြုံရေး၊ ပိတ်ဆို့ စစ်ဆေးရှာဖွေရေးများတွင်လည်း ထည့်သွင်းအသုံးပြုနေကြောင်း

ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း (၃)

ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း (၃)

by ဉာဏ်သစ်
12 January 2025
6.1k

ခင်ညွန့်သည်လည်း သူ့ကိုယ်ပိုင် ဘိုးတော် ကွန်ရက်နှင့် ထောက်လှမ်းရေး စနစ်၏ အာဏာတို့ကြောင့် ဆူဖြိုးနေသဖြင့် သွားရည် ယိုစရာ အစာတလုတ် ဖြစ်နေ၍ နအဖ ဟူသော ပါးစပ်ကြီးကလည်း…

ရွှေဘိုနယ်မှ ပျူစောထီးရွာအချို့ အငတ်ဘေးကြုံ

ရွှေဘိုနယ်မှ ပျူစောထီးရွာအချို့ အငတ်ဘေးကြုံ

by ဧရာဝတီ
19 February 2025
5.5k

လက်ရှိ တည်သီးတောရွာအပြင် ရွှေဘိုမြို့နယ်အတွင်းမှ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများ လက်နက်ချ အလင်းဝင်ရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသလို တည်သီးတော ပျူစောထီးရွာမှ ပြည်သူများအနေဖြင့် ထပ်မံ ထွက်လာလိုပါက ချိတ်ဆက်ဆောင်ရွက် ကယ်ထုတ်ပေးမည်ဖြစပြီး ပျူစောထီးများ အလင်းဝင်လိုပါကလည်း လက်ခံပေး မည်ဖြစ်ကာ...

ရက်ဆက်ဖြစ်နေသည့် တိုက်ပွဲများကြောင့် ထီးချိုင့်မြို့  ၉၀ ရာခိုင်နှုန်း ပျက်စီးသွား

ရက်ဆက်ဖြစ်နေသည့် တိုက်ပွဲများကြောင့် ထီးချိုင့်မြို့ ၉၀ ရာခိုင်နှုန်း ပျက်စီးသွား

by ဧရာဝတီ
24 January 2024
4.7k

ဇန်နဝါရီ ၁၃ ရက်ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် ထောက်ပို့ရဟတ်ယာဉ် ၂ စီးဖြင့် ချပေးရာတွင် တော်လှန်ရေးအဖွဲ့များ ရှိရာဘက်သို့ ကျရာက်ခဲ့ခြင်းကြောင့် ၄၀ မမ အပါအဝင် လက်နက်ခဲယမ်းများကို ရရှိခဲ့သည်

Next Post
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလဗ်ရောဗ်၏ မြန်မာပြည်ခရီးစဉ်

ရုရှားနှင့် မြန်မာ စီးပွားရေးအရှိန်မြှင့်ရန် ကြိုးပမ်းနေဟု ICG ပြော

Editorial Talk | စစ်ကောင်စီကို ရုရှား ဘာကြောင့် ထောက်ခံသလဲ (ရုပ်/သံ)

Editorial Talk | စစ်ကောင်စီကို ရုရှား ဘာကြောင့် ထောက်ခံသလဲ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved