• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မနုတ်ထွက်မီ ဒေါ်နယ်ထရမ့် အမေရိကန်သံအမတ်ကို ထိုင်ဝမ် စေလွှတ်

by ဧရာဝတီ
9 January 2021
in သတင်း
A A
ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ် Kelly Craft ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo နှင့်အတူ မြင်ရစဉ်

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ် Kelly Craft ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo နှင့်အတူ မြင်ရစဉ်

11k
VIEWS
Share on FacebookShare on Twitter

သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက ထိုင်ဝမ်သို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ် Kelly Craft ကို စေလွှတ်မည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြောကြားလိုက်ခြင်းက တရုတ်နိုင်ငံကို ဒေါသဖြစ်စေခဲ့သည်။

၁၉၇၁ ခုနှစ် ကုလသမဂ္ဂ၌ တရုတ်နိုင်ငံ သြဇာတက်လာပြီး ထိုင်ဝမ်၏ နေရာဆုံးရှုံးခဲ့ရသည့် နောက်ပိုင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးတဦး၏ ပထမဆုံး ထိုင်ဝမ်ခရီးစဉ် ဖြစ်ကြောင်း ထိုင်ဝမ်မီဒီယာများ အဆိုအရ သိရသည်။

Kelly Craft ၏ ထိုင်ဝမ် ခရီးစဉ်သည် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူ Joe Biden ရာထူးတာဝန် စတင် ထမ်းဆောင်မည့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် မတိုင်မီတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ ရက် ၃ ရက်ကြာမည့် ခရီးစဉ် ဖြစ်သည်။

၎င်း၏ ကြီးမားသော အောင်မြင်မှုကို ထိုးနှက်ရန် တရုတ်ကွန်မြူနစ်ပါတီ (CCP) က အားထုတ်နေသော်လည်း ထိုင်ဝမ်သည် ယုံကြည် အားကိုးရ သော ခိုင်မာသော မိတ်ဘက်တဦး နှင့် တက်ကြွသော ဒီမိုကရေစီ ထွန်းကားနေသည့် နိုင်ငံတခုဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြောသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
292
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
124
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

အဆိုပါ ကြေငြာချက်သည် ထိုင်ဝမ်-အမေရိကန် နိုင်ငံရေးနှင့် စစ်ရေးဆွေးနွေးမှု ပြုလုပ်ခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့ မတိုင်မီ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲတွင် အမေရိကန် စစ်ရေးနှင့် နိုင်ငံရေး ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Clarke Cooper က မိန့်ခွန်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက (လိုအပ်ပါက အင်အားသုံး၍) ပြန်လည်ပေါင်းစည်းရေး စောင့်မျှော်နေသည့် လက်အောက်ခံပြည်နယ်တခု ဖြစ်သည်ဟု ယူဆထားသော ထိုင်ဝမ်ကျွန်းသို့ Kelly Craft က သွား ရောက်မည် ဆိုသည် သတင်းသည် တရုတ်နိုင်ငံကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hua Chunying က Kelly Craft လာရောက်မည့် အစီအစဉ်ကို “တရုတ် ဆန့်ကျင်ရေး နိုင်ငံရေးသမား များ၏ နောက်ဆုံး ရူးသွပ်မှု” အဖြစ် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ထို ၂ နိုင်ငံ ကြားမှ နိုင်ငံရေး-စစ်ရေး ဆွေးနွေးမှုများကို “လုံးဝဆန့်ကျင်” ပြီး ဖြစ်ပေါ်လာမည့် အခြေအနေများ ပေါ်တွင် မူတည်၍ လိုအပ်သော တုန့်ပြန်မှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း Hua Chunying က သတင်းထောက်များသို့ ထိုနေ့တွင် ပြောကြားခဲ့သည်။

“အမေရိကန် အနေနဲ့ ထိုင်ဝမ်နဲ့ တရားဝင် အပြန်အလှန်ဖလှယ်မှု နဲ့ စစ်ရေးဆက်နွယ်မှု မည်သည့် ပုံစံမျိုးကိုမဆို ရပ်တန့်ဖို့ နဲ့ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်မှုနဲ့ တရုတ်-အမေရိကန် ဆက်ဆံရေး နောက်ထပ် ပိုမို ဆိုးရွားသွားစေခြင်းကို ရှောင်ရှားဖို့ တရုတ် နိုင်ငံက တိုက်တွန်းလိုက်ပါတယ်” ဟု သူ ပြောသည်။

ထိုင်ဝမ်နှင့် တရုတ်ပြည်မကြီးသည် ၁၉၄၉ ခု နှစ်တွင် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် ကာလတွင် ၂ ခြမ်းကွဲသွားချိန်မှ စ၍ သီးခြားစီ အုပ်ချုပ် နေခဲ့ကြသည်။

ကိုးကား။ ။ VOA, Kyodo

You may also like these stories:

ရွေးကောက်ပွဲရှုံးကြောင်း ထရမ့် ဝန်ခံပြီ

ထိုင်ဝမ်၏ရပ်တည်ချက် ဝါရှင်တန်ကို ဆိုင်းအင်ဝမ်း အခိုင်အမာ ပြောကြား

တရုတ်လေယာဉ်တင် သင်္ဘောများ နီးကပ်လာမှုကြောင့် ထိုင်ဝမ်စစ်သင်္ဘောများ အသင့်ပြင်

နွေးထွေးလာသော ထိုင်ဝမ်-အိန္ဒိယ ဆက်ဆံရေးကြောင့် တရုတ်ခေါင်းကိုက်

Your Thoughts …
Tags: Mike Ponpeoကုလသမဂ္ဂတရုတ်နိုင်ငံထိုင်ဝမ်ဒေါ်နယ်ထရမ့်အမေရိကန်သံအမတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

ဥရောပ စစ်ပြင်နေသည်

ဥရောပ စစ်ပြင်နေသည်

by ဧရာဝတီ
25 November 2024
11.2k

ရုရှား၏ နျူကလီးယားခြိမ်းခြောက်မှုမှာ မကြုံစဖူးအဆင့်သို့ တိုးမြင့်လာသောအချိန်တွင် ယင်းသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

by Chad de Guzman
18 June 2025
9k

မကြာသေးမီ ရက်သတ္တပတ်များတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အန္တရာယ်သစ်များကြား ကျဆင်းသွားပြီး အတိတ်က အကြွင်းအကျန် ဖြစ်ခဲ့ပုံရသည့် သမိုင်းဝင် အားပြိုင်မှု ပြန်လည်မီးမွှေးလာသည်။

ကိုးကန့်ထိန်းချုပ် လားရှိုးမြို့သို့ ခရီးသွားခြင်း

ကိုးကန့်ထိန်းချုပ် လားရှိုးမြို့သို့ ခရီးသွားခြင်း

by Rebecca Ratcliffe
5 February 2025
8.5k

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှ တခါက စည်ကားသောမြို့ကြီးဖြစ်သည့် လားရှိုးမြို့ လမ်းမများသည် ယခင်ကထက် တိတ်ဆိတ်နေသည်။

Next Post
မြန်မာနိုင်ငံမှ သဘင် အနုပညာရှင်များ  / MOHS's Page

ကိုဗစ်ကာလ သဘင်ပညာရှင်များရဲ့ အခက်အခဲနဲ့ လုပ်ဆောင်မှုများ

မြဝတီမြို့နယ် အာရှလမ်းမကြီးပေါ်တွင် တွေ့ရသည့် BGF တပ်ဖွဲ့ဝင်များ / ကျော်ခ / ဧရာဝတီ

ကရင် နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေ အပြောင်းအလဲ ရှိမလား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved