• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သမ္မတ ကျမ်းကျိန်ပွဲမတိုင်မီ လက်နက်ကိုင်ပုန်ကန်မှု ဖြစ်နိုင်ဟု FBI သတိပေး

by ဧရာဝတီ
12 January 2021
in သတင်း
A A
ဇန်နဝါရီလ ၆ ရက် ကပ်ပီတိုလ် ကွန်ဂရက်အဆောက်အဦးကို  စီးနင်းသူများအား ရှင်းလင်းထိန်းချုပ်အပြီး ညပိုင်း အဆောက်အဦပြင်ပတွင် တွေ့ရသော အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များ / Getty Image

ဇန်နဝါရီလ ၆ ရက် ကပ်ပီတိုလ် ကွန်ဂရက်အဆောက်အဦးကို စီးနင်းသူများအား ရှင်းလင်းထိန်းချုပ်အပြီး ညပိုင်း အဆောက်အဦပြင်ပတွင် တွေ့ရသော အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များ / Getty Image

9.4k
VIEWS
Share on FacebookShare on Twitter

ဝါရှင်တန်နှင့် ပြည်နယ် ၅၀ မှ မြို့တော်များအားလုံးတွင် ဇန်နဝါရီလ ၂၀ ရက်နေ့ သမ္မတရာထူးလွှဲပြောင်းပွဲမတိုင်မီ လက်နက်ကိုင်ပုန်ကန်မှုဖြစ်နိုင်ကြောင်း ပြည်ထောင်စုထောက်လှမ်းရေး ဗျူရို (FBI) က တနင်္လာနေ့တွင် သတိပေးလိုက်သည်။

အမေရိကန်နိုင်ငံမြို့တော်ဝါရှင်တန်ကို ကာကွယ်ရန် အမျိုးသားအစောင့်တပ် National Guard မှ တပ်ဖွဲ့ဝင် ၁၅၀၀၀ အထိပေးပို့ရန် ခွင့်ပြုထားပြီးဖြစ်ကာ ဧည့်သည်များ ဝါရှင်တန် ကျောက်တိုင်သို့ လာရောက်လည်ပတ်ခြင်းကိုလည်း ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ပိတ်ပင်ထားသည်။

လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က အမေရိကန် ကာပီတိုလ် ကွန်ဂရက်အဆောက်အအုံကို ဝင်ရောင်စီးနင်းပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့်အား ထောက်ခံသူများက အကြမ်းဖက်မှုများ ပိုမိုလုပ်ကိုင်မည်ဟု ခြိမ်းခြောက်ခံထားရသောကြောင့် FBI သမ္မတကျမ်းကျိန်ပွဲမတိုင်မီ လာမည့်အပတ်အထိ ထိုသတိပေးချက်ကို ထုတ်ပြန်ထားကြောင်း ဝါရှင်တန်မှ လာသောသတင်များက ဆိုသည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
37
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
558
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
163

အမေရိကန်နိုင်ငံမြို့တော်ဝါရှင်တန်ကို ကာကွယ်ရန် အမျိုးသားအစောင့်တပ် National Guard မှ တပ်ဖွဲ့ဝင် ၁၅၀၀၀ အထိပေးပို့ရန် ခွင့်ပြုထားပြီးဖြစ်ကာ ဧည့်သည်များ ဝါရှင်တန် ကျောက်တိုင်သို့ လာရောက်လည်ပတ်ခြင်းကိုလည်း ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ပိတ်ပင်ထားသည်။

ဇန်နဝါရီလ ၆ ရက် ကပ်ပီတိုလ် ကွန်ဂရက်အဆောက်အဦးကို စီးနင်းကြစဉ်/CNN

လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကိစ္စများတွင် ကူညီရန် စနေနေ့မတိုင်မီ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၁၀၀၀၀ ကို ဝါရှင်တန်သို့ ပေးပို့နိုင်မည်ဟု မျှော်လင့်ကြောင်း အမျိုးသားအစောင့်တပ်ဗျူရိုအကြီးအကဲ ဗိုလ်ချုပ်ကြီး ဒန်နီရယ် ဟိုကန်ဆွန် က သတင်းထောက်များကို ပြောသည်။

ဒေသအာဏာပိုင်များက တောင်းဆိုပါက ဝါရှင်တန်တွင် တပ်ဖွဲ့ဝင်အင်အားကို ၁၅၀၀၀ အထိ တိုးမြှင့်မည်ဖြစ်ကြောင်းလည်း သူပြောသည်။

ပင်တဂွန်အနေဖြင့် ထိုထက်မက ပိုမိုလုပ်ဆောင်ရန် လိုကြောင်းကို အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောဆိုထားသည်။

ခေတ္တကာကွယ်ရေး ဝန်ကြီးထံသို့ တနင်္လာနေ့တွင် စာတစောင်ပေးပို့ထားသည်ဟုဆိုသည့် အထက်လွှတ်တော် ကိုယ်စားလှယ် ခရစ်မာဖီက နိုင်ငံ၏မြို့တော်ကို ကာကွယ်ရန် အမျိုးသားအစောင့်တပ်ဖြင့် လုံလောက်ခြင်း ရှိ မရှိ ကို သူ ရှင်းရှင်းလင်းလင်း မသိကြောင်းနှင့် တာဝန်အပြည့်အ၀ ထမ်းဆောင်မည့် စစ်တပ်များ လိုအပ်နိုင်ကြောင်း ပြောသည်။

“ကျနော် အပြင်မှာ ကျမ်းသစ္စာ ကျိန်ဆိုရမှာကို မကြောက်ဘူး” ဟု ဘိုင်ဒင်က ဒီလာဝဲလ်ပြည်နယ် နယူးအတ်တွင် သတင်းထောက်များကိုပြောသည်။ ထိုသို့ပြောဆိုခြင်းသည် ကာပီတိုလ် ကွန်ဂရက်အဆောက်အဦး ကွင်းပြင်တွင် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုသည့် အစဉ်အလာ အခမ်းအနားကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ သို့သော် ပုန်ကန်မှုတွင် ပါဝင်သူ၊ ပြည်သူတို့၏ အသက်များကို ခြိမ်းခြောက်သူ၊ အများပြည်သူပိုင်ပစ္စည်းကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်သူနှင့် အပျက်အစီးများဖြစ်ပွားစေသူများကို အရေးယူရန် အရေးကြီးကြောင်း သူပြောသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင်ကျင်းပမည့် အခမ်းအနား၏ ဦးတည်ချက်မှာ ညီညွတ်သော အမေရိက ဖြစ်ကြောင်း ဘိုင်ဒင်၏ သမ္မတရာထူးလွှဲပြောင်းလက်ခံရေးကော်မတီက ပြောကြားထားသည်။ နိုဝင်ဘာလ ၃ ရက်နေ့ ရွေးကောက်ပွဲတွင်မဲလိမ်သည်ဟုဆိုကာ ရလဒ်ကို ပယ်ဖျက်ရန် မအောင်မြင်ဘဲကြိုးစားခဲ့သော ထရမ့်က ထိုအခမ်းအနားသို့ သူတက်ရောက်မည်မဟုတ်ကြောင်း ကြေညာထားပြီး ဘိုင်ဒင်ကလည်း ထို ဆုံးဖြတ်ချက်ကို ထောက်ခံသည်။

ဒေါ်နယ်ထရန့် ထောက်ခံသူတဦး

ဝါရှင်တန် ကျောက်တိုင်သို့ လာရောက်လည်ပတ်ခြင်းကို ပိတ်ပင်

သမ္မတရာထူးလွှဲပြောင်းခြင်းကို နှောင့်ယှက်မည့် ခြိမ်းခြောက်မှုများကြောင့် နိုင်ငံ၏ ပထမဆုံး သမ္မတကို ဂုဏ်ပြုတည်ဆောက်ထားသည့် ဝါရှင်တန်ကျောက်တိုင်သို့ လာရောက်လည်ပတ်ခြင်းကို ခေတ္တ ပိတ်ပင်ထားကြောင်း ပန်းခြံများဌာနကလည်း ကြေညာထားသည်။

“အခု ကျင်းပမယ့် သမ္မတရာထူး လွှဲပြောင်းလက်ခံပွဲက အရင်ပွဲတွေနဲ့ လုံးဝတူမှာမဟုတ်ဘူး” ဟု မြို့တော်ဝန်က သတင်းထောက်များကို ပြောသည်။

အမေရိကန် ပြည်ထဲရေးဌာနအနေဖြင့် အများပြည်သူ စုဝေးခြင်းကို ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ခွင့်ပြုချက် မပေးရန် ဝါရှင်တန်မြို့တော်ဝန် မြူရီရယ် ဘောက်ဆာက တောင်းဆိုထားသည်။

“အခု ကျင်းပမယ့် သမ္မတရာထူး လွှဲပြောင်းလက်ခံပွဲက အရင်ပွဲတွေနဲ့ လုံးဝတူမှာမဟုတ်ဘူး” ဟု မြို့တော်ဝန်က သတင်းထောက်များကို ပြောသည်။

တနင်္ဂနွေနေ့က လူသိရှင်ကြားထုတ်ပြန်သည့် ခေတ္တပြည်တွင်းလုံခြုံရေး ဝန်ကြီး ချတ်ဝုဖ် ထံပေးပို့သောစာတွင် ဘောက်ဆာက လွန်ခဲ့သောအပတ်က သမိုင်းတွင် မကြုံဘူးသည့် အကြမ်းဖက်တိုက်ခိုက်မှုအပြီး လုံခြုံရေးနှင့် ပတ်သက်ပြီး ချဉ်းကပ်သုံးသပ်မှုအသစ်ကို အသုံးပြုရန် တောင်းဆိုထားသည်။

တနင်္လာနေ့မှ ဇန်နဝါရီလ ၂၄ ရက်နေ့အထိကို အမျိုးသားအထူးလုံခြုံရေးအခြေအနေကာလအဖြစ် သတ်မှတ်ရန် ဘောက်ဆာက ဝုဖ် အား တောင်းဆိုသည်။ သမ္မတရာထူးလွှဲပြောင်းလက်ခံပွဲ အပါအဝင် အခမ်းအနားများအတွက် လုံခြုံရေးဆိုင်ရာများကို ဦးဆောင်သည့် လျှို့ဝှက်ထောက်လှမ်းရေးဌာနကလည်း တနိုင်ငံလုံးတွင် ထူးခြားသည့် အခြေအနေအဖြစ် သတ်မှတ်ထားသည်။

လျှို့ဝှက်ထောက်လှမ်းရေးဌာနအနေဖြင့် သမ္မတရာထူး လွှဲပြောင်းလက်ခံရေး အခမ်းအနားအတွက် အမျိုးသားအထူးလုံခြုံရေး အခြေအနေဆိုင်ရာ လုပ်ငန်းများကို ယခင် စီစဉ်ထားသည့် ဇန်နါရီလ ၁၉ ရက်နေ့အစား ဗုဒ္ဓဟူးနေ့မှ စတင်လုပ်ကိုင်ရန် ညွှန်ကြားထားကြောင်း ကြေညာချက်တစောင်တွင် ဖေါ်ပြထားသည်။ ထိုခေတ္တ ပြည်တွင်းလုံခြုံရေး ဝန်ကြီးသည် တနင်္လာနေ့တွင် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း သူ၏ ဝန်ထမ်းများကို ပြောကြားထားပြီးဖြစ်သည်။

ဘိုင်ဒင်ရွေးကောက်ပွဲအနိုင်ရခြင်းကို အတည်မပြုနိုင်အောင် ကာပီတိုလ်အဆောက်အဦးကို တိုက်ခိုက်မှုကြောင့် လွှတ်တော်ကိုယ်စားလှယ်များ ပုန်းအောင်နေခဲ့ရပြီး ကာပီတိုလ်ရဲအရာရှိတဦးအပါအဝင် လူ ၅ ဦးသေဆုံးသည်။ ထိုအကြမ်းဖက်မှုအတွက် လူ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထားပြီး နောက်ထပ် ရာပေါင်းများစွာကိုလည်း ဖမ်းဆီးဦးမည်ဟု မျှော်လင့်ရသည်။

၂၀၂၀ နိုဝင်ဘာ ၉ ရက် မီချီဂန်ပြည်နယ် ဆန္ဒပြပွဲတွင် လက်နက်ကိုင်ဆောင်လာသူအား မက္ကဆီကန် ရုပ်သံလိုင်းတခုမှ အင်တာဗျူးစဉ်/ Getty Image

နိုဝင်ဘာလ ရွေးကောက်ပွဲတွင် သူ မရှုမလှ ရှုံးနိမ့်ခြင်းသည် တရားမဝင်ကြောင်း သူ့အားထောက်ခံသူများ၏ လူထုစုဝေးပွဲတခုတွင် ထရမ့်က အကြိမ်ကြိမ်ပြောကြားပြီး ကာပီတိုလ်လွှတ်တော် အဆောက်အဦးသို့ချီတက်ရန် တိုက်တွန်းပြီး မကြာမီ အထက်ပါ စီးနင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီက ထရမ့်ကို “မူမမှန်တော့သော သမ္မတ”ဟု ရည်ညွှန်းခေါ်ဝေါ်ခဲ့ပြီး လက်နက်ကိုင်တပ်များ၏ ပူးတွဲဦးစီးချုပ်များအား ဆက်သွယ်၍ ထရမ့်သက်တမ်းမကုန်မီ ညူကလီးယားလက်နက်များ ပစ်လွှတ်ခွင့်အား တားဆီးရန် တောင်းဆိုခဲ့သည်။

ကွန်ဂရက်မှ ဒီမိုကရက်များသည် တနင်္လာနေ့တွင် ထရမ့်သည် ပုန်ကန်မှုကိုလှုံ့ဆော်သည်ဟု စွဲချက်တင်မည့် ဥပဒေကြမ်းကို တင်သွင်းပြီး သူ့ကို ရာထူးမှ ဖြုတ်ချရန် လုပ်ဆောင်နေသည်။

အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီက ထရမ့်ကို “မူမမှန်တော့သော သမ္မတ”ဟု ရည်ညွှန်းခေါ်ဝေါ်ခဲ့ပြီး လက်နက်ကိုင်တပ်များ၏ ပူးတွဲဦးစီးချုပ်များအား ဆက်သွယ်၍ ထရမ့်သက်တမ်းမကုန်မီ ညူကလီးယားလက်နက်များ ပစ်လွှတ်ခွင့်အား တားဆီးရန် တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုချက်သည် ထရမ့်က သူ၏ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Kelly Craft ကို ထိုင်ဝမ်သို့ စေလွှတ်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ထုတ်ပြန်ချက်နှင့် တိုက်ဆိုင်နေသည်။ ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ ရက် ၃ ရက်ကြာမည့် ခရီးစဉ် ဖြစ်သည်။

တရုတ်နိုင်ငံက (လိုအပ်ပါက အင်အားသုံး၍) ပြန်လည်ပေါင်းစည်းရေး စောင့်မျှော်နေသည့် လက်အောက်ခံပြည်နယ်တခု ဖြစ်သည်ဟု ယူဆထားသော ထိုင်ဝမ်ကျွန်းသို့ Kelly Craft က သွား ရောက်မည် ဆိုသည် သတင်းသည် တရုတ်နိုင်ငံကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။

ပင်ဆယ်ဗေးနီးယားတွင် လက်နက်ကိုင် ဆန္ဒပြနေသူများ/ Getty Image

လူထု မတက်ရောက်နိုင်သော သမ္မတကျမ်းကျိမ်ပွဲ

သမ္မတရာထူး လွှဲပြောင်းလက်ခံပွဲသို့ မသွားရောက်ရန် သမ္မတရာထူးလွှဲပြောင်လက်ခံရေး ကော်မတီနှင့် ဝါရှင်တန် မြို့တော်ဝန်တို့က အမေရိကန် နိုင်ငံသားများကို ပြောကြားထားပြီး ထိုသို့တက်ရောက်နိုင်ခြင်း မရှိသော ပြည်သူများကို ကိုယ်စားပြုသည့်အနေဖြင့် အရွယ်အစားအမျိုးမျိုးရှိသော အလံ ၁၉၁၅၀၀ ကို ဝါရှင်တန်ရှိ အမျိုးသား ဥယျာဉ်တွင် လွှင့်ထူထားပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

ပြည်နယ်လွှတ်တော်များတွင်လည်း အုပ်ချုပ်ရေးမှူများသည် သမ္မတရာထူးလွှဲပြောင်းလက်ခံပွဲမတိုင်မီ အထူးသတိပေးချက်များ ထုတ်ပြန်ထားသည်။

အစဉ်အလာအားဖြင့် သမ္မတရာထူးလွှဲပြောင်းလက်ခံပွဲအတွင်း ဝါရှင်တန်သို့ လူ သိန်း ချီလာရောက်လေ့ ရှိသော်လည်း ကိုဗစ်-၁၉ ကူးစက်မှုကြောင့် အခမ်းအနားအစီအစဉ်များကို အကြီးအကျယ်လျှော့ချထားသည်။

ပြည်နယ်လွှတ်တော်များတွင်လည်း အုပ်ချုပ်ရေးမှူများသည် သမ္မတရာထူးလွှဲပြောင်းလက်ခံပွဲမတိုင်မီ အထူးသတိပေးချက်များ ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲလိမ်လည်မှုဖြစ်ပွားသည်ဟု ထရမ့်က စွပ်စွဲခဲ့သည့် ဝစ်ကွန်ဆင်ပြည်နယ် ပြည်နယ်လွှတ်တော် ရဲတပ်ဖွဲ့ကို ကူညီရန် ဝစ်ကွန်ဆင် အမျိုးသား အစောင့်တပ်ဖွဲ့ကို အုပ်ချုပ်ရေးမှူး တိုနီ အဲဗားက အခွင့်အာဏာ ပေးအပ်ထားပြီးဖြစ်သည်။

ဘိုင်ဒင်အနိုင်ရခြင်းကို ထရမ့်က လက်မခံသည့် အခြားပြည်နယ်တခုဖြစ်သော မီချီဂန်ပြည်နယ်တွင်လည်း လန်ဆင်းရှိ ပြည်နယ်လွှတ်တော်အဆောက်အအုံအတွင်း လက်နက်များကို ဗြောင်ကျကျသယ်ဆောင်ခြင်းကို ပိတ်ပင်သည့် အမိန့်တခုကို လွှတ်တော်ရေးရာများကို ကြီးကြပ်သည့် လွှတ်တော်ကောမတီက ထုတ်ပြန်ခဲ့သည်။

ကိုးကား ။ ။ Reuters ၏ FBI warns of armed protests ahead of inauguration

You may also like these stories:

မနုတ်ထွက်မီ ဒေါ်နယ်ထရမ့် အမေရိကန်သံအမတ်ကို ထိုင်ဝမ် စေလွှတ်

ရွေးကောက်ပွဲရှုံးကြောင်း ထရမ့် ဝန်ခံပြီ

အိမ်ဖြူတော်မှ ထွက်လာမည့် ဒေါ်နယ်ထရမ့်ကို အမှုများက စောင့်ကြိုနေ

ခါမလာဟဲရစ် သို့မဟုတ် ပထမဆုံး အမေရိကန် အမျိုးသမီး ဒုသမ္မတ

Your Thoughts …
Tags: FBIလက်နက်ကိုင်ပုန်ကန်မှုဝါရှင်တန်သတိပေးသမ္မတ ကျမ်းကျိန်ပွဲအမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.3k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.2k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
13.9k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

မြန်မာကို ဟန့်တားရန် Gripen ဂျက်တိုက်လေယာဉ်များ ထိုင်းဝယ်ယူမည်

မြန်မာကို ဟန့်တားရန် Gripen ဂျက်တိုက်လေယာဉ်များ ထိုင်းဝယ်ယူမည်

by Gabriel Honrada
4 September 2024
10.7k

ထိုင်းနိုင်ငံသည် ကြားဖြတ်ဟန့်တားနိုင်သည့် စွမ်းရည် မရှိသောကြောင့် မဟုတ်ဘဲ နိုင်ငံရေးသုံးသပ်ချက်ဖြင့် ၎င်း၏ လေပိုင်နက်သို့ မြန်မာက ယခင် ကျူးကျော်မှုများကို ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ခဲ့သည်။

Next Post
သင်္ဃန်းကျွန်းမြို့နယ်သို့ ဝင်ရောက်လာသည့် အထောက်အထားမဲ့ ၆ ဦးကို စစ်ဆေးနေစဉ်  / Kyaw Swar Myint / Facebook

ရခိုင်မှလာသည့် အထောက်အထားမဲ့ ၆ ဦး သင်္ဃန်းကျွန်းတွင် ထပ်မံ ဖမ်းမိ

အဆိုတော် G Fatt  / G Fatt's Facebook

G Fatt ရဲ့ တကိုယ်တော်ရှိုးကို ကရင်နှစ်သစ်ကူးနေ့တွင် ပြုလုပ်မည်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

17 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate