• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

၂၀၂၀ ထဲက တရုတ်နိုင်ငံရဲ့ ခြေလှမ်းတွေက ဘာလဲ ဘယ်လဲ

by ဧရာဝတီ
10 July 2020
in အင်တာဗျူး
A A
၂၀၂၀ ဇန်နဝါရီ ၁၇ ရက် နေပြည်တော်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို လက်ခံတွေ့ဆုံနေသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် / နိုင်ငံတော် သမ္မတရုံး

၂၀၂၀ ဇန်နဝါရီ ၁၇ ရက် နေပြည်တော်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို လက်ခံတွေ့ဆုံနေသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် / နိုင်ငံတော် သမ္မတရုံး

12.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံနှင့် အာရှတိုက်တခုလုံးတွင် တရုတ်နိုင်ငံ၏ လမ်းကြောင်းက ယခုနှစ် အတွင်းတွင် အိန္ဒိယနှင့် ဖြစ်ပွားခဲ့သည့် နယ်စပ်တိုက်ပွဲများနှင့် တောင်တရုတ်ပင်လယ်မှ ထိပ်တိုက်ရင်ဆိုင်မှုများမှသည် ခေတ်သစ် ပိုးလမ်းမ (Belt and Road Initiative )နှင့် COVID-19 အထိ လျင်မြန်စွာ တိုးတက်နေသည်။ ဧရာဝတီက ဝါရင့် ဆွီဒင် ဂျာနယ်လစ်နှင့် မြန်မာနိုင်ငံအကြောင်း စာအုပ်များစွာကို ရေးသားခဲ့သော မြန်မာ့အရေး လေ့လာသုံးသပ်သူ ဘာတေးလစ်တနာ Bertil Lintner နှင့် မကြာသေးမီက တွေ့ဆုံ၍ ဘေဂျင်း၏ရည်မှန်းချက်များအပေါ် သူ၏အမြင်နှင့် ဒေသတွင်း ပဋိပက္ခနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်သို့ အဓိပ္ပါယ်ဆောင်မည်တို့ကို မေးမြန်းခဲ့ပါသည်။

မေး။ ။ COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးမှာ ကမာ္ဘလုံးဆိုင်ရာ ခေါင်းဆောင်မှု ကင်းမဲ့နေပြီးတော့  အမေရိကန်နိုင်ငံက ပြည်တွင်းရေးမှာ ဖရိုဖရဲ အခြေအနေတွေ ရှိနေတာက တရုတ်နိုင်ငံအတွက် အားသာချက်တခု ပေးသလို ဖြစ်နေတယ်။ အာရှတိုက်မှာ တရုတ်နိုင်ငံက သူ့အင်အားတွေကို ထုတ်ပြနေပြီး ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယနိုင်ငံတွေအပေါ် ပိုမို ရန်လိုပြီး သူ့ကိုယ်သူ ယုံကြည်မှုတွေ ပြသလာတယ်။ တရုတ်နိုင်ငံရဲ့ လတ်တလော လှုပ်ရှားမှုတွေ အပေါ် ဘယ်လိုထင်မြင်ပါသလဲ။

ဖြေ။ ။ COVID-19 ကူးစက်ကပ်ရောဂါကို တရုတ်က အခွင့်ကောင်းယူနေတာ ထင်ရှားပါတယ်။ ကျန်တဲ့ ကမာ္ဘ့နိုင်ငံတွေက သူတို့ရဲ့ကိုယ်ပိုင် ပြည်တွင်းရေး ပြဿနာတွေ အပေါ်မှာပဲ  အာရုံစိုက်နေနိုင်ချိန်မှာ တရုတ်နိုင်ငံက ဟောင်ကောင်မှာ လုံခြုံရေး ဥပဒေသစ်တခုနဲ့ အတူ အင်ဒို – ပစိဖိတ်ဒေသအတွင်း မှာ အင်အားပြနေတယ်။ တရုတ် ဂျက်တိုက်လေယာဉ်တွေက ထိုင်ဝမ် လေပိုင်နက်ထဲ ဝင်နေကြတယ်။ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်ငါးဖမ်းလှေတွေကို ထိုးနှက်နေတယ်။ ရေပြင်တခုတည်းအတွင်း မလေးရှား ရေနံရှာဖွေရေးယာဉ်နဲ့ တရုတ်တိုင်းတာရေး သင်္ဘောတစီးကြားမှာ တလကြာ ထိပ်တိုုက် ရင်ဆိုင်မှု ဖြစ်ခဲ့တယ်။ ဟိမဝန္တာ အနောက်ပိုင်းမှာ ၂ နိုင်ငံကို ပိုင်းခြားထားတဲ့ ထိန်းချုပ်မှုမျဉ်း(LAC) တလျှောက် အိန္ဒိယနဲ့ ပေါ်ပေါ်ထင်ထင် ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့တယ်။ အခုလို ရန်လိုတဲ့ အနေအထားတွေနဲ့ ပိုပြီးတော့ “ညင်သာသိမ်မွေ့တဲ့” ခေတ်သစ်ပိုးလမ်းမ စီမံကိန်း (BRI) တွေက တရုတ်နိုင်ငံက ကမာ္ဘ့ဦးဆောင် အင်အားကြီးနိုင်ငံ ဖြစ်ဖို့  ရေရှည် မဟာဗျူဟာရဲ့ အစိတ်အပိုင်းတွေ ပါပဲ။

မေး။ ။ လာဒက်မှာ တရုတ်နဲ့ အိန္ဒိယကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေက ဒေသတွင်း အစိုးရတွေကြားမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ တရုတ်နိုင်ငံက ဘယ်လောက်အထိ ဝေးဝေးသွားချင်သလဲ။ အဲဒီနောက်မှာ ဘယ်လို အကြောင်းရင်းတွေ ရှိသလဲဆိုတာကို မြင်နိုင်အောင် လူတိုင်းက ကြိုးစားနေကြပါတယ်။ အိန္ဒိယနဲ့ ပဋိပက္ခမှာ တရုတ်နိုင်ငံက ဘာကိုလိုချင်နေတာလဲ။

ဖြေ။ ။ ပထမဦးဆုံး အနေနဲ့ ပြောရရင် အိန္ဒိယနဲ့ တရုတ်ကြား LAC မျဉ်းတလျှောက် ထိပ်တိုက်ရင်ဆိုင်မှုက ဒီလိုမျိုး လူနေထိုင်မှုမရှိတဲ့ ဧရိယာမှာရှိတဲ့ အသုံးမဝင်တဲ့ ကျောက်တုံးတွေရှိတဲ့ နယ်စပ်နေရာနဲ့ မဆိုင်ပါဘူး။ အဲဒါက အာရှရဲ့ အင်အားကြီး နိုင်ငံကြီး ၂ ခု ကြားထဲက မဟာဗျူဟာ ပြိုင်ဆိုင်မှုနဲ့ ဆိုင်တဲ့ မေးခွန်းတခု ဖြစ်ပါတယ်။ ပိုပြီး တိတိကျကျ ပြောရရင် တရုတ်နိုင်ငံက သူ့ရဲ့ နိုင်ငံစုံ အခြေခံအဆောက်အဦး စီမံကိန်း BRI ကို ငြင်းပယ်ခြင်းအတွက် အိန္ဒိယနိုင်ငံကို အပြစ်ပေးချင်နေတယ်။ ဒေသတွင်းမှာ ဘယ်သူက ထိန်းချုပ်ထားသလဲဆိုတာ အိမ်နီးချင်းတွေကို ပြချင်နေတယ်။

မေး။ ။ ခင်ဗျားရဲ့ “တရုတ်နိုင်ငံ၏ အိန္ဒိယ စစ်ပွဲ(China’s India War)” ဆိုတဲ့ စာအုပ် မှာ မော်စီတုန်းရဲ့ တရုတ်နိုင်ငံက နေရူးရဲ့ ဘက်မလိုက်ရေးနဲ့ မစွက်ဖက်ရေး အယူအဆတွေနဲ့ အခြေခံကျကျ ကွဲပြားခြားနားတဲ့ ကမာ္ဘ့အမြင် ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ လွတ်လပ်ရေးရလာတဲ့ အာရှနဲ့ အာဖရိကနိုင်ငံ အသစ်တွေရဲ့ အဓိကအသံအနေနဲ့ ၁၉၅၀ နှစ်တွေ တလျှောက်လုံး အိန္ဒိယနိုင်ငံက ကိုင်စွဲထားတဲ့ အနေအထားကို ဖယ်ရှားခြင်းအားဖြင့် တရုတ်နိုင်ငံက တတိယကမာ္ဘရဲ့ ခေါင်းဆောင်ဖြစ်လာဖို့ စိတ်အားထက်သန်နေခဲ့တယ်လို့ ရေးခဲ့တယ်။

တရုတ်နဲ့ အိန္ဒိယတို့ရဲ့ လက်ရှိ ဖြစ်ပွားနေဆဲ ပဋိပက္ခတွေနဲ့ လာဒက်က စစ်ရေး လှုပ်ရှားမှုက ၁၉၆၂ ခုနှစ် စစ်ပွဲနောက်ပိုင်းမှာ အိန္ဒိယကို သူ့နေရာက ဖယ်ရှားခြင်း ဖြစ်သလို အလယ်ဘုရင့် နိုင်ငံတော်နဲ့ ဧကရာဇ် ရှီကျင့်ဖျင်ကို ဦးညွှတ်ကြဖို့ အာရှ နိုင်ငံတွေကို အချက်ပြလိုက်တဲ့ နောက်ဆုံးလုပ်ရပ်လို့ ယုံကြည်ပါသလား။ အိန္ဒိယရဲ့ အမျိုးသားရေးဝါဒီ ခေါင်းဆောင် မိုဒီက သူ့ရဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ တရုတ်ခေါင်းဆောင်နဲ့ ကာလရှည်ရှိခဲ့တဲ့ ဆက်ဆံရေးတွေကြောင့် (ဒါကို) မမြင်နိုင်ခဲ့တာလား။ အိန္ဒိယက လက်အောက်ခံအဖြစ် ရောက်အောင် ထိုးနှက်ခံလိုက်ရပြီလား။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
340
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
140
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.8k

ဖြေ။ ။ ခင်ဗျားက အဲဒီလို ယူဆမယ်ဆိုလည်း ယူဆနိုင်ပါတယ်။ ဟုတ်ပါတယ်၊ ၁၉၆၂ ခုနှစ်စစ်ပွဲမတိုင်မီက ၁၉၅၀ နှစ်တွေမှာ အဲဒီတုန်းက အိန္ဒိယ ဝန်ကြီးချုပ် ဂျဝါဟာလယ်နေရူး Jawaharlal Nehru က တရုတ်နိုင်ငံဟာ မိတ်ဆွေတဦး၊ လုပ်ဖော်ကိုင်ဖက်တဦး ဖြစ်တယ်လို့ ထင်ခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်က ဘက်မလိုက် လှုပ်ရှားမှုကို မွေးဖွားခဲ့တဲ့ ဘန်ဒေါင်း  Bandung ထိပ်သီးအစည်းအဝေးကို ယူဆောင်လာခဲ့တာ အိန္ဒိယပါ။ ၁၉၆၂ ခုနှစ်မှာတော့ နေရူးကို ထိတ်လန့်တုန်လှုပ်စေခဲ့တယ်။ အဲဒီအခြေအနေကနေ ဘယ်တော့မှပြန်ကောင်း မလာ တော့ဘဲ ၁၉၆၄ ခုနှစ်မှာ သူ ကွယ်လွန်သွားခဲ့ပါတယ်။ အလားတူပဲ လက်ရှိ အိန္ဒိယ ခေါင်းဆောင်ပိုင်းက အဲဒီ ချစ်ကြည်ရင်းနှီးမှုကို ပြန်အသက်သွင်းဖို့ ဖြစ်နိုင်လိမ့်မယ်လို့ ထင်ကောင်း ထင်ခဲ့ကြပါလိမ့်မယ်။ ဒါပေမယ့် LAC  မှာ ဖြစ်ခဲ့တဲ့ လတ်တလော ထိတွေ့ မှုတွေက သူတို့အနေနဲ့ အဲဒီ ချစ်ကြည်ရင်းနှီးမှုကို  ပြန်လည်အကဲဖြတ်ဖို့နဲ့ တရုတ် နိုင်ငံရဲ့ ရည်မှန်းချက်တွေကို အနီးကပ်ကြည့်ရှုဖို့ ဖြစ်လာခဲ့ရပါတယ်။

မေး။ ။ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြန် (CPEC) က BRI ၏ အဓိကစီမံကိန်းတခု ဖြစ်ပြီး အိန္ဒိယကတော့ ကက်ရှ်မီးယားက BRI စီမံကိန်းတွေကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ထားပါတယ်။ BRI  နဲ့  အာရေဗျ ပင်လယ်နဲ့ အလယ်အာရှကို တရုတ်နိုင်ငံရဲ့ ဝင်ရောက်ခွင့် ၂ ခုလုံး အတွက် အိန္ဒိယနိုင်ငံက  ခြိမ်းခြောက်လိမ့်မယ် ဆိုတဲ့ စိုးရိမ်မှုနဲ့ တရုတ်က လုပ်နေတယ်လို့ ထင်ပါသလား။ အထူးသဖြင့် တကယ်လို့ အိန္ဒိယရဲ့ အမျိုးသားရေးအစိုးရက မကြာတော့မယ့် အနာဂတ်ကာလမှာ ကက်ရှ်မီးယားဒေသ တခုလုံးကို (ပိုင်ဆိုင်ကြောင်း) တောင်းဆိုဖို့ ရုပ်ပိုင်းဆိုင်ရာအရ လှုပ်ရှားလာခဲ့ရင်ပေါ့။

ဖြေ။ ။ CPEC က BRI ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တခုဖြစ်ပါတယ်။ ဒါပေမယ့်  ကာရာကိုရမ် Karakoram အဝေးပြေးလမ်းမက ကမာ္ဘပေါ်မှာ အန္တရာယ်အများဆုံး တောင်ပေါ်လမ်းတွေထဲက တခု ဖြစ်တယ်ဆိုတာကို ကျနော်တို့ သတိရသင့် ပါတယ်။ အဲဒီ တောင်ဘက်မှာ ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှု မရှိဘဲ အစွန်းရောက်အဖွဲ့တွေ တက်ကြွစွာ လှုပ်ရှားနေကြတဲ့ ပါကစ္စတန်နိုင်ငံ ရှိပါတယ်။ CPEC ကလည်း တရုတ်နိုင်ငံ ရဲ့ စက်မှု အချက်အချာနေရာတွေနဲ့ အလွန်ဝေးတဲ့ တရုတ်နိုင်ငံရဲ့ အနောက်စွန်းမှာ ရှိပါတယ်။ အဲဒါကြောင့် မြန်မာ-တရုတ်စီးပွားရေးစင်္ကြန် (MCEC) က တရုတ်အတွက် ပို အရေးကြီးပါတယ်။ အဲဒီမှာ (မြန်မာနိုင်ငံမှာ) သူတို့က လက်နက်ကိုင်အဖွဲ့တွေကို ထိန်းချုပ်နိုင်သလို ပြည်တွင်းနိုင်ငံရေးမှာလည်း အခန်းကဏ္ဍတခုကနေ ပါဝင် နေပါတယ်။ ပြီးတော့ ရွှေလီ-မူဆယ် နယ်စပ်ဂိတ်က CPEC ထက်စာရင် တရုတ်နိုင်ငံရဲ့ အဓိက စက်မှုဇုန်တွေ၊ အဓိကမြို့ကြီးတွေနဲ့ အများကြီး ပိုနီးပါတယ်။

မြန်မာ့အရေးနှင့် ဒေသတွင်း နိုင်ငံရေးနှင့် ပဋိပက္ခများအား လေ့လာသုံးသပ်သူ ဘာတေးလစ်တနာ/ ဧရာဝတီ

မေး။ ။ မြန်မာနိုင်ငံက အလယ်မှာ ရောက်နေတဲ့အတွက် မကြာသေးမီက အာရှရဲ့ အင်အားကြီး နိုင်ငံ ၂ ခု ကြားက ထိပ်တိုက်တွေ့မှု တွေကနေ ဘာမျှော်လင့်နိုင်မလဲ။ မြန်မာ့တပ်မတော်က အိန္ဒိယနိုင်ငံနဲ့ ပိုမိုနီးကပ်တဲ့ စစ်ရေးအရ ဆက်ဆံမှုကို တည်ဆောက်လာနေတယ်။ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့ တွေအပေါ် တရုတ်နိုင်ငံရဲ့ ထောက်ပံ့မှုနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကြောင့် နေပြည်တော်က ထိပ်တန်း စစ်ခေါင်းဆောင်တွေက စိတ်အနှောင့်အယှက် ဖြစ်နေကြတယ်။ မြန်မာပြည်မှာ တရုတ်လုပ် လက်နက်တွေ ဖမ်းမိမှု ပိုများလာတာကို ကျနော်တို့ တွေ့ခဲ့ရတယ်။ တဘက်မှာလည်း အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်မှာ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားနေတာကို ကျနော်တို့ တွေ့ရတယ်။ အိန္ဒိယ လက်နက်ကိုင်အဖွဲ့တွေက မြန်မာပြည်တွင်းမှာ လှုပ်ရှားနေကြတယ်။ အခြားတဖက်မှာတော့ လက်နက်ကိုင်အဖွဲ့ တချို့က တရုတ်နဲ့ ခိုင်မာတဲ့ ဆက်ဆံမှုရှိနေပါတယ်။

ဖြေ။ ။ သေချာတာပေါ့၊ အဲဒါက ကျနော် ပြောချင်တဲ့ မြန်မာပြည်အပေါ်ထားတဲ့ တရုတ် နိုင်ငံရဲ့ ဆုပေးဒဏ်ပေး မူဝါဒ အစိတ်အပိုင်းဖြစ်ပါတယ်။ ဆုလာဘ်ထဲမှာ ချေးငွေ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးတွေ၊ ရန်ကုန်မှာ နေပြည်တော်မှာ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံ နှုတ်ဆက်တာတွေ ပါတယ်။ ဒါပေမယ့် တကယ်လို့ တရုတ်က သူလိုချင်တာကို မရဘူးဆိုရင် တော့ သူ့ မှာ တုတ်ကြီးကြီး တချောင်းလည်း ရှိတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလတုန်းက အရင်သမ္မတရုံးဝန်ကြီး ဦးအောင်မင်း မုံရွာမြို့ကို သွားပြီး တရုတ် ကျောထောက် နောက်ခံပေးထားတဲ့ ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြတဲ့ ဒေသခံတွေနဲ့ တွေ့တုန်းက ပြောခဲ့တာကို ပြန် သတိရသင့်ပါတယ်။ “ကျနော်တို့က တရုတ်ကို ကြောက်ရပါတယ်။ ကျနော်တို့က သူတို့နဲ့ ရန်မဖြစ်ရဲပါဘူး။ တကယ်လို့ သူတို့ စီမံကိန်းတွေ ပိတ်ပစ်တာကို စိတ်ပျက်ပြီး ကွန်မြူနစ်တွေကို ပြန် ထောက်ပံ့မယ်ဆိုရင် နယ်စပ်ဒေသတွေမှာ စီးပွားရေးက နောက်ပြန်ဆုတ် သွားလိမ့်မယ်” လို့ သူကပြောတယ်။  “ကွန်မြူနစ်တွေ” ဆိုတာ  ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နဲ့ သူ့ရဲ့မဟာမိတ်တွေကို သူက ရှင်းရှင်းလင်းလင်း ဆိုလိုခဲ့တာပဲ။ သူ မှန်ပါတယ်။

မေး။ ။ မြန်မာ့တပ်မတော်က မြန်မာနဲ့ အိန္ဒိယက လက်နက်ကိုင်အဖွဲ့တွေနဲ့ ရင်ဆိုင်နေရတာကြောင့်  ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ နယ်စပ်တွေတလျှောက်မှာ မတည်ငြိမ်မှုနဲ့ အကြမ်းဖက် ပဋိပက္ခ အခြေအနေတွေက ဆက်လက်ရှိနေမယ်လို့ မျှော်လင့်နိုင်ပါသလား။ အခြေအနေက ငြိမ်းချမ်းရေးအတွက် ကြားဝင် စေ့စပ်ညှိနှိုင်း ပေးသူအဖြစ်နဲ့ရော သူ့ရဲ့ ကိုယ်ပိုင် သတ်မှတ်ချက်တွေအရ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက်ရော တရုတ်နိုင်ငံရဲ့ ပိုတိုးလာတဲ့ အခန်းကဏ္ဍကို မျက်နှာသာ ပေးနေပါတယ်။ ဒီ နယ်စပ်ပဋိပက္ခတွေက တရုတ်နိုင်ငံကို မြန်မာနိုင်ငံအပေါ် နိုင်ငံရေးနဲ့ စီးပွားရေးအရ ပိုမို ထိန်းချုပ်နိုင်မှုတွေနဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့ ကြားမှာ ခိုင်ခိုင်မာမာ နေရာဝင်ယူပြီး အိန္ဒိယကို ဝိုင်းရံမယ့် သူ့ရဲ့ ရေရှည် ရည်မှန်းချက်ကို ပြည်စုံစေဖို့ အခွင့်အရေး ပေးမှာလား။ ရခိုင်ပြည်နယ်မှာ တက်ကြွတဲ့ တရုတ်ကို ကျနော်တို့မြင်ရမှာလား။

ဖြေ။ ။ သေချာပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုုင်ငံရဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုးနဲ့ ဆက်နွယ်မှုတွေ အများအပြား ရှိပြီး သူတို့အပေါ် သြဇာလွှမ်းမိုးနိုင်တဲ့ တခုတည်းသော နိုင်ငံခြားတိုင်းပြည် ဖြစ်တယ်ဆိုတာကို ကျနော်တို့ သတိရဖို့လိုပါတယ်။ အနောက်တိုင်းက “ငြိမ်းချမ်းရေးဖော်ဆောင်သူ” တွေကို မေ့ထားလိုက်ပါ။ သူတို့က အဲဒီလို မရပါဘူး။ သူတို့နဲ့ သူတို့ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်တွေ ဆိုတာတွေက လုံးလုံးကို အဆက်အစပ် မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့နဲ့ နယ်နိမိတ်တွေမှာ တရုတ်က ဘယ်လို ကစားပွဲမျိုး ကစားနေသလဲ ဆိုတာကို ပြောဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် အဲဒီ ပဋိပက္ခတွေက မြန်မာအာဏာပိုင်တွေကို တရုတ်က “ ငါတို့က မင်းတို့အတွက် ဒါကို ဖြေရှင်းပေးမယ်။ အဲဒါကို လုပ်နိုင်တာ ငါတို့ပဲ ရှိတယ်” လို့ ပြောဖို့ အခွင့်အရေးတခု ပေးပါတယ်။

မေး။ ။ လာမည့်လ အနည်းငယ်အတွင်းမှာ အာဆီယံနဲ့ တခြား အာရှနိုင်ငံတွေက တရုတ်ဆီက ဘာကို မျှော်လင့်သင့်သလဲ။ အထူးသဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ အပေါ်မှာ ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ ပိုင်နက် အငြင်းပွားမှုမှာ ရန်လိုစွာနဲ့ တွန်းအားပေးလာတာကို ကျနော်တို့ မြင်ရလို့ ဖြစ်ပါတယ်။  “ရန်လိုနေတဲ့ တရုတ်က အခုအခါ အင်အားကြီးနိုင်ငံ” ဖြစ်တယ်လို့ အသိအမှတ်ပြုရ မယ့် အချိန်ရောက်ပြီလား။ သူက သတ်မှတ်ထားပြီး ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ စံနှုန်း တွေကို လျစ်လျူရှုပြီး သူ့ရဲ့ ကိုယ်ပိုင်သမိုင်း အယူအဆနဲ့ သမိုင်းဆိုင်ရာ တောင်းဆိုမှု တွေကို တွန်းလုပ်နေတာက မြို့ထဲကို ရဲအရာရှိ အသစ်ရောက်လာပြီး အခု နိုင်ငံတိုင်းက  သူစကားကို နားထောင်ရမယ်၊ ခိုင်းတာကို လိုက်လုပ်ရမယ် ဆိုတဲ့ သဘောလား။

ဖြေ။ ။ အာဆီယံရဲ့ ပြဿနာက သူတို့ဟာ “အရှေ့တောင်အာရှရဲ့ EU” မဟုတ်ခြင်းပဲ။ သူ့မှာ ဘုံမူဝါဒတွေ မရှိဘူး။ တကယ်တော့ အဖွဲ့ဝင်နိုင်ငံတွေကြားမှာ မည်ကာမတ္တ ပူးပေါင်းဆောင်ရွက်မှုပဲ ရှိတယ်။ အာဆီယံမှာ လမ်းညွှန် ဥပဒေသ ၂ ခု ရှိတယ်။ ဝင်ရောက်စွက်ဖက်မှု မပြုရေးနဲ့ အားလုံး တစိတ်တဝမ်းတည်း သဘောတူညီမှု ရှိရေးပဲ။ အဲဒါက အဖွဲ့အစည်းတခု အနေနဲ့ လုံးလုံးလျားလျား အားလျော့စေတယ်။ အရှေ့တီမောမှာ အာဆီယံက ဘယ်တုန်းကမှ ဝင်ရောက် စွက်ဖက်ခြင်း မရှိခဲ့ဘူး (အင်ဒိုနီးရှားရဲ့“ ပြည်တွင်းရေးကိစ္စ” လို့ပဲ ယူဆခဲ့တယ်)၊ လာအိုနဲ့ ထိုင်းကြား၊ ထိုင်းနဲ့ ကမော္ဘဒီးယား ကြား၊ ကမော္ဘဒီးယားနဲ့ ဗီယက်နမ် ကြား၊ ဖိလစ်ပိုင်နဲ့ မလေးရှား ကြား  နယ်နိမိတ် အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ အာဆီယံက ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူး။ ထိုင်းနိုင်ငံ တောင်ပိုင်းက ဆူပူသောင်းကျန်းမှုကို ထိုင်းနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စတခုဖြစ်တယ်လို့ ယူဆတယ်။ အဲဒါက အဖွဲ့ထဲကို ဘယ်တော့မှ ရောက်မလာခဲ့ဘူး။ (မဟာသီယာမိုဟာမက် Mahathir Mohamad ကပဲ ပုဂ္ဂလိက အနေနဲ့ အဲဒါကို လုပ်ခဲ့တယ်)
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်တွေကိုလည်း “ ပြည်တွင်းရေး” တခုအဖြစ် သတ်မှတ်ထားပါတယ်။ အာဆီယံက စေ့စပ်ဖျန်ဖြေသူအဖြစ် ပါဝင်ဖို့တောင်မှ မကြိုးစားခဲ့ပါဘူး။ လာအိုနဲ့ ကမော္ဘဒီးယားလိုမျိုး အာဆီယံနိုင်ငံတချို့ က တပါတီနိုင်ငံ တွေဖြစ်တယ်။ ကမော္ဘဒီးယားကို အင်အားကြီးတဲ့သူ တယောက်က ဆယ်စုနှစ်များစွာ အုပ်ချုပ်နေခဲ့တယ်။ ဘရူနိုင်းက အကြွင်းမဲ့ ဘုရင်စနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံ။ မလေးရှားနဲ့ စင်ကာပူက ဒီမိုကရေစီတဝက် နိုင်ငံတွေ။ ထိုင်းနိုင်ငံမှာ စစ်တပ်က ရွေးကောက်တင်မြှောက်ခံ အစိုးရရဲ့ နောက်ကွယ်မှာ အင်အားကြီးမားတဲ့ အဖွဲ့ အစည်း တခု အနေနဲ့ ဆက်ရှိနေတုန်းပဲ။ မြန်မာနိုင်ငံမှာလည်း အဲဒီလိုပဲ ရှိတယ်။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံ တို့က အာဆီယံမှာ “ဒီမိုကရေစီ အဆန်ဆုံး” နိုင်ငံတွေ ဖြစ်နိုင် ပါတယ်။ ဒီလိုမျိုး ကွဲပြားခြားနားတဲ့ နိုင်ငံရေးစနစ်တွေနဲ့ အမြင်တွေက အာဆီယံကို သူ့ရဲ့ အခြေခံအကျဆုံး ဥပဒေသဖြစ်တဲ့ တစိတ်တဝမ်းတည်း ဖြစ်ရေးအတွက် သဘောတူညီမှု ရရှိရေးကို မဖြစ်နိုင်အောင် လုပ်နေပါတယ်။

အဲဒါက ကွဲပြားခြားနားတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တရုတ်နိုင်ငံအပေါ် ရှုမြင်ပုံနည်းလမ်းတွေ မှာလည်း ရောင်ပြန်ဟပ်နိုင်ပြီး ရှင်းလင်းပြတ်သားတဲ့ ဘယ်လိုမူဝါဒကိုမှ ကျနော် မမြင်ပါဘူး။ ကမော္ဘဒီးယားနဲ့ လာအိုနိုင်ငံတွေက တရုတ်နဲ့ အလွန်နီးကပ်တယ်။ ဘယ်တော့မှ မဝေဖန်ဘူး။ ဗီယက်နမ်ကတော့ တရုတ် နဲ့ ပြင်းထန်တဲ့ ပဋိပက္ခတွေ တော်တော်များများ (၁၉၇၉ ခုနှစ်က နယ်စပ်စစ်ပွဲတခုနှင့် လက်ရှိ အငြင်းပွား တောင်တရုတ်ပင်လယ် ပဋိပက္ခများ) ရှိခဲ့တယ်။ တခြားအာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကလည်း တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ သူတို့ရဲ့ ကိုယ်ပိုင်မူဝါဒတွေ ရှိကြပါတယ်။ အဲဒါတွေက တခုနဲ့ တခု ထပ်နေတာတွေ၊ ဆန့်ကျင်ဘက် ဖြစ်နေတာတွေ ရှိတယ်။

ဟုတ်ပါတယ်။ တရုတ်နိုင်ငံကလည်း ဒါကို သတိပြုမိပြီးတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံ တွေနဲ့ တန်ိုင်ငံချင်းစီအလိုက် အပြန်အလှန်ဆက်ဆံတယ်။ ပြောရရင် သွေးခွဲအုပ်ချုပ်တဲ့  မူဝါဒ မျိုးပေါ့။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Beijing’s Long Game: Where is China Headed in 2020? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

တရုတ်အပေါ် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ မယုံကြည်မှုသည် လျှို့ဝှက်ချက် မဟုတ်တော့

ဓားထုတ်ပြပြီး အင်အားပြလာတဲ့ တရုတ်

ဟောင်ကောင်လုံခြုံရေး ဥပဒေ ဘာလဲ၊ ဘယ်လဲ

Your Thoughts …
Tags: CMECတရုတ်နိုင်ငံရဲ့ ခြေလှမ်းတွေတောင်တရုတ်ပင်လယ်ဘာတေးလစ်တနာလာဒက်အင်ဒိုပစိဖိတ်အာဆီယံအိန္ဒိယ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
၂၀၁၅မှ ၂၀၂၀ ထိ မြေပြိုမှုနှင့် သေဆုံးသူ ဇယား / အောင်ခိုင်မျိုး / ဧရာဝတီ

ဖားကန့်ဒေသက ၅ နှစ်အတွင်း လူသေဆုံးမှုဖြစ်ရပ်များ

ပလိပ်ရောဂါကြောင့် အလယ်ခေတ်လောက်က ဥရောပမှာ လူသန်း ၅၀ နီးပါး သေဆုံးခဲ့ဖူးပါတယ်။

မွန်ဂိုလီးယားမှာ ဖြစ်ပွားနေတဲ့ ပလိပ်ရောဂါကြောင့် ခရီးသွားလာခွင့် ပိတ်ပင်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved